"Saints in heaven" by Deacon Martin

"Saints in heaven" by Deacon Martin

မေး။ ။ကောင်းကင်ရောက်သောဝိညာဉ်များ သို့မဟုတ် သန် ့ရှင်းသူများ (Saints) များက ဘာမှမကြားနိုင်၊ စကားမပြောနိုင်ကြ"ဟု သင်းကွဲများများ၏ ဝေဖန်ချက်ကမှန်ပါသလား။အဲကြောင့် သူတို့ဆီဆုတောင်းတာ အကျိုးမရှိဘူး ဆိုတာ ကျမ်းစာနှင့်ကိုက်သလား။ တမန်တော်ကြီးများအပါအဝင်မည်သည့် ဝိညာဉ်မှ ခုထိ ကောင်းကင်မရောက်ကြသေးဘဲ အိပ်ပျော်နေသောဝိညာဉ်များ(Soul Sleep )အနေအထားနှင့် ရှင်ပြန်ထမြောက်ရက်မှ ကောင်းကင်ရောက်ကြမည်ဟု စနေအသင်းတော်၏ သင်ကြားချက်ကကျမ်းစာအရမှန်ကန်ပါသလား။အကြောင့် စနေအသင်းတော်က ကက်သလစ်များ၏ ကောင်းကင်ရောက် တမန်တော်များကို "Saints" များဟုခေါ်ပြီး ကြည်ညိုခြင်းအပေါ် မှားသည်ဟုစွပ်စွဲကြခြင်းဟာမှန်သလား။ကျမ်းစာနှင့်ဖြေပေးပါ။

ဖြေ။ ။အထက်ကအကြောင်းအရာအားလုံးကိုကျမ်းချက်များနှင့်ဖြေရှင်းပါမည်။အမှားအမှန်ကို ကျမ်းစာဖြင့်ထောက်ပြတာမို့ အဆုံးထိ ဖတ်ပေးစေချင်တယ်။ ဗျာဒိတ်ကျမ်းစာအရ ကောင်းကင်ဘုံမှာ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ခရစ်တော်တမန်တော်ကြီး ယောဟန်ကအေဒီ(၁၀၀) မတိုင်ခင်မှာ ရူပါရုံအားဖြင့် မြင်တွေ ့ခဲ့သည်။ သူ၏ ရူပါရုံအရ ကောင်းကင်မှာ ခမည်းတော်ဘုရားနှင့် သိုးသူငယ်တည်းတည်းဟူသော ခရစ်တော်သခင်၏ အုပ်စိုးခြင်းကိုဖော်ပြရာတွင် " ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏"တရားစီရင်ခြင်းကိုဖော်ပြသည်( ဗျာဒိတ်ကျမ်း ၆:၁၆)။

သိုးသူငယ်က ခရစ််တော်ဖြစ်ကြောင်းကို ယောဟန်က " နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော"ဟုထောက်ပြခဲ့သည်(ယောဟန် ၁:၂၉)။သိုးသူငယ်တည်းဟူသော သလင်ခရစ်တော်ဟာ တံဆိပ် (၇) ခုကိုကိုင်ပြီး တရားစီရင်ကြောင်းတွေ ့ရသည်။ ယောဟန်က " သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သော အခါ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံမြည် သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏"ဟုတွေ ့ရသည်(ဗျာဒိတ်ကျမ်း ၆:၁)။

အရမ်းထူးခြားတာတစ်ခုက ပဥ္ဓမ တံဆိပ်ကို ဖွင့်တဲ့အချိန်မှာ ဖြစ်ပျက်သည့်အကြောင်းအရာကိုတွေ ့ရသည်မှာ "ပဥ္စမတံဆိပ်ကို ဖွင့်သော အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင်း၎င်း၊ မိမိတို့သက်သေခံချက် ကြောင်း၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏"ဟုအ့ံသြဖွယ်ရာတွေ ့ရသည်(ဗျာဒိတ်ကျမ်း ၆:၉)။

