ဂိမ်းကစားတာလွန်နေပြီလား

ဒီနေ့မှာ မိမိသားသမီး ဂိမ်းစွဲလန်းတာ လွန်နေပြီလားလို့၊ အခု၂၁ ရာစုမှာ လူငယ်တော်တော်များများက ကွန်ပျူတာတက်ဗလက်၊ အိုင်ပက်၊ တယ်လီဖုန်းနည်းပညာမျိုးစုံနဲ့ အလုပ်ရှုပ်နေကြတယ်။ လူငယ်တွေက တယ်လီဖုန်းနဲ့ ဂိမ်းကစားလေ့ရှိတယ်။

            လူငယ်တွေအတွက်ကတော့ ဂိမ်းကစားတယ်ဆိုတာ တနေ့တာ ပင်ပန်းနွမ်းနယ်တာတွေ စိတ်ဖိစီးတာတွေကို ဖြေပျောက်ဖို့ပဲဖြစ် ပါတယ်။

            ဒါပေမယ့် မိမိရွေးချယ်ကစားတဲ့ ဂိမ်းနဲ့ ရည်ရွယ်ချက်ကိုတော့သိဖို့လိုပါတယ်။ တချို့ဂိမ်းတွေက အကြမ်းဖက်တိုက်ခိုက်တာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေကို အားပေးစေပါတယ်။ တချို့လူငယ်တွေကိုတော့ အသစ်ထွက်တဲ့ ဂိမ်းခွေတွေကို ဝယ်ယူကစား လေ့ရှိတယ်။

            ဂိမ်းကစားတယ်ဆိုတာ ဦးနှောက်ကို ကြည်လင်ပြီး ဉာဏ်ရည်ထက်မြက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆိုးကျိုးကိုသာ ပိုပြီးဖြစ်စေတာပါ။

            ဘာဖြစ်လို့လဲဆိုတော့ ဂိမ်းကို စွဲလမ်းသွားပြီး အချိန်အကြာကြီး ကစားမယ်ဆိုရင် တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးသွားမယ်။ နောက်ဆက်တွဲကတော့ စွဲလမ်းမှုဖြစ်နေမယ်။ စိတ်ဓါတ်ကျလွယ်မယ်။ အလွယ်တကူ ဒေါသဖြစ်မယ်။ တဖြည်းဖြည်းနဲ့ လူမှုဆက််ဆံရေး တွေခေါင်းပါးလာမယ်။ အမြင်အာရုံဝေ၀ါးမယ်။ အစားအသောက်ပျက်မယ်။ ဆီးချုပ်ဝမ်းချုပ်ဖြစ်မယ်။ အညောင်းမိမယ်။ တချို့အစာအဟာရ မမှီဝဲတော့ပဲ မအိပ်မနေ ဂိမ်းစကားမယ်ဆိုရင် အသက်အန္တာရာယ်အထိ စိုးရိမ်ရမှာပဲဖြစ်တယ်။

            တချို့ဆိုရင် ဂိမ်းကိုစွဲလမ်းလာတဲ့အတွက် ဂိမ်းမဆော့ရတဲ့အခါမှာ စိတ်တို ဒေါသထွက်မယ်။ ပင်ပန်းနေမယ်။ ဂိမ်းထဲမှာ ကစားရ တဲ့အကြောင်းနဲ့ နောက်ထပ်ကစားရမဲ့ ဂိမ်းအကြောင်းကိုပဲတွေးတောနေမယ်။ ဒီလိုအခြေအနေဆိုရင် ဂိမ်းရောဂါ၊ ဂိမ်းစွဲလမ်းတဲ့ အပြုအမူ တွေဖြစ်လာပြီး ဂိမ်းထဲမှာသာမကပဲ ဂိမ်းရဲ့ ပြင်ပလက်တွေ့မှာပါ။ စွဲလမ်းနေတာမျိုးတွေဖြစ်နေပါပြီ။ မိသားစုအပေါင်းအသင်းကြား၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်ရဲ့ တခြားအရေးကြီးတဲ့ ကဏ္ဍတွေမှာပါ ပုံမှန်မဟုတ်တော့ပဲ ချို့ယွင်းလာတာ အနည်းဆုံးတနှစ် လောက်ဆိုရင်တော့ ဂိမ်းကစားတဲ့ရောဂါ Gaming Disorder ဖြစ်သွားပါတယ်။

