ချစ်သူစုံတွဲတွေရန်ဖြစ်ကြတဲ့အခါ

အိမ်ထောင်တစ်ခုမှာဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ ချစ်သူစုံတွဲတွေမှာဘဲဖြစ်ဖြစ် တချို့လည်း မကြာခဏ တချို့လည်း အချိန်အတော်ကြာမှာ ရန်ဖြစ်ကြတာဟာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူးနော်။ ငြင်းကြ၊ ခုန်ကြတာ စကားနိုင် လုကြတာကြတာ၊ ရန်ဖြစ်ကြတာတွေဟာ တစ်ဦးနှင့်တစ်ဦး ချစ်တာ ခင်တာတွေ ရင်းနှီးတာတွေကို ပျက်ပြားစေနိုင်သလို စိတ်သောက တွေကိုလည်းရောက်စေနိုင်ပါတယ်။ ဒေါသအလွန်အမင်းထွက်တဲ့အတွက် တချို့စုံတွဲတွေဆိုရင် Relationship တွေ အဆုံးသတ်သွားတာ တွေရှိနေပါတယ်။ စကားများရန်ဖြစ်ကြရင် ဆင်ခြင်သင့်တာလေးတွေရှိပါတယ် အခုခေတ်စကားနဲ့ဆိုရင် အစာမကြေတော့လို့ စကားများ ရန်ဖြစ်ရင် အမှန်တကယ်ရန်ဖြစ်တဲ့အကြောင်းရင်းကနေ သွေဖယ်သွားပီးတော့ တခြားအကြောင်းအရာတွေနဲ့ အဆုံးသတ်သွားတာတွေ များပါတယ်။ ဥပမာပြောရရင် အိမ်ထောင်သည်စုံတွဲတစ်တွဲဆိုပါစို့ စကားများကြ၊ ရန်ဖြစ်ကြတဲ့အခါ အရင်တုန်းက မကျေနပ်ခဲ့တာတွေကို နောက်ကြောင်းပြန်ပြီးတော့ စကားများကြရော ပြီးခဲ့တဲ့အကြောင်းအရာတွေဆိုတော့ အချိန်ကနည်းနည်းကြာသွားပြီ ဒီတော့ လွဲပစ်ကြနဲ့ ခုရန်ဖြစ် တဲ့အကြောင်းရင်း မိန်းတားကက်ကနေ လွှဲသွားရော တချို့စုံတွဲတွေကျတော့လည်း တဦးက ရန်မဖြစ်ချင်ဘူး ဆွေးနွေး တာလည်း မလုပ်ချင်ဘူး ရန်ပွဲကလည်း စနေပီဆိုရင်တော့ ရှောင်ပြီးတော့ အဝေးကို ထွက်သွားလိုက်ရော ဒီတော့ ကျန်ခဲ့တဲ့သူက ဒေါသ အထွက်အထိပ်ကို ရောက်သွားပြန်ရော ဒီလိုအပြုအမူမျိုးတွေက ပြဿနာကို ဖြေရှင်းတာမရောက်ပါဘူး ကျန်ရစ်ခဲ့တဲ့သူက မခံချင်စိတ်နဲ့ ပိုဒေါသထွက်ပီးတော့ ရန်ပွဲက ကြီးသွားနိုင်ပါတယ်။ တချို့ခင်ပွန်းသည်တွေကျတော့လည်း မိမိရဲ့ အိမ်ထောင်မှာ ဒေါသဖြစ်စရာတွေ မခံချင်တာတွေ နာကျည်းစရာတွေကို မျိုသိပ်ထားပြန်ရော အဲဒီလို အချိန်ကြာကြာမျိုသိပ်ထားပြန်တော့ တစ်ပတ်၊ တစ်လ အချိန်ကြာလာတဲ့အခါမှာ မမျိုသိပ်နိုင်တော့ပဲ အသေးအဖွဲကိစ္စလေးကိုပဲ ပေါက်ကွဲပြန်ရော သူ့ရဲ့ boiling point ကို ရောက်သွားပြန်ရော တချို့အိမ်ထောင်ဦးစီးတွေကြ ပြန်တော့လည်း လုပ်ငန်းခွင်က ပြန်လာရင် မိသားစုဝင်တွေကို