ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မှာလဲ

 ဒီနေ့မှာ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး parenting style အကြောင်းကို တင်ပြပေးချင်ပါတယ်။

          မိဘတွေအနေနဲ့ ကလေးသူငယ်များတွေကို ဘယ်လိုစောင့်ရှောက်သင့်သလဲ?

          အရမ်းချုပ်ခြယ်ရင် ကောင်းမလား?

          အရမ်းလွတ်လပ်ခွင့်ပေးရင်ကောင်းမလား?

          အရမ်းဂရုစိုက်လွန်းရင်ကော ကောင်းမလား?

          ဘယ်လိုပုံစံမျိုးနဲ့ ပြုစုပျိုးထောင်သင့်သလဲ?

          ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုအရကော ကလေးရဲ့ life ကဘယ်လိုရှိသလဲ? ဒါဆိုရင် မိဘကကော ဘယ်လိုပြုစုပျိုးထောင်မလဲ?

          အခုချုပ်ခြယ်ပြီးတော့ ပျိုးထောင်ရင်ကော၊ ချယ်ခြယ်တယ်ဆိုတာက ဟိုဟာမလုပ်နဲ့၊ ဒါမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဒါမစားနဲ့၊ ဘာကို လုပ်ရမယ်။ ကျောင်းသွားပြီး ပြန်လာရင် ဘာတွေလုပ်ရမယ်။ မဖြစ်မနေခိုင်းတာ ဒါတွေက ချုပ်ခြယ်တဲ့အထဲမှာ ပါပါမယ်။

          လွှမ်းမိုးပြီး ပြုစုပျိုးထောင်ရင်ကော-

          လွှမ်းမိုးတယ်ဆိုတာက သြဇာသက်ရောက်တာ ဖြစ်တဲ့အတွက် မြင်သာတဲ့အပိုင်းလဲပါမယ်။ မမြင်သာတဲ့အပိုင်းလဲပါမယ်။ ဒီသြဇာသက်ရောက်တဲ့အတွက် စိတ်ပိုင်းကိုပါ ချုပ်ကိုင်တာဖြစ်တယ်။ မိဘအနားမှာ မရှိပေမဲ့ကြောက်နေတာမျိုး၊ မိဘအနေနဲ့ ကောင်းစေချင်လို့ ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုပေမဲ့ သားသမီးဘက်ကကျတော့ ချုပ်ခြယ်တယ်လို့ မြင်သွားတတ်တယ်။ ဒီတော့ ဆန့်ကျင်ဘက်ဖြစ်သွားရောပေါ့။ တော်တော်များများ သားသမီးတွေမှာ ဒီလိုအတွေးတွေရှိကြပါတယ်။

          ဒါကြောင့်မို့နှစ်ဘက်အမြင်ကို သွားမှ အဆင်ပြေနိုင်မှာပါ။ သားသမီးဘက်ကလည်း ငါ့မိဘက ငါ့ကို ချုပ်ခြယ်တာမဟုတ်ဘူး။ ကာကွယ်စောင့်ရှောက်ပေးနေတာလို့မြင်ရင် အဆင်ပြေသွားမှာပါ။ ချုပ်ခြယ်ခံရတဲ့ကလေးနဲ့ ချုပ်ခြယ်မခံရတဲ့ကလေးတွေရဲ့ ကိုယ်ရည် ကိုယ်သွေးတွေက မတူဘူးဆိုတာ ကြီးလာရင် ရလာဒ်က မတူဘူးဆိုတာ သိသာလာပါပြီ

          ချုပ်ခြယ်ခံရတဲ့ကလေးက ကြီးလာရင် ကိုယ်ကိုယ်တိုင် ခေါင်းဆောင်ပြီး မဆုံးဖြတ်တတ်ဘူး။ ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်နည်းသွား တယ်။ နောက်တခုက တီထွင်ဖန်တီးချင်တဲ့ စိတ်တွေလျော့နည်းသွားတယ်။

          မိဘက ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ တားမြစ်ခံရတဲ့ ကလေးဟာ ငယ်ငယ်တုန်းကလည်း လိုအင်ဆန္ဒမပြည့်ဝခဲ့ဘူး။ ကြီးလာ တဲ့အခါကျတော့လည်း သူလိုချင်တာ သူလုပ်ချင်တာတွေကို မလုပ်ခဲ့ရတဲ့အတွက် သူ့ပတ်ဝန်းကျင်ကို မကောင်းမြင်တတ်တယ်။ ရန်လိုတတ်တယ်။

          လိုအင်ဆန္ဒပြည့်ဝတဲ့ ကလေးနဲ့ မပြည့်ဝခဲ့တဲ့ကလေး နှိုင်းယှဉ်ရင်သိသာတယ်။ ကွာတယ်။

          နောက်တချို့ မိဘတွေကျတော့ သားသမီးကို စိုးရိမ်လွန်ပြီး တအားထိန်းသိမ်း(control) တဲ့အခါကျတော့ ကလေးက ရှက်တတ် တယ်။ ဘယ်နေရာမဆို မသွားရဲဘူး။ မပြောရဲဘူး။ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ပဲ ခံစားနေတတ်တယ်။ ငါပြောတာ ငါလုပ်တာ မှားသွားသလား။ ဘယ်သူကများ ငါ့ကို အပြစ်ပြောမှာလဲ။  ကိုယ်ကိုယ်ကို ယုံကြည်မှုတွေ လျော့တဲ့ ကလေးဖြစ်လာပါတယ်။

          ဒါကြောင့်မို့ မိဘရဲ့ စံနှုန်းကိုလည်း သုံးသပ်သင့်ပါတယ်။ ကလေးရဲ့ Reward Plan က မှီနိုင်သလား။ မမှီနိုင်ဘူးလား ကြည့်ရပါ မယ်။ ကလေးရဲ့စကားကို နားထောင်ပေးပါ။ ကလေးနဲ့မိဘ တိုင်ပင်တာဟာ အကောင်းဆုံးပါပဲလို့ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

2 + 1 =