စာမလိုက်နိုင်တဲ့ ကလေးငယ်လေးတွေကို မိဘတွေဘယ်လိုပြုစု ပျိုးထောင် ပေးမလဲ

Under achievement

            ဒီနေ့မှာ စာမလိုက်နိုင်တဲ့ ကလေးငယ်လေးတွေကို မိဘတွေဘယ်လိုပြုစု ပျိုးထောင် ပေးမလဲဆိုတဲ့ အကြောင်းအရာလေး မျှဝေပေးချင်ပါတယ်။

            မိသားစုထဲမှာ ကိုယ့်သားသမီးတစ်ယောက်က ကျောင်းစာတွေ မလိုက်နိုင်ဘူးဆိုတာ ရှိခဲ့ရင် မိဘတွေအနေနဲ့ အံသြနေမှာပဲ။ ဒီလိုအဖြစ်မျိုးလည်း ငါတို့မိသားစုမှာ မရှိသင့်ဘူး လို့လဲ မျှော်လင်နေမှာပါ။ ဒီအဖြစ်တွေက မရည်ရွယ်ပဲ ဖြစ်လာတတ်တာတွေပါ။ ဒါတွေ ကလည်း မိဘတွေဆီကနေတဆင့် သင်ယူရရှိလာတာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထား ပါသေးတယ်။ ဒီလိုဖြစ်လာတာတွေက ကံကောင်းထောက်မစွာနဲ့ ပြန်ပြင်ဆင် ပြုပြင်လို့လဲ ရပါတယ်လို့ဆိုထားပြန်ပါတယ်။

            ဒီလိုဖြစ်ရတာက မိဘတွေက အလွန်ကျွံအလိုလိုက်တာ စောင်ရှောက်မှုလွန်ကဲတာ။ သြဇာအာဏာတွေနဲ့ အုပ်ချုပ်တာမလျော်ကန် မကိုက်ညီတဲ့ အုပ်ချုပ်မှုတွေနဲ့ ဒီအပြုအမှု တွေကြောင့် သားသမီးဆီကို ဒီလိုအပြုအမှုတွေက လိုက်သလို ရောက်သွားလို့ အခုလို့ ဖြစ်တာပါလို့ ဆိုပါတယ်။

            မိဘတွေအနေနဲ့ ကိုယ့်သားသမီးလေးတွေ ကျောင်းစာလိုက်နိုင်အောင် ရည်ရွယ်ချက် တွေနဲ့ ကြိုးစားပြီး လုပ်ပေးနိုင်ဖို့ အချက်လေးရှိပါတယ်။

            မိဘအနေနဲ့ မိမိကလေးနားမှာ တကူးတက အချိန်းပေးပြီး အချိန်ဖြုန်းပေးပါ။ မိဘနဲ့ အနီးကပ် မကြာခဏ နေလာရတဲ့အတွက် ကလေးက မိဘလို့ပဲ တဖြည်းဖြည်း ရင့်ကျက် လာမယ်။ အတုခိုးလာမယ်။ အထူးသဖြင့် same gender ယောင်္ကျားမိန်းမပေါ့နော် မိန်းကလေးဆိုရင် မိခင်နဲ့ ယောင်္ကျားလေးဆိုရင် ဖခင်နဲ့ မိဘကို ကြည့်ပြီး သူတို့ကိုယ်သူတို့ ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာမှာလဲဆိုတာကို သူတို့ဖာသာဆုံးဖြတ်တတ်လာတယ်။ ဒီလို အရွယ်မှာ မိဘက အနားမှာ မရှိခဲ့ရင် သူတို့ဘဝကို သူတို့ဖာသာ ဖန်တီးရုန်းကန်ကြရတဲ့ အတွက် ဗရမ်းဗတာ ဖြစ်သွားတာပါ။

            တချို့မိဘတွေကျပြန်တော့ ဖခင်က အူတူအတတ မိခင်ကကျပြန်တော့ အနား ပတ်ဝန်းကျင်ကို စောင်းမြောင်းပြောဆိုအလိုမကျတဲ့ အပြုအမူတွေနဲ့ မိဘတွေဆီက ဖြစ်နိုင်ချေ မရှိတဲ့အကြောင်းတွေကြောင့် သားသမီးက စာမလိုက်နိုင်တဲ့ ကလေးတစ်ယောက် အဖြစ် ဖြစ်သွားတာပါ။