            တချို့ကျောင်းသားလူငယ်လေးတွေက မိဘမသိအောင် Fb သုံးကြတယ်။ Fb သုံးတော့ ကျောင်းစာလုပ်ဖို့ ပျက်ကွက်လာတယ်။ ညဉ့်အမှောင်ထဲမှာ ဖုန်းနဲ့ ဂိမ်းကစားတယ်။ ဖုန်းဖန်သားပြင်က အချိန်အကြာကြီး ကြည့်ရင် အလင်းပြန်တဲ့အတွက် မျက်လုံးကိုက်လာမှာ ဖြစ်တယ်။ ကြာရင်အမြင်မှုန်ဝါးလာပြီး မျက်မှန်တပ်မှ မြင်နိုင်တော့မှာ ဖြစ်ပါတယ်။ လူတယောက်အတွက် မျက်လုံးဆိုတာ အင်မတန် အရေးပါပါတယ်။ တချို့လူလတ်ပိုင်း လူငယ်တွေကျတော့ ၂ ယောက်တပြိုင်နက် လောင်းကြေးထပ်ပြီး ကစားကြတယ်။ ရှုံးပြီးအိမ်ပြန်လာ ရင် အိမ်ထောင်သည်တွေဆိုရင် ဇနီးနဲ့ သားသမီးကို ပစ်ထားပြီး စားဝတ်နေရေးအတွက် မရှာဖွေတော့ဘူး။ ဒါတွေစိတ်မဝင်စားတော့ဘူ။ ဂိမ်းကို တဖက်လူနဲ့ ဘယ်လိုနိုင်အောင် ကစားမယ်ဆိုတာကိုပဲ  အာရုံက ရောက်နေတော့မယ်။ မိမိမှာ မရှိရှိတာကို ပေါင်နှံပြီး ဂိမ်းကစား တော့တာပဲ။

            ကျွန်မမိတ်ဆွေရဲ့ ခင်ပွန်းက ဂိမ်းကစားရင် ရှုံးတဲ့အတွက် ဖုန်းကို ပေါင်ပြီး ကစားခဲ့တယ်။ အိမ်ရောက်တော့ ဇနီးသည်ကို ဖုန်းပြန်ရွေးပေးဖို့ ဆူညံဆူညံသံတွေနဲ့ စကားတွေများကြတယ်။ ဒီလိုပဲ ခဏခဏပေါင်လိုက် ပြန်ရွေးပေးလိုက်နဲ့  ဒီတခါတော့ မရွေးပေး တော့ဘူးဆိုပြီး ကတောက်ကဆတွေဖြစ်နေတာကို ကြားခဲ့ရတယ်။

            ဒီဂျစ်တယ်ဂိမ်း(သို့) video game ကစားကြတဲ့အခါမှာ အချိန်အတော်များများ ဂိမ်းကစားတာကြောင့် အနည်းဆုံးတော့ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာတွေ ပြောင်းလဲတာပါပဲ။

            ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂိမ်းစွဲလန်းနှစ်သက်နေတာကို ကျော်လွန်ပြီး ဂိမ်းကစားနေတာကြောင့် ကဏ္ဍပေါင်းစုံ ထိခိုက်မှုတွေ ဖြစ်လာပြီဆိုရင် စိတ်ရောဂါအဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။

            ဒါကြောင့် ၂၁ ရာစုမှာ လူငယ်တွေ နည်းပညာဆိုင်ရာတွေ တိုးတက်လာသလို၊ နည်းပညာပိုင်းဆိုင်ရာကိုလည်း အားပေးရမှာဖြစ် သလို နည်းပညာကို အလွန်အကျွံမသုံးမိဖို့၊ နည်းပညာရဲ့ သားကောင်မဖြစ်ဖို့ ဆင်ဆင်ခြင်ခြင်သုံးစွဲတာဟာဖြင့် ဒီနေ့ခေတ်ရဲ့ စိန်ခေါ်မှု တွေကြားက အောင်မြင်တဲ့ လူငယ်တယောက်ဖြစ်လာမှာပါဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

1 + 8 =