က လေးငယ်နှင့် စိတ်ဖိစီးမှု

Childhood Stress

          က လေးငယ်လေးတွေမှာ စိတ်ဖိစီးမှု ရှိတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

          စိတ်ဖိစီးမှုဆိုတာ နေ့တိုင်းဘဝတိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားကြရတဲ့သူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ ရှိမြဲပါ။ ဒါပေမယ့်လို့ ခံနိုင်ရည်အားရှိတာထက် ကျော်လွန်သွားခဲ့ရင်တော့ စိတ်ဖိစီးမှုဝေဒနာ ဆိုတာ ရှိလာပါပြီ။

          လူကြီးတွေမှာတော့ သိသာတဲ့ လက္ခဏာတွေ ပြပေမယ့် ကလေးငယ်လေးတွေမှာတော့ သိသာဖို့ ခဲယဉ်းပါတယ်။ သူတို့မှာ မိဘတွေ မမြင်နိုင်တဲ့ မသိနိုင်တဲ့ ခံစားမှုတွေ စိတ်ဖိစီးမှုတွေ ရှိနေတတ်ပါတယ်။ မိဘတွေကလည်း အမှတ်တမဲ့ ဖြစ်နေတတ်ပါတယ်။

          ကလေးတစ်ယောက် စိတ်ဖိစီးမှုဖြစ်ရတဲ့ အကြောင်းရင်းတွေက သူ့မှာ အစားအစာ ဝဝလင်လင် မစားရလို့၊ ရာသီဥတုက ပြင်းထန်နေလို့၊ ပူလွန်း အေးလွန်းဖြစ်နေလို့ မောပန်းနွမ်းနယ်နေတာ။ သူ့ရဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာ စိတ်ကြွသွေးကြွပြီး ပြုမူလုပ်ဆောင်နေတဲ့ အဖြစ်အပျက်တွေ သူ့မှာလည်း အနာ ရောဂါတွေ ရှိနေလို့ဆိုရင် ကလေးက စိတ်ဖိစီးမှု ဖြစ်တတ်ပါတယ်။

          ဒါ့အပြင် သူ့ရဲ့ မိဘနှစ်ပါး ကွဲသွားလို့။ ဒါမှမဟုတ် မိဘတွေက ခဏခဏ စကားများ  ရန်ဖြစ်ကြလို့။ သူ့ပတ်ဝန်းကျင်မှာ ကလေးအကြီးက ကလေးအငယ်ကို နိုင်စားတာတွေ မြင်နေရလို့။ မိသားစု ဖရိုဖရဲဖြစ်နေတာတွေ တွေ့ကြုံနေရတဲ့အခါမှာ ကလေးက စိတ်ဖိစီးမှုတွေ ဖြစ်တတ်ပါတယ်။       

          ကလေးတစ်ယောက်က စိတ်ဖိစီးမှုတွေ ရှိနေရင် သူ့မှာ လက္ခဏာတွေ ပြတယ်ဆိုတာ မိဘတွေ သိစေချင်ပါတယ်။ အကဲခတ်လို့ရပါတယ်။

          ကလေးက တစ်ခုခုကို အာရုံစူးစိုက်မှု နည်းနေတတ်တယ်။ သူ့ရဲ့အမူအယာတွေက ရန်လိုနေတတ် တယ်။ ဒေါသဖြစ်လွယ်တယ်။ သုန်မှုန်နေမယ်။ တစ်ယောက်တည်း နေရမှာကို ကြောက်တယ်။ အမှောင်ကို ကြောက်တယ်။ သူစိမ်းနဲ့ တွေ့ရ စကားပြောရမှာကို ကြောက်နေတတ်တယ်။ အာရုံကြော အားနည်းတဲ့ အတွက် လက်သည်းကိုက်တာတို့ လုပ်နေတတ်တယ်။ နှာခေါင်းနှိုက်နေတတ်တယ်။ ကျောင်းနေအရွယ်ဆို ရင်လည်း ကျောင်းသွားဖို့ ငြင်းဆန်နေမယ်။ မိသားစုနဲ့ (သို့) သူငယ်ချင်းတွေနဲ့ ဝေးရာမှာ နေနေတတ်တယ်။ ဒါဆိုရင် မိဘတွေ ဆရာသမားတွေ အကဲခတ်လို့ ရနိုင်ပြီ။ သူတို့ရဲ့ပုံစံကို မြင်တာနဲ့ သိနိုင်ပြီပေါ့။