            ဒါကြောင့် မိဘနှစ်ပါးက စည်းလုံးညီညွတ်တယ်ဆိုတာ သားသမီးကို ပြနိုင်ရမယ်။ မိဘတွေနဲ့ relationship မှာ equal and respect မျှတမှုနဲ့ တစ်ဦးပေါ်တစ်ဦး ရိုသေ လေးစားမှုပေးနိုင်ရမယ်။ ဒါမှသာ ကလေးတွေက မိဘတွေရဲ့ ဘဝကို စိတ်ဝင်စား လာပြီး အောင်မြင်တဲ့ မိသားစုဘဝကို model အဖြစ် သတ်မှတ်မှာဖြစ်ပြီး မိဘကလည်း သားသမီးကို သင့်လျော် လျော်ကန်တဲ့ မျှော်လင့်ချက်တွေနဲ့ သားသမီးကို ပြုစုစောင့်ရှောက် ပေးနိုင်မှာ ဖြစ်တယ်။

            စာမလိုက်နိုင်တဲ့ ကလေးကို မိဘက တတ်နိုင်သမျှနားလည်ပေးပြီး လိုအပ်ချက် လေးတွေကို ထောက်ပံ့ကူညီပေးပါ။ ဒါဆိုရင် ကလေးက ဘဝရဲ့စိန်ခေါ်မှုတွေ့ကို ကျော်လွှား တတ်လာပြီး မိဘက ငါ့ကို ဒီလိုရင်ဆိုင်တတ်အောင် လုပ်ပေးနေပါလားဆိုတာကို သိလာပြီး မိဘက သားသမီးကို နားလည်သလို့ သားသမီးက မိဘကို ပြန်နားလည်လာတော့မှာ ဖြစ်တယ်။

            မိဘတွေအနေနဲ့ ကလေးဆီကနေ မျှော်လင့်သလိုဖြစ်လာမှာလားဆိုတာကို ယျထာ ဘူတကျကျ တွေးနိုင်ရမယ်။ ကလေးကလုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့ပြောပြီး ကလေးရဲ့ ကိုယ့်ကိုယ်ယုံကြည်မှုကို မြေတောင်မြောက်ပေးသလို ဖြစ်စေပြီး သူ့ကိုယ်သူ တဖြည်းဖြည်း ယုံကြည်လာတော့မှာ ဖြစ်တယ်။

            သားသမီးကို သူ့အသက်အရွယ်အလိုက် တာဝန်ရှိတာတွေကို ပြထား လျာထားပေး ပြီး လုပ်ကိုင်စေရမယ်။ မိဘက ဘာမဆို အကုန်လုပ်ပေးရင် ကလေးက အရာရာမိဘကိုပဲ အားကိုးပြီး မိမိကိုယ်မိမိ ယုံကြည်မှုနည်းတဲ့ ကလေးတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

            အသက်အရွယ်အလိုက် တာဝန်လေးတွေ ပေးပြီးအလေးအနက်ထား တာဝန်ယူစေ ရမယ်။ ဒါမှ သူ့ကိုယ်သူ အားကိုးယုံကြည်တဲ့ စိတ်တွေမြင့်တက်လာပြီး ဘယ်သူ့ကိုမှ အား မကိုးပဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်တက်တဲ့ အလေ့အကျင့်တွေရလာတော့ ဖြစ်တယ်။

            သူတို့ဖာသာလုပ်နိုင်မှာပါလို့ မိဘတွေအနေနဲ့ အဲဒီလို့အတွေးမျိုးမတွေးပဲ သားသမီး လေးတွေ နားမှာနေပေးပါ။ သူတို့မှာလည်း စိန်ခေါ်မှုလေးတွေရှိတဲ့ အတွက် သူတို့ရဲ့ ယုံကြည်ချက်တွေ ပျက်သုဉ်းသွားနိုင်လို့ပါ။

