တွေ့ဆုံနှီးနှောဖလှယ်ခြင်းကို ဉီးဆောင်သူက သူ့ရဲ့ဘာသာတရားကိုကာကွယ်သူမဟုတ်ပဲ လက်ခံတတ်တဲ့နှလုံးသားရှိသူဖြစ်ရမည်။

ဓမ္မ မိတ်ဆွေညီအစ်ကိုမောင်နှမ တို့ ကျွန်တော်တိူ့တွေ မတူကွဲပြားခြင်းများကိုဝမ်း မြောက် စွာ ကြို ဆိုကြရင်း ကျွန်တော်တို့ရဲ့ဘုံတူညီသောလူသားဖြစ်ခြင်းကိုဘယ်လို ရှာဖွေနိုင် မလဲ ခေါင်း စဥ် ဖြင့်လေ့လာနေကြတာ ဖြစ်သည်။ ဒီတစ်ပတ်မှာ ကျွန်တော် တို့လေ့လာကြ ရမှာ က လူတစ် ယောက်နဲ့ တစ်ယောက် မတူခြင်း က တစ်ယောက်က အခြားတစ်ယောက်ထက် ပိုကောင်းတယ် သို့မဟုတ် ပိုဆိုး တယ် လို့အဓိပ္ပယ်မဟုတ်ဘူး။ ဥပမာ - ခါကြက်ဥ နဲ့ လိ‌မ္မော်သီး လိုပဲ အရောင် က တူတူပဲ ဖြစ်ပေ မယ့်လို့ တစ်ခု နှင့် တစ်ခု မတူတဲ့အသီး နှစ်မျိုး ဖြစ်တယ်။

အကယ်၍ မိမိက “Vitamin – C” ကို ရချင် တယ်ဆိုရင် လိမ္မော် သီးရဲ့  အရည် သွေးတွေ ကို စား သုံးမှာဖြစ်တယ် လိမ္မော် သီးကို ‌ရွေးချယ်စားလိုက် လို့ လိမ္မော်သီးက မုန်လာ ဥနီထက်ပိုကောင်း တယ်လို့ မဆိုလိုပါဘူး။ မုန်လာ ဥနီထဲက “Vitamin – A” အပြည့်ဝရှိတဲ့သီးနှံ ဖြစ်တယ် သို့သော် မိမိ က “Vitamin – C” ကို လိုချင်တယ် ဆိုရင် တော့ လိမ္မော်သီးခြင်း စီကိုသွား ရမှာ ဖြစ်တယ်။ ဘာသာပေါင်း စုံနှီးနှော ဖလှယ် ခြင်း အဓိက ‌‌ဒေါင့်ချုပ်က သန့်ရှင်းမြင့်မြတ် ခြင်းစီသို့သွားနေ တဲ့ လူသားတွေရဲ့ အမျိူးမျိူးသော မတူညီကြတဲ့ ဘာသာတရားလမ်း တွေမှာ ဘယ်ဘာသာ က ပိုပြီးမြင့်မြတ်တယ် ပိုနိမ့်တယ် ဆိုတာ မရှိဘူးဆို တာကို အပြည့် အဝ ယုံကြည်ထားခြင်း ဖြစ်တယ်။

 ဘုရားယုံကြည်သူတွေက ဘုရား မ ယုံကြည် သူတွေထက် ပိုကောင်းတယ် သို့မဟုတ် ပိုဆိုး တယ် မရှိဘူးဖြစ်တယ်။ ပို ပြီးတော့တောင်မှ  အရေးကြီးတာက ဘာသာပေါင်း စုံ တွေ့ဆုံ နှီးနှော ဖလှယ်ခြင်းအား ဖြင့် ကျွန်တော်တို့ရဲ့ မတူကြတဲ့ဘာ သာတရားလမ်း စဥ်တွေ ကို အပြန် အလှန်ရို သေလေး စားကြ ပြီးတော့ ၊ အပြန်အလှန် ဝမ်းမြောက် ကြစေတာ ဖြစ်တယ်။ ဘာသာပေါင်းစုံ တွေ့ စုံ နှီးနှော ဖလှယ်ခြင်းတွေမှာ ပါဝင် သူ တစ်ယောက် အနေနဲ့ ခရစ်ယာန် တွေနဲ့ ပေါင်းသင်း ရာ မှာ စိတ် အနှောက်ယှက် မဖြစ်သလို ခရစ်ယာန်ဘာ သာရေးပွဲတွေ ကျင်းပရာမှာလည်း စိတ်အနှောက် ယှက် မဖြစ်ဖို့ လိုအပ် တာ ဖြစ်တယ်။