ဒီနေရာမှာ ယဇ်ပလ္လင် ဆိုတာ ဘုရားသခင်တည်ရှိရာနေရာ ကောင်းကင်ဖြစ်သည်။အထက်ကကျမ်းစာအရ အေဒီ(၁၀၀) မတိုင်ခင်က နှုတ်ကပတ်တော်ကြောင့်၊ ခရစ်တော်၏အကြောင်းကို သက်သေခံခြင်းကြောင့် အသတ်ခံရသော သူများ၏ ဝိညာဉ်များဟာ ဘုရားသခင်ဆီရောက်ကြပြီး ယဇ်ပလ္လင်အနားမှာ ခစားနေကြကြောင်းတွေ ့ရသည်။ ခရစ်တော်၏အကြောင်းကို သက်သေခံသောသူများက ဘယ်သူတွေလဲ။ထိုသူများဟာ တမန်တော်တွေဖြစ်ကြောင်းကျမ်းစာအရသိရသည်။

တမန်တော်တွေဟာ ခရစ်တော်နာမနှင့်ဟောပြောကြလို့ အမ်းခံ၊အရိုက်နှက်ခံကြချိန်မှာတောင် ပေတရုနှင်ယောဟန်က "သင်တို့သည် သစ်တိုင်၌စွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ"ဟုရဲရင်ရင့်ရင့်သက်သေခံကြသည်(တမန်တော် ၅:၃၀)။

ထို့အပြင် တမန်တော်တွေက ဆက်လက်သက်သေခံသည်မှာ "ဣသရေလလူတို့အား နောင်တ တရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကို ပေးစေခြင်းငှါ၊ ထိုသူကိုအစိုးရသော အရှင်အရာ၌၄င်း၊ ကယ်တင်သော သခင် အရာ၌၄င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာလက်တော်နှင့် ချီးမြင့်တော်မူပြီ"ဟုပြတ်သားစွာဟောကြ၏(တမန်တော် ၅:၃၁)။ တမန်တော်တွေက သူတို့ဟာ အမှန်တရားနှင့်ခရစ်တော်နှင့်ပ်သက်ပြီး မျက်မြင်သက်သေများဖြစ်ကြကြောင်းကို "ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည်သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့အား ပေးသနားတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏"ဟု သက်သေခံကြသည်( တမန်တော် ၅:၃၂)။

အေဒီ (၁၀၀) မတိုင်ခင်မှာ ခရစ်တော်ကြောင့် ပေတရုနှင့် ပေါလုတို့လည်း ရောမမြို ့မှာ နေရိုးဘုရာက သတ်ဖြတ်ကြောင်း ကက်သလစ်သမိုင်း(Tradtion)အရသိရသည်။ တမန်တော်တွေထဲမှာ ပထမဆုံး အသတ်ခံရသူမှာ တမန်တော်ကြီး ယာကုဖြစ်သည်။သူဟာ ယောဟန်၏အစ်ကိုရင်းဖြစ်သည်။ ထိုအကြောင်းကို " ထိုအခါ ဟေရုဒ်မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲခြင်းငှါစီရင်၍၊ ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထားနှင့်ကွပ်မျက်လေ၏"ဟုတွေ ့ရသည်(တမန်တော် ၁၂:၁-၂)။ တမန်တော်များ၏ဟောပြောခြင်းကြောင့် ခရစ်ယာန်များတွင်ပထမဆုံး တရားတော်အတွက် အသတ်ခံရသူမှာ စတေဖန် (Stephen) ဖြစ်သည်။သူဟာ ဒီကင်တစ်ပါးလည်းဖြစ်သည်။ ထိုအကြောင်းကို တမန်တော် (၇:၁-၅၉) တွင်တွေ ့ရသလို တမန်တော် (၈:၁-၂) တွင်လည်း " တရားကိုရိုသေသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ ပြင်းစွာသော ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။ ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင် ထဲ၌လှောင်ထား တတ်၏"ဟု မှန်ကန်စွာတွေ ့ရသည်။

ကျမ်းစာအရ စတေဖန်(Stephen) ကိုသတ်ခြင်းမှာ ပေါလုကလည်း ခရစ်ယာန်မဖြစ်လာခင်ပါဝင်ခဲ့ကြောင်းသိရသည်။ အေဒီ(၆၀) ကျော်ဝန်းကျင်မှာ နေရိုးဘုရင်မှ ခရစ်တော်ကို ယုံကြည်လာကြသော ရှေးဦး ကက်သလစ်ခရစ်ယာန်များကို သတ်ဖြတ်ကြောင်း ကက်သလစ်သမိုင်းအရရော ကမာ႓ ့သမိုင်းအရ လည်းသိရသည်။ အဲလို နှုတ်ကပတ်တော်ကြောင့် အသတ်ခံရသောသူများ၏ ဝိညာဉ် များဟာဘုရားရှိပလ္လင်နားမှာ ရောက်နေကြကြောင်းသိရသည်။ ဘုရားသခင်၏ ယဇ်ပလ္လင်ရှေ ့မှာ ရောက်နေကြသော ဝိညာဉ် များဟာ စကားပြောနိုင်ကြောင်း၊ လောကမှာဖြစ်ပျက်နေသည့်အကြောင်းအရာကိုလည်း ပြန်လည်သိနိုင်ကြကြောင်းအခုလိုကျမ်းစာမှာတွေ ့ရသည်။

