ချစ်သူရည်စားဘ၀မှာ

အားလုံးဘဲမင်္ဂလာပါ

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“ချစ်သူရည်စားဘ၀မှာ“တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ထားရှိသင့်တဲ့အချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

   မိတ်ဆွေလူငယ်များရှင်  ကျွန်မတို့တတွေတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းဆက်ဆံရေးတွေမှာဖြစ်ဖြစ်၊ အဖွဲ့အစည်းအချင်းချင်း၊စီးပွားရေးသမားတွေဘဲဖြစ်စေ၊အလုပ်ရှင်နဲ့အလုပ်သမားတွေမှာဖြစ်ဖြစ်အပြန်ထားရှိရမဲ့အရာတွေ၊စောင့်စည်းရမယ့်စည်းကမ်းတွေ၊လေးစားမှုတွေ၊လျှို၀ှက်ချက်တွေ၊ယဥ်ကျေးမှုတွေသိသင့်သိအပ်တဲ့အချက်တွေရှိကြပါတယ်။ 

      မိတ်ဆွေများရှင်ဒီလိုပါဘဲ

ချစ်သူရည်းစားဘ၀မှာလည်းတစ်ယောက်နဲ့တစ်ယောက်ချစ်သူရည်းစားဖြစ်သွားတဲ့အခါအပြန်အလှန်လိုက်နာရမဲ့အချက်တွေလည်းရှိပါတယ်။ပြောပြတင်ဆက်ပေးပါရစေ။

အဲဒါတွေကတော့ နံပါတ် () သစ္စာရှိဖို့     -ရာသက်ပန်းဘ၀ကြင်ဖော်အဖြစ်လက်တွဲကြမဲ့သင့်တို့တစ်ဦးနဲ့တစ်ဦးဟာ  သစ္စာရှိဖို့လိုအပ်ပါတယ်နော်။ ဆယ်ကျော်သက်လူငယ်တွေဟာမိမိကိုယ်ကိုအမှားအမှန်မသိဘဲအဖော်သူငယ်ချင်းတွေအားပေးအားမြှောက်လို၊အပျော်သဘောနဲ့၊တချိုကျတော့မခံခြင်းစိတ်ကြောင်း၊တချို့ကျတော့လည်းရည်းစားထားရခြင်းရဲ့အနှစ်သာရကို

မြည်းစမ်းခြင်းလိုထားကြည်ချင်လို့ဆိုပြီးတော့ခေတ်လူငယ်လေးတွေဟာမိမိကိုယ့်ကိုဘာမှာမသိ၊ရှေ့ရေးကိုမ

ကြည့်တက်၊ရင့်ကျက်မှုမရှိအပူအပင်ကင်းစွာနဲ့စိတ်အလိုလိုက်မိပြီးတော့သမီးရည်းစားတွေထားတက်ကြပါ

တယ်။အဲလိုမဖြစ်သင့်ပါဘူး။ချစ်သောလူငယ်တို့မိမိကိုယ့်ကိုကောင်းကောင်းသုံးသပ်ကြည့်ပါ။တကယ်ဆိုရင်ဖြစ်သင့်တဲ့အရာကချစ်သူအဖြစ်နှစ်ဦးသဘောတူလက်တွဲလိုက်ပြီဆိုတာနဲ့ပတ်၀န်းကျင်ကသိသည်ဖြစ်စေ၊သူငယ်

ချင်းအပေါင်းအဖော်တွေသိသည်ဖြစ်စေ၊အကြောင်းအမျိုးမျိုးတွေကြောင်းမိဘတွေကိုအသိမပေးသေးတာဖြစ်

စေ၊အဓိကတော့သင့်တို့နှစ်ဦးဟာတစ်ယောက်နဲ့တစ်ယောက်သစ္စာရှိကြဖို့ကအရေးကြီးတာပါ။တချိန်ထဲမှာဘဲတဦးနဲ့တဦးစိတ်ထား၊ခံယူချက်တွေ၊အကြိုက်ခြင်းတူ/မတူ၊ထာ၀ရလက်တွဲနိုင်၊လက်မတွဲနိုင်ဆိုတာတွေကိုလေ့

လာထားရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေလည်းလိုအပ်ပါတယ်။အဲဒီအချက်တွေကိုအလေးအနက်ထားစဥ်းစားထားမှာသာလျှင်နောင်အိမ်ထောင်ရေးဘ၀မှာလဲပျှော်ရွှင်ဘွယ်အိမ်ထောင်ရေးဖြစ်လာမှာဖြစ်ပါတယ်နော်။မိမိမှာချစ်သူရည်စား၊လက်ထပ်မဲ့သူရှိပါ

