ချစ်သူဆီကနေ ချစ်ခြင်းမေတ္တာတွေကို ရရှိနိုင်ဖို့ ချစ်သူကို ဘယ်ကဲ့သို့ ပြုမူဆက်ဆံဖို့ ဖို့လိုမလဲ

Good Boyfriend

            ဒီနေ့မှာ ခင်ပွန်း(ဝါ) ချစ်သူကောင်လေးက သူ့ဇနီး (ဝါ)သူ့ချစ်သူဆီကနေ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ချစ်ခြင်းမေတ္တာတွေကို ထိုက်ထိုက်တန်တန် ရရှိနိုင်ဖို့ ချစ်သူကို ဘယ်ကဲ့သို့ ပြုမူဆက်ဆံဖို့ နည်းလမ်းလေးတွေကို တင်ပြပေးသွားချင်ပါတယ်။

            ကောင်လေးတွေ ယောကျ်ားလေးတွေဆိုတာ ဒီလိုနည်းလမ်းပြပေးတာကို လက်ခံချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့သော နည်းလမ်းလေးတွေကိုတော့ သိထားရင်ကောင်းမှာပဲလို့ ကျွန်မ တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနဲ့ ဆွေမျိုးတော်စပ်တဲ့ကလေးကို သူ့ကောင်မလေးက လမ်းခွဲလိုက်တယ်။ ကျွန်မက ဘေးကနေ ဘယ်လိုမြင်မိသလဲဆိုတော့ ဒီကောင်လေးမှ လိုအပ်ချက် တွေ အများကြီးတွေ့နေရလို့ပဲ။

            အခု ကျွန်မတင်ပြတဲ့ အကြောင်းအရာလေးတွေက ကောင်လေးတယောက်အနေနဲ့ ချစ်သူ ကောင်မလေးကို ပြုလုပ်ဖို့ ခက်ခဲပေမဲ့ ပြုလုပ်ကြည့်ပါ။

အရင်ဆုံးကတော့ ချစ်သူမိန်းကလေးကို ဂရုဏာမေတ္တာထားပြီး သူ့ရဲ့စိတ်ခံစားချက် အသိ အမှတ်ပြုပေးမယ်။ အကူအညီလိုအပ်တဲ့အခါ အကြံဉာဏ်တောင်းတဲ့အခါ သေသေချာချာ နားထောင် ပေးပါ။ ကိုယ့်လက်တွဲဖော်ကို အကြံပြုပေးပါ။

            အသေးအဖွဲကိစ္စလေးပဲဖြစ်ဖြစ် အာရုံစိုက်ပြီး စိတ်ဝင်စားပေးပါ။ ခံစားနားထောင်ပေးပါ။  နားလည်ပေးပါ။ relationship ကို သက်တောင့်သက်သာဖြစ်သွားစေမယ်။ အဲဒီလိုဆက်ဆံပေးပါ။ အိမ်ထောင်တခုကို ထူထောင်ခါစပဲဖြစ်ဖြစ် ချစ်သူသက်တမ်းနုသေးတာပဲဖြစ်ဖြစ် မိမိတို့က team အဖွဲ့အစည်းလေးတစ်ခုဖြစ်နေပြီ။ Discuss ဆွေးနွေးပါ။ အငြင်းအခုံမဖြစ်ပါနဲ့။ မှားသွားခဲ့ရင် sorry လုပ်ပါ။ တောင်းပန်ပါ။ Apologized လုပ်ပါ။ နှစ်ယောက်အတူတကွ အဖြေရှာရမှာပါ။ အဖြေက ပြောင်းလဲသွားပါလိမ့်မယ်။

            မိမိယောကျာ်းမို့ ခွန်အားရှိတယ်ဆိုပြီး partner ကို အနိုင်မယူဖို့ပါ။ မျှမျှတတ ဆင်ခြင် တွေးတော ပေးမယ်။ မျှဝေခံစားပေးမယ်ဆိုရင် အဆင်ပြေသွားမှာပါ။

            Partner က ဒေါသဖြစ်နေလို့ upset ဖြစ်နေစိတ်ကို လျော့လိုက်ပါလို့ မပြောဖို့လိုပါတယ်။ သူ့ရဲ့စိတ်ကို ပြောင်းလဲသွားအောင် ပျော်ရွှင်သွားအောင် အိမ်ထောင်ရှင်ဆိုရင်လည်း ထမင်းဟင်း ဝိုင်းကူချက်ပေးပါ။ သန့်ရှင်းရေးကူလုပ်ပေးပါ။ လိုအပ်ချက်တွေကို မျှမျှတတ ပါဝင်ကူညီပေးတာဟာ partner ရဲ့ စိတ်ကို ပြောင်းလဲသွားစေမှာပါ။

