ငြိမ်းချမ်းခြင်း

အားလုံးပဲမင်္ဂလာပါ
        အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်

နေကြဖြစ်တဲ့သီရိဂေအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ ဒီတစ်ပတ်ကျွန်မတင်ဆက်ပအကြောင်းအရာ
လေးကတော့ “ငြိမ်းချမ်းခြင်း “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
    သော်တရှင်မိတ်ဆွေများရှင် - ဘ၀မှာဆောင်ထားသင့်တဲ့အရာ (၃) ခုရှိပါတယ်။အဲ့ဒါတွေကတော့

မျှော်လင့်ခြင်း၊ငြိမ်းချမ်းခြင်း နှင့်ဖြောင့်မတ်ခြင်းတွေဖြစ်ပါတယ်။သုံးခုထဲကငြိမ်းချမ်းခြင်းအကြောင်းကို

ပြောသွားမှာဖြစ်ပါတယ်။ကျွန်မတို့တိုင်းသူပြည်သားတွေအလိုချင်ဆုံးနဲ့အလိုအပ်ဆုံးအရာကတော့

ငြိမ်းချမ်းခြင်းဆိုတာကိုလိုလားတောင်းတနေကြပါတယ်။ဘာကြောင့်ငြိမ်းချမ်းခြင်းတွေချစ်ခြင်းမေတ္တ

ာတွေကိုလိုလားကြတာလဲ။ဥပမာ ပြောရမယ်ဆိုရင် ငြိမ်ချမ်းခြင်းမရှိတဲ့မိသားစု ၊ငြိမ်သက်ခြင်းမရှိတဲ့

ရက်ကွက်၊ကျေးရွာ၊မြို့နယ်၊တိုင်းပြည်တွေမှာ၊သူသူဌါဌါဘယ်သူမဆိုမနေခြင်းမနေနိုင်ကြပါဘူး။ဘာကြောင့်

လဲစိတ်ပင်ပန်းတယ်၊ပျော်ရွှင်မှုမရှိ၊ပူလောင်းရ၊ဒါအပြင်လွတ်လပ်မှုမရှိတော့စိတ်ကျဥ်းကျပ်ရတာပေါ့။

အဲဒီလိုပဲပေါ့မိသားစုအတွင်း၊နိုင်ငံအတွင်း၊အဖွဲ့အစည်းအစုအသင်းတွေမှာအဆင်မပြေမှုတွေ၊ညိုနှိုင်းမရလို၊

စိတ်၀မ်းကွဲ၊မနာလို၊အတ္တတွေ၊အမုန်းတရားတွေနဲ့၊စသည့်တို့ကြောင့်ငြိမ်းချမ်းရေးမရှိဖြစ်ကြပါတယ်။အဓိက

တော့အတွင်းစိတ်မငြိမ်းချမ်းလိုဖြစ်ပါတယ်။အတွင်းစိတ်ငြိမ်းချမ်းမယ်၊မိမိမိသားစုအတွင်းငြိမ်းချမ်းမယ်ဆိုရင်

ရက်ကွက်၊ကျေးရွာ၊မြို့နယ်၊နိုင်ငံ၊တိုင်းပြည်တွေလည်းငြိမ်းချမ်းလာမှာဖြစ်ပါတယ်။ကျွန်မတို့အားလုံးသိကြတဲ့

မာသာရ်ထရေးဇာကဘာပြောထားသလဲဆိုရင်ငြိမ်းချမ်းရေးကိုမိသားစုကနေအစပြုပါလိုပြောထားပါတယ်။

ပတ်၀န်းကျင်၊မိသားစုအတွင်း၊အဖွဲ့အစည်းအတွင်းတွေမှာဆူပူနေသရွေ့တော့ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။

ဒါအပြင်စစ်မက်ရေးရာအကြမ်းဖက်မှုတွေ၊လူကိုလူလိုတောင်မသတ်မှတ်လောက်အောင်ရိုက်နှက်သတ်ဖြတ်

မှုတွေ၊ညှင်းဆဲနေကြတာတွေကလည်းအဓိကတော့အတွင်းစိတ်ရဲ့ငြိမ်သက်ခြင်းမရှိလို၊ချစ်ခြင်းမေတ္တတွေအကြင်

နာတရားတွေခေါင်းပါးနေလိုပဲဖြစ်ပါတယ်။နားလည်ပေးမှု၊စာနာမှု၊ဂရုဏာတရား၊မေတ္တတရားတွေ၊စသည့်စိတ်ဓာတ်

တွေမရှိသရွေ့တော့၊မထားနိုင်သရွေ့တော့မိမိတို့ရဲ့အတွင်းစိတ်ထဲမှာငြိမ်းချမ်းမှုဆိုတာတွေစိုးမိုးလာနိုင်မှာမဟုတ်ပါ။

စောစောကပြောတဲ့စိတ်ထားတွေထားနိုင်ဖို့လိုအပ်နေပါပြီ။လက်ကိုင်ပြုကြဖို့လည်းလိုနေပါပြီ။
ငြိမ်းချမ်းရေးရရှိဖို့ရန်အတွက်အမျိုးမျိုးကြိုးစားနေကြပါတယ်။သူတို့တွေအတွက်လည်းမေတ္တာပို့ပေးဖို့လိုပါတယ်။

ငြိမ်းချမ်းရေးရရှိဖို့အတွက်အချိန်ကုန်၊လူပင်ပန်း၊စိတ်ပင်ပန်း၊စိတ်ရှည်ခြင်းများစွာ၊စိတ်ဓာတ်ကြံ့ခိုင်မှု၊စိတ်ခွန်အားနဲ့

