ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့

Mature
ဒီနေ့မှာ ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့ မိဘတွေက coach နည်းပြအဖြစ် လုပ်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြ ပေးချင်ပါတယ်။
မိဘတွေက ဘယ်လို coach နည်းပြလုပ်ပေးမှာလဲ။ မိဘတိုင်းကတော့ မိမိသားသမီး အတန်း ပညာတွေ စာပေတွေ တတ်ဖို့ ကျန်းကျန်းမာမာရှိဖို့ အဓိကထားပြီး လုပ်ဆောင်ကြသလို ကလေးတစ် ယောက် သူကျင်လည်ရတဲ့ လူမှုဝန်းကျင်မှာ ရင့်ကျက်မှုတွေရှိဖို့လည်း တာဝန်တစ်ခုလို နည်းပြလုပ် ပေးရပါအုံးမယ်။ ဒါမှ ကလေးက သူ့ဝန်းကျင်မှာ မိမိစိတ်ကို ထိန်းချုပ်တတ်တဲ့သူ၊ ရင့်ကျက်တဲ့သူ အဖြစ် နေတတ်လာပြီး သူ့ပတ်ဝန်းကျင်ရဲ့ လေးစားမှုကို ခံရမှာဖြစ်သလို တဖြည်းဖြည်းနဲ့ ထိပ်ဆုံး ကို ရောက်သွားဖို့ သေချာပါတယ်။
များသောအားဖြင့် တချို့ မိဘတွေက မိမိကလေးဘဝမှာ ရင်ဆိုင်တတ်ဖို့ ရင့်ကျက်လာဖို့ အတွက် ဖြည့်ဆည်းပေးရတာဟာ သင့်တော်တဲ့ အလုပ်ဆိုတာ သိပေမယ့် စိတ်မရှည်ကြဘူး။ လုံ့လ စိုက်ထုတ်ဖို့ အားနည်းတဲ့အတွက် မိဘရဲ့ နည်းပေးလမ်းပြတွေကို တွန့်ဆုတ်သွားပြီး အလျင် အမြန်ပဲ။ တဖက်နားက ဝင်ပြီး ကျန်တဖက်ကနေ ပြန်ထွက်သွားသလို ဖြစ်သွားပါတယ်။
ဒါကြောင့် သားသမီးတစ်ယောက် ရင့်ကျက်လာဖို့အတွက် မိဘက စိတ်ရှည်တဲ့ ကျွမ်းကျင်တဲ့ နည်းပြတစ်ယောက်ဖြစ်ဖို့ အရေးကြီးလှပါတယ်။ မိမိကလေး တွေးခေါ်မှုလမ်းကြောင်းက သွေဖယ် သွားတာနဲ့ တပြိုင်နက် ချက်ချင်းထောက်ပြရမယ်။ သူတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကိုလည်း သဘော ပေါက်ရမယ်။ ပြီးတော့ သားသမီးရဲ့ တုန့်ပြန်မှုမှားသွားရင်လည်း နားလည်ပေးပြီး ခွင့်လွှတ်ပေးနိုင်ရ ပါမယ်။ ဒီလိုအဖြစ်တွေမှာ သားသမီးရဲ့ Self control က လွှတ်ချလိုက်နိုင်သလို မိဘကလည်း သူ့ self control ကို မထိန်းနိုင်တဲ့ ကာလဖြစ်တတ်ပါတယ်။ မိဘလိုချင်တဲ့ လမ်းကြောင်းကနေ သွေဖယ် သွားနိုင်တာမို့ အင်မတန် သတိကြီးကြီးထားရပါမယ်။
ဒီလိုချိန်မှာ မိဘက သားသမီးရဲ့ အရင်ချိန်က ရင်ဆိုင်လို့ အောင်မြင်ခဲ့တာတွေကို ပြန်ပြောင်း ပြီး ချီးမွမ်းပေးနိုင်ရမယ်။ တပြိုင်နက်ထဲ မိမိကလေးကို ငါက ဘဝရဲ့ အဆိုးအကောင်း ဒီလိုတွေ တွေ့ကြုံရရင်ဆိုင်ရတတ်တယ်ဆိုတာကို ညွှန်ပြပြောပြ coach လုပ်ပေးရပါအုံးမယ်။
