ကလေးငယလြေးတှေ internet အသုံးပှုတဲ့အကှောငြး”

Internet We in Children

       ဒီနေ့မှာ ကလေးငယ်လေးတွေ internet အသုံးပြုတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။

            အသက် (၄)နှစ်ကနေ (၈) နှစ်လောက်ထ အင်တာနက်အသုံးပြုကြတဲ့ အခါ ကောင်းကျိုးတွေ ရလား? ဆိုးကျိုးတွေကော ရှိလား? ဒီအကြောင်းပြောပြပေးချင်တာပါ။

            ဒီနေ့ခေတ်မှာ ၄-၈ နှစ်ယောက် ကလေးငယ်တော့ကြီးကောင်ဝင်စ အရွယ်တွေကော အင်တာနက်ကို ကျွန်မတို့ဝန်းကျင်မှာ သုံးနေတာ တွေ့နေရတာ မဆန်းပါဘူး။

            ဘာဖြစ်လို့ အခုလိုသုံးကြသလဲဆိုရင် တိကျမှန်ကန်တဲ့ မူလအရင်းအမြစ်ဖြစ်တဲ့ သတင်းတွေ၊ အချက်အလက်တွေ ယုံကြည်အားထားရလာတဲ့အတွက် တဖြည်းဖြည်းသုံးရင်းနဲ့ ပိုပိုပြီး ယုံကြည် လာကြတယ်။ အဲ့ဒီတော့ ပိုပိုပြီးသုံးလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဆုံးနိုင်တဲ့ အချက်အလက် တွေ အခွင့်အလမ်းတွေနဲ့ တုန့်ပြန်မှုကို ရလို့ပဲဖြစ်ပါတယ်။

            ကလေးငယ်လေးတွေအတွက် အင်တာနက်ဆိုတာက ကွန်ယက်တစ်ခု (ဝါ) စနစ်တစ်ခုဖြစ် ပြီး ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော ကွန်ပျူတာတွေနဲ့ ဆက်စပ်ပေးထားလို့ပဲဖြစ်ပါတယ်။ ဒီတော့လူကြီးတွေကလည်း information တွေရလို့သုံးကြတယ်။ ကလေးငယ်လေးတွေကလည်း သူတို့မသိတာတွေ သိရလို့ မမြင်ဖူးတာ တွေ့မြင်ရလို့ သုံးကြတယ်။

            ခုခါမှာ school work တွေမှာ မူကြိုကအစ လူကြီးမိဘတစ်ဦးဦးက ဘေးနားကနေ ထိန်းပေး ရင်း ကျောင်းသင်ခန်းစာကို စလုပ်နေကြပြီး အဲ့ဒီတော့ အင်တာနက်ကို ကျောင်းစာသုံးရင်း တဖြည်းဖြည်းသုံးလေ့ရှိရာကနေ အပြင်လောကကြီးရဲ့ တကယ်ဘဝအစစ်အမှန်တွေကို တွေ့ရတော့ ကလေးတွေက စိတ်ဝင်စားသွားပြီး ပိုပြီးသုံးလာကြတာပါ။ အစစ်အမှန်တွေတွေ့ရတော့ စိုးရိမ် ကြောင့်ကြမှုတွေဖြစ်လာတယ်။ တပါတည်း စိတ်ကျတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကလေးငယ်လေးတွေအနေနဲ့ social media ကို မသုံးသင့်ပါဘူး။

            ပျမ်းမျှအသက် (၈)နှစ်လောက် ကလေးတစ်ယောက်ကို မိဘက game  ကစားတာတို့        e-mail  တို့ online service တို့လောက်ပဲ ခွင့်ပြုသင့်ပါတယ်။

            နည်းပညာပြောင်းလဲမှုတွေက ကလေးငယ်လေးတွေ သုံးတဲ့အတွက် အပြုသဘောဆောင် တာကော၊ အပျက်သဘောဆောင်တာတွေကော ဒွန်တွဲပြီး အကျိုးဆက်ဖြစ်စေပါတယ်။ internet message တို့ e-mail တို့ communication တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုခြင်းတို့လို အကျိုးတွေ ရပါတယ်။

