ငယ်စဉ်မှာကတည်းက အနုပညာဗီဇမျိုးစေ့တွေ ချပေးရင်း ကြီးထွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးကြရအောင်

Importance of art

            ဒီနေ့မှာ ကလေးငယ်လေးတွေက ငယ်စဉ်မှာကတည်းက အနုပညာဗီဇမျိုးစေ့တွေ ချပေးရင်း ကြီးထွားဖွံ့ဖြိုးတိုးတက်အောင် မိဘတွေက လုပ်ဆောင်ပေးကြရအောင်ပါဆိုတဲ့ အကြောင်းမျှဝေပေး သွားမှာ ဖြစ်ပါတယ်။

            ပရိသတ်ကြီးကလည်း သိနေမှာပါ။ အနုပညာစွမ်းရည်ဆိုတာ လူတစ်ယောက်ရဲ့ Stress ကို လျော့စေတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ၊ ဒေါသတွေကို ပြေလျော့စေပါတယ်။ ဥပမာ- ကလေးငိုနေရင် အသာလေးသီချင်းဆိုပြီး ချော့ရင်အချိန်ခဏနဲ့ အငိုတိတ်သွားတာကို ကြည့်ခြင်းအားဖြင့် အနုပညာဟာ သေချာပေါက် အကျိုးရလဒ်ကို ရစေပါတယ်။

            အနုပညာအရည်အသွေးပြတဲ့ လှုပ်ရှားမှုတွေက စာဖတ်တာ၊ သီချင်းဆိုတာ၊ ဂီတပေါ့နော်၊ ပုံဆွဲတာ၊ ဆေးရောင်ချယ်တာ၊ ရုပ်ရှင်ဂီတပြဇာတ်ပွဲကို ခေါ်ပြီး ကြည့်စေတာ နောက်ပြီး ခန္ဓာကိုယ် လှုပ်ရှားမှုတွေပေါ့။ ကဗျာဆိုရင် ကိုယ်လက်အမူအရာလုပ်တာ ဒါတွေက ကလေးငယ်လေးတွေရဲ့  အတွင်းစိတ်ခံစားချက်တွေ၊ အတွေးတွေ Idea တွေ ခန္ဓာကိုယ်မျက်နှာ အမူအယာတွေက ကလေးတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဖော်ပြပြီး အင်မတန်မှ အကျိုးရှိစေပါတယ်။

            ဒါကြောင့်မို့ အနုပညာဆိုတာ လူတစ်ယောက်ကို အသက်အရွယ်မရွေး အပြုသဘောကို ဆောင်စေပါတယ်။ ကလေးငယ်လေးတွေကို Childhood အရွယ်မှာကတည်းက အနုပညာမျိုးစေ့ ချပေးခဲ့ရင် အဲဒီအရွယ်မှာ သူတို့ရဲ့ဦးနှောက်က ရေမြုပ်လိုစုပ်ယူသိမ်းဆည်း ထားလိုက်တာပါ။

            အနုပညာတွေထဲမှာ ဂီတကလည်းပါဝင်နေပါတယ်။ ဒီတော့ ကလေးငယ်လေးတွေကို သီချင်းနားထောင်စေတာ၊ သီချင်းဆိုစေတာတွေက ကလေးတစ်ယောက်ရဲ့ အသိပညာ၊ အကြားအာရုံနဲ့ဆိုင်တဲ့ အာရုံခံစားမှု စွမ်းရည်တွေကို ဖွံ့ဖြိုးစေပါတယ်။ ဂီတနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ သီချင်းကို နားထောင်တတ်တဲ့အတွက် အခြားကလေးတွေရဲ့ ပြောစကားကို နားထောင်တတ်တဲ့ကလေး၊ အခြားကလေးတွေနဲ့ သဟဇာတရှိတောင် နေတတ်လာတဲ့ ကလေးဖြစ်လာပါတယ်။ ဂီတဟာ ကလေးတစ်ယောက်ရဲ့ နားထောင်နိုင်တဲ့ စွမ်းရည်၊ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ စဉ်းစားတတ်တဲ့ဉာဏ်၊ သိမှတ်တတ်တဲ့ဉာဏ်တို့ကို လှုံ့ဆော်ပေးပါတယ်။ ကဗျာ၊ လင်္ကာတွေလို ကိုယ်လက်အမူအယာတွေနဲ့ ဆိုတဲ့အခါမှာ စိတ်ကိုပျော် ရွှင်စေသလို စကားလုံးကြွယ်ဝမှု၊ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ပိုသိစေတဲ့အတွက် သူတို့ကို Boost မြင့်တင်ပေးသလို ဖြစ်စေပါတယ်။ အဲဒီလို အမေနဲ့သားသမီး အတူဆုံကြတဲ့အခါမှာ မိဘနဲ့သားသမီး ချစ်ခြင်းခိုင်မြဲမှုလည်း ပိုပြီးတိုးစေပါသေးတယ်။

