စစ်မှန်တဲ့အိမ်ထောင်ဖက်ကို ရွေးချယ်နိုင်ရန် လိုအပ်ချက်များ

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“အိမ်ထောင်ပြုကြမယ်လူငယ်လူရွယ်များစစ်မှန်တဲ့အိမ်ထောင်ဖက်ကိုရွေးချယ်နိုင်ရန်တွက်”လိုအပ်မဲ့အချက်အလက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။

သော်တရှင်လူငယ်များရှင်  လူငယ်တို့ရဲ့ဘ၀မှာ တသက်လုံးပေါင်းသင်းရမဲ့သူကိုရွေးချယ်တဲ့အခါမှာ

တစ်ယောက်နဲ့တစ်ယောက်ဟာဘ၀တစ်သက်လုံးပေါင်းသင်းနေထိုင်ရမဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်

ကိုယ်ရဲ့အိမ်ထောင်ဖက်ကိုရွေးတဲ့အခါမှာသေချာမစဥ်စားဘဲကမူးရှူးထိုးအလျှင်စလိုမရွယ်ချယ်သင့်ပါဘူးနော်။လူငယ်များတို့ဤအချက်များကိုအလေးနက်ထားစဥ်းစားဖို့ရန်တွက်

၁။လက်ထပ်တော့မည်လူငယ်များဟာလောကဗဟုသုတတွေ၊အတွေ့အကြုံတွေဘယ်လောက်ရှိပြီးလဲ။သင့်ရဲ့

စိတ်ဓာတ်ရင့်ကျက်မှုတွေဘယ်လောက်အတိုင်းအတာထိရှိပြီးလဲဆိုတာကိုစစ်ဆေးကြည့်ဖို့လိုပါတယ်နော်။

၂။လက်ထပ်တော့မည့်သင်တို့နှစ်ဦးစလုံးဟာဘယ်လောက်အတိုင်းအတာထိတစ်ယောက်ရဲ့အကြောင်းတစ်

ယောက်အဆိုးအကောင်းတွေကိုသိရှိပြီးပြီလား။ဒါအပြင်ရင်နှီးကျွမ်း၀င်မှုတွေရောဘယ်လောက်ထိရှိနေပြီးလဲ။

၃။တစ်ယောက်နှင့်တစ်ယောက်၀မ်းသာခြင်း၊၀မ်းနည်းခြင်း၊စိတ်ဆင်းရဲခြင်း၊စိတ်တိုစိတ်ကောက်ခြင်းများကို

မြင်တွေ့ဘူးခံစားဖူးပြီးလား။ထိုအရာတွေပေါ်မှာသင်ခံရည်နှင့်သည်းခံခြင်းတွေဘယ်လောက်ရှိပြီးလဲ။

၄။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်တာဟာဂုဏ်ပကသနကြောင့်လား၊ဆွဲဆောင်မှုကြောင့်လား၊မိမိလိုအပ်

ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်လား၊အားနားလိုလား၊စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေမှာနှစ်သိမ့်ဖေးမကူညီပေးခဲ့လိုလား။ဒါမှာမဟုတ်ကိုယ်ကာယတပ်မက်ရုံဘဲလားစသည့်အကြောင်းကြောင့်လားဆိုတာတွေကိုစဥ်းစားကြည့်ပါ။အထက်ပါအချက်တွေကြောင်းချစ်ကြိုက်တာဆိုရင်တော့စစ်မှန်တဲ့ချစ်ခြင်းမဟုတ်ပါဘူး။၎င်းအချက်တွေကွယ်ပျောက်သွားတဲ့နေ့တနေသင်လည်းထိုသူကိုချစ်နိုင်တော့မှာမဟုတ်ပါဘူး။

၅။ဇနီးမောင်နှံတို့မှာရှိအပ်တဲ့အပေးအယူစိတ်၊မေတ္တာစိတ်၊အနစ်နာခံစိတ်၊နားလည်ပေးမှု၊ကိုယ်ကျိုးစွန့်တဲ့စိတ်၊အတ္တကင်းတဲ့စိတ်စသည့်စိတ်တွေသင်တို့မှာရှိပြီးလား။

၆။လက်ထပ်ပေါင်းသင်းမဲ့ခင်ပွန်းလောင်းတို့၏မိဘတွေကိုသင်သိပြီးပြီလား။သူမိဘနဲ့မိသားစု၀င်များကိုမိဘရင်းကဲ့သို့မိသားစု၀င်ကဲ့သို့လက်ခံနိုင်ရမှာဖြစ်ပါတယ်။