            မိဘကိုယ်တိုင်က စာမလိုက်နိုင်ဆိုတာ သိတာနဲ့ အလုပ်မအားဘူးဆိုပြီး သားသမီး ကို အာရုံမစိုက်အားလို့ မဖြစ်စေပါနဲ့။ မိဘကိုယ်တိုင် သတ္တိရှိရှိ သူ့ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်လိုက်ပါ။ ကလေးရဲ့ လိုအပ်ချက်တွေကို သိနေတဲ့ မိဘက သူစိတ်ဝင်စားတဲ့ အရာတွေကို ပြုလုပ်စေပါ။ လိုအပ်ချက်တွေကို ထောက်ပံ့ပေးပါ ကလေးပြောတဲ့ စကားကို သေသေချာချာနားထောင်ပေးပြီး ပိုပြီးကောင်းလာအောင်လည်း လုပ်ပေးလို့ရပါတယ်။

            ကလေးငယ်လေးတွေ ကျရှုံးခဲ့ရင် ဘယ်လိုပြန်ကျိုးစားရမယ်ဆိုတာ မသင်မဖြစ် သင်ပေးရပါမယ်။ ကျရှုံးတယ်ဆိုတာ တခဏပဲ ဒါကိုဝမ်းနည်းပြီး ပြန်ကြည့်ပြန်တွေးနေမဲ့ အစား ဘယ်လိုပြန်အောင်နိုင်အောင် လုပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ရအောင်လည်း လုပ်ဆောင် ပေးလို့ရပါတယ်။

            သူတို့လေးတွေရဲ့ အားထုတ်လုံ့လစိုက်မှုကို ချီးမွမ်းဂုဏ်ယူပေးပါ။ အောင်မြင် ဖြစ်ထွန်းမှုမဟုတ်ပါဘူး။ ဒါဆိုရင် သူတို့ကိုယ်သူတို့ ငါလုပ်နိုင်ပြီးဆိုတာ သိလာပြီး။

            ဒါပေမဲ့ တစ်ခုသတိထားရမှာက တစ်ခါတလေး ကျရှုံးခဲ့ရင် သူတို့ကိုယ်သူတို့ ကာကွယ်တော့မယ်။ ပုန်ကန်ထကြွပြမယ်။ တခုခုကို ရှောင်နေမယ်။ ဒါဆိုရင် ဒီသံသယ တွေပျောက်ဖို့ ကျောင်းစာနဲ့ မပတ်သက်တဲ့ တခြားအလုပ်တွေကို ပြင်းပြင်းထန်ထန် လုပ်စေပြီး အကျိုးသက်ရောက်မှုရှိတဲ့ အရာတွေကို ဖန်တီးနိုင်တယ်ဆိုတာကို ကိုယ်တိုင် မြင်နိုင်အောင် ဖန်တီးပေးပါ။

            ဒါကြောင့်မို့ စာမလိုက်နိုင်တဲ့ ကလေးတယောက်ဆိုတာ ကံတရားက ပြဌာန်းထား တာ မဟုတ်ပါဘူး။ ကလေးတယောက်ရဲ့ mindset ကို မရရအောင် ထုတ်ဖော်ပြီး အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင်ပို့ဆောင်နိုင်ပြီး မိဘကျေနပ်လောက်တဲ့ အနာဂတ်ဘဝကို ထုတ်ဖော်လို့ရနိုင်ပါတယ်ဆိုတာ message ပေးရင်း နိဂုံးချုပ်ပါတယ်။