            စာအုပ်စာပေကို ကလေးကြီးလာတော့မှ ဖတ်စေတာထက် ကလေးဘဝရဲ့ အစောဆုံး ကာလမှာ ကတည်းက ကာတွန်းစာအုပ်ပုံပါတဲ့ ကလေးကဗျာ၊ ပုံပြင်စာအုပ်တို့နဲ့ ရင်းနှီးကျွမ်းဝင် လုပ်ပေးထားရင် ကလေးက စာဖတ်ချင်တဲ့စိတ်ဓာတ် တဖြည်းဖြည်း စိမ့်ဝင်လာတော့မှာ ဖြစ်ပါတယ်။ မိဘက ကလေးကို ပုံပြင်တို့ ကဗျာတို့ ဖတ်ပြတဲ့အခါမှာ ကလေးတစ်ယောက်ရဲ့ သိမြင်နိုင်တဲ့ စွမ်းရည်ဖြစ်တဲ့ မှတ်ဉာဏ် စကားပြောနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ကွန့်မြူးလာပါတယ်။ ကျောင်းတက်တဲ့အရွယ်မှာ ကျောင်းကနေ စာတွေဖတ်ပြသင်ပြပေမဲ့ အိမ်မှာကတည်းက စာဖတ်တဲ့ အရည်အသွေးကို ဖြည့်ပေးထားတဲ့ခါမှာ ကျောင်းရောက်တော့ ကလေးက Fully Develop ဖြစ်နေပြီ ပေါ့နော်။

            အနုပညာ ဗီဇထဲမှာ ပုံဆွဲတာ၊ ဆေးရောင်ခြယ်တာကလည်း ပါဝင်နေတာမို့ ကလေးငယ် လေးတွေကို ပုံဆွဲ၊ ဆေးရောင်ခြယ်စေဖို့ ဖန်တီးပေးတာဟာ သူတို့ရဲ့ လှုပ်ရှားမှုလေးတွေဖြစ်တဲ့ အတွက် စွမ်းရည်ကိုမြင့်စေပါတယ်။ တီထွင်ဖန်တီးတတ်လာပြီး ကိုယ်ရည်ကိုယ်သွေးကို မြင့်စေပါသေးတယ်။ ဒီတော့ ကလေးက ပင်ကိုယ်စရိုက် မြင့်တက်လာမယ်။ စိတ်ပညာနဲ့ဆိုင်တဲ့ ဦးနှောက်အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေပါတယ်။

            မိဘတွေက ရုပ်ရှင်ရုံတို့၊ ဂီတပွဲတို့၊ ပြဇာတ်တို့ လိုက်ပြပေးခံရတဲ့ ကလေးငယ်တွေဟာ လူအများကို ရိုသေတတ်လာမယ်။ သည်းခံနိုင်တဲ့ အရည်အသွေးတွေ ရစေတဲ့အတွေ့အကြုံတွေ ရစေပါတယ်။ သူတို့ရဲ့ စိတ်ကူးနိုင်စွမ်းတွေ၊ တီထွင်ဖန်တီးနိုင်တဲ့ ဉာဏ်တွေ ပွင့်သွားစေပါတယ်။ သူတို့လေးတွေအတွက် Open minded and empathetic ရှင်းလင်းသေချာတဲ့ အတွေးတွေ ရသွားစေပါတယ်။

            ခန္ဓာကိုယ် လှုပ်ရှားမှုလေးတွေနဲ့ လက်ဟန်ခြေဟန်လေးတွေနဲ့ သီချင်းတို့၊ ကဗျာတို့ကို သရုပ်ဖော်တဲ့ခါမှာလည်း ခန္ဓာကိုယ် အင်္ဂါရပ်တွေကို လှုပ်ရှားစေပြီး၊ ကျန်းမာစွာ ကြီးပြင်းလာဖို့ အထောက်အကူတွေ ရလာပါတယ်။ သူတို့ကိုယ် သူတို့ Confidence တွေရှိလာမယ်။ သူတို့ရဲ့ သဘာဝ ဖြစ်ပေါ်နေတဲ့ ရှိနေတဲ့ အရည်အချင်းတွေ အစွမ်းတွေလို Flexible ဖြစ်စေပါတယ်။ ပြေးဆော့ကစား တာတို့ဟာ သူတို့ကိုယ်သူတို့ မလိမ့်ကျအောင် ထိန်းတတ်လာတယ်။ Balance လုပ်တတ်လာတယ်။ ဒါကြောင့်မို့ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းအားတွေ အနုပညာအရည်အချင်းတွေ  သေချာပေါက် မြင့်တက်လာပါတယ်။ ကလေးတစ်ယောက်ရဲ့ အနာဂတ်ဘဝအတွက် အနုပညာဗီဇ မျိုးစေ့တွေ ချပေးကြရအောင်ပါ ဆိုတာတင်ပြရင်း နိဂုံးချုပ်ပါတယ်။

တင်ဆက် - ဒေါ် ဂျူလီယာ ကြူကြူခင်

တည်းဖြတ် - ပေါလ်

Photos Credit - Google Images

#rvapastoralcare #Family #Child #Importanceofart

 

 

Add new comment

3 + 4 =