ဂျပန်လူမျိုးမိဘတွေက မိမိတို့ သားသမီးလေးတွေကို ဘယ်လိုစည်းကမ်းတွေ ချမှတ်ထားလဲ

Parenting Ruler

ဒီနေ့မှာ ဂျပန်လူမျိုးမိဘတွေက မိမိတို့ သားသမီးလေးတွေကို ကြီးပြင်းအောင် ထိန်းသိမ်း မွေးမြူနိုင်ဖို့ ဘယ်လိုစည်းကမ်းတွေ ချမှတ်ထားပုံလေးတွေကို sharing  ပေးရင်း တင်ပြပေးသွားချင် ပါတယ်။

ဂျပန်လူမျိုးတွေက သူတို့ကလေးတွေကို ပျော်ရွှင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရအောင် ဖန်တီးကြပါတယ်။ ဒါကြောင့် ဂျပန်ကလေးတွေက ကမ္ဘာပေါ်မှာရှိတဲ့ အခြားတိုင်းပြည်က ကလေး တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပိုပြီး ယဉ်ကျေးသိမ်မွေ့တယ်။ ပိုပြီး ပတ်ဝန်းကျင်နဲ့ ချစ်ချစ်ခင်ခင်နေတတ် ကြတယ်လို့ ကမ္ဘာကနေ ချီးမွမ်းတာကို ခံကြရတာပါ။

အဲဒီလို ကမ္ဘာကနေ ချီးမွမ်းရလောက်အောင် ဂျပန်ကလေးငယ်တွေကို ငယ်စဉ်မှာ ဘယ်လို စည်းကမ်းတွေနဲ့ ကြီးပြင်းအောင် ထိန်းသိမ်းခဲ့ကြသည်ဆိုတော့ မိဘတွေက ညဉ့်အိပ်ယာဝင်ပုံပြင် တွေကို ဦးစားပေးပြောပြလေးရှိကြတယ်။ ရိုးရာထုံးတမ်းစဉ်လာတွေပါတဲ့ ပုံပြင်တွေ ကလေးတွေ ကြိုက်တတ်တဲ့ ဒဏ္ဌာရီက ပုံပြင်တွေ ကလေးတွေ နားလည်လောက်တဲ့ သမိုင်းကြောင်းတွေ စိတ်ကူး ယဉ်သက်သက် ပုံပြင်လေးတွေ … ကြောက်စရာကောင်းတဲ့ ရိုးရာပုံပြင်လေးတွေ ပြောပြတတ်ကြ တယ်။ အဲဒီတော့ ကလေးတွေက ငယ်စဉ်မှာကတည်းက မိမိလူမျိုးရဲ့ ထုံးတမ်းစဉ်လာ မိမိတိုင်းပြည် ရဲ့ သမိုင်းကြောင်းတွေကို ထင်သာမြင်သာတွေးတတ်အောင် ပြောပြထားခဲ့တဲ့အတွက် အရွယ်ရောက်  လာတဲ့အခါ အပြင်လောကကြီးထဲ ဝင်ရောက်လာကြတဲ့ခါမှာ ငယ်ကတည်းက ကြိုတင်ပြင်ဆင်ပြီး သွားပြီဖြစ်တယ်။ ဘယ်တော့မှ သူတို့ တိုင်းပြည်ရဲ့ သမိုင်းကို ဖျက်ဆီးတတ်တဲ့ ကလေးတွေ ဖြစ်မလာတော့ပါဘူး။

မိဘတွေက နှစ်စဉ်ရိုးရာပွဲတော်တွေကို ခေါ်သွားပြီး ပြောပြတယ်။ သင်ပေးတယ်။ ခြောက် လှန့်တဲ့ အကြောင်းအရာတွေကို မပြောပြဘူး။ ချစ်စဖွယ်ကောင်းတဲ့ ကာတွန်းကား ရုပ်ရှင်လေးတွေ ကို ကြည့်စေပြီး၊ အပြုသဘောဆောင်တဲ့ ကလေးများအဖြစ် ကြီးပြင်းလာစေပါတယ်။

