ကလေးငယ်လေးတွေ တိုးတက်ဖို့ အတွက် ရုပ်ပြကာတွန်းတွေရဲ့ အခန်း ကဏ္ဍက အရေးပါအရာရောက်တယ်ဆိုတဲ့ အကြောင်း

Cartoons

            ဒီနေ့မှာ ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ပြကာတွန်းတွေရဲ့ အခန်း ကဏ္ဍက အရေးပါအရာရောက်တယ်ဆိုတဲ့ အကြောင်း နည်းနည်းတင်ပြပေးချင်ပါတယ်။

            ကလေးငယ်လေးတွေဆိုတော့ အသက် ၂ နှစ် ခုနှစ်အရွယ်တွေကို ဆိုလိုတာပါ။

            သက်ရှိသတ္တ္လဝါတိုင်းကတော့ အာရုံငါးပါးရဲ့ ခံစားမှုတွေရဲ့ မိမိဖာသာ သင်ယူပြီး ဉာဏ်စွမ်း တွေ ရုပ်ပိုင်းဆိုင်ရာတွေက အလိုအလျောက် တိုးတက်ကတာပါ။ အနံ့ရတာ၊ အရသာခံစားတာနဲ့ အမြင်အာရုံတို့ဟာ ကမ္ဘာကြီးကို ပြူတင်းပေါက်သဖွယ် ပွင့်သွားပြီး ဖွင့်ပေးလိုက်သလို သိမြင်နား လည်သွားစေပါတယ်။

            ဒီနေ့မှာ ကလေးငယ်လေးတွေရဲ့ မြင်နိုင်တဲ့ စွမ်းအားနဲ့ ကမ္ဘာကြီးကို  focus လုပ်ရင် ကလေး ငယ်လေးတွေအတွက် ဘယ်လိုအရာတွေ အကျိုးကျေးဇူးတွေ ရယူနိုင်မလဲ။

            ရုပ်ပြကာတွန်းတွေရဲ့ အရောင်စုံ ကာလာစုံတွေရဲ့ ရေးချယ်ထားတာတွေက အသက်ဝင်တဲ့ ကာတွန်းရုပ်ပုံတွေအဖြစ် မြင်ရတဲ့အခါမှာ တမူထူးခြားတဲ့ အဓိပ္ပာယ်တွေ ဖော်ဆောင်တဲ့အတွက် ဒီ 1½ နှစ်၊ 2နှစ်၊ 3နှစ် ကလေးငယ်လေးတွေဟာ ကြည့်ချင်စိတ်တွေ သိချင်တဲ့ဆန္ဒတွေ ဖြစ်လာပြီး ဒီရုပ်ပြကာတွန်းကနေ ကမ္ဘာကြီးရဲ့ ကလေးငယ်ကို communicate လုပ်လိုက်သလို ဖြစ်သွားစေပါ တယ်။ အဲဒီတော့  ဒီရုပ်ပြရဲ့ အရောင်အသွေးတွေက အပြင်ပန်းအနေနဲ့ ကလေးငယ်တွေရဲ့ emotion ကြွရွသွားစေတယ်။ ပြီးတော့ သူတို့က အရောင်တွေကို သိမြင်လာတယ်။ နားလည်လာတယ်။ ကြည့်တတ်လာတယ်။ ပြီးတော့ မှတ်တတ်လာပါတယ်။ ဒီအရောင်တွေနဲ့ တပါတည်းပါလာတဲ့ ပုံပြင် တို့ ကာတွန်းတို့ကို သူတို့စိတ်ကြိုက် ရွေးတတ်လာပါတော့တယ်။ အဲဒီတော့ ဒီရုပ်ပြကာတွန်းကနေ ပေးတဲ့ message တွေကို ကလေးငယ်တွေ ရသွားစေပါတယ်။