Under achievement
    ဒီေန႔မွာ စာမလိုက္နိုင္တဲ့ ကေလးငယ္ေလးေတြကို မိဘေတြဘယ္လိုျပဳစု ပ်ိဳးေထာင္ ေပးမလဲဆိုတဲ့ အေၾကာင္းအရာေလး မၽွေဝေပးခ်င္ပါတယ္။
    မိသားစုထဲမွာ ကိုယ့္သားသမီးတစ္ေယာက္က ေက်ာင္းစာေတြ မလိုက္နိုင္ဘူးဆိုတာ ရွိခဲ့ရင္ မိဘေတြအေနနဲ႔ အံၾသေနမွာပဲ။ ဒီလိုအျဖစ္မ်ိဳးလည္း ငါတို႔မိသားစုမွာ မရွိသင့္ဘူး လို႔လဲ ေမၽွာ္လင္ေနမွာပါ။ ဒီအျဖစ္ေတြက မရည္ရြယ္ပဲ ျဖစ္လာတတ္တာေတြပါ။ ဒါေတြ ကလည္း မိဘေတြဆီကေနတဆင့္ သင္ယူရရွိလာတာျဖစ္တယ္လို႔ ပညာရွင္ေတြက ဆိုထား ပါေသးတယ္။ ဒီလိုျဖစ္လာတာေတြက ကံေကာင္းေထာက္မစြာနဲ႔ ျပန္ျပင္ဆင္ ျပဳျပင္လို႔လဲ ရပါတယ္လို႔ဆိုထားျပန္ပါတယ္။
    ဒီလိုျဖစ္ရတာက မိဘေတြက အလြန္ကၽြံအလိုလိုက္တာ ေစာင္ေရွာက္မႈလြန္ကဲတာ။ ၾသဇာအာဏာေတြနဲ႔ အုပ္ခ်ဳပ္တာမေလ်ာ္ကန္ မကိုက္ညီတဲ့ အုပ္ခ်ဳပ္မႈေတြနဲ႔ ဒီအျပဳအမႈ ေတြေၾကာင့္ သားသမီးဆီကို ဒီလိုအျပဳအမႈေတြက လိုက္သလို ေရာက္သြားလို႔ အခုလို႔ ျဖစ္တာပါလို႔ ဆိုပါတယ္။
    မိဘေတြအေနနဲ႔ ကိုယ့္သားသမီးေလးေတြ ေက်ာင္းစာလိုက္နိုင္ေအာင္ ရည္ရြယ္ခ်က္ ေတြနဲ႔ ႀကိဳးစားၿပီး လုပ္ေပးနိုင္ဖို႔ အခ်က္ေလးရွိပါတယ္။
    မိဘအေနနဲ႔ မိမိကေလးနားမွာ တကူးတက အခ်ိန္းေပးၿပီး အခ်ိန္ျဖဳန္းေပးပါ။ မိဘနဲ႔ အနီးကပ္ မၾကာခဏ ေနလာရတဲ့အတြက္ ကေလးက မိဘလို႔ပဲ တျဖည္းျဖည္း ရင့္က်က္ လာမယ္။ အတုခိုးလာမယ္။ အထူးသျဖင့္ same gender ေယာကၤ်ားမိန္းမေပါ့ေနာ္ မိန္းကေလးဆိုရင္ မိခင္နဲ႔ ေယာကၤ်ားေလးဆိုရင္ ဖခင္နဲ႔ မိဘကို ၾကည့္ၿပီး သူတို႔ကိုယ္သူတို႔ ဘယ္လိုပုံစံနဲ႔ ႀကီးျပင္းလာမွာလဲဆိုတာကို သူတို႔ဖာသာဆုံးျဖတ္တတ္လာတယ္။ ဒီလို အရြယ္မွာ မိဘက အနားမွာ မရွိခဲ့ရင္ သူတို႔ဘဝကို သူတို႔ဖာသာ ဖန္တီး႐ုန္းကန္ၾကရတဲ့ အတြက္ ဗရမ္းဗတာ ျဖစ္သြားတာပါ။
    တခ်ိဳ႕မိဘေတြက်ျပန္ေတာ့ ဖခင္က အူတူအတတ မိခင္ကက်ျပန္ေတာ့ အနား ပတ္ဝန္းက်င္ကို ေစာင္းေျမာင္းေျပာဆိုအလိုမက်တဲ့ အျပဳအမူေတြနဲ႔ မိဘေတြဆီက ျဖစ္နိုင္ေခ် မရွိတဲ့အေၾကာင္းေတြေၾကာင့္ သားသမီးက စာမလိုက္နိုင္တဲ့ ကေလးတစ္ေယာက္ အျဖစ္ ျဖစ္သြားတာပါ။
