ကောင်းတဲ့အပြုအမူတွေ ပြုမူဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရစေဖို့ မိဘတွေက ဘယ်လိုသင်ကြားပေးရမလဲ

How can I teach
ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်ေွကို ကောင်းတဲ့အပြုအမူတွေ နည်းဟန်တွေ ပြုမူဆောင် ရွက်တဲ့ အလေ့အကျင့်ကောင်းတွေ ရစေဖို့ မိဘတွေက ဘယ်လိုသင်ကြားပေးမလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
မိဘတိုင်းကတော့ စကားစပြောတတ်စအရွယ်မှာကတည်းက လိမ္မာယဉ်ကျေးတဲ့ သားသမီး လေးဖြစ်လာဖို့ နည်းမျိုးစုံနဲ့ သင်ပေးခဲ့ကြတာပါ။
ဒါပေမယ့်လို့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ခါမှာ တချို့သော ဆယ်ကျော်သက် ကလေးတွေက မိဘက သင်ပေးခဲ့ပေမယ့် ရိုင်းပျတဲ့ အပြုအမူတွေ လုပ်လာကြတယ်။ လူမှုရေးနဲ့ ပတ်သက်တဲ့ ပြုမူရမယ့် အရာတွေကို ဂရုမစိုက်ချင်လာတဲ့ ပုံစံတွေကို တွေ့လာရတယ်။
ဒီလိုဖြစ်လာတာ ဘာဖြစ်လို့လဲ?
မိဘတွေအနေနဲ့ ဆယ်ကျော်သက်သားသမီးရဲ့ အပြောအဆို ပြုမူနေထိုင်ပုံတို့ဟာ မိမိ မိသားစုရဲ့ ပြင်ပလောကမှ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ပြောပြပေးနိုင်ရမယ်။ ဥပမာ- ကိုယ့်ရဲ့အနားမှာ ရိုင်းပျတဲ့သူ ထောက်ထားစာနာမှုမရှိတဲ့သူကို ဘယ်သူကမှ အတူမနေချင်ကြဘူး။ သူငယ်ချင်းမလုပ်ချင်ကြဘူးဆိုတာကို ပြောပြပေးရမှာပေါ့နော်။ ပြီးတော့ အဲဒီလို ရိုင်းပျတဲ့ အပြုအမူ တွေနဲ့ လုပ်ငန်းခွင်ဝင်တဲ့ခါမှာ ကိုယ့်ရဲ့ ဒီပုံစံမျိုးနဲ့ အခြားသူနဲ့အတူ လက်တွဲလုပ်ကြတဲ့ခါမှာ လုပ်ဖော်ကိုင်ဖက် relationship ကို ထိခိုက်စေနိုင်ပါတယ်။
ဒီဆယ်ကျော်သက်တွေကို ကြီးကောင်ဝင်လာတဲ့အရွယ်တွေက သူတို့ကို ကလေးအဖြစ် ဆက်ဆံတာကို သူတို့က မကြိုက်ကြပါဘူး။ ဒီတော့ ကလန်ကဆန်တွေနဲ့ ပြန်လုပ်ရင်း ဆယ်ကျော် သက်ကလေးတွေနဲ့ ကြီးကောင်ဝင်တဲ့အရွယ်တွေနဲ့ ပြဿနာလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်ကို သူ့အသက်အရွယ်နဲ့ သူ့ဦးနှောက်ဖွံ့ဖြိုးလာတာကို ကြီးကောင် ဝင်တဲ့အရွယ်တွေက မြင်တတ်ရမယ်။ မိဘကလည်း ပိုပြီးမြင်တတ်မှ သူတို့နဲ့ ဆက်ဆံရတာ ပြေလည်မှာ ဖြစ်ပါတယ်။ ဒီအရွယ်တွေက မိဘကို ဘာကြောင့် ကလန်ကဆန်လုပ်တာလဲဆိုတဲ့ အဓိက အကြောင်းရင်းက ခုနက အကြောင်းရင်းပါပဲ။