မိခင်က မွေးကင်းစအရွယ်ကစလို့ ကိုယ်တိုင် ရေချိုးပေးတယ်။ အိပ်ဖို့ နူးညံ့တဲ့ သီချင်းလေး တွေဆိုပြီး သိပ်ပေးတယ်။ နိုးလာရင် ကျောပိုးပြီး အိမ်မှုကိစ္စတွေကို လုပ်တာ မိခင်သွားတဲ့ နေရာကို ခေါ်သွားတဲ့ သဘော၊ မိခင်ရဲ့ ခန္ဓာကိုယ်နဲ့ ကလေးက  အမြဲနီးကပ်နေတဲ့သဘော၊ ကလေးငယ်လေး တွေရဲ့ဘဝအစမှာကတည်းက မိခင်နဲ့ ကလေး နီးစပ်မှုရှိတဲ့အတွက် physical touch အမြဲရှိတဲ့ အတွက် ဒီကလေး ကြီးပြင်းလာတဲ့ခါ မိခင်ကို အားထားမှီခိုမယ်။ ပိုပြီး ယုံကြည်လာမယ်။ ဒီလိုနည်း တွေနဲ့ ပိုပြီး သံယောဇဉ်ရှိလာမယ်။ ချစ်ခြင်းမေတ္တာပြသတာအပြင် နီးစပ်မှုကို ရစေပါသေးတယ်။

နောက်ပြီး ကလေးကို စည်းကမ်းလေးတွေ ပေးထားတာက ဒဏ်ပေးတာထက် ပိုထိရောက် တယ်လို့ ဂျပန်မိဘတွေက အင်မတန်မှ သင့်လျော်တယ်လို့ ယုံကြည်ကြတယ်။ ကလေးတွေကို ကျောင်းအားကစားမှာ အသင်းအဖွဲ့လေးတွေမှာ ကစားစေတာက အများနဲ့ ပေါင်းသင်းဆောင်ရွက် တတ်တဲ့ အကျင့် ကြိုတင် လမ်းညွှန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်ပါဆောင်ရွက်စေတာတွေ က ကလေးတွေက အိမ်မှာ ကျောင်းမှာ သူတို့ရဲ့ အားလပ်ချိန်မှာ အပါအဝင် စည်းကမ်းနဲ့ နေရမယ် ဆိုတာကို သိသာအောင် သင်ပေးထားတာပဲ ဖြစ်ပါတယ်။

ဂျပန်ကလေးတွေကို မိဘတွေက အုပ်စုနဲ့ နေတတ်တဲ့ ကျင့်ရအောင် ကြီးပြင်းအောင် မွေးမြူ ထိန်းသိမ်းနိုင်စွမ်းမှာ သင်ပေးထားတယ်။ အရွယ်ရောက်လာတဲ့ ကလေးတိုင်း အဖိုးအဖွားတွေနဲ့ ထိတွေ့မှုရှိအောင် အချိန်ပေးပြီး အတူနေပေးကြတယ်။ အဲဒီတော့ အဖိုးအဖွားတွေ သူတို့ထက် အသက်အရွယ်ကြီးတဲ့သူတွေ သူစိမ်းသူရံစာကအစ အမြဲအရိုအသေပေးတတ်။ လေးစားတတ်လာကြ တယ်။ သူတို့ အသိုင်းအဝိုင်းနဲ့ အုပ်စုကိုလည်း လုံခြုံစေတယ်။ တာဝန်ယူတတ်တဲ့ စိတ်တွေ ရှိလာကြ တယ်။

ကလေးတွေအတွက် အစားအသောက်မှာ အဟာရသြဇာဓာတ်ရှိဖို့ကိုလည်း ဦးစားပေးလေ့ရှိ ကြတယ်။ သင့်တင့်မျှတတဲ့ meal ကို စီစဉ်ပေးကြတယ်။ သင်ကြားပေးတယ်။ အမှန်အကန် အစား အသောက်တွေနဲ့ ကြီးပြင်းစေတဲ့အတွက် အရွယ်ရောက်လာတဲ့အခါမှာ မိမိအတွက် အကျိုးရှိမယ့် အစားအသောက်ကို ရွေးချယ်စားသောက်တတ်လာကြတယ်။

