စိတ်ခွန်အား

အားလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။မိတ်ဆွေအပေါင်းတို့ရှင် အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့အစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “စိတ်ခွန်အား“ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
သော်တရှင် မိတ်ဆွေများရှင် စိတ်ထောင်ရင်ကိုယ်ကျေးဆိုတဲ့စကားကိုမိတ်ဆွေတို့ကြားဖူးကြမယ်လို့တင်မိပါတယ်။လောကမှာစိတ်အားပြည့်စုံခြင်း၊ကြွယ်၀ခြင်း၊တွေဟာခွန်အားဘဲဖြစ်ပါတယ်။စိတ်ဓာတ်မကြွယ်၀တဲ့သူ၊စိတ်အား
သိမ့်ငယ်တဲ့ပုဂ္ဂိုလ်ဟာလောကကြီးမှာကြုံတွေစဥ်ဒုက္ခတွေရောက်တက်ပါတယ်။လောကကြီးထဲမှာကြုံတွေရစဥ်နေ့စဥ်ဆိုသလို အခက်အခဲတွေကြုံရနိုင်ပါတယ်။မိမိတို့ရဲ့ဘ၀မှာဒီလိုအခက်အခဲတွေ ကြုံတွေ့ လာရတဲ့အခါမှာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့စိတ်ခွန်အားတွေလိုအပ်လှပါတယ်။
သော်တရှင်မိတ်ဆွေများရှင်- စိတ်ခွန်အားဟာလက်နက်တစ်ခုပဲဖြစ်ပါတယ်။ လောကကြီးထဲမှာအသက်ရှင်နေထိုင်တဲ့နေရာမှာ ရင်ဆိုင်တိုက်ပွဲ၀င်နိုင်ဖို့ စိတ်ခွန်အားတစ်ခုကို ရယူကိုင်စွဲနိုင်ဖို့ရန်အရေးကြီးလှပါတယ်။ဒီစိတ်ခွန်အားကိုအထောက်အကူပေးနိုင်တာ၊ဖြည့်စွမ်းပေးနိုင်တာကတော့ ယုံကြည့်ချက်နှင့် သတ္တိဘဲဖြစ်ပါတယ်။တကယ်တော့ဒီယုံကြည့်ချက်တို့၊သတ္တိတို့ ဆိုတာ ကလည်းစိတ်ခွန်အားရှိမှရရှိနိုင်တာပါ။အကြံဥာဏ်တွေ၊ဗဟုသုတတွေကလည်းထောက်ပံမှုတစ်ခုအနေနဲ့ပေးစွမ်းနိုင်ပါတယ်။အရာတစ်ခုဟာစိတ်ပါမှလုပ်နိုင်တာမို့၊စိတ်ဓာတ်ကိုစုစည်းမှုဟာအဓိကအကျဆုံးဖြစ်ပါတယ်။စိတ်ဓာတ်ကိုစုစည်းနိုင်ရပါမယ်။ဒီလိုစိတ်ကိုမောင်းနှင်းနိုင်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ ရန်အတွက်ကြိုစားဖို့လိုအပ်ပါတယ်။
မိတ်ဆွေအပေါင်းတို့ရှင်- ငယ်ရွယ်စဥ်ကတည်းကစိတ်ဓာတ်ကို ၊မောင်းနှင်းဖို့ထိန်းချုပ်နိုင်ဖို့ ကြိုစားတဲ့အလေ့အကျင့်တွေ လုပ်ယူရပါမယ်။စိတ်ကိုမိမိအောင်မြင်မှုတွေရယူနိုင်ဖို့ ထိန်းကျောင်းနိုင်ဖို့လေ့ကျင့်ရတာဖြစ်ပါတယ်။စိတ်ခွန်အားဆိုတာ မိမိလုပ်တဲ့အလုပ်အပေါ်မှာ တစ်ထပ်တည်းကျအောင် ပုံသွင်းယူလိုက်တာဘဲဖြစ်ပါတယ်။ငယ်ငယ်လေးကတည်းက ဗိုက်ဆာတာကိုထိန်းချုပ်နိုင်တာ ၊ရေသောက်ချင်ကိုထိန်းချုပ်နိုင်တာ ၊ဆော့ချင်တာကိုထိန်းချုပ်နိုင်တာ ၊စသဖြင့်ကလေးငယ်လေးတွေကို လေ့ကျင့်ပုံသွင်းပေးလိုရနိုင်ပါတယ်။ကလေးငယ်လေးတွေဆိုတာ အူ၀ဲ၊ပုသုခယူတွေကိုပြောတာမဟုတ်ပါဘူး။၅တန်း၊၆တန်း၊သတိတစ်ခုထားနိုင်တဲ့အရွယ်မှာဖြစ်ပါတယ်။စိတ်ကိုတည်ငြိမ်ဖို့၊မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့၊ထိန်းချုပ်ပေးသင့်လှပါတယ်။ ဒါမှာလည်းမကြာခင်ရောက်ရှိလာတော့မဲ့ လူငယ်ဘ၀၊လူကြီးဘ၀တွေမှာ ဒီကလေးဟာ အံ၀င်ဂွင်ကြဖြစ်နိုင်မှာဖြစ်ပါတယ်။အဲဒီလိုပြောလိုက်လိုစိတ်ဓာတ်မာကြောပြီနှလုံးသားမဲ့တဲ့အဖြစ်ကို
ပြောနေတာမဟုတ်ပါဘူး။ဘာကိုမှသတိမထားတော့တဲ့ခပ်ဖြတ်ဖြတ်၊ခပ်မိုက်မိုက်၊ခက်ထန်သူကြီးဖြစ်ဖို့ပြောတာမဟုတ်ပါဘူး။သမာသီလနှင့်ပြည့်စုံတဲ့နှလုံးသားများကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့ဘဲဖြစ်ပါတယ်။
မိတ်ဆွေအပေါင်းတို့ရှင်- စောစောကျွန်မပြောခဲ့တဲ့ယုံကြည်မှုနဲ့သတိကလည်းစိတ်ဓာတ်ကိုပံပိုးပေးနိုင်နိုင်ပါတယ်။ယုံကြည်မှုတစ်ခုဟာခိုင်မာသွားပြီးဆိုရင်သတ္တိတို့၊လုပ်ဆောင်ချက်တို့ဆိုတာဟာလည်းစိတ်ဓာတ်ကြံခိုင်ခြင်းတစ်ခုဘဲဖြစ်ပါတယ်။သတိဆိုတာမိုက်ရူးရဲဆန်တာမဟုတ်ပါဘူး။။အရာရာကိုရင်ဆိုင်နိုင်ခြင်းသာဖြစ်ပါတယ်။ဒါ
ဟာလည်းစိတ်ကိုလိုသလို ပုံသွင်းနိုင်တဲ့ အခြေနေရောက်မှဖြစ်ပါတယ်။
မိတ်ဆွေအပေါင်းတို့ရှင်- စိတ်တစ်ခုကိုပေါ့ပေါ့လေးမတွက်ကြပါနဲ့။စိတ်ဟာလောကမှာအရေးကြီးဆုံးဘဲဖြစ်ပါတယ်။စိတ်တစ်ခုကိုမထိန်းနိုင်တာနဲ့၊စိတ်ဒုက္ခရောက်ကြရယုံတင်မကကိုယ်ရဲ့ဒုက္ခကိုလည်းရောက်ကြရပါတယ်။ဒါ
ကြောင့်ငယ်ရွယ်စဥ်ကတည်းကစိတ်ကိုလမ်းကြောင်းနိုင်ဖို့ ၊ ကြိုစားကြပါ။ ကြီးလာပြီး ဆိုရင်လည်းစိတ်ကိုထိန်းနိုင်အောင်ကြိုစားရင်ဖြင့်၊စိတ်ဓာတ်ခိုင်ခံသူများ၊စိတ်ခွန်အားရှိသူများဖြစ်
အောင်ကြိုစားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
မိတ်ဆွေအပေါင်း-စိတ်ခွန်အားပြည့်၀ပြီလောကမှာအနိုင်ယူနိုင်သောပုဂ္ဂိုလ်များ၊သဟဇတဖြစ်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြ
ပါစေရှင်။နားဆင်ကြည့်ရှုအားပေးသူတိုင်းပေါ်ဘုရားရှင်ကောင်းကြီးခံစားရပါစေ။ကျွန်မကတော
စစ္စတာရ် မေရီဒိမ် ပါရှင်။ကုကြွယ်၀ခြ

Add new comment

5 + 11 =