စိတ်ဓာတ်မကျပါနဲ့

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဥ်နေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြာင်းအရာလေးကတော့ “စိတ်ဓာတ်မကျပါနဲ့ “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးပါရစေ။

စိတ်ဓာတ်ကျနေတဲ့သော်တရှင်-လူငယ်မောင်မယ်များအတွက်ခွန်းအားတွေ၊စိတ်ကြံခိုင်မှုတွေရရှိပြီး၊အထောက်အကူတစ်စုံတစ်ခုရရှိ

လိမ်မယ့်လိုလည်းမျှော်လင့်လိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။

သော်တရှင်လူငယ်မောင်မယ်များရှင်- လှပတဲ့မနက်ဖြန်များစွာကိုတည်ဆောက်ဖို့ရန်အတွက်အနာဂတ်တိုင်းဟာရှင်သန်မှုတွေနဲ့ပြည့်၀နေမှ ဖြစ်မှာပါ။အနာဂတ်တစ်ခု၏အသက်ဆိုတာအသက်တစ်ခု၏အနာဂတ်ဘဲဖြစ်ပါတယ်။ဒါကြောင့်မို့အနာဂတ်နှင့်အသက်ဟာတစ်ခုကိုတစ်ခုကူညီထောက်ပံ့နေတက်ကြပါတယ်။လူဘ၀ဆိုတာရင်ဆိုင်ဖြေရှင်းရမဲ့ပြဿနာတစ်ခုမဟုတ်တစ်ခု၊နေထိုင်အသက်ရှင်ရမဲ့နက်နဲရာတစ်ခုဖြစ်တယ်ဆိုတဲ့ပြောဆိုသံတွေ

လည်းကြားဖူးကြမှာပါ။လူလောကကြီးမှာနေထိုင်အသက်ရှင်တဲ့အချိန် အတောအတွင်ကာလလေးမှာ

“အသက်တစ်ရာမနေရပေမဲ့”အမှုတစ်ရာကြုံရမယ်”ဆိုတာစကားပုံနှင့်အညီကျွန်မတို့တတွေ့ဟာအဲဒါ

တွေနဲ့ပဲဖြစ်သန်းလှုပ်ရှားနေကြသူတွေပါ။လူဘ၀ကြီးဟာအလွန်ဆန်းကြယ်လှပါတယ်။ကျွန်မတို့တတွေဟာလည်းကိုယ်နည်းကိုယ်ဟန်နဲ့ဘ၀ကိုရင်ဆိုင်ဖြတ်သန်းနေကြတယ်။တခါတရံမှာအောင်မြင်မှုတွေရှိသလို၊တခါတရံလည်းကျရှုံးမှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။

သော်တရှင်များရှင် ကျွန်မတို့တတွေဟာတနေ့တာမိုးလင်းကနေမိုးချုပ်တဲ့(အိပ်ယာ၀င်)တဲ့အထိအကြောင်းမျိုးစုံ၊ပြဿနာ

ပေါင်းများစွာနဲ့ရင်ဆိုင်နေကြရပါတယ်။အဲဒီလိုကျရှုံးတဲ့အချိန်၊စိတ်ဓာတ်ကျတဲ့အချိန်မှာ လူငယ်များတို့ ဘ၀ကိုပြဿနာတစ်ခုလိုမမြင်လိုက်ပါနဲ့နော်။မမြင်သင့်လိုပါ။ဘုရားပေးထားတဲ့နေထိုင်အသက်ရှင်ရမဲ့ဘ၀လိုဘဲမြင်လိုက်ပါ။အကောင်းဘက်ကိုတွေးလိုက်ပါနော်။အဲဒါဆိုရင်အနာဂတ်ဆိုတာရှိလာပြီးကြိုး

စားချင်သောစိတ်ဓာတ်တွေသာရှိလာမှာအမှန်ပါဘဲ။ဒါကြောင်းကျရှုံးမှု၊စိတ်ဓာတ်ကျမှုနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာဘ၀ကိုအရှုံးမပေးဘဲနောက်တစ်ကြိမ်ထပ်ကြိုစားကြည့်လိုက်ပါလူငယ်များတို့။