ယောဟန်မြင်သောရူပါရူံတွင် "သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသောသူတို့သည် ငါတို့အသွေးကိုသွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏"ဟု တွေ ့ရသည်( ဗျာဒိတ်ကျမ်း ၆:၁၀)။ဤကျမ်းချက်များအရ စနေအသင်းတော်၏ သွွန်သင်ခြင်းဖြစ်သော "သေလွန်ပြီးသောသူများ၏ ဝိညာဉ် အားလုံးဟာ ဘုရားသခင်ဆီမရောက်ကြသေးဘဲ အိပ်ပျော်နေသည့်အနေအထားနှင့် ရှင်ပြန်ထမြောက်သည့်တိုင်အောင်ရှိနေကြသည်"ဟူသော အချက်ဟာမှားယွမ်းကြောင်းတွေ ့ရသည်။အဲလိုသူတို့သွန်သင်ချက်ဟာ ကက်သလစ်အသင်းတော်၏ သေလွန်ပြီးနောက် ကောင်းကင်ရောက်ပြီးကြသောသူတော်မြတ်များ သို့မဟုတ် သန် ့ရှင်းသူများ( Saints) များရှိကြောင်းယုံကြည်ခြင်းနှင့်သူတို့အပေါ် ကြည်ညိုလေးစားခြင်းကို ဝေဖန်ဖို့ရာဖြစ်လာသည်။

ဒါမယ့် အဖြေကိုကျမ်းစာဖြင့် ရှာကြည့်သည့်အခါမှာ နောက်ဆုံး သောကလ သို့မဟုတ် ရှင်ပြန်ထမြောက်ရာနေ ့မတိုင်ခင်မှာပဲ အေဒီ(၁၀၀) ဝန်းကျင် ကတည်းက တစ်ချို့သော ဝိညာဉ်များဟာ ဘုရားသခင်ဆီရောက်နေကြကြောင်း ယောဟန်ကကျမ်းစာအရ မြင်ကြောင်းသိရသည်။ အဲလို ဝိညာဉ် များကို ကက်သလစ်အသင်းတော်က ကောင်းကင်ရောက်ပြီးသောသန် ့ရှင်သူများ "Saints in heaven " (သို ့မဟုတ်) သူတော်မြတ်များ (Saints) များဟုခေါ်ကာ အလွန်ပင်ကြည်ညိုလေးစားသည်။အဲလိုဘုရားတည်ရှိရာနေရာကို ရောက်နှင့်ကြသူများဟာ အထက်ကတွေ့ရသည့်အတိုင်း နှတ်ကပတ်တော်ကြောင့်အသတ်ခံရသူများဖြစ်သည်။ ထိုသူများတွင် တမန်တော်ကြီးများပါဝင်ကြသည်။

ထို့ကြောင့် ကက်သလစ်အသင်းတော်ကကောင်းကင်ရောက်ပြီးသော တမန်တော်ကြီးများ၏ ဝိညာဉ်များကို(ဥပမာ ပေတရု၊ ပေါလု၊မာရိ၊ ယာကု၊ စတေဖန်) "Saint Peter, St. Paul, St. Stephen , St Mary, Mother of God, St. James" စသည်ဖြင့် ခေါ်ဆိုကြခြင်းဟာ ကျမ်းစာနှင့်အလွန်ပင်ကိုက်ညီသည်။ကျမ်းစာအရ လောကမှာ အသက်ရှင်သော ခရစ်ယာန်များကို" Saints"များလို့ ခေါ်သလို လောကဘဝအသက်သာပြီးဆုံးလို့ ကောင်းကင်ရောက်သော ထိုခရစ်ယာန်များကို "Saints"များခေါ်ကာ ကက်သလစ်အသင်းတော်က ကြည်ညိုလေးစားနေတာဟာလုံးဝကျမ်းစာနှင့်ကိုက်ီသည်။