ဆယ်ကျော်သက်ရွယ် သားသမီးတွေက ကြီးကောင်ဝင်လာတော့မှာဖြစ်ဖို့ မိဘတွေက လူမှုရေးပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ မင်္ဂလာဆောင်အခမ်းအနားတွေ အသုဘအခမ်းအနား စတဲ့နေရာတွေ ကို လက်တွဲခေါ်ဆောင်သွားပြီး ဘယ်လိုပြုမူပြောဆိုရမယ် စသဖြင့် လူမှုရေးနယ်ပယ်မှာ အတွေ့ အကြုံရှိအောင် အကျွမ်းတဝင် ဖြစ်လာအောင် သင်ပေးရအုံးမှာပါ။ အဲဒီလို အတွေ့အကြုံတွေ မရှိခဲ့ ရင် မလုံမလဲတွေဖြစ်ပြီး ကို့ယို့ကားယားတွေ ဖြစ်နိုင်ပါတယ်။ မိဘက သင်ပေးထားပြီးပေမယ့်လည်း နောက်ထပ်ခါထပ်ခါ ပြောပြသတိပေးရအုံးမှာပါ။
မိမိသားသမီးက ကောင်းတဲ့ အပြုအမူတွေ ပြုမူတယ်ဆိုရင် မိဘက အခြားသူတွေရှေ့မှ မဟုတ်ဘဲ ကောင်းတဲ့ comment လေးတွေ ပြောပေးရပါအုံးမယ်။ ချီးမွမ်းပေးရအုံးမယ်။
ရိုင်းပျတဲ့ အပြုအမူတွေ ကတိဖျက်တာ ယဉ်ကျေးရည်မွန်မှုမရှိတာတွေကို ထောက်ပြပြီး ချက်ချင်း နားလည်အောင် ရှင်းပြပေးနိုင်ရမယ်။
အခုလို သင်ပေးထောက်ပြပေးတဲ့ မိဘကိုယ်တိုင်ကလည်း ယဉ်ကျေးပျူငှာတဲ့ အပြုအမူတွေ နဲ့ သားသမီးက စံနမူနာယူထိုက်လောက်တဲ့သူဖြစ်ဖို့ လိုပါတယ်။
ဥပမာ-ဆယ်ကျော်သက် သားသမီးကို စားသောက်ဆိုင်မှာ အတူတကွ စားသောက်ရင်း စားပွဲတို့ကို ဘယ်လို ဆက်ဆံရတယ်။ Shopping center မှာ ဘယ်လိုရွေးချယ်ဝယ်ယူရမယ် လူအများကြားမှာ မိမိဆက်ဆံရတဲ့သူက ဘယ်လောက်ပဲ ရိုင်းပျနေပါစေ။ မိမိက ယဉ်ကျေးရည်မွန်တဲ့ သူအဖြစ် နေရမယ်။ ဆက်ဆံတတ်ရမယ်။ စတာတွေကို သင်ပေးရအုံးမှာပါ။
မိဘက မျှော်လင့်တဲ့ အပြုအမူမျိုးကို ဒီဆယ်ကျော်သက်ကလေးကို ရှင်းလင်းအောင် လမ်းညွှန်ပေးနိုင်ရမှာ ဖြစ်သလို တချို့သော အပြုအမူတွေကိုလည်း မျက်ကွယ်ပြုပြီး သတိပေးတာ လောက်နဲ့ ကုန်ဆုံးပျောက်ကွယ်ပစ်လိုက်နိုင်ဖို့လည်း အရေးကြီးလှပါတယ်။
မိဘတိုင်းကတော့ မိမိတို့ ဆုံးမတာတွေအတွက် နောက်တချို့ရလဒ်ကောင်းရဖို့ မျှော်လင့်ကြ တာချည်းပါပဲ။ တချို့ပြုမူတာတွေက ဆိုးကျိုးဖြစ်ခဲ့လို့ ပြီးသွားပေမယ့် မိဘကတော့ သတိပေးနေရ အုံးမှာပါ။ တခုပဲ။ ဒီမှားတဲ့ အပြုအမူအတွက် ညှင်းပန်းနှိပ်စက်တာတို့တော့ မပြုလုပ်သင့်ပါဘူး။
ဒါကြောင့်မို့ ဒီဆယ်ကျော်သက်တွေဟာ လူမှုဝန်းကျင်နဲ့ ပတ်သက်နေတဲ့ အပြုအမူကောင်း တွေကို ရွေးချယ်ရမယ်ဆိုတဲ့ တာဝန်ဆိုတာ သိနေရမှာ ဖြစ်သလို၊ ဒီလိုပြုမူရင် ရလဒ်ကောင်းတွေရ မယ်။ ဒီရလဒ်ကလည်း သူတို့ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါပဲ။ သူ့ရဲ့ အကျင့်စာရိတ္တဟာလည်း သူ့ရဲ့ သမိုင်းပါပဲဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါရစေ။

Add new comment

11 + 9 =