ကြောက်စိတ်ကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ''

သီရိဂေဟာ အစီအစဉ်
ဒီတစ်ပတ် သီရိဂေဟာ အစီအစဉ်မှာတော့
'' #ကြောက်စိတ်ကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ'' ဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။

အားလုံးဘဲမင်္ဂလာပါ

          အာဗီအေမြန်မာဘာသာအစီအစဉ်ကနေကြိုဆိုပါတယ်။ဒီနေ့တင်ဆက်ပေမဲ့ အကြောင်းအရာလေး ကတော့‘ကြောက်စိတ်ကိုရင်ဆိုင်ဖြတ်သန်းရမလဲ‘ဆိုတဲ့အကြောင်းလေးကိုအနည်းငယ်ဝေမျှပေးသွားမှာဘဲဖြစ်ပါတယ်ရှင်။

မိတ်ဆွေလူငယ်များတို့     ကျွန်မတို့တတွေဟာကြောက်စိတ်ရဲ့လွမ်းမိုးမှုတွေနဲ့နေစဉ်နဲ့အမျှကြုံဖူးကြမှာပါ။ကျွန်မတိုရဲ့ပတ်ဝန်းကျင်ရှိ

၊အသိမိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊စီးပွားရေးသမားတွေ၊အောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေ၊အထက်အရာရှိတွေကိုမေးကြည့်တဲ့အခါသူတို့တွေမှာလည်းအနည်းအများဆိုသလိုကြောက်စိတ်တွေနဲ့ရင်ဆိုင်နေရတယ်လိုပြောကြပါတယ်။ဒါကြောင့်ကျွန်မတို့တတွေလည်းကြောက်စိတ်နဲ့မကင်းကြပါဘူး။

ကျွန်မကိုယ်တိုင်လည်းငယ်ငယ်ကတည်းကကြောက်တက်ပါတယ်။ကျွန်မရဲ့ပင်ကိုယ်စရိုက်က ကိစ္စတော်တော်များများကိုကြောက်တက်လိုပါ။ကျွန်မတို့တတွေနေ့စဉ်နဲ့အမျှတစ်ဘဝလုံးတစိုက်မက်မက်လုပ်နေရတဲ့အလုပ်တွေ၊တွေ့ကြုံနေရတဲ့အရာတွေများမှာကြောက်စိတ်ကိုတော်လှန်နေရတဲ့အလုပ်တွေပါ။

      မိတ်ဆွေလူငယ်များရှင်  - ကြောက်စိတ်တို့ရဲသဘောဟာ မိမိရဲ့ လူတို့ရဲ့ စွမ်းဆောင်ရည်ကိုထုတ်မ

သုံးအောင် ၊မိမိတို့ရဲ့အစွမ်းအစအရည်အချင်းတွေရှိပါလျှက်နှင့်အကောင်အထည်မဖော်နိုင်အောင် ပိတ်ပင်ထားလေ့ရှိပါတယ်။ကြောက်စိတ်ရှိနေသရွေ့တော့လုပ်ချင်တာတွေ၊အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ဒါ

ကြောင်းမိမိတို့ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တင်ခြင်းတယ်ဆိုရင် ကြောက်စိတ်ကိုမဖြစ်မနေ

လျှော့ချပစ်ရပါမယ်။ကြောက်စိတ်ကို အနှိုူင်းယူခြင်းရင်ထိပ်တိုက်သာရင်ဆိုင်လိုက်ပါ။လှည့်ပြေးနေရင်း

ဒုံရင်သာဒုံရင်ဘဲဘာမှာဖြစ်လာမှာမဟုတ်သလို၊ဘာမှာလည်းထူးလာမှာမဟုတ်ပါဘူး။အောင်မြင်ကျော်

ကြားတဲ့ပုဂ္ဂိုလ်တွေပြောကြတဲ့စကားကတော့ကြောက်စိတ်ဆိုတာထွက်ပြေးမဲ့အစားကြောက်စိတ်ကိုသူငယ်

