ကလေးငယ်လေးတွေရဲ့ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ဉာဏ်ရည်တွေ တိုးမြင့် လာအောင် မိဘတွေ ဘယ်လိုတည်ဆောက်ယူကြမလဲ

Raise

            ဒီနေ့မှာ ကလေးငယ်လေးတွေရဲ့ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးမြင့် လာအောင် မိဘတွေ ဘယ်လိုတည်ဆောက်ယူကြမလဲဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

            ကမ္ဘာမှာရှိတဲ့ office of national statistics မှာ ကလေးလေးယောက်မှာ တစ်ယောက်နှုန်း စိုးရိမ်ကြောင့်ကြမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ stress ကြောင့် စိတ်ကျကြ၊ dipression စိတ်ဖိစည်း မှုတွေကို အရွယ်မရောက်ခင်မှာ ခံစားကြရတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ကလေးဆယ်ယောက် မှာ တစ်ယောက်က စိတ်ကျန်းမာရေးမှာ စိတ်ကစဉ့်ကလျားဖြစ်တယ်လို့ စမ်းသပ်တွေ့ရှိချက်တွေက ဆိုထားပါတယ်။

အဲဒီလို ကလေးက ဘာဖြစ်လို့ ဖြစ်ရသလဲဆိုတော့ မိဘအုပ်ထိန်းသူက သူ့ရဲ့ ကလေးအပေါ် အပြင်ပန်းအမြင်နဲ့ လိုလေးသေးမရှိအောင် ပေးထားပေမယ့် ကလေးရဲ့ mental health ကိုတော့ ဂရု တစိုက်စောင့်ရှောက်ကြည့်ရှုတာကို မမြင်ကြဘဲ ရှိနေကြတယ်။

ဒါတွေက လူမျိုးရေးကြောင့် နောက်ခံ background တွေ မကောင်းလို့ မဟုတ်ပါဘူး။

            ကလေးတစ်ယောက်ရဲ့ တောင်းဆိုချက်တွေက သူ့မျက်နှာမှာ ပေါ်နေတာကို မသိမြင်နိုင်ပါ။

            ဥပမာ-လေးနှစ်အရွယ် ကလေးက သူ့ဖာသာ အိမ်ဆောက်တမ်းကစားနေတယ်ဆိုပါစို့။ ဒီအိမ်ကလေးက ကြိုးစားပြီး ဆောက်လို့ပြီးသွားတဲ့ အချိန်မှာ တခြားကလေးတစ်ယောက်က လာပြီး ဖျက်ဆီးလိုက်လို့ ပျက်စီးသွားတော့ ဒီကလေးရဲ့ ရင်ထဲ ဘယ်လိုဖြစ်နေမလဲ။ မိမိဆောက်ထားတာ အလဟဿ ဖြစ်သွားပြီလို့ ခံစားရမယ်။ အထိတ်တလန့်လဲ ဖြစ်မှာ မလွဲဘူး။ ဒေါသဖြစ်နေမလား။ စိတ်မကောင်းဖြစ်နေမလား။

            ဒီလိုဖြစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ အကို (သို့) အမကြီးက လာမေးရင် ခံစားချက်ကို နာနာ ကြင်ကြင်နဲ့ ပြောမိမှာ အမှန်ပဲ။ ငိုချင်လည်း ငိုနေအုံးမှာပဲ။ ဒါကို ဒီအကို (ဝါ) အမက ကလေးနဲ့ ဒီ အဖြစ်အပျက်ကို မတွေးဘဲ not trying to fix မလုပ်ဘဲ ဘာဖြစ်လို့ ငိုနေတာလဲ။ တချက်လောက် အရိုက်ခံချင်ခံအုံးမယ်။ သွား ဟိုထောင့်မှာ သွားထိုင်နေ။ အခန်းထဲမှာ သွားနေ။ အဲဒီလို ပြောမှာပါပဲ။ ဒီတော့ power loss ဖြစ်တဲ့အချိန် ကလေးရဲ့အတွင်းစိတ်မှာ စိတ်ဓာတ်ရေးရာ စိတ်ညစ်မှုတွေ ရှိသွား ပြီ။ ဒီလိုဖြစ်စဉ်တွေက ကမ္ဘာပေါ်မှာ အသက်တစ်နှစ်ကနေ ရှစ်နှစ်ထိ ပိုပြီး တိုးလာနေတယ်လို့ ဆိုထားပါတယ်။

            ဒီခံစားချက်တွေက ကလေးရဲ့ ရင်ထဲမှာ ကျန်ခဲ့ပြီး အရွယ်ရောက်လာတဲ့အခါမှာ ဒီခံစားချက် တွေက ပြန်ပေါ်လာပြီး သူတပါးကို ရန်မူတတ်လာတယ်။ သူလုပ်ချင်တာတွေ လုပ်တယ်။ ဆိုးသွမ်းတဲ့ ကလေးတစ်ယောက် ပြဿနာရှာတဲ့ ကလေးတစ်ယောက် ကြီးနိုင်ငယ်ညှင်းဆဲ လုပ်တတ်လာတယ်။ ကြမ်းတမ်းတဲ့ အတွေးတွေ တွေ့တတ်လာတယ်။ အကျပ်အတည်းတွေနဲ့ ပတ်သက်တဲ့ အတွေးတွေ အကြမ်းဖက်တဲ့ ကလေးတစ်ယောက်အဖြစ် မြင်တွေ့လာရပါတယ်။

