ကလေးငယ်တွေ ပထမဦးဆုံး သွားစပေါက်လာတဲ့ခါမှာ မိခင်တွေ ဘယ်လို ဂရုစိုက်ပြီး စောင့်ရှောက်ပေးရမလဲ

Baby's first tooth
ဒီနေ့မှာ ကလေးငယ် baby လေးတွေ ပထမဦးဆုံးသွားစပေါက်လာတဲ့ခါမှာ မိခင်တွေ ဘယ်လို ဂရုစိုက်ပြီး စောင့်ရှောက်ပေးနိုင်ဖို့ အကြောင်းချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်ရဲ့ baby လေးပထမဆုံးသွားပေါက်လာပြီဆိုရင် မိသားစုအတွက် အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတဲ့ ကာလဆိုရင် မမှားပါဘူး။ ကလေးငယ်လေးက ပြုံးပြလိုက်တိုင်းသွားလေးက ပေါ်လာ တော့ အံ့သြမှုတွေနဲ့ မိသားစုဘဝရဲ့ အဖိုးတန်တဲ့ အချိန်ကာလပဲ မဟုတ်ပါလား။
သွားငုတ်တုတ် လူငုတ်တုတ်လို့ ကျွန်မတို့ မြန်မာတွေ ပြောလေ့ရှိသလို မြင်ရတဲ့ မိသားစုမှာ ချစ်လို့မဆုံး ပျော်လို့မဆုံးအချိန်တွေဖြစ်နေတာပါ။ သွားစပေါက်တဲ့ baby လေးတွေက တစ်ယောက် နဲ့တစ်ယောက် အချိန်မတူနိုင်ပါဘူး။ တချို့က မွေးစကနေ ၆ လ ဆိုရင် သွားစပေါက်ဖို့ဖြစ်လာပေ မယ့် တချို့ Babyလေးတွေကျပြန်တော့ ၁ နှစ်လောက်မှ သမရိုးကျမဟုတ်ပေမဲ့ သွားစပေါက်လာတာ တွေလည်းရှိပါသေးတယ်။
Baby လေးတွေ ၃ လ လောက်ဆိုရင် သူတို့ရဲ့ သိလိုတဲ့ ဆန္ဒတွေကို မျက်လုံးကနေ ဖော်ပြပြီး ဟိုကြည့်ဒီကြည့် တတ်လာပြီး လက်မကိုလည်း ပါးစပ်ထဲထည့်ပြီ စုပ်တက်လာပြီး ဒါက တစနဲ့တစ baby လေးက ဖွံ့ဖြိုးတိုးတက်လာပြီဆိုတာကို ပြနေတဲ့သဘောပေါ့။
ထုံးစံအရ ၆လလောက်မှာ ပထမဦးဆုံးသွားက ရှေ့ဖက်၊ အောက်သွားဖုံးကနေစပြီး ထွက်လာတာပါ။ အဲ့ဒီလို သွားထွက်လာပြီဆိုရင် ကလေးကနေရထိုင်ရတာ မအီမသာရှိနေမယ်။ သွားဖုံးကလည်း ယားနေတဲ့သဘောပေါ့နော်။ သူ့အတွက် သက်တောင့်သက်သာမရှိပဲ ခိုးလိုးခုလု ခံစားနေရတယ်။ အဲ့ဒီတော့ ကလေးက မသက်မသာဖြစ်နေတာကို ကလေးကစားစရာ သရေကွင်း မျိုး၊ သူ့ဘာသာကိုင်ပြီး ကိုက်နိုင်အောင် ဆော့ကစားစရာလေးတွေ သူ့နားမှာ ချပေးထားရင်း သူ့သွားဖုံးယားနေတာကို ဆော့ရင်းကိုက်ရင်း သက်သာစေပါလိမ့်မယ်။
Baby လေးကနေ သူ့သက်တောင့်သက်သာမရှိတော့ ငိုတာတို့၊ သူကိုချော့လို့မရတာတို့၊ ပါးစပ်ကနေ သွားရည်တွေကျနေတာတို့ ဖြစ်နေပါလိမ့်မယ်။ အဲ့ဒီလိုဖြစ်နေရင် အေးပြီးခြောက်နေတဲ့ ပိတ်စသန့်သန့်လေးနဲ့ ညင်ညင်သာသာလေး သွားဖုံးကို ပွတ်ပေးမယ်ဆိုရင် သွားဖုံးယားနေတာကို ယာယီသက်သာသွားစေပါမယ်။
သွားရည်ကျနေတာကိုလည်း ကလေးရဲ့ မျက်နှာ မေးစေ့တို့ကို အဝတ်စ ရေစိုသန့်သန့်နဲ့ သန့်ရှင်းရေးလုပ်ပေးမှသာ ကလေးက နေသာထိုင်သာရှိသွားနိုင်ပါတယ်။ အဲ့ဒီသားရည်တွေကြောင့် လည်း မျက်နှာယားယံတာတွေ ဖြစ်တတ်ပါသေးတယ်။ မိခင်ရဲ့ ညင်သာတဲ့ care တွေကနေ good hygiene practices တွေနဲ့ baby လေးသက်တောင့်သက်သာရှိစေဖို့ ခရီးဆက်ရမှာပါ။