            ကလေးငယ်လေးတွေရဲ့အာရုံကို ဒီကာတွန်းရုပ်ပြတွေက ဖမ်းစားလိုက်တာပါပဲ။ လောက ကြီးအကြောင်း ဘာမှမသိသေးခင်မှာ ဒီရုပ်ပုံတွေက စကားလုံးတွေထက် ပိုထိရောက်လာတယ်။ ရှင်းပြပေးနေသလို ဖြစ်သွားပါတော့တယ်။ ဒီရုပ်ပြတွေကနေ ကလေးငယ်လေးတွေအတွက် ဗဟု သုတ ပေါင်းများစွာကို သင်ပြပေးသွားနိုင်တယ်ဆိုတာ လူအများ လက်ခံလာကြပါတယ်။

            ဒဏ္ဍာရီပုံပြင်တွေရဲ့ ရုပ်ပြကာတွန်းတွေကနေ ကလေးငယ်လေးတွေရဲ့ စိတ်ကို ရှိုးတိုး ရှန်းတန့် ဖြစ်စေတယ်။ ပြီးတော့ ဒီပုံပြင်တွေကနေ စွမ်းရည်တွေရှိအောင် သင်ပေးတယ်။ အမှား အမှန်ကို ကွဲပြားခြားနားသိအောင် သင်ပေးတယ်။

            ဒီပုံပြင်တွေကနေ ဘဝမှာ အခက်အခဲကို ဖြေရှင်းတတ်အောင် အခက်အခဲကို အဖြေရှာတတ် ဖို့ စိတ်ထဲမှာ ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

            ဥပမာ-မိဘမဲ့ ပုံပြင်မျိုးတွေ မိခင်မရှိတဲ့ ပုံပြင်တွေ နားထောင်ရတဲ့အခါမှာ မိဘ၊ မိခင် မရှိရင် ဘယ်လိုညှင်းဆဲခံရတယ်။ ဘယ်လိုခက်ခဲတဲ့ဘဝကို ရင်ဆိုင်ရတယ်ဆိုတာကို ပုံပြင်ကနေ ပြောပြ နေတော့ သားသမီးက မိဘကို ဘယ်လိုတန်ဖိုးထားရမယ်။ မိဘရဲ့ အထောက်အပံ့က မရှိခဲ့ရင် အောင်မြင်မှုရဖို့ဆိုတာ မလွယ်ဘူး။ ငယ်ငယ်ကတည်းက မိဘရဲ့ တန်ဖိုးကို သိလာပါတယ်။ ကျယ် ပြန့်တဲ့ အတွေးလေးတွေ တွေးတတ်လာတယ်။ ခန္ဓာကိုယ်ရော စိတ်ဓာတ်ရေးရာပါ အဓိပ္ပာယ်ရှိတဲ့ ကလေးတစ်ယောက်အဖြစ် သူတို့ရဲ့ အစောဆုံးကာလမှာ ကြီးထွားဖွံ့ဖြိုးလာပါတော့တယ်။ ဒီတော့ သူတို့ရဲ့ ဥ ဏ်စွမ်းကိုလည်း trained လုပ်ပေးသလို ဦးနှောက်ကိုပါ ဖွင့်ပေးတဲ့ သဘောတွေးတတ်လာ တယ်။ ခံစားတတ်လာတယ်။ နားလည်လာတယ်။ ကမ္ဘာကြီးပေါ်မှာ သူဘယ်လိုနေရမယ်ဆိုတာပါ သိလာပါတယ်။

            အခုခါမှာ animation တွေနဲ့ media ကဏ္ဍကလည်း ရှိနေပါပြီ။

            အဲဒီတော့ ကာတွန်းရုပ်ပြပဲဖြစ်ဖြစ် the power of animation ပဲဖြစ်ဖြစ် story telling ပဲ ဖြစ်ဖြစ် ကလေးငယ်လေးတွေအတွက် meaningful messages အဓိပ္ပာယ်ရှိတဲ့ message တွေကိုပဲ သယ်ပိုးဆောင်ရွက်ပေးကြတာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါရစေ။

 

တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်

တည်းဖြတ် - ပေါလ်

Photos Credit : Google Images

#Family #rvapastoralcare #Cartoons #Child

 

Add new comment

14 + 1 =