ကလေးငယ်တွေအတွက် မိဘတွေ စဉ်းစားပေးပါ

For Young Children

          ဒီနေ့မှာ ကလေးငယ်တွေအတွက် မိဘတွေ စဉ်းစားပေးပါဆိုတဲ့အကြောင်း မျှဝေပေးသွား ချင်ပါတယ်။

          ကလေးငယ်လေးတွေဆိုတာက မွေးစကနေ လေးနှစ်အရွယ်လောက်တို့ကို ဆိုလိုတာပါ။ သူတို့ဘဝအတွက် အင်မတန် အရေးကြီးတဲ့အတွက် မိဘတွေ ဒီတစ်ခုကိုပဲ စဉ်းစားပေးပါ။

          မိဘနှစ်ဦးကလ်း ကလေးငယ်လေး သူတို့ဘဝထဲကို ရောက်လာပြီဆိုတော့ ဘာလုပ်ဘာကိုင် ရမှန်းမသိ အနီးအနားမှာလည်း အကူအညီရဖို့ တစ်ဦးတစ်ယောက်မှမရှိတော့ အင်မတန်ရှုပ်ထွေးတဲ့ ကာလဆိုရင် မမှားပါဘူး။

          ကလေး မမွေးခင်ကတော့ ဝင်ငွေက နှစ်ယောက်စာရှိပြီး အခုတော့ ဖခင်တစ်ဦးထဲရဲ့ ဝင်ငွေနဲ့ ရပ်တည်ရတာဖြစ်တဲ့အတွက် ငွေရေးကြေးရေးကလည်း ခက်ခဲတဲ့အချိန် လိုအပ်ချက်တွေကလည်း အများကြီးပါပဲ။

          ဒီလိုနဲ့ပဲ ကလေးငယ်လေးက ၁နှစ်ခွဲ ၂ နှစ်ကို ရောက်လာပြီး မိဘနှစ်ယောက်ကလည်း မယုံ နိုင်ကြဘူး။ ဒီလောက်ပဲ ဘဝက မြန်နေတာလား။ ငါတို့ဘဝခရီးကို ဘယ်လိုဆက်သွားကြမလဲ။

          ဘယ်လိုပဲ အခက်အခဲတွေ ရှိနေပါစေ။ မိဘအနေနဲ့ကတော့ မိမိတို့ လိုချင်တဲ့ ကလေးရဲ့ အနာဂတ်ဘဝအတွက် ငယ်စဉ်မှာကလည်းက အခြေခံကောင်းလေးတွေကို သင်ပြရင်း ပြုစုပျိုး ထောင်ပေးရတော့မှာပါ။

          ကလေးငယ်လေးက အခုဆို ၂ နှစ်လောက်ဆိုတော့ လမ်းစလျှောက်တတ်ပြီး သူသွားချင်တဲ့ ဆီကို သွားနေပြီး ဥပမာ မိသားစုထမင်းဝိုင်းကို စပြင်ဆင်နေပြီ။ ဒါဆိုရင် ကလေးကို ဒီဇွန်းလေး စားပွဲပေါ်တင်ပေးပါ။ ဒီလက်သုတ်ပုဝါလေး သွားတင်ပေးပါ စသဖြင့် တင်ပြီး အမေ့နားကို ပြန်လာ ရင် အမေက ချီးကျူးပေးရင် ကလေးက ပျော်ပြီး ထပ်ပြီး ကူညီပေးဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါက ကလေးရဲ့ လုပ်တာကို အလွဲသုံးတာ မဟုတ်ပါဘူး။ ကလေးကို စိတ်ပညာနဲ့ဆိုင် တဲ့ သင်ကြားမှုတစ်ခုပါ။ ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှုကို မိဘက ထောက်ကူပေးတာပဲဖြစ်ပါ တယ်။ အဲဒီလို ကလေးကို ဂရုပြုပေးမယ်ဆိုရင် မိဘရဲ့ မျှော်လင့်ချက်တွေကို ထိန်းညှိနိုင်ပြီး ကလေးရဲ့ တိုးတက်လာမှု မိဘက အကဲဖြတ်ပြီး အနီးကပ်ဆုံး တိုးတက်လာအောင် ပြုလုပ်ပေးတဲ့ နည်းပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ဘဝတိုးတက်ဖို့ ကူညီလမ်းကြောင်းပေးရာ ရောက်ပါ တယ်။ ကလေးတယောက်မှာ ပါဝါတန်ခိုးတွေရှိတယ်။  ပင်ကိုယ်အသိစိတ်ရှိတယ်။ သူတို့အတွက် စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။

