ကြောက်ရွံ့မှု နဲ့ သောက စိတ် ဖြစ်ပေါ်မှုတွေကို ရပ်တန့်သွားစေဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲ

Secret Weapon

            ဒီနေ့မှာ လူငယ်တွေရဲ့ ဘဝမှာ အောင်မြင်မှုရဖို့ ကြိုးစားရုန်းကန်ကြတဲ့အခါမှာ ကြောက်ရွံ့မှု နဲ့ သောကဗျာပါဒ စိတ် ဖြစ်ပေါ်မှုတွေကို ရပ်တန့်သွားစေဖို့အတွက် လျှို့ဝှက်တဲ့လက်နက်လို့ ခေါ်နိုင် တဲ့ အပြုအမူ လုပ်ဆောင်မှုကို sharing ပေးချင်ပါတယ်။

            ပညာရှင်များက အခုလို ဆိုပါတယ် ကြောက်တယ်။ သောကစိတ်ဖြစ်တယ်ဆိုတာ တကယ့် အစစ်အမှန်မဟုတ်ဖူး။ အဓိပ္ပာယ်မရှိတဲ့ စကား အနေအထား အစုလိုက်အပြုံလိုက် ဖြစ်တဲ့ ဖြစ်ရပ်မှန် ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

            လူငယ်အနေနဲ့ ဘဝမှာ သေချာပေါက် လုပ်ရမယ့် အရာတွေ ရှိပါတယ်။ မိမိရဲ့ relationship မှာ လုပ်ငန်းခွင်မှာပါ မိမိက ကြောက်လို့ မလုပ်ဖြစ်ရင် ဒီကြောက်ရွံ့မှုက မိမိဆီက အတွေ့အကြုံတွေ အောင်မြင်မှုတွေကို ခိုးယူသွာခံရပြီပဲ ဖြစ်ပါတယ်။

            အဲဒီတော့ မိမိမှာရှိတဲ့ ကိုယ်ပိုင်အစွမ်းတွေ အရည်အချင်းနဲ့ သူငယ်ချင်းတွေဆီ အလည် ခရီး ဝေးသွားချင်တယ်။ ဒါပေမယ့် တခြားပတ်ဝန်းကျင်ကို ရောက်တဲ့အခါ စကားပြောရမှာ ကြောက် တယ်။ နောက်ပြီး ကိုယ့်ရဲ့ boss ရှေ့မှာ မိမိရဲ့ ကိုယ်ပိုင်အစွမ်းတွေကို express လုပ်ရမှာ idea တွေ share လုပ်ရမှာ။ ဒါပေမယ့် boss ရှေ့မှာ ကြောက်နေမယ် မပြောရဲ မဆိုရဲ့ဖြစ်နေမယ်။ ပြောလိုက်ရင် မှားသွားမှာ ကြောက်လို့ အထက်လူကြီးကို ကျော်လုပ်သလို ဖြစ်သွားမယ်။ ပြောလိုက်ရင် အဆူ အပြောခံရမှာစိုးလို့။ အဲဒီလိုဖြစ်နေတဲ့ခါမှာ ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေ ဖြစ်လာတော့မှာမဟုတ်ဘူး။ အကုန်ရပ်တန့်သွားမှာပါ။

            နောက်ပြီး ကိုယ့်အိပ်မက်က business စပြီး လုပ်ချင်တယ်။ ဒါပေမယ့် အများနဲ့ ကိုယ့်ရဲ့ idea ပြောဖို့ ကြောက်နေရင် အားလုံး ရပ်တန့်သွားမှာပါ။

            ဒါကြောင့် အမှန်တကယ် မကြောက်ပါနဲ့။ မစိုးရွံ့ပါနဲ့။ ဒီကြောက်ရွံ့မှုတွေကို ပြန်တိုက်နိုင်ဖို့ လျှို့ဝှက်လက်နက်ရှိပါတယ်လို့ ပြောချင်ပါတယ်။

            မိမိစိတ်ထဲမှာ တချို့သော အကြောင်းအရာတွေမှာ ကြောက်နေတယ်ဆိုတာ တခါတလေ မိမိ ကိုယ်တိုင် သိချင်မှသိမယ်။

            ဆိုလိုချင်တာက ကြောက်ရွံ့တယ်ဆိုတာက စိတ်လှုပ်ရားမှုတစ်ခုနဲ့ တူတူပါပဲ။ စိတ်လှုပ်ရှား တဲ့အတွက် နှလုံးခုန်မြန်မယ်။ ရင်ဘတ်က ဆွဲထားသလို တင်းကျပ်နေမယ်။ ဝမ်းဗိုက်က နာသလို ခံစားရမယ်။ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကလည်း လှုပ်ရှားလှိုက်တက်နေမယ်။ ဒါကြောင့် ကြောက်ရွံ့တာနဲ့ စိတ်လှုပ်ရှားတာက တူတူဖြစ်နေမယ်။

            စိတ်လှုပ်ရှားတယ်ဆိုတာ ဦးနှောက်က လုပ်နေတာ ခန္ဓာကိုယ်က ပူပန်နေတာ။ ငြင်းခုံနေ တာ။ လှုပ်ခါနေတာ ဒါတွေက ဦးနှောက်ဆီ ရောက်သွားပြီး ကြောက်ရွံ့မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ တပြိုင်နက ဖြစ်သွားစေတာပါ။

