ချစ်ခြင်းမေတ္တာဟူသည်

   ဒီနေ့ကတော့ ချစ်ခြင်းမေတ္တာဟူသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မဂျူလီယာကြူကြူခင်ကနေ တင်ဆက်ပေးချင်ပါတယ်။ သောတရှင်များရှင် ချစ်သူနှစ်ဦး ထိမ်းမြားမင်္ဂလာဆောင်ကြတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦးချစ်ကြလို့ လက်ထပ်ကြတာပါ။ ဒီလိုပါဘဲ လူကြီးမိဘတွေ သဘောတူလို့ ပေးစားပြီးတော့ မင်္ဂလာဆောင်ကြတယ်။ ဒါတွေဟာ ဘာတွေလဲ။ လက်ထပ်ထိမ်းမြားမင်္ဂလာဆောင်တယ် ဆိုတာက ချစ်ခြင်းမေတ္တာရဲ့ အခြေခံလို့ ကျွန်မဆိုချင်ပါတယ်။ ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးပေါ်မှာ ဒုတိယအရေးကြီးဆုံးက ချစ်ခြင်း မေတ္တာလို့ စာအုပ်တစ်အုပ်မှာ ကျွန်မဖတ်ဖူးပါတယ်။ ကျွန်မတို့တတွေ လူတိုင်းဘဲ ချစ်ခြင်းမေတ္တာကိုရှာဖွေကြတယ်။ အချစ်ခံချင်ကြ တယ်။ ရလာတဲ့အချစ်ကိုလည်း တာရှည်ခံအောင် ရေရှည်တည်မြဲအောင် ဘဝတစ်သက်တာအတွက် လိုချင်ကြတယ်။ တစ်ခါတစ်လေကျ တော့တာရှည်မခံဘဲ မတည်မြဲဘဲ ချစ်ခြင်းတရားတွေ ပျက်ပြယ်သွားကြတယ်။ ချစ်လို့ မင်္ဂလာဆောင်ကြတယ်။ လူကြီးမိဘတွေ သဘော တူလို့ မင်္ဂလာဆောင်ကြတယ်။ ဒါပေမဲ့လို့ တစ်ခါတစ်လေမှာ မမြဲလို့ကြဘူး၊ ကွဲသွားကြတယ်။ ဘာဖြစ်လို့လဲ တစ်ဦးကချစ်ပေမဲ့ ကျန်တစ်ဦးက မချစ်နိုင်တော့လို့၊ သီးမခံနိုင်တော့လို့၊ မိမိပေးလိုက်တဲ့ ချစ်ခြင်းမေတ္တာတွေကို ဆုံးရှုံးခံလိုက်ရတယ်။ ပြန်ရုတ်သိမ်းသွားကြ တယ်။

            သောတရှင်များရှင် လူတစ်ယောက်ဆီကနေ အကောင်းဆုံးမျှော်လင့်ချက်တွေ ထားခဲ့ရင်တစ်နေ့မှာ နောင်တရတတ်တယ် ဆိုတာကို သောတရှင်တို့ သိဖို့ လိုအပ်လှပါတယ်။ နောက်ပြီးတော့ ငါဒီနေ့ ဇနီးသည်အပေါ်မှာ ခွန်အားသုံးပြီး အနိုင်ကျင့်မိသလား။ နိုင်ထက်စီးနင်းရောပြုမိလိုက်သလား။ ငါ့ဇနီးသည်အပေါ်မှာ အမူအရာအားဖြင့် ယုံကြည်မှုတွေ အပြည့်အဝပေးရဲ့လား။ ငါဒီနေ့ ဇနီးသည် ဆီက မျှော်မှန်းထားတဲ့၊ မျှော်လင့်ထားတဲ့အရာတွေကော အပြည့်အစုံရရဲ့လား။ ဒီနေ့ ဇနီးးသည်အပေါ်မှာ ချစ်တဲ့အမူအရာတွေ သံယော ဇဉ်ရှိတဲ့ အပြုအမူတွေ နားလည်မှုတွေကော ပြနိုင်ရဲ့လား။ အခုလိုမျိုးမေးခွန်းလေးတွေ မိမိကိုယ်မိမိဆန်းစစ်ကြည့်နိုင်ပါတယ်။