နှုတ်ကပတ်တော်ကြောင့် အသေခံကြသော သူများ၏ ဝိညာဉ်များကို ကောင်းကင်ဘုံမှာဖြူစင်သောဝတ်ရုံများကို ပေးအပ်ခြင်းခံကြကြောင်းကို" ထိုသူတို့၌ ဖြူသော ဝတ်လုံကိုပေးတော်မူ၏။ သူတို့နည်းတူအသေသတ်ခြင်းကို ခံရလတံ့သော မိမိလုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည်ပြည့်စုံခြင်း သို့ မရောက်မှီ၊ ခဏငြိမ်သက်စွာနေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏"ဟု တွေ ့ရသည်( ဗျာဒိတ်ကျမ်း ၆:၁၁)။ဤကျမ်းချက်အရ ဆိုရင် ကောင်းကင်ရောက်နှင့်ပြီးသော ခရစ်ယာန်များ၏ဝိညာဉ်များနှင့် လောကတွင် ကျန်ရစ်သောခရစ်ယာန်များလည်း ဆက်စပ်နေကြောင်းသိရသည်။ကောင်းကင်ရောက်ပြီးသော ခရစ်ယာန်များ၏ဝိညာဉ်တွေဟာ ဘုရားနှင့်စကားပြောနိုင်ကြကာ လောကတွင်ကျန်ရစ်သော ခရစ်ယာန်များ၏ဖြစ်ပျက်မှုကိုလည်းသိနိုင်ကြတာထင်ရှားသည်။

တခါကစာရေးသူနှင့် သင်းကွဲ Pastor တစ်ယောက် ဖုန်းနှင့်ဘာသာရေးဆွေးနွေးကြသည်။အဲ Pastors က ဘာပြောသလဲဆိုရင် "မင်းတို့ကက်သလစ်တွေက Saints တွေဆီဆုတောင်းတာမှားနေတယ်။သူတို့က ဘုရားမဟုတ်ကြသည့်အတွက် ဘာမှကြားနိုင်စွမ်းမရှိကြတော့ချေ။ အဲကြောင့် Saints တွေဆီဆုတောင်းတာမှားသောသွန်သင်ချက်ဖြစ်သည်"ဟုပြောလာပါတယ်။အဲတာနှင့်စာရေးသူကလည်း ဆရာ- ကျွန်တော်တို့ကက်သလစ်တွေဟာ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ကိုပဲကိုးကွယ်ကြပြီး သူတို့ဆီ တိုက်ရိုက်ဆုတောင်းသော ခရစ်ယာန်များဖြစ်တယ်။ သူ ့ကိုဆက်ပြောပြလိုက်တယ်။ ဆရာက ကောင်းကင်ရောက်ပြီးသော ဝိညာဉ်များဟာ လုံးစ ဘာမှမကြားနိုင်တော့တာမို့ သူတို့ဆီ ကြားခံဝင်ဆုတောင်းတာ အကျိုးမရှိ ဟုပြောသည့်အပေါ်တစ်ခုထောက်ပြချင်ပါတယ်လို့ပြောလိုက်သည်။ အဲတာနှင့် သူ့ကို လာဇရုနှင့်သူငှေးကြီး အကြောင်းကို ကိုပြောပြကာ မေးလိုက်သည်မှာ - ဆရာ အာဗြဟံက ကောင်းကင်ရောက်ကြောင်း၊ အာဗြဟံရင်ခွင်မှာဆင်းရဲသား လာဇရုလည်းရောက်ကြောင်း၊ သူငှေးကြီးက ငရဲရောက်ကြောင်း၊ ငရဲထဲက သူငှေးကြီး၏ ဝိညာဉ်က အာဗြံဟံကို အဘ - အာဗြဟံဟု ခေါ်ကာ စကားပြောကြောင်း၊ ကောင်းကင်ရောက်သည့် အာဗြဟံက လည်း နားမကြားတော့သူမဟုတ်ဘဲ ငရဲထဲရောက်နေသော သူငှေးကြီး၏ဝိညာဉ်၏ တောင်းဆိုချက်ကို ကြားလို့ စကားပြန်ပြောကြောင်းကို လုကား (၁၆:၁၉-၃၁)တွင်တွေ့သည်ဟုပြန်မေးလိုက်ရာ အဲဆရာဟာ နည်းနည်းတော့ လန် ့သွားခဲ့သည်။

