စိတ်ဓာတ်ကျနေတဲ့အတွေးများ၀င်လာတဲ့အခါ

အားလုံးပဲမင်္ဂလာရှင်

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့ အကြောင်းအရာကတော့ “စိတ်ဓာတ်ကျနေတဲ့အတွေးများ၀င်လာတဲ့အခါ “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။

သော်တရှင်များရှင်  စိတ်ဓာတ်ကျခြင်းကိုခဏတာပဲခံစားရသူရှိသလို၊တချို့ကျပြန်မိမိကိုယ်ကိုသတ်သေချင်လောက်အောင်ကိုစိတ်ဓာတ်အရမ်းကျတဲ့သူတွေလည်းရှိကြပါတယ်။ သော်တရှင်မိတ်ဆွေများရှင်  စိတ်ဓာတ်ကျတဲ့အချိန်မှာ၀င်းလာမဲ့အတွေးတွေကိုအနည်းငယ်ပြောပြချင်ပါတယ်။လူဘ၀မှာကြုံတွေကြရတဲ့အခက်ခဲတွေ၊သိပ်ကြီးမားလွန်လို၊ပူဆွေးသောကရောက်ရတာတွေ၊ရင်မျှတော့လိုမဆန့်တော့လိုအရာရာဟာ မျှော်လင့်ချက်တွေကုန်ဆုံးနေလို့ဆိုပြီး၊မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါက်လောက်ထိကို တွေးတက်ကြပါတယ်။ဒါတွေဟာစိတ်ဓာတ်တွေအဆုံးစွန်ဆုံးအထိကျတဲ့အခါမှာ၀င်လာတက်တဲ့အ

တွေးမျိုးပေါ့။ဒီလိုအတွေးမျိုးပေါ်လာတာဟာလည်းမိမိတစ်ယောက်ထဲမဟုတ်ပါဘူး။သူသူဌါဌါအနည်းနဲ့အများဆိုသလို ဒီလိုအခက်ခဲတွေတွေ့ကြုံကြရတယ်ဆိုတာမမေ့ပါနှင့်။

လူငယ်တွေအနေနဲ့လည်း မိမိကိုယ်ကိုထိန်းမနိုင်၊သိမ်းမနိုင်ဖြစ်ပြီးစိတ်အလိုဆန္ဒနောက်လိုက်မိလို မူးယစ်ဆေးစွဲတဲ့လူငယ်တွေ၊သူတပါးကိုခန္ဓာပိုင်းဆိုင်မတရားလုပ်လိုမှုတွေ၊အလုပ်ခံရတဲ့သူတွေ၊အထီးကျန်အပယ်ခံရသူတွေ၊လူဘုံအလယ်အရှက်တရာြဖစ်ရသူတွေ၊ပြဿနာတွေတက်ခဲ့ရလို၊ကြံရာမရဖြစ်လိုလိုလောကကြီးထဲကနေထွက်ခွာချင်ကြပါတယ်။အဲလိုဖြစ်ရတာလည်းရောဂါရယ်လို့မဟုတ်ပင်မဲ့

လည်း။ပေါ့ပေါ့ဆဆလိုလည်းမယူဆသင့်ပါဘူး။အဲလိုအတွေးတွေကြောင့်စိတ်ကျရောဂါဖြစ်လာနိုင်ပါတယ်။အတွေးတွေကိုမထိန်းသိမ်းနိုင်ရင်းကြာလာတာနဲ့အမျှဘ၀မှာဆုံးရှုံးမှုတွေဆက်တိုက်ဆိုသလိုရှိ

လာနိုင်ပါတယ်။ဘယ်လောက်လဲကြီးမားတဲ့အခက်မခဲပြဿနာပဲဖြစ်ဖြစ်ဖြေရှင်းနိုင်တဲ့နည်းလမ်း၊အ

နည်းဆုံးတစ်ခုတော့ရှိပါသေးတယ်။လူတွေမခံထမ်းနိုင်တဲဒုက္ခမျိုးကို(ကျွန်မတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားရှင်ကဘယ်တော့မှမထမ်းစေပါဘူး။အားရစရာ၊ခွန်းအားရစရာအချက်တွေပါပဲ)။စိတ်ဓာတ်ကျတဲ့အချိန်မှာ၀◌င်လာတဲ့အတွေးတွေနဲ့ပြဿနာတော်တော်များများကိုဖြေရှင်းနိုင်ဖို့ရန်အချိန်တစ်ခုတော့လိုပါတယ်။တခါတလေမှာအချိန်တွေဟာကုစားပေးနိုင်တဲ့အကြေင်းဆ်ုံးသောတရားသူကြီးတွေဖြစ်ပါတယ်။

သော်တရှင်ဓမ္မမိတ်ဆွေများရှင် - စစ်မတိုက်ခင်မျှားကုန်နေသူတွေအတွက်ဘ၀ဟာစိတ်ပျက်စရာတွေချည်းဘဲဖြစ်နေမှာပါ။ပြင်ဆင်မှုတွေဘယ်လောက်ပဲကီုးစားပြီးလုပ်လုပ်နောက်ဆုံးမအချိန်မှာအဆင့်သင့်မဖြစ်ခဲ့ရင်ခံလေသမျှသံရေကျ