Baby လေးက မအီမသာဖြစ်နေလို့ ဆေးဆိုင်က ဆေးတွေ ဒီနုနယ်တဲ့ ကလေးအတွက် မသင့်တော်ပါဘူး။ ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်ရှိမှာစိုးလို့ပါ။
ဒါဆိုရင် သွားစပေါက်လာတာကစပြီး အသက် ၃ နှစ်လောက်မှ သွားကစုံသွားတာပါ။ အဲ့ဒီလို သွားလေးတွေထွက်လာတာကို ဖလိုရိုက်ပါတဲ့ သွွားတိုက်ဆေးနဲ့ သွားပွတ်တံနုနုလေးနဲ့ လူကြီးမိဘ ကိုယ်တိုင် အထူးသဖြင့် မိခင်ကိုယ်တိုင် အစာစားပြီးတိုင်း ပါးစပ်နဲ့ သွားသန့်စင်စေဖို့ ပိုးမွှားတွေသွား မှာ ကပ်မနေအောင် သွားကိုတိုက်ပေးရပါမယ်။ အချိန်မှန်မှန်လေးပေါ့။ သွားတိုက်ပြီးရင် ရေနဲ့ပလုတ် ကျင်းတတ်အောင် သင်ပေးရပါ့မယ်။ သွားနုနုလေးတွေကို အစားမာမာတွေမကိုက်မိဖို့ ရှောင်ရပါ အုံးမယ်။
ခလုတ်တိုက်ပြီးမှောက်ရက်လိမ့်ကျလို့ သွားပဲ့သွားတာ၊ သွားမကျိုးအောင် မိဘတွေက ဂရုပြုရမဲ့ အရာတွေမှာ ပါပါသေးတယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် အစာစားပြီးတိုင်း နို့သောက်ပြီး တိုင်း သွားတိုက်ပေးတာဟာ သွားပိုးမစားစေဖို့ ကြိုတင်ကာကွယ်ပဲဖြစ်ပါတယ်။
နို့ဗူးစို့တဲ့ baby လေးဆိုရင်တော့ နို့ဗူးစို့ရင်း အိပ်ပျော်သွားတဲ့အခါမှာ နို့ဗူးကို ပါးစပ်ကထုတ် ပစ်ရပါ့မယ်။ နို့ရည်ကြောင့် သွားပျက်စီးစေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
အစာစားပြီးတိုင်း တစ်ခုခုသောက်ပြီးတိုင်း သွားတိုက်ပေးတာက အသင့်တော်ဆုံးပါ။ ကလေးငယ်လေးကို အသက် ၆နှစ်လောက်ထိ မိဘကိုယ်တိုင် သို့မဟုတ် အကိုကြီး အမကြီးတို့က သွားပွတ်တံမှာ သွားတိုက်ဆေးပမာဏ တိတိကျကျထည့်ပေးပြီးမှ သွားတိုက်စေတာက အနည်းနဲ့ အများ စနစ်ကျစေဖို့ပဲဖြစ်ပါတယ်။
သွားစပေါက်လာတဲ့ baby လေးက နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ဖို့ ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သွားဖုံးယားနေမယ်ကလေးကို စိတ်တိုစေမယ်။
မိဘအနေနဲ့ အထူးသဖြင့် မိခင်ကနေ ချော့မြူပေးမယ်baby လေးကို စိတ်ပျော်အောင် ထားပေးမယ်။ မိခင်မေတ္တာနဲ့ နည်းမျိုးစုံ ကလေးကျေနပ်ပြီး စိတ်ကြည်စေအောင် လုပ်ပေးလို့ ရနိုင် ပါတယ်။
မိမိကလေးက နားတွေပွတ်မယ်။ မျက်နှာကိုပွတ်နေမယ်ဆိုရင် သိသာပါတယ်။ သွားကယား စေလို့ သူ့အတွက် သက်တောင့်သက်သာမရှိလို့ ဆိုတာသိသာပါတယ်။
မိခင်ရဲ့ရှိတဲ့ခွန်အားနဲ့ ပေါင်းပြီး ကလေးငယ်လေးအတွက် နေသာထိုင်သာ ရှိသွားအောင် ပြုလုပ်နိုင်ပါတယ်။
မိခင်ကလည်း မိမိကလေးဖြစ်ပျက်ပုံတွေကို သင်ယူရင်း စိန်ခေါ်မှုတွေနဲ့ Parenthood ဆိုတဲ့ မိဘဘဝမှာ ပျော်ရွှင်မှုတွေနဲ့ ဆင်ယင်ကျင်းပနိုင်တဲ့ မိသားစုဘဝကို တည်ဆောက်သွားကြပါစို့။

Add new comment

6 + 12 =