ကြိုးစားနေကြပါတယ်။တနည်းအားဖြင့်ငြိမ်းချမ်းခြင်းနဲ့စိတ်ပါ၀င်စားမှု၊ချစ်ခြင်းမေတ္တာပေးဆပ်မှုတွေဟာတိုက်ရိုက်

အချို့ကြတယ်လို့ဆိုရမှာဘဲဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာမရှိသရွေ့တော့ငြိမ်းချမ်းခြင်းရရှိဖို့ရန်တွက်လည်းခက်ခဲကြာ

ရှည်အုံးမှာဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာထားနိုင်ရင်အရာရာတိုင်းမှာအဆင်ပြေပါလိမ့်မယ်။ဒီလိုပါပဲငြိမ်းချမ်းရရှိဖို့ရန်

တွက်လည်းချစ်ခြင်းမေတ္တာဟာအရေးပါတဲ့အရာတစ်ခုပါ။ချစ်ခြင်းမေတ္တာတွေ၊ဂရုဏာမေတ္တာတွေခေါင်းပါးလာရင်

တော့တစ်ယောက်နဲ့တစ်ယောက်ငြိမ်းချမ်းခြင်းတွေထားနိုင်မှာမဟုတ်တော့ပါဘူး။ချစ်ခြင်းမေတ္တာအတွက်နေရာမရှိတော့
ရင်အမုန်းတရားတွေလည်းအားကောင်းလာမှာပါ။အကျိုးဆက်အနေနဲ့တော့ဒီအမုန်းတရားနဲ့ကလဲ့စားချေပမှုတွေရှိနေသရွေ့

ငြိမ်းချမ်းခြင်းရရှိဖို့ရန်အတွက်အလှမ်း‌ေ၀◌းနေအုံးမှာဖြစ်ပါတယ်။စစ်ကြောင့်အပြစ်မဲ့တဲ့ပြည်သူ့တွေရဲ့ဘ၀တွေ၊စည်းစိမ်းတွေ

ထိခိုက်ပျက်ဆီးရတာမရပ်နိုင်သေးပါလားနော်။ဘာကြောင့်ငြိမ်းချမ်းရေးမရနိုင်သေးတာလဲ?အမုန်းတရားတွေ၊အတ္တတွေ၊

တကိုယ်ကောင်းဆန်မှုတွေရှိနေသရွေ့ငြိမ်းချမ်းရေးကိုခေါ်ဆောင်နိုင်ပါမလား။အမုန်းကိုယ်စီနဲ့ရောငြိမ်းချမ်းရေးရပါမလား။

ကိုယ်အမှန်တရားအတွက်ခေါင်းမာပြီးငြင်းဆန်နေသရွေ့ငြိမ်းချမ်းရေးဆိုတာလည်းအလှမ်းေ၀◌းနေအုံးမှာ။ဘယ်တော့မှရရှိလာ

မှာမဟုတ်ပါဘူး။ကျွန်မတို့တတွေအမိနိုင်ငံတော်ကြီးငြိမ်းချမ်းရေးအတွက်ဤဆုတောင်းမေတ္တာလေးနဲ့ဆုတောင်းကြပါစို့လားကွယ်။

အိုသခင်ဘုရားကျွန်ုပ်တို့ကိုကိုယ်တော်ငြိမ်းချမ်းရေးလက်နက်ဖြစ်စေတော်မူပါ။မုန်းတီးခြင်းကိုချစ်ခြင်းဖြင့်၎င်း၊ထိခိုက်ပြစ်မှားခြင်းကို

ခွင့်လွှတ်ခြင်းဖြင့်၎င်း၊ယုံမှားသံသယဖြစ်ခြင်းကိုယုံကြည်ခြင်းဖြင့်၎င်း၊စိတ်ပျက်အားငယ်ခြင်းကိုမျှော်လင့်ခြင်းဖြင့်လည်းကောင်း၊အမိုက်

မှောင်ကိုအလင်းဖြင့်လည်းကောင်း၊ကြေကွဲ၀မ်းနည်းခြင်းကို၀မ်းမြောက်ရွှင်လန်းခြင်းဖြင့်လည်းကောင်းတုံ့ပြန်နိုင်ရန်အားတန်ခိုးကျေးဇူး
တော်ကိုပေးသနားတော်မူပါ။
 သော်တရှင်မိတ်ဆွေများရှင် - မိမိအနီးနား၊ပတ်၀န်ကျင်းကသူတွေ၊နီးစပ်သူတွေကိုခွင့်လွတ်ခြင်းချစ်ခြင်းမေတ္တာတွေနဲ့ ငြိမ်းချမ်းခြင်းလက္ခဏ

တွေကိုကမ်းလှမ်းကြစို့လားကွယ်။မိမိတို့တစ်ဦးစီရဲ့အတွင်းစိတ်နှလုံးကိုပြန်လည်မေးကြည့်၊စစ်ဆေးကြည့်ရအောင်လားကွယ်။ငြိမ်းချမ်းခြင်း၊

ငြိမ်သက်ခြင်းရှိလားလို့။သော်တရှင်မိတ်ဆွေများလည်းငြိမ်းချမ်းရေး သတင်းကောင်းဆောင်ယူနိုင်သူများ၊နိုဗယ်ဆုရှင်များဖြစ်ကြပါစေကွယ်လို့

ဆန္ဒပြုရင်းနဲ့ ဒီလောက်နဲ့အဆုံးသတ်ပါရစေ။ မြန်မာပြည်သူပြည်သားများစစ်ဘေးရန်၊သဘာ၊ကိုးဗစ်ကပ်ဘေးအန္တရာယ်အပေါင်းမှကင်း‌ေ၀း

အောင်မြင်ကြပါစေလိုဆုတောင်းပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ် ပါရှင့်။

Add new comment

1 + 0 =