ခင်ပွန်းသည်တွေက ဇနီးသည်တွေကို ဘာဖြစ်လို့ စွန့်ခွာသွားကြသလဲ

leave

            ဒီနေ့မှာ ခင်ပွန်းသည်တွေက ဇနီးသည်တွေကို ဘာဖြစ်လို့ စွန့်ခွာသွားကြသလဲဆိုတဲ့ အကြောင်း sharing  ပေးချင်ပါတယ်။

            အိမ်ထောင်သက် ၁ဝ နှစ် ၂ဝ နှစ် ၃ဝ နှစ်တွေကြာမှ ခင်ပွန်းသည်တွေက ဇနီးသည်ကို စွန့်ခွာ သွာကြတဲ့အတွက် ဇနီးသည်တွေမှာ တအံ့တသြဖြစ်စေပါတယ်။

            ကျွန်မရဲ့ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်တွေရှိသလို အခုနားဆင်နေတဲ့ ပရိသတ်ကြီးဝန်းကျင်မှာ လည်း ဒီလိုအဖြစ်အပျက်တွေ ရှိမှာပါ။ ကျွန်မ ပတ်ဝန်းကျင်က တွေ့ရတဲ့ ဒီအဖြစ်တွေကို အရင်းခံပြီး အခုလို တွေးကြည့်မိပါတယ်။

            တချို့သော ဇနီးသည်တွေက ခင်ပွန်းသည်ကို control လုပ်တာတွေကို မြင်တွေ့ရပါတယ်။ အများသူငါရှေ့မှာမရှောင်ဘဲ ကြီးကြပ်ကွပ်ကဲလုပ်တာတွေ တွေ့ရတယ်။ ဘယ်သူကမှ မိမိစိတ်နဲ့ မိမိ ကိုယ်ကို control လုပ်တာ မကြိုက်ပါဘူး။ အိမ်ထောင်သက်နုတုန်း အချစ်တွေ ပြည့်လျှံနေတဲ့ ကာလမှာတော့ control  လုပ်တာရနိုင်တယ်။ ဒါပေမယ့် အိမ်ထောင်သက် နဲနဲရင့်လာရင် သည်းခံမှာ မဟုတ်တော့ပါဘူး။ ဇနီးသည် အများစုကတော့ ခင်ပွန်းသည်ကို နိုင်လိုစိတ် ပြင်းပျကြတာ များပါတယ်။ သမီး ရည်းစားဘဝမှာ နွဲ့ဆိုးဆိုး အနိုင်ယူနိုင်ပေမယ့် ခုချိန်မှာ အချိန်အခါမတူတော့ ဘူး။ ဇနီးသည်က ဆွဲခေါ် control လုပ်တာ မလိုချင်တော့ဘူး။ ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ်ပိုင်  အတွေး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချမယ်။ အိမ်ထောင်မှာ ပါဝင်ပတ်သက်နေရာယူမယ်။ ဒီလို အကြောင်းအရာတွေ မရေမတွက်နိုင်အောင် ဖြစ်လာရင် ခင်ပွန်းသည်တွေရဲ့ အချစ်က love die ဖြစ်သွားတတ်ပါတယ်။

            အိမ်ထောင်သက် ၁ဝ နှစ် ၂ဝ နှစ် ၃ဝ နှစ်တွေ ရောက်လာတဲ့ခါမှာ ဇနီးသည် အများစုက sex  နဲ့ ပ တ်သက်လို့ လျော့ပြီး ခန့်မှန်းကြတယ်။ side issue ပေါ့နော်။ တကယ်တမ်းက ခင်ပွန်းသည်တွေ အတွက် ဒါ control issue အဓိကအကြောင်းတစ်ရပ်ဖြစ်တယ်။ ခင်ပွန်းသည်နဲ့ ဇနီးသည်ကြားမှာ တစ်ခုတည်းဖြစ်တဲ့ intimacy သေချာပေါက် ရင်းနှီးမှုပဲ ဖြစ်တယ်။ အမျိုးသားတစ်ယောက်အနေနဲ့ မိဘညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေနဲ့ အကုန်ပြည့်စုံမယ်။ ဇနီးသည်ဆီကနေသာ intimacy ရင်းနှီးကျွမ်းဝင်ခြင်းကို လိုအပ်တာပါ။