လျက်နဲ့တခြားတစ်ယောက်ကိုမျက်စိကျတာ၊တခြားသူတွေနဲ့ဘာလိုလိုညာလိုလိုအခြေအနေတွေဖန်းတီးတာမျိုးတွေကိုမလုပ်သင့်ပါဘူးနော်။သစ္စာရှိကြပါနော်။အဲ့ဒီအချက်တွေကိုလည်းသိရှိနားလည်းပြီးသာလိုလည်းယုံကြည်ပါတယ်။သစ္စာရှိခြင်းဆိုတာ-တသက်လုံးလက်တွဲသွားရမယ့်ဆိုတာထက် ချစ်သူဖြစ်နေတဲ့ကာလ အတောအတွင်းမှာတစ်ယောက်နဲ့တစ်ယောက်သစ္စာရှိဖို့ကိုဆိုလိုတာပါ။ စာဆိုတစ်ခုရှိပါတယ်။ သစ္စာတည်ကြည်သောအခါနွယ်မြစ်သစ်ပင်ဆေးဘက်၀င်၏ဆိုရိုစကားရှိပါတယ်။

၂။ ရိုးသားခြင်း     

    ချစ်သူရည်စားဘ၀မှာ တစ်ယောက်နဲ့တစ်ယောက်  ရိုးသားဖို့လည်းလိုအပ်တဲ့အရာတစ်ခုပါ။တချို့သမီးရည်းစားအတွဲတွေဆိုရင်ရိုးသားမှုမရှိ၊ပွင့်လင်းမှုမရှိခြင်းတွေကြောင်းတဖြေးဖြေးယုံကြည်မှုတွေမရှိတော့နားလည်မှုတွေလွှဲသွားတက်ပါတယ်။တချို့ကျပြန်တော့၊ဥပမာပြေရမယ်ဆိုရင်ကလဲ့စားချေခြင်းတဲ့စိတ်ကြောင့်၊တဖက်သားကိုနစ်နာစေတဲ့မကောင်းတဲ့စိတ်ဓာတ်တွေ၊မရိုးသား၊မ

မှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့ချစ်သူရည်စားထားတက်ကြပါတယ်။အဲလိုမဖြစ်သင့်သလိုအဲလိုစိတ်ထားတွေလည်းမထားသင့်ပါဘူး။ချစ်သူရည်စားဖြစ်တယ်ဆိုတာတစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေဖြစ်မိပြီးချစ်မိကြလို့(ဖူးစာပါလိုပြောရမလား)ချစ်သူဖြစ်လက်တွဲဖြစ်လာကြတာပါ။တကယ်လို့ချစ်သူဖြစ်ပြီးမှမိမိတကယ်မချစ်မှန်းသိရရင်

လည်းပွင့်ပွင့်လင်းလင်းပြောပြပြီးစိတ်ကျေနပ်တဲ့အထိတဖက်သူကိုတောင်းပန်သင့်ပါတယ်။မိမိကသူအပေါ်မှာ

ဘာခံစားချက်မှာမရှိနိုင်တော့ဘူးဆက်ပြီးလည်းမချစ်နိုင်တော့ဘူးဆိုရင်ရိုးရိုးသားသားနဲ့ပွင့်ပြောလိုက်ပါ။တဖက်သူခံစားသွားရအောင်မလုပ်ပါနဲ့၊မလှည့်ဖြားနဲ့၊မျှော်လင့်ချက်တွေခံစားချက်တွေလည်းမပေးမိပါစေနဲ့။အဖြစ်ကိုအဖြစ်တိုင်းအရှိကိုအရှိတိုင်းပွင့်ပွင့်လင်းလင်းပြောပြဖို့လိုအပ်ပါတယ်။ဒါမှာအပြန်အလှန်နားလည်ပေးနိုင်မယ်၊ရှေ့ဆက်အဆင်ပြေမယ်ဖြစ်ပါတယ်။သမီးရည်စားဘ၀မှာဘာသာတရားကလည်းအရေးကြီးပါတယ်။မိမိတို့လည်းယုံကြည်ကိုးကွယ်တဲ့ဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်စေခြင်းပါတယ်။သမီးရည်စားဘ၀မှာဘာသာတရားနဲ့ပက်သက်ပြီးကျွန်မရဲ့အတွေ့အကြုံလေးကိုအနည်းငယ်ပြောပြပေးပါမယ်။နှစ်ယောက်စလုံးဟာအရမ်းကိုချစ်

ကြတဲ့သူတွေပေါ့၊ဆယ်နှစ်လောက်သမီးရည်စားဖြစ်ခဲ့ကြတာပေါ့။နောက်ပိုင်းမှာညှိလိုမရတဲ့အရာတစ်ခုကတော့ဘာသာတရားကြောင်းတဖြေးဖြေးနဲ့လမ်းခွဲလိုက်ရတော့၊နားလည်မှုတွေလွဲသွားရပါတယ်။ဒါကြောင့်သမီးရည်

စားဘ၀မှာလည်းအချစ်တစ်ခုတဲ့မဟုတ်ပဲ့ဘက်စုံစဥ်စားထားရမှာဖြစ်ပါတယ်။အဲဒါမှာရှေ့ဆက်အိမ်ထောင်ရေး

မှာအဆင်ပြေမှာဖြစ်ပါတယ်။ဘာသာတရားနဲ့ပက်သက်ပြီရိုးရိုးသားသားပြောပြဖို့လိုအပ်ပါတယ်နော်။