သော်တရှင်လူငယ်အပေါင်းတို့ရှင်  ဟန်ဂေရီနိုင်ငံသား(ကာရိုလီတကက်စ်) အကြောင်းလေးကိုအနည်းငယ်ပြောပြချင်ပါတယ်။ကာရိုလီတကက်စ်ဟာ အိုလံပစ်ပြိုင်ပွဲမကျင်းမခင်ရက်အနည်းငယ်အလိုလေးမှာစစ်သင်တန်းလေ့ကျင်နေချိန်လက်ပစ်ဗုံကိုပစ်မလိုရွယ်နေတဲ့အချိန်မှာပဲဗုံဟာသူလက်ထဲကနေရုတ်တရက်ပေါက်ကွဲသွားခဲ့ပါတယ်။သူသေနတ်ပစ်နေကျသူရဲ့ညာဖက်လက်ဟာလက်ကောက်၀တ်ကနေပြတ်ထွက်သွားခဲ့ပါတယ်။အဲဒီအခါမှာသူကိုယ်သူ

သေချင်လောက်အောင်စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်သူမျှော်လင့်ထားတဲ့အိုလံပစ်

ရွှေတံဆိပ်အိမ်မက်ပျက်ပြယ်သွားတာကြောင့်ပေါ့။လူငယ်မောင်မယ်တော်တော်များများလည်းကာရိုလီတက်စ်လိုဘ၀နဲ့ကြုံတွေရရင့် စိတ်ဓာတ်တွေကျပြီးတော့ ဒီမှာတင်လက်မြှောက်အရှုံးပေးသွားကြတာများပါတယ်။ဒါပေမဲ့ ကာရိုလီယာ အဲဒီလူတွေထဲမပါပါဘူး။သူဟာဘ၀ကိုလွယ်လွယ်နဲ့အရှုံးမပေးခဲ့ပါဘူး။ဖြစ်လာတဲ့အခြအနေတွေကို အပြစ်ပုံမချဘူး။သူကိုယ်သူသိလိုက်တယ်တဲ့အချိန်ကစပြီးတော့ငါစိတ်ဓာတ်ကျနေတာ တော်လောက်ပြီးလိုဆုံးဖြတ်လိုက်ပါတယ်။ကျနေတဲ့စိတ်ဓာတ်ကိုပြန်မြင့်တင်ပြီးတော့သူရဲ့ဘယ်ဘက်လက်နဲ့သေနတ်ပစ်စလေ့ကျင်ခဲ့ပါတယ်။သူကိုယ်သူလည်းအားပေးတယ်။ငါဘာလိုမဖြစ်နိုင်ရမှာလဲ ဆိုပြီးတော့ပေါ့။သူဟာတစ်ယောက်ထဲတောအုပ်ကြီးထဲသွားလေ့ကျင်ခဲ့ပါတယ်။ဘာကြောင်းလဲဆိုရင်သူလေ့ကျင်တာကိုပတ်၀◌န်းကျင်ကလူတွေမြင်ရင်လှောင်ပြောင်ကြမယ်။မဖြစ်နိုင်တာကိုလုပ်တယ်ဆိုပြီပြောကြမယ်။အဲဒီစကားတွေကိုမကြားချင်လို၊ကြားရင်သူပိုပြီးစိတ်ဓာတ်ကျ၊သိမ်ငယ်မှာဆိုလိုဖြစ်ပါတယ်။ဒါကြောင့်

တောအုပ်ထဲသွားလေ့ကျင်ရခြင်းဖြစ်ပါတယ်။ခွန်းအားတွေ၊စိတ်သက်သာရာကိုလည်းရစေပါတယ်။မကြာမှီကာရိုလီဟာဘယ်ဖက်လက်နဲပစ်မှတ်တွေအားလုံးကိုတိတိကျကျမှန်အောင်ပစ်ရင်ဟန်ဂေရီနိုင်ငံရဲ့ပစ္စတိုသေနတ်ပစ်ချန်ပီယံတစ်ဦးဖြစ်ခဲ့တဲ့အပြင်ကမ္ဘာအိုလံပစ်ရွှေတံဆိပ်ကိုဆွတ်ခူးနိုင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။နောက်(၄)နှစ်မှာနောက်ထပ်တစ်ကြိမ်သေနတ်ပစ်ရွှေတံဆိပ်ရခဲ့ပြန်ပါတယ်။ရွှေတံဆိပ်ဆုနှစ်