ဂျပန်မိဘတွေက ကလေးတွေက အခြားသူတွေကို ဦးစားပေးရမယ်ဆို ဒါကို သင်ပေးထားကြ တယ်။ mart တို့စတိုးဆိုင်တို့မှာ လိုချင်တာကို မရလို့ အော်ဟစ်ငိုယိုနေတာ ဒေါသပေါက်ကွဲနေတဲ့ ဂျပန်ကလေး ဘယ်တော့မှ မတွေ့ရပါဘူး။ စားသောက်ဆိုင်မှဆိုရင် ကလေးကို ထိုင်စေတယ်။ ရှေ့မှာ ကလေးနဲ့ သင့်တော်တဲ့အစားအစာကို ချပေးတယ်။ စကားကို တုံးတို့သက်သာပြောစေတယ်။ ကလေးက သက်တောင့်သက်သာမရှိရင်တောင်မှ မိဘကို တိုးတိုးသက်သာ ပြောတတ်တဲ့ အကျင့်ကို သင်ကြားပေးထားတယ်။

ဂျပန်ကလေး ၇ နှစ် အရွယ်လောက်မှာကတည်းက ကိုယ်နေထိုင်တဲ့ ရပ်ကွက်မှာ လွတ်လွတ် လပ်လပ်နေတတ်ဖို့ သင်ပေးထားတယ်။ ကျောင်းသွားရင် ကိုယ့်ကျောပိုးအိတ်ကို ကိုယ်တိုင် လွယ်ပြီး ကျောင်းသွားကျောင်းပြန် လုပ်ကြရတယ်။ ဒီလိုနေထိုင်သွားလာတတ်ဖို့ မိမိကိုယ်မိမိတာဝန်ယူတတ် စိတ်ရှိဖို့ စည်းကမ်းချမှတ်ပေးထားတဲ့အတွက် အဲဒီလို ပြုမူနေထိုင်တတ်ကြတယ်။ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်စည်းကမ်းထိန်းသိမ်းမှုကို သင်ပေးထားတဲ့အတွက် ကျောင်းမှာ ရပ်ကွက်ထဲမှာ အများကို ကူညီတတ်တဲ့ ကလေးအဖြစ် တွေ့မြင်ကြရတယ်။

ဂျပန်မိဘတွေက သားသမီးလေးတွေ ဘယ်ကဲ့သို့ ပြုမူနေထိုင်ကြတယ်ဆိုတာ နောက်ကွယ် ကနေ ချောင်းမြောင်းကြည့်ကြလေ့ရှိပြီး၊ သူတို့ကိုယ်သူတို့ role model အဖြစ် မျှော်လင့်ကြတဲ့သူ တွေလို့ ဆိုပါတယ်။

အခုတင်ပြခဲ့တဲ့ ဂျပန်လူမျိုးတွေရဲ့ parenting style မှာလို မိမိရဲ့ သားသမီးနဲ့ အနီးကပ်ဆုံး နေပေးပြီး ချစ်မေတ္တာတွေ အပြည့်ပေးပြီး၊ စည်းကမ်းချမှတ်ပေးတာ။ ခိုင်မာတဲ့ ဆက်ဆံခြင်းတွေနဲ့ အထက်စီး စိတ်ခံစားချက်တွေနဲ့ မအုပ်ချုပ်ဘဲ ကိုယ့်မိသားစုဝင်တွေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာဆောင်ရွက်စေမယ်ဆိုရင် သူတို့ဘဝမှာ တိုးတက်အောင်မြင်တဲ့ အပြုသဘောဆောင်တဲ့ လူငယ်တွေအဖြစ်နဲ့ ကြီးပြင်းလာသလို ကျွန်မတို့ တိုင်းပြည်အနာဂတ်မှာလည်း အားကိုးအားထားရ တဲ့ လူငယ်တွေအဖြစ် မြင်တွေ့နိုင်ဖို့ ရည်ရွယ်ရင်း နိဂုံးချုပ်ပါရစေ။

Add new comment

7 + 0 =