ချင်းလုပ်ပြီးတော့ကြောက်စိတ်ဘက်ယိမ်းရိုင်းလိုက်ပါ။ဒါပြင် ပိုပြီးကိုယ်ကိုကိုယ်နားလည်းအောင်ကြိုးစား

လာလေဘဝမှာတိုးတက်အောင်မြင်ပြီးတော့ကိုယ်ဖြစ်ချင်တဲ့လူတယောက်ဖြစ်လာတယ်လိုအောင်မြင်ကျော်

ကြားတဲ့ပုဂ္ဂိုလ်တွေပြောကြားတာကိုလည်းကြားဖူးပါတယ်။တွေးပြီးလည်းမကြောက်နဲ့၊ကြောက်ပြီးလည်းမ

တွေးနဲ့ တွေးြ့ပီးကြောက်တော့အကောင်အထည်မဖော်နိုင်ဖြစ်လာပါလိမ့်မယ်။တကယ်တော့ကြောက်စိတ်

ဆိုတာမကျွမ်းကျင်သေးလိုကြောက်တာပါလိုလည်းပြောကြပါတယ်။ဒါကြောင့်ကျွမ်းကျင်အောင်လေ့ကျင့်ပြီး

ပြည့်စုံတဲ့ကျွမ်းကျင်သူဖြစ်အောင် လုပ်လိုက်ကြစမ်းပါ။တခါတခါကြောက်စိတ်ကြောင့်အမှန်တရားကိုရော

မိမိရဲ့စွမ်းဆောင်ရည်တွေကိုပါဖုံးကွယ်အောင်လုပ်တာကိုအမြဲသတိရှိဖို့တော့လိုပါတယ်မိတ်ဆွေများတို့။

မဟုတ်တာလုပ်ဖို့၊မမှန်တာပြောဖို့၊မကောင်းတာတွေကိုတွေးဖို့၊မကောင်းတာကိုမခံစားဖို့၊အဲအချက်တွေကို

သာကြောက်ရမှာဖြစ်ပါတယ်။အကြောက်တရားတွေကို မှန်ကန်တဲ့နေရာမှာအသုံးပြုပါ။ဒါကြောင့်မိတ်ဆွေ

လူငယ်များတို့  ကြောက်စိတ်ကိုဖြတ်သန်းရင်ဆိုင်နိုင်ရန်- မိမိရဲ့စိတ်အနေအထားကိုပြောင်းရမယ်။ဒါပြင်

တည်တည်ငြိမ်ငြိမ်နဲ့လူရှေ့မှာနေတက်အောင်ခန္ဓာကိုယ်အနေအထားဂရုစိုက်ရပါမယ်။ဒါတွေကိုထပ်ခါထပ်

ခါကျင့်ယူပါ။အတွေးအခေါ်သစ်၊လမ်းကြောင်းသစ်တွေကိုထပ်ခါထပ်ခါတွေးပါ။ထပ်ခါထပ်ခါလုပ်ခြင်းအား

ဖြင့်လည်းမိမိကိုယ်ကိုယုံကြည်မှုတွေရရှိလာပါလိမ့်မယ်။အောင်မြင်ကျော်ကြားတဲ့သူတွေထံမှာပုစံနမူနာယူ

ပါ။သင်ယူပါ လိုတင်ပြရင်းဒီတစ်ပတ်လူငယ်ကဏ္ဍလေးကိုဒီလောက်နဲ့အဆုံးသတ်ပါရစေ။နောက်တစ်ပတ်

မှာလည်းစောင့်မျှော်နားဆင်အားပေးကြပါအုံးရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မက စစ္စတာရ် မေရီ ပါရှင်။

တင်ဆက် -စစ္စတာရ် မေရီ (SFX)
တည်းဖြတ် - ပေါလ်
Photos Credit : Google Images

Add new comment

4 + 6 =