ကျဆင်းနေသောစိတ်ဓာတ်များကိုပြန်လည်ဆွဲတင်ခြင်း

အားလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်မှာတော့ကျွန်မက“ကျဆင်းနေသောစိတ်ဓာတ်
များကိုပြန်လည်ဆွဲတင်ခြင်း “နှင့်ပတ်သက်လိုပြောကြားပေးသွားမှာဖြစ်ပါတယ်။
သော်တရှင်မိတ်ဆွေများရှင်-လူတိုင်းလူတိုင်းမှာစိတ်ဓာတ်ကျတဲ့အချိန်၊မျှော်လင့်ချက်ပျောက်ဆုံးတဲ့အခြေအနေတွေရှိတက်ပါတယ်။ မိတ်ဆွေတို့မှာလည်း၊စိတ်ဓာတ်ကျဆင်းစေမဲ့အကြောင်းအရာအများကြီးရှိကြမှာပါ။အနည်းနဲ့အများဆိုသလိုကြုံဖူးကြမှာပါ။ဒီလိုအချိန်တွေမှာစိတ်ညစ်နေမယ်၊၀မ်းနည်းနေမယ်၊စိတ်ပျက်ခြင်း၊စိတ်ညှိုငယ်
ခြင်း၊ကနေပြီးနောက်ဆုံးမှာလုံး၀ကိုမျှော်လင့်ချက်ပျောက်ဆုံးတဲ့အခြေမနေ၊စိတ်ပျက်တဲ့အခြေနေရောက်ရှိသွားနိုင်ပါတယ်။ကျွန်မတို့တွေဟာလူရယ်လို့ဖြစ်လာရင်တခါတရံမှာစိတ်မရွှင်မပျခြင်းကိုလည်းခံ
စားကြရမှာပါ။လူတွေဘာကြောင့်ဒီလိုဖြစ်တက်ကြတာပါလဲ။စိတ်ထောင်ကိုယ်ကျေသွားလိုပေါ့။
တချို့ကြတော့စီးပွားရေးအဆင်မပြေလို၊အရှုံးပေါ်လို၊ရင်နှီးချစ်ခင်သူတွေဆုံးရှုံးသွားလို့၊မိသားစုအဆင်မပြေလို၊အလုပ်ထုတ်ခံရလို၊စိတ်သွားတိုင်ကိုယ်မပါလို၊ကျန်းမာရေးမကောင်း၊လူရှေ့ထွက်မပြောဆိုရဲလို၊လူရာမ၀င်လို၊မိတ်ဆွေများမခေါ်မပြောစွန့်ပစ်သွားလို၊ဆင်းရဲလို၊ဥာဏ်မကောင်းလို၊ရုပ်မလှ၊ဆွဲဆောင်မှုမရှိလို့အသက်အရွယ်ကြီးလာလို၊ကိုးဗစ်ပိုးကူးစက်ခံရလို၊သံသယရှိလို၊စသည့်နှင့်အခြားသောအ
ကြောင်းအရာတွေနဲ့စိတ်ဓာတ်ကျဆင်းနေကြတဲ့သူတွေကျွန်မတို့အနီးအနားပတ်၀န်းကျင်မှာဒုနဲ့ဒေးရှိနေကြပါတယ်။ယခုလိုအချိန်မှာပိုဆိုးနိုင်ပါတယ်။
သော်တရှင်မိတ်ဆွေများကို - အားပေးချင်တာကတော့ သင့်ရဲ့အတွေးစိတ်ကူး၊အနှောင်အဖွဲ့တွေကိုချိုးဖျက်လိုက်ပါ။ဒါမှလည်းသင့်ခန္ဓာကိုယ်မှအနှောင်အဖွဲ့
များကိုလည်းချိုးဖျက်ပြီးသားဖြစ်သွားပါလိမ့်မယ်လို့-JonathanLivingstoneseagullကဆိုထားပါတယ်။ဆိုလိုတာကတော့မိမိကိုစိတ်ဓာတ်ကျဆင်းစေတဲ့အတွေးတွေ၊စိတ်ကူးတွေအားလုံးကိုရပ်တန့်ကရပ်လိုက်ပါလိုအကြုံပြုထားပါတယ်။ဒါမှသာလျှင်စိတ်