ဘုရားတရာ၊စိတ်ထားမွန်မြတ်ခြင်းတွေနဲ့ပြည့်၀မယ်ဆိုရင်အရာရာတိုင်းကိုအကောင်းဆုံးလက်ခံနိုင်မှာဖြစ်ပါ

တယ်ရှင်။ဒါအပြင်တစ်ဦးနဲ့တစ်ဦးလည်းတန်ဖိုးထားလေးစားလာမယ်ပတ်၀န်းကျင်ကိုလည်းလေးစားတန်ဖိုးထားတက်မှာဖြစ်ပါတယ်လိုပြောချင်ပါတယ်။ရိုးသားတဲ့စိတ်ထားဟာဖြူစင်ပါတယ်။ရိုးရိုးရင်ရင်လေးဟာမြင်ရ၊ကြည်နေရသူတွေအတွက်ကြည်နူးစရာပါ။

၃။နားလည်ပေးခြင်း

သမီးရည်စားဘ၀မှာတစ်ယောက်နဲ့တစ်ယောက်နားလည်ပေးတက်ဖို့အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။သမီး

ရည်းစားဘ၀မှာနားလည်ပေးမှုတွေယုံကြည်မှုမထားနိုင်ရင်ရှေ့ဆက်ဖိုခက်ပါလိမ့်မယ်။ရုပ်ရှင်မင်းသား၊မင်းသမီးတွေရဲ့အင်တာဗြူးတွေမှာကြားဖူးကြမှာပေါ့၊နားလည်မှုဟာအရေးကြီးတဲ့အကြောင်းနားလည်မှုရှိရင်မိသားစုဘ၀၊အိမ်ထောင်ရေးတွေမှာလဲဖြစ်ဖြစ်သမီးရည်စားဘ၀မှာဖြစ်ဖြစ်အဆင်ပြေတယ်လို့ပြောကြပါတယ်။မိမိရဲ့ချစ်သူ

မှာအနာအဆာတွေအားနည်းချက်တွေရှိမှာပါ။မိမိရဲ့ချစ်သူရဲ့အားနည်းချက်တွေအနာအဆာတွေကိုပုံကြီးမချဲ့မိပါ

စေနဲ့ပုံကြီးချဲရင်မှားသွားမှာဆိုလိုပါ။ကျွန်မတို့လည်းပန်းသီးပဲဖြစ်ဖြစ်၊သရက်သီးပဲဖြစ်ဖြစ်၊စတော်ပဲရီသီး၊ဘာအသီးတွေပဲစားပါစေအနာအဆာကိုပယ်တယ်၊လှီးဖြတ်ပြီးတော့ကောင်းတဲ့အပိုင်းတွေကိုရွေးပြီးစားလေ့ရှိကြပါတယ်။အဲလိုပါပဲချစ်သောလူငယ်များတို့လည်းမိမိတို့ချစ်သူရဲ့အားနည်းချက်တွေ၊အပြစ်အနာအဆာတွေကိုနားလည်ပေးနိုင်မှာသာလျှင်ရှေ့ဆက်အိမ်ထောင်ရေးတွေမှာလည်းအဆင်ပြေမှာဧကန်ပါ။အထူးသဖြင့်မိမိရဲ့ချစ်သူကိုလူ

များရှေ့၊အပေါင်းအသင်းရှေ့၊လုပ်ဖော်ကိုင်ဖက်တွေနဲ့အကြားမှာအပြစ်မမြင်ဖို့၊မရှုတ်ချဖို့၊အားနည်းချက်တွေကိုမထုပ်ဖေါ်ပြဖို့စသည့်တို့မလုပ်မိအောင်သတိရှိပါစေ။ဒါအပြင်အလွန်အကျူးစနောက်တာတွေကိုလည်းသတိထားရမဲ့အချက်ဖြစ်ပါတယ်နော်။တစ်ယောက်နဲ့တစ်ယောက်မကြိုက်မနှစ်သက်တာတွေကိုလည်းသိရှိပြီးတော့နားလည်မှုလည်းလိုအပ်ပါသေးတယ်။သိပြီးတာအချက်တွေဖြစ်ပင်မဲ့လည်းပြန်ပြီးသတိပေး၊အသိပေးတာလည်းဖြစ်တဲ့အပြင်လူငယ်မောင်မယ်တို့အတွက်လည်းအသိတရား၊ဗဟုသုတတွေရရှိပါကြောင်းတင်ပြပေးလိုက်တာဖြစ်ပါတယ်ရှင်။ဒီတစ်ပတ်အတွက်ဒီတင်ရပ်နားပါရစေ။သော်တရှင်လူငယ်များလည်းမိမိချစ်တဲ့သူနဲ့ပေါင်းရပါစေ၊မိသားစုဘ၀တိုင်းအောင်ပေါင်းဘက်ပျော်ရွှင်သောသူများဖြစ်ပါစေလို့ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင်။နားဆင်

ကြည့်ရှုသူတွေအတွက်လည်းအသိတရား၊အထောက်အကူတစ်စုံတစ်ရာရရှိလိမ့်မယ့်လိုမျှော်လင့်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဘုရားရှင်ကောင်းကြီးပေးပါစေကွယ်။ ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

Add new comment

2 + 6 =