            ဒါပေမယ့်လို့ Cyber bullying တို့ အသုံးများလွန်းလို့ ပျင်းတဲ့ကလေးလို့ ဖြစ်သွားစေတာတို့ မကောင်းတဲ့ website တွေကို ဝင်မိတာတို့ အကြောင်းတစ်ခုခုကို ရင်ဆိုင်ရရင် ချီတုံချတုံဖြစ်နေ တတ်တာတို့ တုန့်ဆိုင်းတုန့်ဆိုင်းဖြစ်တာတို့ ဖြစ်ပြီး သွက်လက်တဲ့ ကလေးတစ်ယောက်မဖြစ်နိုင်တာ တွေ ရှိပါတယ်။

            အင်တာနက်ပေါ်ခါစတုန်းကတော့ လူကြီးမိဘတွေက မသုံးသင့်ဘူးလို့ ပြောကြာပေမယ့် ခုခါမှာတော့ မရှိမဖြစ်၊ မသုံးမဖြစ် သုံးရတဲ့ အင်တာနက်အဖြစ် လက်ခံကြပါပြီ။

            ကလေးတစ်ယောက်ဟာ အင်တာနက်ကို သုံးတဲ့အတွက် အာရုံစူးစိုက်မှုအစွမ်းကို ပိုစွမ်းဆောင်နိုင်လာတယ်။ သူတို့ရဲ့ မှတ်ဉာဏ်ကို စနစ်တကျဖြစ်သွားစေတယ်။ တိကျတဲ့ အကြောင်း အရာတွေကို ထင်းထင်းလင်းလင်းသိမြင်ရတဲ့အတွက် အထူးတလည် အကျိုးပြု ပြောင်းလဲမှုတွေကို ရစေပါတယ်။

            အသိပညာ၊ ဗဟုသုတ၊ ပညာရေး အကုန်လုံး အကျိုးတွေရစေပေမယ့် ဒီနည်းပညာသည် technology က တစ်ဘက်ကို ချလိုက်၊ တစ်ဘက်ကို တင်လိုက်နဲ့ အသုံးပြုနေရတဲ့အတွက် အာရုံ စူးစိုက်ပြီးသုံးရတဲ့အတွက် အချိန်အကြာကြီးသုံးရင် stress ရစေပါတယ်။ ခေါင်းကိုက်စေတယ်။ မျက်စိညောင်းလာတယ်။ မျက်လုံးကြွက်သားတွေ နာလာပါတယ်။ ကလေးတစ်ယောက်အတွက် အချိန်အကြာကြီးသုံးတဲ့အတွက် စိတ်မကြည်မလင်ဖြစ်လာတယ်။ စိတ်အနှောက်အယှက်တွေ ဖြစ်လာစေပါတယ်။

            ဒီနည်းပညာက ကလေးတစ်ယောက်အတွက် ကမ္ဘာကြီးရဲ့ အကြောင်းအရာတွေ ပိုသိလာ တယ်။ ပိုနားလည်လာတယ်။ အခြားသူတွေအပေါ်မှာ အမှီအခိုကင်းကင်းနဲ့ နေတက်တဲ့ ကလေးဖြစ် လာပါတယ်။ ဗဟုသုတတွေရှာမှီးနိုင်တဲ့အတွက် ဗဟုသုတ ကြွယ်တဲ့ကလေးတစ်ယောက်ဖြစ်လာစေ ပါတယ်။

            ဒါပေမယ့်လို့ အသက် (၈)နှစ်အောက် ကလေးတွေကို တစ်ယောက်ထဲ သုံးတာကိုတော့ လူကြီးမိဘတွေအနေနဲ့ သုံးဖို့ ခွင့်ပြုဖို့တော့ မသင့်လှပါဘူး။ လူကြီးမိဘရဲက ကြီးကြပ်မှုမရှိတဲ့ ကလေးတစ်ယောက်အတွက်တော့ အန္တရာယ်တွေနဲ့ စွန့်စားမှုတစ်ခုဖြစ်လို့ နေပါတယ်။ ဒါကြောင့် တစ်ယောက်ထဲသုံးတာကိုတော့ ခွင့်ပြုဖို့ မသင့်ပါဘူး။ တင်းကြပ်တဲ့ စည်းကမ်းတော့ ထားသင့်ပါ တယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါစေ။

Add new comment

3 + 7 =