သက်သာရာရရှိသွားမှာဖြစ်လို့ပါ။အချိန်ယူဖို့တော့လိုအပ်ပါလိမ့်မယ်။ဒါအပြင်မိမိဘ၀မှာအောင်မြင်မှုရရှိခဲ့တဲ့အချိန်အခါတွေပြန်သတိရပါ။သူတပါးချီးမွမ်းစကား၊ဂုဏ်ပြုစကား၊ဂုဏ်ပြုခံရတဲ့အခါတွေကို၊ပြန်အမှတ်ရပြီးခွန်အားပြန်ယူပြီးတော့ဒီအချက်တွေနဲ့မိမိရဲ့စိတ်ဓာတ်တွေကိုပြန်ဆွဲတင်စေချင်ပါတယ်။
ဒါမှာလည်းရှေ့ဆက်လျှောက်လမ်းရမဲ့ဘ၀ရှည်ကြီးကိုယုံကြည်ချက်၊မျှော်လင့်ချက်တွေနဲ့ဆက်ပြီး
လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ဒီလိုစိတ်ဓာတ်တွေနဲ့ရှေ့ဆက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
မိတ်တွေများရှင် ဘာအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်စိတ်ဓာတ်ကျဆင်းနေရင်သတိတရား၊အသိတရားလေးနဲ့ပြန်ဆွဲတင်ကြပါနော်။အမှုမဲ့အမှတ်မဲ့မထားလိုက်ပါနဲ့။စိတ်ပိုင်းဆိုင်ရာမထိခိုက်အောင်လည်းသတိထားဆင်ခြင်နေစေချင်ပါတယ်။
သော်တရှင်များရှင် - စိတ်ဓာတ်ကျတဲ့ချိန်မှာယုံကြည်ချက်တွေပျောက်ကွယ်သွားတက်တဲ့အပြင်မျှော်လင့်ချက်တွေလည်းမှေးမှိန်သွားတက်ပါတယ်နော်။ဥပမာ-ပစ္စည်းပျောက်ရင်ပြန်ရှာလိုရတယ်၊ကျသွားရင်ပြန်ကောက်လိုရတယ်။စိတ်ဓာတ်ကျသွားရင်လဲ
ပြန်ဆွဲတင်လိုတော့ရပါတယ်။။အဓိကတော့မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ပါပဲ။မိမိကိုယ်ကိုအားတင်ထားပါ.အားယူပါ။ငါလုပ်နိုင်တယ်၊လုပ်ကိုလုပ်ရမယ်၊ရကိုရရမယ်ဆိုတဲ့မခံခြင်းစိတ်တွေး
လိုက်တာနဲ့တင်အိပ်ယာပေါ်ကနေ၀ုန်းကနဲ့ခုန်းဆင်နိုင်ပါပြီမိတ်ဆွေလူငယ်များရှင်။
ချစ်သောမိတ်ဆွေများရှင်၊စိတ်ဓာတ်ကျစေမဲ့မကောင်းတဲ့အတွေးတွေကိုပယ်ထုပ်ပစ်ပြီးတော့အပြုသဘောဆန်တဲ့ကောင်းမွန်တဲ့အတွေးတွေကိုတွေးနိုင်ကြပါစေ။ကျဆင်းနေတဲ့စိတ်ဓာတ်တွေကိုဒီအတိုင်း
ပစ်မထားလိုက်ပါနဲ့။စိတ်ဓာတ်မြင့်တင်ရေးစာပေဟောပြောပွဲတွေနားထောင်ပါ။စိတ်ဓာတ်မြင့်တင်ရေးစာအုပ်တွေဖတ်ပေးပါ။စိတ်သက်သာရရလာမယ်၊မိမိအတွက်အကျိုးတစ်စုံတစ်ရာရရှိမှာဧကန်ပါ။စိတ်ခွန်အားတွေလည်းရရှိလာမှာဖြစ်ပါတယ်။