အဲဆရာက အဲအကြောင်းက ပုံဥပမာလေလို့ပြောရာ စာရေးသူက သခင်ခရစ်တော်က လွဲမှားသော ပုံဥပမာကိုအသုံးပြုပြီး ဘယ်တော့မှ တရားမဟောခဲ့ပါ။ အာဗြဟံက ကျမ်းစာထဲက ဘုရားရွေးကောက်ထားသည့် ယုံကြည် ခြင်း၏ ဖခင်ကြီး ပါလို့ ထပ်ပြီး သင်ပေးခဲ့သည်။ တခုထူးခြားတာက စနေအသင်းတော်နှင့်မတူဘဲအဲဆရာက မာရိက ကောင်းကင်မှာ ရှိနေကြောင်းကိုတော့ယုံကြည်ရှာသည်။ဆက်ပြီးတော့ ဗျာဒိတ်ကျမ်း (၆:၁၁) ထဲက လောကမှာ အသက်ရှင်ကြတုန်းက နှုတ်ကပတ်တော်အတွက် အသေ သတ်ခြင်းခံရပြီးပလ္လင်ရှေ့ရောက်နေသော ဝိညာဉ် များဟာ စကားပြောနိုင်ကြကြောင်းကိုလည်းထောက်ပြပေးခဲ့သည်။ ထို ့နောက် ရှင်မဿဲ (၁၇:၁-၄)တွင် သေလွန်ပြီးသော မောရှေနှင့် ကောင်းကင်ကို အရှင်လတ်လတ် တက်သူ ဧလိယ တို့ကလည်း ခရစ်တော်ကို စကားလာပြောကြတာကို ပေတရုကမြင်ကြောင်းကိုလည်း ထောက်ပြပေးခဲ့ရာ သူလည်းနည်းနည်းတော့သဘောပေါက်ပုံကလာခဲ့သည်။

ကက်သလစ်အသင်းတော်ကိုဆန် ့ကျင်သော စနေအသင်းတော်က မည်သူ၏ ဝိညာဉ်မှကောင်းကင်မရောက်သေးကြောင်း သွန်သင်ကြသော်လည်း ကျမ်းစာကတော့ " ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏"ဟုထင်ရှားစွာတွေ ့ရသည်။ ဤကျမ်းချက်ဟာ ဗျာဒိတ်ကျမ်း (၆:၉) အရ " ပဥ္စမတံဆိပ်ကို ဖွင့်သော အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင်း၎င်း၊ မိမိတို့သက်သေခံချက် ကြောင်း၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏"ဟုတွေ ့ရသည်ပဲ ဗျာဒိတ်ကျမ်း (၂၀:၄) တွင် "

ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏"ဟုတွေ ့ရသည်။

ကောင်းကင်ရောက်ပြီးသော ဝိညာဉ်များ၏ အနှစ်(၁၀၀၀) ခရစ်တော်နှင့် စိုးစံကြသည်ဆိုတာက မရေမတွက်နိုင်သည့်ကာလ သို့မဟုတ် ဘုရားသခင်နှင့်အတူ ကောင်းကင်ရောက်သော ဝိညာဉ် များဟာ ထာဝရအသက်ရှင်ကြပြီး စိုးစံကြကြောင်းကိုဆိုလိုသည်။ တချို့သောလူများ၏ ပြောကြားချက်ဖြစ်သည့် ခရစ်တော်ဒုတိယအကြိမ်မကြွလာခင် လောကမှာ နှစ်(၁၀၀၀) ကြာအောင် လာပြီး အုပ်စိုးမည်ဟူသော အယူလွဲမျိုးမဟုတ်ချေ။ကျမ်းစာအရ " ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏"ဟု ဘုရားတည်ရှိရာ ပလ္လင်ပေါ်မှာ ထိုင်ခွင့်ရကြောင်းသိရသည်( ဗျာဒိတ်ကျမ်း၂၀:၄)။ အားလုံးသိတဲ့အတိုင်းဘုရားသခင်နှင့်သားတော်ခရစ်တော်ကပလ္လင်ပေါ်မှာ ထိုင်ကြသောတရားစီရင်သောသူများဖြစ်သည်။သို့သော်လည်း ပလ္လင်ပေါ်မှာရောက်နေသောသူများကလည်း တရားစီရင်ခွင့်ကိုရကြကြောင်းတွေ ့ရပြန်သည်။ အဲတာဆိုရင် ဘယ်သူတွေများဖြစ်မလဲ။