ကြိမ်ဆက်တိုက်ရခဲ့သူပထမဆုံးအားကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကာရိုလီကတော့သူတသက်မှာ ဘယ်လိုမှာပြန်မရနိုင်တော့တဲ့လက်တဖက်ကိုတမ်းတငိုကြွေးနေမဲ့အစား စိတ်ဓာတ်ကြံကြံခံအားတင်းရင် ကျန်ရှိတဲ့လက်တဖက်ကိုအကောင်းဆုံး၊အကျိုးရှိစွာ မိသားစုအတွက် ၊နိုင်ငံဂုဏ်ဆောင်အတွက်၎င်း၊မိမိ၀ါသနာပါရကိုစိတ်ဓာတ်ကျခြင်းမရှိဘဲဘုရားရဲ့ကျေးဇူးခွန်းအားတွေနဲ့ပြန်ကြိုစားသွားတဲ့သူဖြစ်ပါတယ်။သူရဲ့ဘ၀အသက်တာကိုအကောင်းဆုံးအသုံးချသွားသူတစ်ဦးဖြစ်ပါတယ်။သော်တရှင်လူငယ်မောင်မယ်များတို့လည်းဆုံးရှုံးမှုတစ်ခုနဲရင်ဆိုင်ကြုံတွေရပြီဆိုရင် ၊၀မ်းနည်းငိုကြွေချင်လာမဲ့ဆိုရင်ကာရိုလီရဲ့ဖြစ်ရက်မှန်ဘ၀လေးကိုသတိရလိုက်ပါနော်။ခွန်းအားတွေရရှိလာပြီးကြိုးစားချင်စိတ်တွေတဖွဖွဖြစ်လာမှန်ပါ။စိတ်ဓာတ်မကျ၊ဇွဲမလျှော့လိုက်ပါနဲ့။သင့်ရှေ့မှာအောင်မြင်မှုတွေကသင့်ကိုကြိုဆိုနေပါတယ်ဆိုတာသတိရလိုက်ပါ။

ချစ်သောလူငယ်မောင်မယ်များကို  ကာရိုလီရဲ့ ဖြစ်  ရပ်မှန်ဘ၀ကနေသင်ခန်းစာယူစေချင်တာပါကွယ်။လူငယ်များတို့ဘ၀ကိုတန်ဖိုးရှိရှိနေထိုင်အသက်ရှင်ကြပါ။ဘ၀ကိုပြဿနာတစ်ခုလိုမထင်မှတ်ဘဲဘုရားပေးထားတဲ့နေထိုင်စရာတစ်ခု အဖြစ်မှတ်ယူပါ။အနာဂတ်အတွက်ရည်မှန်းချက်ထားပြီမိမိရဲ့ ရည်မှန်းချက်ဆုံးထိရောက်အောင်ကြိုစားပါ။မိမိဒုက္ခအခက်အခဲနှင့်ကြုံတွေနေရတဲ့အချိန်မှာစိတ်ဓာတ်ကျအရှုံးမပေးဘဲမိမိထက်ပိုဒုက္ခတွေနဲ့ရင်ဆိုင်နေတဲ့ပုဂ္ဂိုလ်တွေကိုသတိရပြီးခွန်းအားယူကြိုးစားလိုက်ကြစမ်းပါလူငယ်များတို့။သော်တရှင်လူငယ်မောင်မယ်များတို့ ရှင် -စိတ်ဓာတ်ကျ၊စိတ်ပျက်ခြင်းတွေ၊စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာဘုရားရှင်ကိုပိုပြီးအားကိုးပါ။ဘုရားရှင်ထံမှာမိမိရဲ့ဘ၀ကိုအပ်နှံပြီးလျှောက်လှမ်းမယ်ဆိုရင်မိမိတို့ရဲ့ဘ၀ဟာသာယာဖြောင့်ဖြူးစေမှာပါ။စိတ်ဓာတ်ကိုကျစေတဲ့အကြောင်းအရာအမျိုးမျိုးမှ ကင်း‌၀ကြပါစေ။ဒီတစ်ပတ်အတွက် လူငယ်အစီအစဥ်လေးကိုဒီလောက်နဲ့ရပ်နားပါရစေ။နားဆင်ကြည်ရှုအားပေးကြတဲ့သော်တရှင်ညီအစ်ကိုမောင်နှမများအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

Add new comment

4 + 13 =