            ကိုယ့်ရဲ့ partner ကို ဘာအကြောင်းအရာပဲ ဖြစ်ဖြစ် ဘာတွေလိုအပ်တာပဲဖြစ်ဖြစ် မေးရမယ်။ အတူတကွ တိုင်ပင်ဆွေးနွေးနိုင်ရမယ်။ ကျားတယောက်အနေနဲ့ တချို့သော အကြောင်း အရာတွေမှာ ပြိုင်ဘက်ကင်းအောင်တွေးပြီး ကိုယ်ပိုင်ဝတ်စားပုံ အရမ်းကောင်းကြောင်း သူမရဲ့ ဟာသက အင်မတန် ဟာသမြောက်ကြောင်းစသည်ဖြင့် သူမရဲ့ ဆောင်ရွက်မှုတွေကို အပြည့်အဝ ထောက်ခံပေးပါ။ ဥပမာ - ဒီမှာ game ဆော့နေလို့ ဖုန်းပွတ်နေလို့ ခေါင်းတညိမ့်ညိမ့် စသဖြင့် မပြုမူပဲ စစ်မှန်စွာနဲ့ အချိန်ပေးပေးပါ။

            မိမိရဲ့ စိတ်ခံစားချက်တို့ကို နှစ်ယောက်စလုံးရိုးသားစွာနဲ့ အပြန်အလှန်ပြောဆိုဖို့လိုပါတယ်။ ကိုယ့်ရဲ့ အမှားကို ကာကွယ်ပြီး ဂွကျကျ ပြန်မပြောဖို့ ဆင်ခြင်ရပါ့မယ်။

            ယုံကြည်မှုရှိဖို့ကတော့ အဓိကဖြစ်ပါတယ်။ တခါတလေ မိမိရဲ့စိတ်ထဲမှာ ယိုးစွတ်တာ အပြစ်တင်တာတွေ မလုပ်ပဲ။ သံသယတွေကို ဖျောက်ပြီး ယုံကြည်မှုကို အပြည့်အဝ ပေးပါ။

            တချို့သော ချစ်သူရည်စားစုံတွဲတွေမှာလည်း တယောက်ပေါ်တယောက် လိမ်ညာတာတွေ ရှိတတ်တယ်။

            ကျားတယောက်အနေနဲ့ ဘာလိုအပ်ချက်တွေရှိလို့လဲ။ ဘာဖြစ်လို့လဲ နှစ်ယောက်အတူ ဒီစည်းဘောင်အတွင်းမှ အတူတကွ ယုံကြည်မှုအပြည့်နဲ့ မပြိုကွဲသွားအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ တယောက်က ပြောတာကို တယောက်က အသေအချ နားထောင်ပေးပါ။ လုံးစေ့ ပတ်စေ့ ပြောကြပြီး အဖြေရှာကြည့်ပါ။ ဒါဆိုရင် ဒီကောင်မလေး ဒီအမျိုးသမီးက ရင်တွင်းခံစားချက် တွေ လျော့သွားပြီး သူအခုလို စိတ်ပျော်သွားတာကို တွေ့ရပါလိမ့်မယ်။

            ဒါဆိုရင် ငါ့ကောင်မလေးကို ငါဘာတွေ ဆုံးဖြတ်ပေးခဲ့ပါလိမ့်။ ငါဘာတွေ အဖြေရှာပေးခဲ့ ပါလိမ့်။ ဒါပေမဲ့ ငါအဲဒီလို ဒီအဖြေပေါ်အောင် လုပ်ပေးလိုက်တာဟာ သူကျေနပ်သွားတယ်။ ငါလည်း အားရဝမ်းသာမိတယ်ဆိုတဲ့ အဖြစ်တွေကို မြင်တွေ့ရမှာပါ။

            ပရိသတ်ကြီးရှင့် - အားလုံးက စိတ်ခံစားချက်ကိုယ်စီရှိကြစမြဲပါ။ စုံတွဲတွေကြားမှာ အတော် ခက်ခဲတဲ့ပြုမူဆောင်ရွက်ရမဲ့ အရာတွေပါ ဖြစ်လာခဲ့ရင်လည်း ကိုယ့်ရဲ့ပျော့ကွက် ဟာကွက်ကို ကျော်လွှားနိုင်ရင်တော့ ကိုယ့်ကောင်မလေး ကိုယ့်ချစ်သူဆီက အချစ်မိုးတွေ ရွာသွန်းဖြိုးမှာပါ ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါ့တယ်။

 

Add new comment

1 + 0 =