သေချာတာကတော့ ခမည်းတော် နှင့်သားတော်ဘုရားက တချို့သောလူသားများ သို့မဟုတ် ကောင်းကင်တမန်များကို တရားစီရင်ခွင့်အာဏပေးကြောင်းသိရသည်။အဲတရားစီရင်ခွင့် အာဏရသူများဟာ တရားတော်ကြောင့်အသတ်ခံရပြီး ပလ္လင်ရှေ ့ရောက်သော သေလွန်ပြီးသော ခရစ်ယာန် များဖြစ်သည်။ ဥပမာ တမန်တော်များဖြစ်သည်။ ဓမ္မဟောင်းကာလက ဖြောင့်မတ်သူများဖြစ်နိုင်သည်။ဤကဲ့သို့ တရားစီရင် ခွင့်ကိုရကြသောသူများတွင် တမန်တော်ကြီးများပါဝင်ကြောင်း ခရစ်တော်ကိုယ်တိုင်ကအခုလိုသင်ကြားခဲ့သည်။ထိုအကြောင်းကို " ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသော အရာတို့ကို အသစ်ပြုပြင်သော ကာလ၌ လူသားသည်ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော အခါ၊ ငါ့နောက်သို့ လိုက်ကြသော သင်တို့သည် တဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလလူတဆယ်နှစ်မျိုးကို စစ်ကြော စီရင်ရကြလတံ့"ဟုတွေ ့ရသည် ( မဿဲ ၁၉:၂၇-၂၈)။

ဤကဲ့သို့ အခွင့်အာဏကိုရသော တမန်တော်ကြီးများကို ကောင်းကင်ရောက်သော သန် ့ရှင်းသူများ(Saints)ဟုကက်သလစ်အသင်းတော်က ယုံကြည်ခြင်းဟာ ကျမ်းစာနှင့်အလွန်ပင်ကိုက်ညီသည်။ကျမ်းစာလိုက်ခြင်းဖြစ်သည်။ကက်သလစွသင်းတော်အတွက်ကတော့ ကောင်းကင်ရောက်ပြီးသော ခရစ်ယာန် များနှင့် လောကမှာအသက်ရှင်နေသေးသော ကျွန်တော်တို့ ခရစ်ယာန်များဟာ ခရစ်တော်ကို ကိုးကွယ် သော သူများဖြစ်ပြီး တစ်လုံး တစ်ဝတည်းရှိကြသည်။

ထိုကဲ့သို့ ကောင်းကင်ရောက်နှင့်ကြသော ဝိညာဉ်များဟာ လောကမှာ အသက်ရှင်ခဲ့ကြသော ခရစ်ယာန် များဖြစ်သည်။အထူးသဖြင့် တမန်တော်များဖြစ်သည်။သူတို့ဟာ "သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေကြကြောင်း"တွေ ့ရသည်( ဗျာဒိတ်ကျမ်း ၂၀:၄)။ဤကျမ်းချက်က ဘာကိုဆိုလိုသလဲဆိုရင် စာတန်၏ လှည့်ဖြာခြင်း၊ စာတန်၏ လမ်းစဉ်ကိုလိုက်နာပြီး အသက်ရှင်သောသူများ၏အခြေအနေ၊ အထူးသဖြင့် နတ်ဘုရားများကို ကိုးကွယ် ကြပြီး စစ်မှန်သောဘုရားကို ကိုးကွယ်ကြသော ခရစ်ယာန် များနှင့် ဂျူးများကို သတ်ဖြတ်သော ရောမအင်ပါယာနှင့်ရောမဘုရင်များသာဖြစ်သည်။သူတို့ကသာ တမန်တော်ကြီးများနှင့်ရှေးဦးခရစ်ယာန်များကိုသတ်ခဲ့ကြသည်။ စနေအသင်းတော်ပြောသလို ပုပ်ရဟန်းမင်းကြီးသည် သားရဲ လို့ မှားယွင်း စွာအနက်ပြန်ခြင်းမျိုးမဟုတ်ပေ။

ခရစ်တော်ကို လက်ခံကိုးကွယ်သောသူများဖြစ်သည့်တမန်တော်များနှင့် ရှေးဦးခရစ်ယာန်များဟာ လည်ပင်းဖြတ်ခံကြကြောင်းကို"ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏"ဟုတွေ ့ရသည်(ဗျာဒိတ်ကျမ်း၂၀:၄)။သူတို့သည် ကောင်းကင်မှာ ရှိသော ကက်သလစ်အသင်းတော်၏ သန် ့ရှင်းသူများ၊ သူတော်သူမြတ်များ၊ ရဟန္တာများ ( Saints ) ဖြစ်ကြသည်။