            ချစ်ခြင်းမေတ္တာဆိုတာ တစ်ဦးတစ်ယောက်ဆီကနေ ရတဲ့ချစ်ခြင်းမေတ္တာဟာ လူတစ်ယောက်အတွက် စိတ်ဓါတ်ခွန်အားတွေ အများကြီး ရစေပါတယ်ရှင်။ ချစ်ခြင်းမေတ္တာရဲ့ ခွန်အားက ဘယ်လောက်ကြီးသလဲဆိုရင် မိမိချစ်တဲ့လူအပေါ်မှာ သီးခံနိုင်စွမ်းတွေရှိတယ်။ အနစ်နာခံနိုင်တယ်။ ဘယ်အရာကိုမဆို ကောင်းတဲ့ဘက်ကဘဲ မြင်တတ်ပါတယ်။ ယုတ်စွအဆုံး ချစ်ခြင်းမေတ္တာရှိတဲ့အတွက်ဆိုးသွမ်းနေ တဲ့လူတစ်ယောက်ကိုတောင် လူကောင်းအဖြစ် မြင်နိုင်သလို၊ အရုပ်ဆိုးတဲ့ လူတစ်ယောက်ကိုလည်း ချစ်တဲ့သူရဲ့ မျက်လုံးမှာတော့ လှနေ တယ်လို့ဘဲ မြင်တတ်တာပါရှင်။ ဒါကြောင့်မို့လို့ သီချင်းတောင် ရှိတယ်မဟုတ်လား။ “ လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ။” လို့ သောတရှင်တို့လည်း ကြားဖူးမှာပါ။ အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရှင်တို့ဟာ အချင်းအချင်းလက်ပွန်းတတည်းရှိကြရမယ်း တစ်ဦးနဲ့တစ်ဦး လိုလိုလားလားရှိပြီး အရိုအသေပေးနိုင်ရမယ်။ အကာအကွယ်တွေလည်း ပေးနိုင်ရမယ်။ စောင့်ရှောက်မှုတွေလည်း ပေးနိုင်ရမယ်။ လုံခြုံအောင်လည်း ထားပေးနိုင်ရမယ်။ တစ်ဦးနဲ့တစ်ဦး ငြင်းဆိုကန့်ကွက်တာတွေလည်း မပြုသင့်ပါဘူး။ တိုင်ပင်နှီးနှောသင့် ပါတယ်။ တတ်နိုင်သမျှလည်း အပြစ်ရှိခဲ့ရင့် ခွင့်လွှတ်ပေးနိုင်ရမယ်။ အခွင့်အရေးလေးတွေလည်း တစ်ဦးကိုတစ်ဦးပေးကြရမယ်။ နှစ်သက် စဖွယ်လည်း ပြုမူနေထိုင်တတ်ရမယ်။ တစ်ဦးနဲ့တစ်ဦးလည်း နူးညံ့စွာနဲ့ ဆက်ဆံပြီး အပြုအမူ အပြောအဆိုကအစ ဂရုတစိုက်ဆက်ဆံ သင့်ပါတယ်ရှင်။ ဒီလို ပြုမူပေးခြင်းအားဖြင့်လည်း တစ်ဦးနဲ့တစ်ဦးကျေနပ်မှုကို ရစေပြီးတော့ ဘဝတစ်သက်တာအတွက် ချစ်ခြင်းတရား တွေနဲ့ မှီခိုကြရင်း ချစ်ခြင်းတရားတွေကို သက်သေပြသွားနိုင်မှာပါဆိုတာတွေကို တင်ပြရင်းနဲ့ ဒီနေ့ သီရိဂေဟာကဏ္ဍကို ရပ်နားခွင့်ပြုပါ ရှင်။

Add new comment

2 + 2 =