 ဘာသာ ပေါင်းစုံ တွေ့ဆုံ နှီးနှောဖလှယ်ခြင်းမှာ ပါဝင်သူတစ်ယောက် အနေနဲ့ မူဆလင် တွေနဲ့ ပေါင်းသင်းရာမှာ စိတ်အနှောက်အယှက် မဖြစ်ဖို့ လိုအပ်သလို မူဆလင်တွေ ရဲ့ဘာသာရေး ပွဲတွေမှာလဲ စိတ်အနှောက်ယှတ်မဖြစ် ဖို့လိုအပ်တယ်။ ဘာသာ ပေါင်းစုံ တွေ့ဆုံ နှီးနှောဖလှယ်ခြင်းမှာ ပါဝင်သူ တစ် ယောက် အနေနဲ့  လူသာပဒါနဝါဒီတွေနဲ့  ပေါင်းသင်း ရာမှာ အခက်ခဲ မရှိဖို့ လိုအပ်သလို သူတို့ရဲ့ ထူးခြား တဲ့ နေ့ရက်တွေမှာပါဝင် ခြင်းမှာ လည်းစိတ်အနှောက် အယှတ် မဖြစ် ဖို့လိုအပ်တာ ဖြစ်တယ်။ အခြားဘာသာတွေနဲ့လည်း အလားတူဖြစ် တယ်။ ဘာသာ ပေါင်းစုံ တွေ့ဆုံ နှီးနှောဖလှယ်ခြင်းမှာ သူ့ဘာသာ ကိုယ့်ဘာသာ ပိုမြင့်မြတ်တယ်လို့ ကြိုးစားခြင်းမရှိပဲ ဘာသာတရားတွေအားလုံးကို အသိ အမှတ်ပြုတယ် ၊ ရိုသေလေးစားတယ် ၊ ဝမ်းမြောက်စွာပွေ့ဖက်တယ်။ ဘယ်ဘာသာကဖြစ် ပါစေ ဘာသာ‌ပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ် ခြင်းမှာ ပဒါနမေးခွန်းက “သင့်ကို ပို‌ကောင်းတဲ့ လူသားတစ်‌ ယောက် ဖြစ်လာအောင် ငါဘယ်လို ကူညီနိုင်သလဲ “ဆို တာဖြစ်တယ်။ ဒီမေးခွန်း ကို နှလုံးသား ထဲမှာထားရင်းနှင့် ထိုသူသက် ဝင်ယုံကြည်နေတဲ့ ဘာသာတရား ကိုစိတ်ထဲမှာ ထားရင်းနဲ့ ဘာသာ ပေါင်းစုံ တွေ့ဆုံ နှီးနှောဖလှယ်ခြင်းကို ဦးဆောင်သူ အနေနဲ့ သူ့ကို ကူညီပေးမယ် ၊ လမ်းပြ ပေးမယ် တစ်ခါတစ်ရံမှာ တွန်းအားပေးတာတွေတောင် ပြုလုပ်ပေးမှာ ဖြစ်ပေမယ့် သင်ကြား ပို့ချခြင်း ကိုတော့ ဘယ်တော့မှမပြုလုပ် ရမှာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် တွေ့ဆုံနှီးနှော ဖလှယ်ခြင်းကို ဦးဆောင် တဲ့သူက သူ့ရဲ့ဘာသာတရား ကိုကာကွယ် သူ မဟုတ်ပဲ လက်ခံတတ် တဲ့နှလုံးသားရှိသူဖြစ် ရမှာ ဖြစ်တယ်။ ဘာသာ ပေါင်းစုံ တွေ့ဆုံ နှီးနှော ဖလှယ်ခြင်းကို ဦးဆောင်သူ က အခြားသူတွေအတွက် ဆောင် ကျင်းပေးနိုင်တဲ့ အရေးကြီးဆုံးလက် ဆောင်မွန်က လူံခြုံတဲ့ ၊ သန့်ရှင်းမြင့်မြတ်တဲ့ အဝန်းအဝိုင်း ကို ကိုယ်ကိုယ်တိုင် ဖန်တီးပေးခြင်းဖြင့်  ဦးဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ပြုလုပ်နေကြခြင်း ဖြစ်လာတဲ့ခါမှာ ဒီတစ်ထူးတစ်ခြား လက်ဆောင် မွန်ကဖြစ်နေကြအရာ ပိုပြီးတော့ ဖြစ်လာမှာ ဖြစ်လာမှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ အခုလက်ရှိ မှာတော့ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ သူတို့က ကိုယ့်ဘာ သာ သည်သာ မှန်တဲ့ ယူဆချက်က ရှင် သန်နေ ကြဆဲ ဖြစ်ပါတယ်။ ကျွန် တော် တို့ရဲ့ မတူကွဲ ပြားတယ့် ဘာ သာ တရားအကြောင်းတွေကို ဝေမျှနိုင်ဖို့က လုံခြုံတဲ့ ၊ သန့်ရှင်း မြင့်မြတ်တဲ့ အဝန်းဝိုင်း က မရှိမဖြစ် အရေးကြီးပါတယ်။ ဓမ္မမိတ်ဆွေ ညီအစ်ကို မောင်နှမ တယောက်စီ တိုင်း ကိုယ်၏ကျန်းမာခြင်း ၊ စိတ် ငြိမ်း ချမ်းခြင်း အစဥ် ရှိ ကြပါစေ။

Add new comment

1 + 3 =