ထို့ကြောင့် နိဂုံးချုပ် အနေဖြင့်ပြောရရင် လောကမှာ ရှိသော ခရစ်ယာန် များသည် သန် ့ရှင်းသူများ(Saints)ဟုခေါ်ကြောင်း (တမန်တော် ၉:၁၃)တွင်တွေ ့ရသလို ထိုသူများဟာ သေလွန်ကြပြီးနောက် ကောင်းကင်ရောက်နှင့်သောသန် ့ရှင်းသူများ(Saints in heaven )လည်းဖြစ်ကြောင်း ကျမ်းစာအရသိရသည်( ဗျာဒိတ်ကျမ်း ၆:၉/ ဗျာဒိတ်ကျမ်း ၂၀:၄)။ဤကျမ်းချက်များအားဖြင့် မာရိနှင့်တမန်တော်များမှစပြီးမည်သည့်ခရစ်ယာန်များ၏ ဝိညာဉ်များဟာ ခုထိကောင်းကင်မရောက်ကြသေးကြောင်း၊ သူတို့ဟာ အိပ်ပျော်နေသော (Soul sleep )အနေအထားဖြင့် ရှင်ပြန်ထမြောက်ခြင်းကို စောင့်နေကြသည်ဟု စနေအသင်းတော်၏ သင်ကြားချက်မှားကြောင်းသိလာရသည်။

တစ်ဖက်မှာလည်း ကောင်းကင်ရောက်သောဝိညာဉ်များက လုံးဝစကားမကြားနိုင်ကြတော့သည့်အတွက် သူတို့ဆီ ဆုတောင်းခံတာ အကျိူးမရှိဟု သင်းကွဲခရစ်ယာန်များ၏ သင်ကြားချက်လည်းမှားကြောင်းတွေ ့လာကြရသည်။ ကက်သလစ်အသင်းတော်ကတော့ လောကမှာ အသက်ရှင်နေကြသော ကျွန်တော်တို့ ကက်သလစ်ခရစ်ယာန်များ(Saints on earth) ဟာ အချင်းချင်း တယောက်နှင့်တယောက်အဖို့ ဆုတောင်းကြသည်( ယာကု ၅:၁၆)။ ထို့ အတူပဲ ကောင်းကင်ရောက်ပြီးသော ကက်သလစ်ခရစ်များဖြစ်သည့် သန် ့ရှင်းသောသူများ( Saints in heaven )ကိုလည်း ဘုရားနှင့်ပိုမိုနီးကပ်စကားပြောနိုင်ကြကာ သူတို့အတွက် တရားစီရင်ပေးရန်တောင်းဆိုချက်ဖြစ်သော "သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေပေါ်မှာ နေသောသူတို့သည် ငါတို့အသွေးကိုသွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏"ကိုနားလည်ကြသည်(ဗျာဒိတ်ကျမ်း ၆:၁၀)။ ထို ့ကြောင့် လောကမှာ အသက်ရှင်ပြီး ဘုရားကို ကိုးကွယ် ကြသော ငါတို့ခရစ်ယာန်များအတွက် ကောင်းကင်ရောက်သော ခရစ်ယာန်များက ငါတို့လိုအပ်သောဆုကျေးဇူးများကို တောင်းခံပေးနိုင်သောသူများဖြစ်ကြောင်းယုံကြည်ကြသည်။ထို့ကြောင့် ကက်သလစ်များက သန် ့ရှင်းသူ( ရဟန္တာ ပေတရု၊ ပေါလု၊ မာရိ)- ကျွန်ုပ်တို့အဖို့ ငှါဆုတောင်းပေးတော်မူကြပါ"ဟု ဆုတောငိးခံကြသည်။ ဘုရားကသူတို့ကို အခွင့်ထူးပေးသည့်အတွက် သူတို့ ၏ ကြားခံဆုတောင်းပေးခြင်းကို ဘုရားသခင်ကကြားနာပြီး ကျေးဇူးများကို ငါတို့အားပေးကြောင်းယုံကြည်ကြသည်။

ရေးသားသူ - ဒီကင်မနားလိန်

 

Add new comment

5 + 7 =