          ကလေးလေးတွေက သူတို့ကို မိဘက takecare လုပ်တယ်ဆိုတာ သူတို့က သိနေပါတယ်။ သူတို့ဟာ ဒီမိသားစုထဲမှာ အသုံးတဲ့သူတစ်ယောက်၊ မိဘက သူ့ကို ခွင့်ပြုတယ်၊ အားပေးတယ်ဆိုတာ ကို ငယ်ပေမယ့် နားလည်လာတယ်။

          နောက်ပြီး အမေက ဒီမိသားစုထဲမှာ နောက်ထပ်ကလေးတစ်ယောက် ရောက်လာတော့မယ် လို့ အမေက နှစ်နှစ်လောက်အရွယ်ကလေးကို ပြောပြမယ်။ ဒီကလေးငယ်လေး ရောက်လာရင် အမေက အလုပ်ပိုများမယ်။ အမေက မအားတဲ့အချိန်မှာ ကလေးငယ်လေးနားမှာ အတူရှိပေးဖို့ နားလည်အောင် ရှင်းပြပေးအရအုံးမယ်။ တစ်ချိန်ချိန်မှာ ကလေးငယ်လေးက တစ်ယောက်ထဲ ဖြစ်နေ မယ်ဆိုရင် သူ့ကို အနားမှာ ရှိနေပေးဖို့ ဖက်ထားပေးဖို့ အမေက ကလေးကို ဖက်ထားသလို နောက် ရောက်လာမယ့် ကလေးကိုလည်း အဲဒီအတိုင်း ဖက်ထားပေးရမယ်။ အခုကလေးက အကြီး ဖြစ်သွားပြီ။ ကလေးငယ်လေးလို မနေရတော့ဘူး။ အဲဒီလို သင်ပေးပြောပြပေးထားရပါအုံးမယ်။ ဒီလို သင်ပေးတာဟာဖြင့် ကလေးက ကိုယ်ပိုင်ဆုံးဖြတ်တတ်သွားတယ်။ ပိုပြီး လုပ်နိုင်တဲ့ အခြေအနေ ရှိလာတယ်။ သူ့မှာရှိတဲ့ power က ပိုပြီး ပေါ်လွင်လာတာပါ။ မောင်နှမချင်း အပြန်အလှန် တန်ဖိုး ထားတတ်ဖို့ သင်ပေးတာပဲ မဟုတ်ပါလား။

          တခါတလေ ပတ်ဝန်းကျင်က ဆိုးသွမ်းတဲ့ကလေးတစ်ယောက်အဖြစ် ရောက်သွားစေတဲ့ အကြောင်းတွေလည်း ရှိပါသေးတယ်။ မိဘက မိမိကလေးကို စည်းကမ်းတွေ ချမှတ်ပြီး ဒါမလုပ်နဲ့။ အပြင်မသွားရဘူး စသဖြင့် ချုပ်ချယ်တာတွေလည်း ရှိတတ်ပါတယ်။

          ၁၉၆ဝ ခုနှစ်ဆီက မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေက အဲဒီခေတ်ပုံစံအတိုင်း အရာရာကို ကြောက်ရမယ်ဆိုတဲ့ စည်းကမ်းအတိုင်း ထားခဲ့ကြတယ် ကျင့်သုံးခဲ့ကြတယ်။ ကလေးဆိုတာ မိဘကို အလေးထားရတယ်။ ကြောက်ရတယ်။ အဲဒီတော့ မိဘပြောတာကို နာခံရတယ်။ မိဘက အရာရာကို ကြောက်ဖို့ သင်ပေးသလို ဖြစ်သွားပါတယ်။ မိသားစုမှာ မိဘကို ဘာမှ ပြန်မပြောရဲတော့ဘူး။ confident မရှိတဲ့ ကလေးတစ်ယောက် ဖြစ်သွားရေ။ မိမိကိုယ် မိမိလည်း မယုံကြည်တော့ဘူး။ ဒါ့ပြင် မိဘဆီက role model ကောင်းတာကိုလည်း မတွေ့ရဘူး။ အဲဒီတော့ ကလေးက ယုံကြည်မှု ၂ ခုပေါ့။ မိမိကိုယ်မိမိ ယုံကြည်မှု မိဘအပေါ် ယုံကြည်မှု ဒါတွေအားလုံး ပျောက်သွားပါတယ်။