            တခါတလေမှာ ကာမပိုင်ယောကျ်ားတယောက်အနေနဲ့ လိမ်ညာတာတွေ ခံရတဲ့ခါမှာ ဒီ relationship ကို ပျက်သွားစေတာလည်းရှိပါတယ်။ ဇနီးသည်က အခြားယောကျ်ားတွေနဲ့ ခန္ဓာကိုယ်  ချင်း ရင်းနှီးမှုတွေကို လက်မခံကြပါဘူး။ ခင်ပွန်းသည်တစ်ယောက်အတွက် အပြင်းအထန် တိုက်ခိုက် ခံရတယ် ဇနီးသည်ရဲ့ လိမ်ညာတာကို ခံရတယ်ဆိုတဲ့ ခံစားချက်တွေနဲ့ အိမ်ထောင်ကနေ စွန့်ခွာသွား တတ်ပါတယ်။

            အိမ်ထောင်သက်က ၁ဝ နှစ် နှစ် ၂ဝ ရောက်လာတဲ့ခါ တချို့ ဇနီးသည်တွေက တခြား အိမ် ထောင်ရှင် ခင်ပွန်းတွေနဲ့ မိမိခင်ပွန်းကို နှိုင်းယှဉ်ပြီး သတိထားလို့ပဲဖြစ်ဖြစ် သတိလက်လွတ်ပြီးပဲဖြစ် ဖြစ် နှိိုင်းယှဉ်ပြောကြတယ်။ ခင်ပွန်းတစ်ယောက်ဟာ မိမိတတ်နိုင်တဲ့ ဉာဏ်စွမ်း ခွန်အားတွေနဲ့ အိမ် ထောင်အတွက် ရုန်းကန်လှုပ်ရှားနေကြတာဖြစ်တယ်။ တန်ဖိုးထားစေချင်တယ်။ ဇနီးသည်အနေနဲ့ positive mental အပြုသဘောဆောင်တဲ့ တွေးခေါ်မှုတွေကို ဘေးဖယ်ပြီး စိတ်ခံစားချက်ကြောင့် ဝေဖန်လိုက်တဲ့ခါမှာ ဒီဇနီးသည်ဆီကနေ ထွက်ခွာသွားမှာ မလွဲပါဘူး။

            သားသမီးတွေက အရွယ်ရောက်လာတဲ့အခါမှာ တမြို့တရွာကို ပညာသင်ထွက်ခွာရတာ (ဝါ) အိမ်ထောင်ပြုသွားတဲ့ခါမှာ သားသမီးနဲ့ မိဘ ၅၂၈ မေတ္တာတွေနဲ့ အမြဲ အနီးကပ်ရှိခဲ့တယ်။  parenting partner မိဘနဲ့ သားသမီး အမြဲ လက်တွဲဖော် ဖြစ်ခဲ့တယ်။ အခုတော့ ဖခင်ရဲ့ရင်ထဲမှာ ဟာပြီး ကျန်ခဲ့တယ်။ သားသမီးကို ပထမဦးစားပေးထားခဲ့တယ်။ ဇနီးသည်ကို လစ်လျူရှုသလို ဒုတိယဦးစားပေးဖြစ်စေခဲ့တယ်။ သားသမီးဆိုတာ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်။ ဇနီး သည်ဆိုတာ ကိုယ့်ရဲ့ partner ဖြစ်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။           