            ဒါကြောင့်မို့ ဒီကြောက်ရွံ့မှုနဲ့ စိတ်လှုပ်ရှားမှုက လူငယ်တစ်ယောက်ရဲ့ ဘဝကို လုံးဝပြောင်း လဲသွားနိုင်ပါတယ်။ အောင်မြင်သွားမယ်။ ဒါမှမဟုတ် တသက်လုံးကျရှုံးသွားနိုင်ပါတယ်။

            ကျွန်မ ဖတ်ဖူးတဲ့ စာစုတစ်စုမှာ ဒီအမျိုးသမီးက သူဟောပြောရမယ်။ လူအယောက် ၇ဝဝဝ လောက်ရှိတဲ့ သူများရှေ့မှာ ဟောပြောရမယ်။ သူက စိတ်လှုပ်ရှားနေတယ်။ ကြောက်နေခဲ့တယ်။ နှလုံးခုန်မြန်နေတယ်။ ဇောချွေးတွေ ထွက်နေတယ်။ ဒီအချိန်မှာ ဦးနှောက်နဲ့ ခန္ဓာကိုယ် စိတ်လှုပ်ရှား မှုက ဒွန်တွဲပြီး ဖြစ်နပြီ။ ဒါကို ဦးနှောက်က ဒီထင်ရောင်ထင်မှားဖြစ်မှု လှည့်စားမှုကို မိမိက သိပ္ပံနည်း ကျကျ သက်သေပြလိုက်တယ်။ ဒီဟောပြောဖို့ကနေ ထွက်ခွာမလား။ ဟောပြောမလား။ အဲဒီအချိန် မှာ ဦးနှောက်ကနေ သူ့ရဲ့ လုပ်နေကျ 5 4 3 2 1 စက္ကန့်ကို ရေတွက်ပြီး ဦးနှောက်ကို message ပေး လိုက်တဲ့ခါမှာ ဒီဟောပြောပွဲကို အောင်မြင်စွာ ပြီးဆုံးစေခဲ့တယ်။ သူ့ဘဝမှာ အောင်မြင်မှုတစ်ခုခုရ လိုက်တာပဲလို့ ဆိုပါတယ်။

            ဒါကြောင့်မို့ ခန္ဓာကိုယ်က ဘယ်လို sign တွေ ပြနေပါစေ။ ဦးနှောက်ကသာ ဆုံးဖြတ်ချခဲ့တာ ကို သက်သေအဖြစ် တင်ကျန်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ကြောက်ပါစေ။ စိတ်လှုပ်ရှားပါစေ။ ကိုယ့်ရဲ့ ဦးနှောက်ကို ကျောက်ဆူးသဖွယ် အခိုင်အမာ ချထားရင် တစတစ ကျယ်ပြန့်လာပြီး မကျရှုံးတော့ ပါဘူး။ ဒီကျောက်ဆူးသဖွယ် ချထားတဲ့အတွက် ဝက်အူလှည့်နဲ့ ပြန်လှည့်ရစ်သလို မိမိရဲ့ကြောက်ရွံ့မှု တွေကို ပြန်တည့်မတ်နိုင်ပါတယ်။

            ဥပမာ-မိမိက လေယာဉ်စီးမယ်။ ဒါပေမယ့် ကြောက်နေတယ်ဆိုရင် မိမိကြောက်စိတ်ကို ဖျောက်နိုင်ဖို့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး ကြောက်စိတ်ကို ဖြေလိုက် ပါ။ မိမိလိုရာခရီးကို ရောက်သွားတဲ့ခါ - ဟာ ငါ အသက်ရှင်နေသေးတာပဲ ဆိုပြီး ငါကြောက်ရွံ့မှုကို ကျော်လွှားနိုင်ပြီပဲ ဆိုပြီး မိမိကိုယ်မိမိ ကျေနပ်နေမိမှာပါ။

            ဒါကြောင့်မို့ 5 4 3 2 1 က အဓိက essential ဖြစ်ပါတယ်။ ကိုယ့်ဦးနှောက်ကို  ပြန်နှိုးဆွလိုက် သလို ဖြစ်ပြီး control လုပ်နိုင်ပြီး ကြောက်ရွံ့မှုကြားဖြတ်ဝင်လာတာကို settled ဖြစ်သွားပြီ။ ဒါဟာ ကျောက်ဆူးချထားလို့ ဖြစ်ပါတယ်။

            လူငယ်တစ်ယောက်ဟာ အဲဒီလို ကြောက်စိတ်တွေ ဝင်ခဲ့ရင် ဂီယာလှည့်သလို အတွေးကို ပြန် လှည့်လိုက်ပါ။ မိမိမှာ ကိုယ်ပိုင်မြင်နိုင်စွမ်းတွေရှိပါတယ်။ ဒါက မိမိရဲ့ အတွေး mind ကို အခြေခံပါ တယ်။

            ပြီးတော့ ဦးနှောက်က အဲဒီအတွေးကို အခြေခံပြီး လက်တွေ့လုပ်ယူတာပါ။ ဒါကြောင့် လူငယ်တစ်ယောက် ကြောက်နေမယ် စိုးရွံ့နေမယ်ဆိုရင် ကိုယ့်ရဲ့ ဦးနှောက်ကို ပြန်လှည့်စား tricked လုပ်ယူလိုက်ပါ။ ဒါတွေက မိမိအောင်မြင်မှုရဲ့ နောက်ကွယ်မှာ တိတ်တဆိတ်ရှိနေတဲ့ အရာတွေပါ ဆိုတာ တင်ပြရင်း - ရဲရင် မင်းဖြစ်တယ်ဆိုတဲ့ စကားကို သက်သေပြကြရအောင်ပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

5 + 10 =