          ဒီလိုစိတ်ဖိစီးမှုဖြစ်နေတဲ့ ကလေးကို နားလည်မှုပေးပြီး ထိရောက်တဲ့ သူ့အခြေအနေနဲ့ ကိုက်ညီအောင် သင့်တော်လျော်ကန်တဲ့ အပြုအမူတွေ ထိထိရောက်ရောက် ပြုလုပ်ပေးရမယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ သူ့ရဲ့ ဖွံ့ဖြိုးလာတဲ့ အခြေအနေပေါ်မူတည်ပြီး၊ စီမံလုပ်ကိုင်ပေးကြရမယ်။ စိတ်ဖိစီးမှုရဲ့ သဘောတရားတွေကို သိနားလည်ပြီး လျော့ကျသွားအောင် လုပ်ပေးရမယ်။

          ဒါဟာ မိဘနဲ့ ဆရာတွေက ကလေးငယ်တွေရဲ့ စိတ်ဖိစီးမှုကို နည်းမျိုးစုံနဲ့ ကာကွယ်နိုင်တယ်။ လျော့ချပေးနိုင်တယ် မဟုတ်လား။

          ကလေးငယ်ကို သူ့ရဲ့ နားလည်မှုလွဲနေတာလေးတွေကို တေ့တေ့ဆိုင်ဆိုင် လျော့အောင် လုပ်ပေး နိုင်ပါတယ်။

          သူ့ရဲ့ ပတ်ဝန်းကျင်ကိုလည်း သူ့ကို ပျော်အောင် ကစားခိုင်းပြီး၊ သူလိုအပ်တာလေးတွေကို ထောက်ပံ့ ကူညီပေးပါ။

          သူ့ရဲ့ လိုအပ်တာလေးတွေကို စီမံလုပ်ကိုင်ပေးတာဟာ ကလေးတစ်ယောက်ကို ကောင်းတဲ့ အခြေ အနေရောက်အောင် ပို့ပေးနိုင်ပါတယ်။

          ကလေးတစ်ယောက်ကို သူ့ရဲ့ ခံစားချက်လေးတွေကို သင့်လျော်တဲ့နည်းလေးတွေနဲ့ ဖော်ဆောင် ပေးပါ။

          ကလေးငယ်လေးတွေကို အပန်းဖြေစေတဲ့ နည်းလေးတွေဖြစ်တဲ့ ကစားတာ သီချင်းဆိုပြီး ကတာ၊ ကလေးငယ်လေး သွားချင်တဲ့နေရာ ပို့ပေးတာ ကစားကွင်းကို ပို့ဆောင်ပေးတာ။

          ကလေးနဲ့ အတူတူ စကားတွေပြောပြီး ကောင်းတဲ့ဘက်ကို လမ်းညွှန်ပေးတာ။

          ဒါတွေအပြင် ကလေးတစ်ယောက် စိတ်ဖိစီးမှုကနေ လွတ်မြောက်စေတဲ့ နည်းလေးတွေပါ။

          …. ကျွန်မ ခုလို တင်ပြပေးတာက ဒီကလေးအရွယ်ကနေ ဒီလို stress တွေနဲ့ အပျိုပေါက် လူပျို ပေါက်တွေ ဖြစ်လာတဲ့အခါ ကျွန်မနိုင်ငံအတွက် အင်မတန်မှ အားကိုးရမယ့်သူတွေ ဆုံးရှုံးသွားမှာပါ။

          ဒါ့ကြောင့်မို့ တစ်နေ့နေ့မှာ လူငယ်တွေ ဖြစ်လာမယ့် ကလေးငယ်လေးတွေအတွက် အင်မတန် အရေးကြီးတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေမယ့် မဟာဗျူဟာနဲ့ ကျန်းမာတဲ့ တုန့်ပြန်ချက်တွေရှိမှသာ ကျွန်မကို နိုင်ငံအတွက် ဒီစိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး လူငယ်တွေရဲ့ ဘဝအသက်တာအတွက် နိုင်ငံရဲ့ လိုအပ်တဲ့ အခန်းကဏ္ဍအသီးသီးကနေ positive action အကောင်းဘက်ကို မြင်တဲ့ အပြုသဘော ဆောင်တဲ့ လူငယ်တွေအဖြစ်နဲ့ တိုင်းပြည်တိုးက်အောင် လုပ်နိုင်မှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်
တည်းဖြတ် - ပေါလ်
Photo Credit - Google Image

Add new comment

9 + 11 =