သော်တရှင်မိတ်ဆွေများကို အားပေးခြင်းတာကတော့ - လူတိုင်းလူတိုင်းအယောက်စီတိုင်းမှာဘ၀တွေရှိပါတယ်။ကျဆုံးမှုအောင်မြင်မှုတွေလည်းကြုံရမှာဖြစ်ပါတယ်.။အသည်းကွဲဘူးကြမှာပါ။ငိုခဲ့ရတဲ့အချိန်တွေလည်းရှိကြမှာပါ။ဘယ်လိုပဲဖြစ်နေပါစေမိမိတို့
ယုံကြည်ကိုးကွယ်တဲ့ဘုရားရှင်ထံမှကျေးဇူးခွန်အားတောင်းခံပြီးတော့ပြန်ထကြပါ။ကျဆင်းနေတဲ့စိတ်တွေကိုပြန်ဆွဲတင်ကြပါ။ဒါမှမိမိသွားလိုရာပန်းတိုင်ခရီးကိုလျှောက်လိုရမှာပါ။မိမိဘ၀ကိုအကောင်းဆုံးလုပ်ပြလိုက်ကြပါမိတ်ဆွေများတို့။သင့်အတွက်အနက်ဖြန်ကကြိုဆိုနေပါတယ်။
သော်တရှင် လူငယ်မောင်မယ်တို့ဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဆိုတာမမေ့ကြပါနဲ့။ဒါကြောင့်လူငယ်တွေကိုစာသားလေးနဲ့ခွန်အားယူစေခြင်းပါတယ်။ချော်လဲသွားရင်ကိုယ်ကိုကိုယ်ပြန်ထတက်ရမယ်၊ဒဏ်ရာရာရရင်ကိုယ်ကိုကိုယ်ပြန်ကုစားနိုင်ရမယ်၊ဘ၀ဆိုတာရုန်းကန်လိုအောင်မြင်လာတဲ့တောက်ပမှု၊စောင့်စားလိုရရှိလာတဲ့အောင်မြင်မှုမျိုးမရှိပါ။ ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေနဲ့ဆက်လက်ရှင်သန်လုပ်ဆောင်ကြပါစေ။ပန်းတိုင်ဟာမေ၀◌းတော့တနေ့မှာသင့်ကိုကြိုဆိုနေပါတယ်။ ဘ၀ကိုအရှုံးမပေးတက်တဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်များကိုအတုယူကြပါ။ဥပမာ-ကာရိုလီတက်စ်၊မစ်ချဲ၊မတ်ခ်ပိုးလော့၊ဂျက်စီကော့စ်သူတို့ရဲ့ဘ၀အကြောင်းတွေကိုလေ့လာဖတ်ရှုပြီးကျဆင်းနေတဲ့စိတ်တွေကိုပြန်ဆွဲတင်လိုက်ပါ။။မိမိရဲ့စိတ်ဓာတ်ကိုမြှင့်မြှင့်တင်ထားပါ။မြင့်မြင့်ကြံပါလို
လည်းအကြံပြုပါရစေ၊အားပေးပါရစေ။
ဒီတစ်ပတ်အတွက်ဤအကြောင်းအရာလေးကိုဒီတင်အဆုံးသတ်ပါရစေ။အားပေးနားဆင်ကြသူတွေအတွက်လည်းခွန်အားရစရာ၊ဗဟုသုတ၊အသိတရားလေးတစုံတရာရရှိကြပါစေ။ရရှိလိမ့်မယ်လိုလည်း
မျှော်လင့်ပါတယ်။အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေ။မြန်မာပြည်သူပြည်သားများအားလုံးစစ်ဘေးရန်နှင့်ရောဂါကပ်ဘေးဆိုးကြီးမှလည်းအမြန်ဆုံးကျော်လွှာနိုင်ကြပါစေ။ကင်းေ၀◌းကြပါစေလို့ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

2 + 11 =