          ဒါကြောင့် ငယ်စဉ်ကလေးဘဝမှာ ကလေးကိုယ်စီရှိကြတဲ့ မိဘအချင်းချင်း အတူတွေ့ဆုံကြ ပြီး သားသမီးအချင်းချင်းလည်း ဆော့ကစားစေတာဟာ အပြင်လောကဆိုတာ မိမိအိမ်ထဲမှာနဲ့ မတူ ဘူး။ ဆော့ရင်း ကစားရင်း အန္တရာယ်လေးတွေရှိမယ်။ ဒီအန္တရာယ်ကို မိမိဖာသာ ကျင့်ဝတ်လေးတွေနဲ့ လက်တွေ့ကြုံတွေ့စေဖို့ ဖန်တီးပေးတာပဲဖြစ်တယ်။ ဒါမှ သူတို့ကို မိဘက မိသားစု ဆက်နွယ်မှု family relationship ပဲသိတာ အခုက သူငယ်ချင်းအချင်းချင်း ဆက်နွယ်မှု friend relationship ကို လက်တွေ့သင်ယူစေတာ ကစားရင်း မတော်တဆပြောတဲ့စကားအသုံးအနှုန်းတွေကအစ အခြေခံ ကျတဲ့အကြောင်းအရာတွေကို မြင်တွေ့သိမှတ်တတ်လာပါလိမ့်မယ်။

          မိမိ သားသမီးလေးတွေကို မိဘက မကြိုက်တာ မလုပ်မိစေဖို့ ပြောပြပေးထားရပါအုံးမယ်။ တခါတလေ သားသမီးက မိဘဖြစ်စေချင်သလို မဖြစ်လာရင် စိတ်ဆိုးဒေါသထွက်ကြတယ်။ ဒါက ငါ့ သားသမီးပဲ ငါချစ်တယ်။ ငါနှစ်သက်တယ်။ ငါ ဒေါသကို လျော့ရမယ်။ အဲဒီလို တွေးပေးပါ။ တချို့မိဘ ကျပြန်တော့ သိမယ်ဆိုပြီး စိတ်ကို တင်းထားခဲ့ရင် သားသမီးကို ကလဲ့စားချေရာ ရောက်သွားတတ်ပါ တယ်။ ကလေးငယ်ငယ်လေးတွေဆိုတာ powerless တွေပါ။ ဒါတွေကို မိဘတွေက သိထားဖို့ မလိုဘူးလား။

          ဒီတော့ မိဘနဲ့ သားသမီး ဘယ်လို fix မြဲမြံအောင် လုပ်မလဲ။ အမြဲတမ်းမဟုတ်ပေမယ့် သူတို့ နားမှာ အချိန်ပေးပြီး နေပေးရမှာပါ။ မိဘနဲ့ သားသမီး ဆက်နွယ်မှုကို manage စီမံခန့်ခွဲပြီး လုပ်ယူ လို့ ရပါတယ်။ ဒါမှ အကောင်းဆုံးသော relationship ကို ထူထောင်နိုင်မှာပါ။

          အဲဒီလိုနဲ့ပဲ ကလေးငယ်လေးတွေ မွေးစကနေ လေးနှစ်ထိအတွင်း လက်တွေ့ practice တွေ လိုအပ်ပါတယ်။ ဒါမှ နောင်တစ်ချိန် မိဘတွေမရှိတော့တဲ့အချိန်မှာ သူတို့ကိုယ်တိုင် ကမ္ဘာကြီးမှာ သက်ရှင်လှုပ်ရှားစေနိုင်ဖို့ မိဘတွေအတွက် one only chance ပါဆိုတာကို  message ပေးရင်း နိဂုံး ချုပ်ပါတယ်။

Add new comment

6 + 3 =