            ဒီမိခင်က အခုလို ဆိုထားပါသေးတယ်။ သူ့မှာ သားသမီးသုံးယောက်ရှိတယ်။ သူ ထမင်း ဟင်းချက်နေတဲ့ချိန်မှာ သမီးအငယ်က ငိုမဲ့မဲ့မျက်နှာ အမေ့နားလာပြီး သူပြောစရာရှိတယ်လို့ ဆိုတယ်။ သူ ဘာကို မကျေနပ်တာလဲ။ ဒီမိခင်က မသိဘူး။ ဒါပေမယ့် အမေ မအားသေးလို့။ ထမင်း ဟင်းချက်ပြီးရင် သမီးနဲ့ စကားလာပြောမယ်။ စောင့်နေလို့ ပြောလိုက်တယ်။ သူ ချက်ပြုတ်ပြီး သမီး ဆီသွားတဲ့အခါမှာ သမီးအနားကနေ သမီးအကြီးက တွက်လာတာကို သူတွေ့တယ်။ သမီးအငယ် ကလည်း ခုနကလို မျက်နှာ မဟုတ်တော့ဘူး။ ပြောင်းသွားတာကို တွေ့ရတယ်။

            ဒါနဲ့ သမီးကြီးကို ညီမလေးကို ဘာတွေ ပြောလိုက်တာလဲလို့ မေးတော့။ အမေ သမီးကို ပြော ပြလိုက်တာလဲလို့ မေးတော့ အမေ သမီးကို ပြောပြသလို သမီးလည်း ညီမလေးကို အဲဒီအတိုင်း ပြော ပြခဲ့တယ်လို့ ပြောတယ်။ ma ma. I just did to her. What you did for me.

            ကလေးဆိုတာ သူတို့မမြင်နိုင်တဲ့ မသိတဲ့ အရာကို အတင်းသွားမလုပ်ပေးဖို့ မိမိသားသမီး သူတပါးအပေါ် စာနာမှုရှိတဲ့ ကလေး မေတ္တာတရားရှိတဲ့ ကလေးဖြစ်ချင်ရင် မိဘကိုယ်တိုင်က အခြား သူကို ကြင်နာမှု အရိုအသေပေးမှုတွေနဲ့ ပြုမူဆက်ဆံပြရင် သူတို့လည်း အဲဒီအတိုင်း ပြုမူဆက်ဆံ တတ်လာမှာပါ။ နောက်ပြီး မိဘတွေရဲ့ ပြုမူနေတိုင်း ဆက်ဆံပုံတွေက ငယ်စဉ်က နေထိုင်ပုံကို ပြန်ဖွင့်ချလိုက်တဲ့ သဘောပဲ။ ငယ်ဘဝရဲ့ ပုံရိပ်က ထင်ဟပ်တာလို့ ဆိုခဲ့ပါတယ်။ သားသမီးကို ထောက်ပံပေးမယ်။ အားပေးအားမြှောက် ပြုလုပ်ပေးမယ်။ သူတို့ရင်ဖွင့်လာတဲ့ စကားကို အကြင်နာ မေတ္တာနဲ့ နားထောင်ပေးမယ်။ သူတို့ဘာတွေလိုအပ်နေတာလဲ နားလည်ပေးမယ်။ ဒါတွေက loving limits bounding ပဲ ဖြစ်ပါတယ်။ There is always a reason behind the behavior လို့ဆိုကြပါတယ်။

            မိဘတွေအနေနဲ့ သားသမီးလေးတွေကို သူတို့ရဲ့ စိတ်ခံစားချက် လွတ်လပ်မှုပေးမယ်။ ဘဝလုံခြုံမှုပေးမယ်။ Free of judgment and critism နဲ့ သူတို့ကို treat လုပ်ပေးမယ်။ အကြင်နာ တရားနဲ့ အရိုအသေပေးမှုတွေနဲ့ ဆက်ဆံပေးမယ်။ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ သင်ပေးခဲ့မယ်ဆိုရင် သူတို့ကလည်း သူတို့ပတ်ဝန်းကျင်ကို မေတ္တာတွေ ပေးတတ်လာမယ်။ ကိုယ်ချင်းစာနာတဲ့ အပြုအမူတွေ လုပ်တတ်လာမယ်။

            မိဘအနေနဲ့ ဒါတွေ failure ဖြစ်ခဲ့ရင်တော့ ပြန်သတိရပါ။ ပြန်တွေးကြည့်ပါဆိုတာကို တင်ပြရင်း sharring ပေးရင်းနိဂုံးချုပ်ပါရစေ။

Add new comment

1 + 18 =