၇။ဒါအပြင်သင်တို့ရဲ့အိမ်ထောင်တာ၀န်တွေကိုလည်းသင်သိနားလည်ပြီးလား။

၈။သင်၏ယုံကြည်ချက်နှင့်ဘုရားတရားရိုသေကိုင်းရှိုင်းမှုတွေဟာသင်ပေါင်းသင်းဆက်ဆံရမဲ့သူတွေနဲ့အဆင်ပြေပါမလား။အဆင်ပြေအောင်လိုက်လျှော့ညီထွေးမှုနဲနေဖို့လိုပါတယ်။            (ဥပမာ-စိတ်ရှည်ခြင်း၊နားလည်ပေးခြင်း၊နှိမ့်ချခြင်း)တွေပေါ့။

၉။လက်ထပ်မင်္ဂလာပြီးနောက်ဘယ်လိုဆက်လက်ရှင်သန်ရမလဲဆိုတာစဥ်းစားပြီးပါပြီလား။

၁၀။လက်ထပ်ပြီးနောက်သားသမီးများရရှိလာတဲ့အခါသားသမီးများ၏တာ၀န်ကိုယူနိုင်မလား၊ဒီတာ၀န်ဟာယူကိုယူရမှာဖြစ်ပါတယ်။

၁၁။မိမိလက်ထပ်မည့်သူဟာဆင်းရဲ၊ချမ်းသာ၊အိုးနားကျိုးပဲ့၊ဘယ်ဘ၀ဘဲရောက်ရောက်ဆိုးသူကောင်ဘက်အနေဖြင့်ရိုမြေကျသစ္စာရှိစွာနှင့် သင်ပေါင်းသင်းနိုင်မလားဆိုတာကိုအရင်စဥ်းစားဖို့လိုအပ်ပါတယ်။

 လက်ထပ်ဖို့ကြံရွယ်ကြတဲ့ငယ်ရွယ်နုပျိုလူငယ်များရှင်-အိမ်ထောင်ရေးဆိုတာ အဆင့်သင်၀တ်ရန်၊ချုပ်ပြီးသာအ၀တ်တစ်ထည်မဟုတ်ပါဘူး။ဒါအပြင် အသင့်ဆွဲရန်သီးကုံးထားတဲ့ပန်းကုံးတကုံးမဟုတ်သလို၊အဆင့်သင်တက်နေရန်ဆောက်ပြီးသာအိမ်လေးတစ်လုံးလည်းမဟုတ်ပါဘူးဆိုတာသိရှိကြဖို့လိုပါတယ်။

အိမ်ထောင်ရေးကိုစိတ်ကူးယဥ်ဆန်ဆန်နဲ့လဲတည်ဆောက်မယ်ဆိုရင်အောင်မြင်မှာမဟုတ်ပါဘူး။

ပျှော်ရွင်အောင်မြင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ချင်ရင်တော့လက်တွေကျကျဘ၀ဖြင့် ချစ်ခြင်းမေတ္တာနဲ့အနစ်နာခံကြိုစားရမှာဖြစ်ပါတယ်ရှင်။အထူးသဖြင့်ဘုရားကိုလည်းအားကိုးဆုတောင်းရမှာဖြစ်ပါတယ်။

လက်ထပ်ယူကြမဲ့ငယ်ရွယ်နုပျိုလူငယ်များတို့အထက်ပါဖေါ်ပြခဲ့တဲ့အချက်များကိုကောင်းစွာနားလည်သဘော

ပေါက်ကြဖို့လိုပါတယ်။လေးလေးနက်နက်ထားစဥ်းစားကြပါနော်။ဘာကြောင့်လည်းဆိုရင် တစ်သက်လုံးပေါင်းသင်းနေထိုင်ရမဲ့အိမ်ထောင်ဖက်ကိုရွေးချယ်ရမှာဖြစ်လိုပါ။

  ချစ်ရသောလူငယ်များလည်းစစ်မှန်သောအိမ်ထောင်ဖက်ကိုရွေးချယ်နိုင်ကြပါစေလိုဆန္ဒပြုရင်း ဒီလောက်နဲ့ဘဲ

အဆုံးသတ်ပါရစေ။အားပေးနားဆင်ကြတဲ့သော်တရှင်များအတွက်လည်းဗဟုသုတတွေရရှိမယ်လိုလည်းမျှော်

လင့်မိပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ စစ္စတာရ်မေရီ ပါရှင်။

Add new comment

1 + 19 =