အပြစ်ရှာတယ် ဘာဖြစ်လို့ဆိုတော့ အလုပ်ခွင်မှာ ပင်ပန်းလာတဲ့အတွက် မိသားစုဆုံတဲ့အချိန် သူမကျေနပ်ချက်တွေကို ပြောပြန်ရော အခု ကျွန်မတင်ပြထားတာတွေထက် အိမ်ထောင်ရှင်တွေမှာ ဒီထက်မက အကြောင်းအရင်းတွေ၊ အဖြစ်အပျက်မျိုးစုံတွေ၊ ရှိနေမှာပါ။ ဒါကြောင့်မို့ မကျေနပ်လို့ ရန်ဖြစ်မဲ့အစား အေးအေးဆေးဆေးဆွေးနွေးတာ၊ ကောင်းစလင်းလုပ်တာဟာ အကောင်းဆုံးပါ။ လင်နဲ့မယားလျှာနဲ့ သွားဆိုသလို ရန်ဖြစ်ကြတာ မှန်ပင်မဲ့လို့ ရန်ဖြစ်တဲ့အခါမှာလည်း ရှောင်ရမဲ့အချက်လေးတွေကို သိထားရင်မကောင်းဘူးလား? ဒါဆိုရင် ဘာတွေကို ရှောင်ရအုံးမှာလဲ။ မိန်းမသားတွေအနေနဲ့ဆိုရင်တော့ ရုပ်ညံ့တဲ့အသုံးအနှုန်းတွေ၊ ကျိန်ဆဲတဲ့စကားလုံးတွေကို မသုံးဖို့ ချုပ်တည်းနိုင်ရမယ်။ အော်ဟစ ပြောဆိုတာဟာဖြစ် လမ်းလွှဲချော်သွားနိုင် တဲ့အတွက် ဆင်ခြင်ရမယ်။ တချို့ခင်ပွန်းသည်တွေကျပြန်တော့ စကားများရန်မဖြစ်ချင်ဘူး။ ဒီတော့အချိန်ကုန်အောင် အရက်သောက်ပြီး တော့ ရှောင်လွှဲနေပြန်ရော။ ဒီလိုအပြုအမူတွေဟာလည်း ပြဿနာတွေက ကင်းငြိမ်းသွားမှာ မဟုတ်ပါဘူး။ တဖက်သားကဒေါသဖြစ်နေ ရင်အခွင့်အရေးလေးတစ်ခုပေးလိုက်ပါ။ အပြင်ကို ခေတ္တခဏထွက်သွားပြီးတော့ အချိန်ခဏ ဆွဲထားလိုက်ပါ။ ပြန်လာမှ အေးအေးဆေး ဆေးဆွေးနွေးပါ။ ဒေါသနဲ့ဆိုရင်အမှားပါတတ်လို့ပါ။ ကိုယ်ကမှားခဲ့မယ်ဆိုရင်လည်း ဝင်ခံလိုက် ပါ။ ရိုးသားတဲ့ဝန်ခံမှုဆိုတာ ဘယ်တော့မှ ဘယ်သူ့ကိုမှ အကျိုးမပြတ်ဆီးစေပါဘူး။ ကိုယ်မှားသွားတာကို ဘယ်တော့မှ ဝန်မခံဘူးဆိုတာ မဖြစ်ရင်အကောင်းဆုံးပါရှင်။ ဒေါသဖြစ်နေ ရင် ကိုယ့်ပါးစပ်ကို ပိတ်ထားလိုက်ပါ။ ဒေါသကြောင့်အမှားတွေရပြီးနေတကို ရစေပါလိမ့်မယ်။ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက်ဖြစ်နိုင်မယ့် အခြေ အနေရောက်အောင် ညှိနှိုင်းယူရမယ် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ရန်ဖြစ်ရင် မိမိဘဝကို သိမ်းကျုံးပျက်ဆီးသွားမှာ မဟုတ်သလို ကိုယ့်ရဲ့ လက်တွဲဖော်နဲ့လည်း လုံးဝပျက်ဆီးတဲ့အဖြစ်မျိုး ရောက်လာမှာမဟုတ်ပါဘူးဆိုတာကို Massage ပေးရင်းနိဂုံးချုပ်ပါတယ်ရှင်။ နောက်တစ် ပတ်တွေမှာလည်း ပြန်ပြီးတော့ ဆုံကြရအောင်ပါ။

 

 

Add new comment

6 + 3 =