" က လေးငယ်တွေ ဖခင်ကို ဘာကြောင့် လိုအပ်တာလဲ "

 ကလေးငယ်လေးတွေ ဖခင်ကိုဘာကြောင့် လိုအပ်သလဲ။

          ဖခင်တစ်ယောက်ဆိုတာ ကိုယ့်သားသမီးလေးတွေရဲ့ ဘဝတစ်လျှောက်လုံးအတွက် မျှတတဲ့ အုပ်ချုပ်ရေးစွမ်းရည်တွေနဲ့ ညီညာအောင် တေ့တေ့ဆိုင်ဆိုင် လုပ်ပေးနိုင်စွမ်းရှိတဲ့ သူတွေပါ။

          ဖခင်နေရာယူတတ်ရင် ကိုယ်သားသမီးတွေက ပိုပြီး အောင်မြင်မှုတွေ ရနိုင်မယ်။ ဖခင်တစ်ယောက် ရဲ့ လွမ်းမိုးမှုဟာ  သားသမီးတစ်ယောက်ရဲ့ လူသားချင်းပေါင်းသင်း ဆက်ဆံတတ်တဲ့သူ ကျောင်းမှာ အဆင့်မြင့်မြင့်ရတဲ့ ကျောင်းသားတစ်ယောက် ဖြစ်စေပြီး သူရဲ့ အနာဂတ်ဘဝကိုလည်း ဖွ့ံဖြိုးတိုးတက်သွား စေပါတယ်။

          ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်သက်ရောက်မှုဟာ ဘယ်အချိန်ကတည်းကစသလဲဆိုရင် မွေးကင်းစကတည်းဆိုရင် မမှားပါဘူး၊ ခိုင်မြဲတဲ့ ချည်နှောင်မှုတွေ ပြုမူရင် သားသမီးတစ်ယောက်ဟာ ကိိုယ့်ကိုယ်ကိုယ့် ယုံကြည်တဲ့သူ ပတ်ဝန်းကျင်ကိုလည်း စိတ်အားထက်သန်စွာနဲ့ စူးစမ်းတတ်သူ ကြီးပြင်း လာတဲ့အခါမှာလည်း လူအများနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူ ခင်ခင်မင်မင် ပေါင်းသင်းတတ်တဲ့ သူ တစ်ယောက်အဖြစ် ကြီးပြင်းလာပါလိမ့်မယ်။

          ဒါကြောင့် တွားသွားတဲ့ အရွယ်ကစလို့ ဖခင်က ပိုမိုနေရာယူခဲ့ရင် သားသမီးဟာ ပြဿနာကို ဖြေရှင်းတတ်တဲ့သူ ကျောင်းမှာလည်း IQ မြင့်တဲ့ သူအဖြစ် ကြီးပြင်းလာပါမယ်။

          အသက် (၃)နှစ်အောက်မှာ မူကြိုကျောင်းပို့ရင်လည်း ကျောင်းမကြောက်တတ်တဲ့သူ ကျောင်း မပျော်။

          ဖခင်နဲ့မရင်းနှီးတဲ့ ကလေးထက်စာရင်တဲ့ ကလေးတစ်ယောက်အဖြစ်ကပဲ သူကိုယ်သူ ပြုမူ နေထိုင်တတ်လာတယ်။ ကျောင်းမှာသင်တာတွေကိုလည်း တခြားကလေးတွေထက်ပို ရစေတယ်။

          ဖခင်နေရာယူတာများတဲ့ သမီးဆိုရင် အရွယ်ရောက်လာတဲ့အခါ သူရဲ့ ကိုယ်ပိုင်အတွေးအခေါ်က မြင့်ပြီး ယောကျ်ားလေးများရဲ့ စော်ကားမှုတွေ အယုံလွယ်တာတွေ ကိုယ်ဝန်ရှိသွားတာတွေ မဖြစ်တတ်ဖူးလို့ ဆိုပါတယ်။ အရွယ်ရောက်တဲ့ ယောက်ျားလေးဆိုရင်လည်း မိဘရင်ခွင်ကနေ ထွက်ပေါက်ရှုာတတ်တာ ရန်လိုတဲ့ အပြုအမူမရှိပဲ မိမိကိုယ်မိမိထိန်းတတ်တဲ့ ယောကျ်ားလေးဖြစ်လာပါလိမ့်မယ်။

          ဖခင်နဲ့ အထိအတွေ့များတဲ့ လူငယ်ဆိုရင် ပညာတွေပိုမြင့်အောင် သင်ယူလိုတဲ့ စိတ်တွေရှိတဲ့ အတွက် အောင်မြင်မှုတွေလည်းရတယ်။ ကို်ယ့်ကျင့်တရားကအစ အတွေးအခေါ်မြင့်တယ် အတွေ့အကြုံ တွေလည်း အများကြီးရတဲ့အတွက် Well being ကောင်းတဲ့ အနေအထိုင်တွေရစေတယ်။