မိဘကနေ ခုလို အတိုချုပ်ပေးပေါ့နော်။ ဥပမာ- အဖေကတော့ဖြင့် သားရဲ့ စိန်ခေါ်မှုမှာ အောင်မြင်အောင် လုပ်ပေးခဲ့ပြီး (ဝါ) သားက ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် အမေက သားစိတ်ကို တည်ငြိမ်အောင် လုပ်ပေးတယ်။ နောက်တစ်ကြိမ် ဒီလို စိမ်ခေါ်မှုတွေကြုံခဲ့ရင် သားက ရင်ဆိုင်ကျော်လွှားသွားနိုင်တော့မှာ။ အဲဒီလိုစတာတွေ ကမ်းလှမ်းပေးနိုင်ပါတယ်။
တခါတလေကျတော့ သားသမီးက သူရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကို မိဘဆီကို ဖွင့်ဟပြောလာ တဲ့ခါ သားသမီးမှ မိဘ ဆွေးနွေးမှုတွေ ကြိမ်ဖန်များစွာ လုပ်ရသလို မိဘနဲ့ သားသမီးကြား တံခါး တစ်ချပ်ဖွင့်ချလိုက်သလို ဖြစ်စေပါတယ်။ ဒါကို မိဘက စိတ်ရှည်စွာနဲ့ နားလည်ပေး ဆွေးနွေးပေးရ မှာပါ။ မိဘက စိတ်မရှည်ဘဲ ဒေါသတွေ အပြစ်တွေပဲ တင်နေရင်တော့ မိဘနဲ့ သားသမီးကြား တံခါ က လုံးဝပိတ်သွားမှာမို့ အင်မတန်မှ အရေးကြီးလှပါတယ်။
မိဘတွေရဲ့ Coach လုပ်တဲ့နည်းတချို့မှားတာကို သိရင် ပြန်ပြီး ပြောင်းလဲသင့်ရင် ပြောင်းလဲ ရအုံးမယ်။ တရားသေကြီးလည်း coach လုပ်လို့ မရပြန်ဘူး။ ဒီနေ့ခေတ် သားသမီးက လက်ခံချင်မှ လက်ခံမှာဆိုတာ မိဘတွေ သိထားရပါအုံးမယ်။ ဒါတွေကလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်နော်။
တခါတလေကျတော့လည်း သားသမီးကို အပြစ်မတင်ဘဲ သားကို အဖေ အရင်တခါတုန်းက အဲဒီလို ဖြေရှင်းဖို့ ပြောခဲ့တယ်လေ။ သားက ဂရုစိုက်တာ နည်းသွားလို့။ စကားကို ဂရုတစိုက် အေးအေးဆေးဆေးပဲ ပြောဖို့ သင့်ပါတယ်။ မိဘက မှန်တဲ့စကားကို ပြောပေမယ့် ကြမ်းကြမ်းတမ်း တမ်းပြောခဲ့ရင် လုံးဝလက်မခံတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် မိဘက ဉာဏ်အမြော်အမြင်ရှိရှိနဲ့ မိမိရဲ့ ဒီပုံစံ ဒီလမ်းကြောင်းကို ပြန်ဆန်းစစ်ပြီး နောက်တစ်နည်းပြောင်းချင်လဲ ပြောင်းပြီး ထောက်ပြ ညွှန်ပြ အနီးကပ် ပြောပြပြီး သားသမီးက လက်ခံ/မခံ ဆိုတာကိုတော့ သတိထားရပါမယ်။ သားသမီးက အရင်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကို ပြန်ပြောင်းပြောရင်လည်း စိတ်ရှည်ရှည် နားထောင်ပေးပြီး comment လေးတွေနဲ့ ချက်ကျကျ ထိုက်တန်တဲ့ စကားမျိုး ပြောရတော့မှာပါ။
ကျွန်မ တင်ပါတယ်။ ဒီလို idea လေးတွေနဲ့ကတော့ မိဘတွေအတွက် အပြုသဘောဆောင် တဲ့ coaching methods လေးတွေ ဖြစ်ပြီး၊ အထောက်အကူအများကြီး ရလိမ့်မယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါရစေ။

Add new comment

3 + 8 =