    ဒါေၾကာင့္ မိဘႏွစ္ပါးက စည္းလုံးညီညြတ္တယ္ဆိုတာ သားသမီးကို ျပနိုင္ရမယ္။ မိဘေတြနဲ႔ relationship မွာ equal and respect မၽွတမႈနဲ႔ တစ္ဦးေပၚတစ္ဦး ရိုေသ ေလးစားမႈေပးနိုင္ရမယ္။ ဒါမွသာ ကေလးေတြက မိဘေတြရဲ့ ဘဝကို စိတ္ဝင္စား လာၿပီး ေအာင္ျမင္တဲ့ မိသားစုဘဝကို model အျဖစ္ သတ္မွတ္မွာျဖစ္ၿပီး မိဘကလည္း သားသမီးကို သင့္ေလ်ာ္ ေလ်ာ္ကန္တဲ့ ေမၽွာ္လင့္ခ်က္ေတြနဲ႔ သားသမီးကို ျပဳစုေစာင့္ေရွာက္ ေပးနိုင္မွာ ျဖစ္တယ္။
    စာမလိုက္နိုင္တဲ့ ကေလးကို မိဘက တတ္နိုင္သမၽွနားလည္ေပးၿပီး လိုအပ္ခ်က္ ေလးေတြကို ေထာက္ပံ့ကူညီေပးပါ။ ဒါဆိုရင္ ကေလးက ဘဝရဲ့စိန္ေခၚမႈေတြ႕ကို ေက်ာ္လႊား တတ္လာၿပီး မိဘက ငါ့ကို ဒီလိုရင္ဆိုင္တတ္ေအာင္ လုပ္ေပးေနပါလားဆိုတာကို သိလာၿပီး မိဘက သားသမီးကို နားလည္သလို႔ သားသမီးက မိဘကို ျပန္နားလည္လာေတာ့မွာ ျဖစ္တယ္။
    မိဘေတြအေနနဲ႔ ကေလးဆီကေန ေမၽွာ္လင့္သလိုျဖစ္လာမွာလားဆိုတာကို ယ်ထာ ဘူတက်က် ေတြးနိုင္ရမယ္။ ကေလးကလုပ္နိုင္မယ္လို႔ ယုံၾကည္တယ္လို႔ေျပာၿပီး ကေလးရဲ့ ကိုယ့္ကိုယ္ယုံၾကည္မႈကို ေျမေတာင္ေျမာက္ေပးသလို ျဖစ္ေစၿပီး သူ႔ကိုယ္သူ တျဖည္းျဖည္း ယုံၾကည္လာေတာ့မွာ ျဖစ္တယ္။
    သားသမီးကို သူ႔အသက္အရြယ္အလိုက္ တာဝန္ရွိတာေတြကို ျပထား လ်ာထားေပး ၿပီး လုပ္ကိုင္ေစရမယ္။ မိဘက ဘာမဆို အကုန္လုပ္ေပးရင္ ကေလးက အရာရာမိဘကိုပဲ အားကိုးၿပီး မိမိကိုယ္မိမိ ယုံၾကည္မႈနည္းတဲ့ ကေလးတစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။
    အသက္အရြယ္အလိုက္ တာဝန္ေလးေတြ ေပးၿပီးအေလးအနက္ထား တာဝန္ယူေစ ရမယ္။ ဒါမွ သူ႔ကိုယ္သူ အားကိုးယုံၾကည္တဲ့ စိတ္ေတြျမင့္တက္လာၿပီး ဘယ္သူ႔ကိုမွ အား မကိုးပဲ လြတ္လြတ္လပ္လပ္ လုပ္ေဆာင္တက္တဲ့ အေလ့အက်င့္ေတြရလာေတာ့ ျဖစ္တယ္။