တက်ပါတယ်။ကြိုးစားသမျှဘာအကျိုးအမြတ်မှမရလိုက်ဖြစ်တက်ပါတယ်။လောကကြီးမှာကိုကိုယ်

ထင်တိုင်မရောက်တဲ့ခရီးတွေအများကြီးပါ။စားမေးမွဲအာင်မြင်ဖို့ရန်အတွက်လပေါင်းများစွာပြင်ဆင်ထား၊ကျက်မှတ်ထားကြိုးစားထားပင်မဲ့လည်းမဖြေခင်တညမှာအိပ်ရေပျက်လို့အားနည်းပြီးစားမေးပွဲခန်းထဲမူးလဲရတဲ့ကျောင်းသားလိုမဖြစ်ရအောင်သတိထားဖို့တော့လိုပါတယ်နော်။ဘာကြောင့်လဲဆိုရင်ဘ၀ရဲ့စားမေးပွဲတွေဟာသတ်မှတ်ထားတဲ့အချိန်မှာဖြေရတာြဖစ်လို့မလွတ်စတမ်းအမိအရကောင်းမွန်စွာရင်ဆိုင်နိုင်မှာသာလျှင်နောက်အဆင့်တစ်ခုကိုတက်ခွင့်ရမှာဖြစ်ပါတယ်ရှင်။မိမိလည်းစိတ်ဓာတ်ကျတဲ့အခါရရှိထားတဲ့အတွေးအခေါ်တွေကိုမိတ်ဆွေတစ်ယောက်ယောက်ဒါမှမဟုတ်အချစ်ဆုံးသူငယ်ချင်း၊မိခင်-ညီအစ်ကိုမောင်နှမတွေကိုရင်ဖွင့်ပြောပြပါ။စောစောကပြောပြထားတဲ့အတိုင်းပဲမိမိရင်ဆိုင်ကြုံတွေနေရတဲ့ပြဿနာဟာလောကမှာမိမိတစ်ယောက်ထဲကြုံနေရတာမဟုတ်ပါဘူးဆိုတာသိဖို့လိုအပ်ပါတယ်။မိမိထက်ဒီလိုအခက်ခဲကိုအရင်အရင်ကြုံဖူးတဲ့လူတွေဒုနှင်ဒေးအများကြီးရှိပါတယ်။သူတို့ဆီကနေဥပမာကိုရယူပါ။နားထောင်တက်ပါ၊ပြီးရင်စာအုပ်တွေရှာဖွေဖတ်ပြီးတောလဲအဖြေေကိုရနိုင်ပါတယ်။ဘ၀ဆိုတာဇာတ်ခုံတစ်ခုလိုပါပဲ။အလွမ်းတွေ၊အဆွေးတွေ၊အရယ်အမောအတက်အကျရှိပါတယ်။ဒါကြောင့်မို့စိတ်အချရဆုံးမိတ်ဆွေနဲ့ရင်ဖွင့်တိုင်ပင်ခြင်းဖြင့်စိတ်ပိုင်ဆိုင်ရာကိုကျန်းမာစေပါတယ်။မျိုးသိပ်လွန်းအားကြီးရင်ပေါက်ကွဲရတာတွေကြုံဖူးမှာပါ။မျိုးသိပ်မှုတွေတည့်ကြပ်နေတာဟာပုလင်းထဲကဗူးစို့နဲ့ပိတ်ထားသလိုပါပဲ။တချိန်ချိန်မှာပေါက်ကွဲတက်ပါတယ်။မိမိကိုယ်ကိုမကပတ်၀န်းကျင်းကိုပါထိခိုက်နာကျင်စေ

မှာြဖစ်ပါတယ်။ခံနိုင်ရည်ရှိသလောက်သာမျိုးသိပ်ထားပါ။မိမိကိုယ်ကိုသတ်သေရလောက်အောင်မမျိုးသိပ်ထားပါနဲ့။သင့်တော်တဲ့နည်းလမ်းတွေနဲ့ထွက်ပေါက်ပေးလိုက်ပါ။မိမိစိတ်ဓာတ်ကျချိန်၀င်လာတဲ့အတွေးအခေါ်တွေကိုအားကစားလုပ်တာ၊သီချင်းဆိုတာ၊ဂီတာတီးတာ၊ရုပ်ရှင်သွားကြည့်တာ၊ဈေး၀ယ်

ထွက်တာ၊၀ါသနာပါရာအလုပ်တစ်ခုခုကိုလုပ်လိုက်တာ၊ဘုရားကျောင်းသွားတာ၊လူမှုရေးတွေလုပ်တာ၊အပန်းဖြေခရီးထွက်တာစသည့်တို့ဟာလည်းမိမိအတွေးတွေကိုကုစားနည်းတစ်မျိုးပါပဲ။မိမိရဲ့အတွေးအခေါ်တွေကိုရင်ဆိုင်ဖြေရှင်နိုင်မှာသာလျှင်

ရှေ့ဆက်ခရီးဆက်နိုင်မှာဖြစ်လို့ဘုရားရှင်ရဲ့အကူအညီခွန်းအားဖြင့်ကြိုးစားပါအောင်မြင်လာပါလိမ့်မယ်လိုဆန္ဒပြုရင်ဒီတစ်ပတ်တင်ဆက်ပေးသွးတဲ့အကြောင်းသော်တရှင်နားဆင်သူအတွက်တစ်စုံတစ်ရာအထာက်အကူဖြစ်လိမ့်မယ့်လိုမျှော်လင့်ပါတယ်။လူငယ်များတွက်လမ်းပြအဖော်မွန်စာအုပ်ထဲကနေကိုးကားထားတာဖြစ်ပါတယ်။နားဆင်အားပေးကြည့်ရှုကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။ဘုရားရှင်

ကောင်းကြီးပေးပါစေ။ ကျွန်မက စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

7 + 0 =