          အရွယ်ရောက်လာတဲ့ လူငယ်ဖြစ်လာရင်လည်း ပိုပြီးသည်းခံတတ်တဲ့ စိတ်နေစိတ်ထား နားလည်မှု ရှိတဲ့လူငယ် ကိုယ့်ပတ်ဝန်းကျင်ရဲ့ social network တွေက သူငယ်ချင်းတွေရဲ့ ရေရှည်အောင်မြင်မှုတွေရ တဲ့ လူငယ်တစ်ယောက်ဖြစ်လာပါတယ်။

          ဖခင်တစ်ယောက်အနေနဲ့ သားသမီးနဲ့ အပျော်ခရီးထွက်တာ အပြင်ကို လည်ပတ်တာ တွေထက်  နေ့စဉ်သားသမီးတွေနဲ့ ထမင်းအတူစားတာ T.V ကြည့်တာ Vedio Game ဆော့တာ ခြံထဲမှာ ကစားကြတာ တွေက သားသမီးရဲ့ တိုးတက်မှု Development အတွက် အများကြီး အထောက်အကူပြုပါတယ်။ ဖခင်တွေရဲ့ နေ့စဉ် သားတွေနဲ့ ပါဝင်ပတ်သက်မှုတွေ လှုပ်ရှားမှုတွေက အဓိကကျတဲ့ အတွက် သားတွေရဲ့ ရင်ထဲမှာ စိတ်ကြေနပ်မှုတွေကိုလည်း ဖြစ်စေပါသေးတယ်။

          အခုလို ဖခင်တွေရဲ့ အရှိန်အဝါက မိခင်မှာလည်း ရှိတာပဲ တစ်ယောက်ယောက်က အနီးကပ်ရှိနေ ရင် ပြည့်စုံပါတယ်။ မလုံလောက်ဘူးလားလို့ ထင်ကြမှာပါပဲ။

          ဖခင်ကော မိခင်ကော သူတို့မှာ ပြိုင်ဘက်ကင်းတဲ့ Unique တွေ ရှိပြီးသားပါ။ ဒါပေမယ့် မသိမသာ ကွဲပြားခြားနားပါတယ်။

          ဖခင်တို့က သားသမီးကို လှုံ့ဆော်ကူညီပြီး ပြိုင်ဆိုင်တာ လွတ်လပ်မှုရှာတာ သားသမီးရဲ့ ကစား မယ် စွန့်စားခွင့်ပေးပြီး စောင့်ရှောက်ပေးမယ်။ စည်းကမ်းတွေကိုလည်း ချမှတ်ပေးတယ်။ သားသမီးကို ကစားစေခြင်းအားဖြင့် ကိုယ်ကာယကို ဖွ့ံဖြိုးစေပြီး ကောင်းတဲ့ အကျင့်စာရိတ္တလည်း တတ်လာအောင် လုပ်နိုင်စွမ်းရှိတယ်။

          မိခင်တွေကတော့ သားသမီးကို စောင့်ရှောက်ပေးတယ်။ စွမ်းဆောင်ကူညီပေးတယ်။ မျှမျှတတ ဆက်ဆံတယ် ဖြောင့်မှန်တယ် လုံခြုံမှုပေးတယ် နောက်ပြီး သားသမီးနဲ့ အတူပူးပေါင်းဆောင်ရွက် တတ်တယ်။

          ဖခင်တွေကတော့ သားသမီးရဲ့ စိတ်ခံစားချက်ကို ဘယ်လိုညှိယူရမယ်ဆိုတာ သိတယ်။ သားသမီး ရဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရန်လိုမှု တွေက စိတ်ခံစားမှုတွေ မိမိရဲ့ ဒေါသကို ထိန်းချုပ်ပြီး ကိုယ်တွယ် တတ်တယ်။

          မိခင်တွေကတော့ သားသမိးက စွန့်စားမယ်ဆိုရင် ပူပင်ပြီး တားတတ်တယ်။ ဖခင်တွေကတော့ သားသမီးရဲ့နောက်ကနေ လိုက်ပြီး သူတို့ရဲ့ လူမှုပတ်ဝန်းကျင်ကို ရင်ဆိုင်စေတယ်။

          မိခင်တွေကတော့ သားသမီးရဲ့ ရှေ့ကနေပြီး သူတို့လေးတွေ အခြေတကျရှိဖို့ မျက်စိတစ်ဆုံးကြည့် နေတာပါပဲ။

          ဖခင်တွေစောက်ရှောက်ပုံက ငါ့ကလေး ဘာတွေဖြစ်နေသလဲဆိုပြီး အာရုံစိုက်စောင့်ကြပ်ကြည့်ရှု တတ်တယ်။

          စည်းကမ်းလည်း မိခင်တွေထက် ပိုစည်းကမ်းကြီးတယ်။

          ဒါကြောင့်မို့ ဖခင်တွေရဲ့ ပါဝင်ပတ်သက်နေရာ ယူမှုတွေဟာ အောင်မြင်တဲ့ သားသမီးတွေကို ဖြစ်ထွန်းသွားစေပါတယ်။

 

 

Add new comment

1 + 9 =