            အမျိုးအများစုက အိမ်ထောင်မကျခင်တုန်းကတော့ ခေါင်းအစခြေအဆုံး အလှအပကို ပြင် ဆင်ကြ၊ ပြုပြင်ကြတယ်။ အိမ်ထောင်သက် ၁ဝ နှစ် ၂ဝ နှစ်လောက်မှာ ရောက်လာရင် မိမိကိုယ်မိမိ ပြင်ဆင်ချယ်သမှုတွေကို လစ်လျူရှုလာကြတာများတယ်။ မိမိရဲ့ ခန္ဓာကိုယ်ကအစ အရင်ကနဲ့ မတူ တော့ဘဲ ခင်ပွန်းတယောက်ရဲ့ ချီးမွမ်းစရာတွေ မရှိတော့ လောက်အောင် ဖြစ်လာတယ်။ မိမိဇနီးနဲ့ တခြားရွယ်တူ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ပျက်စရာ ဖြစ်လာတယ်။ ခင်ပွန်းသည်က စိတ်ကုန်သွားတတ်တယ်။ ဟိုးတုန်းကတော့ အဝတ်အစားဝယ်ရင်လည်း အတူပါတယ်။ beauty parlour မှာ ဆိုရင်လည်း အတူရှိခဲ့ပေမယ့် အခုခါ အိမ်ထောင်သက် ရလာတဲ့အခါ အတူ မရှိနိုင်လို့ မပို့ပေးနိုင်လို့ မိမိ အခုလို ပုံပျက်ပန်းပျက်ဖြစ်နေတယ်လို့ အပြစ်တင်တတ်ကြတယ်။ man are visual လို့ ဆိုပါတယ်။ အမျိုးသားတွေက စက္ခုအာရုံကို ခံစားတတ်ကြတယ်။ မိမိက ကြည့်ချင်စွယ် မရှိခဲ့ရင် you just look dead ဖြစ်တတ်တယ်။ ဒါကြောင့် မိန်းမတယောက်အနေနဲ့ ဝတ်စားဆင်ယင် ပါ။ အလှအပ ထိုက်သင့်သလောက် ပြုပြင်နေထိုင်ရပါတယ်။ အမျိုးသားတွေက သူတို့ မျက်စေ့ရှေ့မှာ မြင်နေတာတွေကို သူတို့ မျက်လုံးက ဆွဲဆောင်စေပါတယ်။

            အိမ်ထောင်ကျပြီးရင် သဘောထားကွဲလွဲမှုတွေက ရှိစမြဲပါ။ ပြဿနာတေွ ဖြစ်လာတာကို ကြည့်ရင် ငွေရေးကြေးရေးကြောင့် ရန်ဖြစ်ကြတာ။ inlaws တွေကြောင့် ရန်ဖြစ်ကြတာ၊ အရက် အလွန်အကျွံသောက်လို့ ရန်ဖြစ်ကြတာ။ sex ကြောင့် ရန်ဖြစ်ကြတာ အမြဲပဲ။ ဒီခေါင်းစဉ်တွေကို စကားများရန်ဖြစ် သဘောထား ကွဲလွဲကြတဲ့ခါ ဘယ်လိုဖြေရှင်းကြမလဲ။ အိမ်ထောင်တစ်ခုက  တည် ဆောက်ရတာ တော်တော်ခက်ခဲပါလား။ ကျွန်မ ခင်ပွန်းကတော့ဖြင့် အခုလိုတွေပါလို့ အတင်းအဖျင်း လို ပြောနေလို့တော့ အချီးအနှီးပါ။

            ဒီလိုဖြစ်လာရင် နားလည်တဲ့ ရင့်ကျက်တဲ့သူတစ်ယောက်ယောက်နဲ့ တိုင်ပင်မယ်။ ဒီခေါင်းစဉ် ကို ပြန် fix လုပ်ယူမယ်။ ဒါဆိုရင် ဒီအိမ်ထောင်က ပြန်လည်ပြုပြင်လို့ ရနိုင်ပါတယ်။ မိမိကိုယ်မိမိ ပြန်လည်တည်ဆောက်ပါ။ မိမိအိမ်ထောင်ကိုလည်း ပြန်လည်တည်ဆောက်ပါလို့ sharing ပေးရင်း ရပ်နားခွင့်ပြုပါ။

Add new comment

1 + 11 =