ကလေးငယ်ဘဝရဲ့ အစောဆုံး ပညာရေး

Earliest Education

ဒီနေ့မှာ ကလေးငယ်ဘဝရဲ့ အစောဆုံး ပညာရေးအကြောင်း မျှဝေပေးချင်ပါတယ်။

အစောဆုံးဆိုတာက မွေးဖွားစကနေ အသက်ရှစ်နှစ်ထိကို ဆိုလိုတာပါ။ အဲဒီအချိန်ကနေ စပြီးတော့ တဖြည်းဖြည်း ပြောင်းလဲမှုတွေက အဆင့်လိုက်၊ အစီအရီ လူသားတယောက်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့တာပါ။

ဒီမွေးဖွားစကနေ အသက်ရှစ်နှစ်ထိက ဘာဖြစ်လို့ အရေးကြီးဆုံးနှစ်တွေဖြစ်လဲဆိုတော့ ဖွံ့ဖြိုးဆဲအချိန်ကာလဖြစ်လို့ပါပဲ။ ကလေးငယ်လေးတွေရဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ဖို့ ပုံစံဆွဲပြီး ပံ့ပိုးပေးနိုင်တဲ့အချိန်ကာလလဲ ဖြစ်တယ်။ မိဘက လိုသလို ပန်းပုရုပ်လို ထုဆစ်လို့ ရတဲ့အချိန်ပါပဲ။

ဒီကာလမှာ ကလေးငယ်လေးတွေ ဦးနှောက်ဖွံ့ဖြိုးတိုးတက်လာပြီး ကလေးဘဝ ပြေးလွှား လှုပ်ရှားတာ။ ကစားတာတို့ကနေ သူတို့ကို သင်ယူစေပါတယ်။

            ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်မှာ ဒီအစောဆုံး ရှစ်နှစ်အသက်တာမှာ လူသားတစ် ယောက်ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ကာလဖြစ်တဲ့ အဓိက ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်တယ်။ ဒီကာလမှာ ကလေးက အဟာရဓာတ်ပြည့်ဝမယ်။ လူသားအချင်းချင်း ကလေးကို ကောင်းတဲ့ တုန့်ပြန်မှုတွေ ပေးမယ်။ ပညာရေး ဥပမာ-စာရေး စာဖတ်တတ်ဖို့ တစ်ဦးနဲ့တစ်ဦး ရိုသေလေးစားမှုတွေပေးမယ့် အပြုအမူ၊ လုပ်ဆောင်ချက်တောင် တွေ့ရမယ်ဆိုရင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမှာ အကျိုးသက် ရောက်မှုတွေ အများကြီး ရရှိစေပါတယ်။

            ဒါပေမယ့် ကလေးက အဟာရချို့တဲ့မယ်။ ပညာရေးကိုလည်းကောင်းကောင်း သင်မပေးနိုင် ဘူး။ အထူးသဖြင့် ကစားဖို့ လှုပ်ရှားမှုတွေမရှိဘူး။ ဒီအချက်တွေကနေ အပျက်သဘောဆောင်တဲ့ အချက်တွေနဲ့ ကလေးရဲ့ ဦးနှောက်က ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတော့ဘူး။

            ဒါကြောင့် ကလေးတစ်ယောက်ဟာ အစောဆုံး ပညာရေးကို လက်ခံရရှိရင် ကလေးက သူ့ဘဝတစ်လျှောက်လုံး အကျိုးသက်ရောက်မှုတွေ ရရှိသွားမှာပဲ ဖြစ်ပါတယ်။

            ပညာရှင်တွေရဲ့ အဆိုအရ ကလေးတယောက်ရဲ့ ပညာရေးကို ဦးနှောက်ထဲမှာ မိမိဝင်အောင် မိဘတွေက လုပ်ဆောင်ပေးခဲ့မယ်ဆိုရင် ကလေးက နိုးကြားတက်ကြွပြီး high rates အဆင့်မြင့်တဲ့ ကလေးဖြစ်လာပါလိမ့်မယ်။ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ပြုမူကျင့်ကြံပုံတွေက ဘယ်လိုအကျိုး သက်ရောက်မှုရှိတယ်ဆိုတာလည်း  ငယ်သေပေမယ့် သိလာပါပြီ။

            မိဘအနေနဲ့ ကျောင်းက ပေးလိုက်တဲ့ အိမ်စာကို မိမိကလေးနဲ့ အတူ ဘေးနားကနေ အဖော်အဖြစ်ကူပြီး လုပ်ပေးတာကူပြီး ဖြေပေးတာတို့က အိမ်စာကို ပြီးအောင် လုပ်ပေးတဲ့ သဘော ဖြစ်စေပြီး ကလေးက အလုပ်တစ်ခုကို ပြီးအောင် လုပ်ရမယ်ဆိုတဲ့ အကျင့်ကို ရရှိစေပါတယ်။ မိမိ ကလေးက မှားပြီး လုပ်ရန် အနီးအနားကနေ ပြန်ပြီး ဂရုတစိုက်ပြင်ပေးတာတို့က ကလေးရဲ့ တိုးတက်မှု တပိုင်းတစကို အဲဒီနည်းလေးနဲ့ လုပ်ပေးလို့ရပါတယ်။

            ကလေးကို ခွန်အားရှိစေမယ့် breakfast မျိုးကျွေးတာက တနေ့တာ သူရင်ဆိုင်ရမယ့်အရာ တွေကို ခွန်အားရှိစွာနဲ့ ရင်ဆိုင်နိုင်စွမ်းရှိလာပါလိမ့်မယ်။

            ကျောင်းစတက်တဲ့ အရွယ်ဆိုရင်လည်း မိဘက သူနဲ့အတူ ရှိနေပေး၊ ပါဝင်ပတ်သက် ပေးရင် သူတို့က ကျောင်းကို စိတ်ဝင်စားမှုရှိလာပါတယ်။

            ကျောင်းကနေ အိမ်ပြန်ရောက်ရင် မိမိအဝတ်စားကို ဘယ်လို သိမ်းရမယ်။ အိမ်စာလုပ်ရ မယ်။ ပြီးရင် ကစားဖို့အချိန်လေးစားရမယ်။ ဒါတွေကို မိဘက သင်ပေးရမှာပါ။ ဘယ်သူကမှ အဲဒီလို ပြုမူလုပ်ကိုင်ဖို့ ကျွမ်းကျင်စွာနဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ အဲဒီလို သင်ပေးပြီး လေ့ကျင့်ပြီး လုပ်တတ်ဖို့ သားသမီးတိုင်း လိုအပ်ပါတယ်။

            ကလေးတစ်ယောက် ပညာပါရမီရှိသွားတယ်ဆိုတာ မိဘရဲ့ အဓိက ထောက်ပံ့ပေးမှု သော့ချက်ပဲ ဖြစ်ပါတယ်။

            အောင်မြင်တဲ့ ကျောင်းသားတယောက် ဖြစ်ဖို့ကလည်း မိဘကပဲ သားသမီးရဲ့ အားနည်းချက် ကို ခြေရာကောက်ပြီး ထောက်ပံ့ပေးရတာပါဆိုတာကို message ပေးရင်း နိဂုံးချုပ်ပါရစေ။

Add new comment

1 + 0 =