    သူတို႔ဖာသာလုပ္နိုင္မွာပါလို႔ မိဘေတြအေနနဲ႔ အဲဒီလို႔အေတြးမ်ိဳးမေတြးပဲ သားသမီး ေလးေတြ နားမွာေနေပးပါ။ သူတို႔မွာလည္း စိန္ေခၚမႈေလးေတြရွိတဲ့ အတြက္ သူတို႔ရဲ့ ယုံၾကည္ခ်က္ေတြ ပ်က္သုဥ္းသြားနိုင္လို႔ပါ။
    မိဘကိုယ္တိုင္က စာမလိုက္နိုင္ဆိုတာ သိတာနဲ႔ အလုပ္မအားဘူးဆိုၿပီး သားသမီး ကို အာ႐ုံမစိုက္အားလို႔ မျဖစ္ေစပါနဲ႔။ မိဘကိုယ္တိုင္ သတၱိရွိရွိ သူ႔ပတ္ဝန္းက်င္ကို ေျပာင္းလဲပစ္လိုက္ပါ။ ကေလးရဲ့ လိုအပ္ခ်က္ေတြကို သိေနတဲ့ မိဘက သူစိတ္ဝင္စားတဲ့ အရာေတြကို ျပဳလုပ္ေစပါ။ လိုအပ္ခ်က္ေတြကို ေထာက္ပံ့ေပးပါ ကေလးေျပာတဲ့ စကားကို ေသေသခ်ာခ်ာနားေထာင္ေပးၿပီး ပိုၿပီးေကာင္းလာေအာင္လည္း လုပ္ေပးလို႔ရပါတယ္။
    ကေလးငယ္ေလးေတြ က်ရႈံးခဲ့ရင္ ဘယ္လိုျပန္က်ိဳးစားရမယ္ဆိုတာ မသင္မျဖစ္ သင္ေပးရပါမယ္။ က်ရႈံးတယ္ဆိုတာ တခဏပဲ ဒါကိုဝမ္းနည္းၿပီး ျပန္ၾကည့္ျပန္ေတြးေနမဲ့ အစား ဘယ္လိုျပန္ေအာင္နိုင္ေအာင္ လုပ္ရမယ္ဆိုတဲ့ စိတ္ဓာတ္ရေအာင္လည္း လုပ္ေဆာင္ ေပးလို႔ရပါတယ္။
    သူတို႔ေလးေတြရဲ့ အားထုတ္လုံ႔လစိုက္မႈကို ခ်ီးမြမ္းဂုဏ္ယူေပးပါ။ ေအာင္ျမင္ ျဖစ္ထြန္းမႈမဟုတ္ပါဘူး။ ဒါဆိုရင္ သူတို႔ကိုယ္သူတို႔ ငါလုပ္နိုင္ၿပီးဆိုတာ သိလာၿပီး။
    ဒါေပမဲ့ တစ္ခုသတိထားရမွာက တစ္ခါတေလး က်ရႈံးခဲ့ရင္ သူတို႔ကိုယ္သူတို႔ ကာကြယ္ေတာ့မယ္။ ပုန္ကန္ထႂကြျပမယ္။ တခုခုကို ေရွာင္ေနမယ္။ ဒါဆိုရင္ ဒီသံသယ ေတြေပ်ာက္ဖို႔ ေက်ာင္းစာနဲ႔ မပတ္သက္တဲ့ တျခားအလုပ္ေတြကို ျပင္းျပင္းထန္ထန္ လုပ္ေစၿပီး အက်ိဳးသက္ေရာက္မႈရွိတဲ့ အရာေတြကို ဖန္တီးနိုင္တယ္ဆိုတာကို ကိုယ္တိုင္ ျမင္နိုင္ေအာင္ ဖန္တီးေပးပါ။
    ဒါေၾကာင့္မို႔ စာမလိုက္နိုင္တဲ့ ကေလးတေယာက္ဆိုတာ ကံတရားက ျပဌာန္းထား တာ မဟုတ္ပါဘူး။ ကေလးတေယာက္ရဲ့ mindset ကို မရရေအာင္ ထုတ္ေဖာ္ၿပီး ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚကို ေရာက္ေအာင္ပို႔ေဆာင္နိုင္ၿပီး မိဘေက်နပ္ေလာက္တဲ့ အနာဂတ္ဘဝကို ထုတ္ေဖာ္လို႔ရနိုင္ပါတယ္ဆိုတာ message ေပးရင္း နိဂုံးခ်ဳပ္ပါတယ္။

 

Add new comment

2 + 10 =