Pentecost ဆိုတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းကြွ လာခဲ့တဲ့နေ့က အသင်းတော်ရဲ့ မွေးနေ့

Pentecost ဆိုတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းကြွ လာခဲ့တဲ့နေ့က အသင်းတော်ရဲ့ မွေးနေ့

ကမ္ဘာအနှံ့ကက်သလစ်ဘာသာများ -

Pentecost ဆိုတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းကြွ လာခဲ့တဲ့နေ့က အသင်းတော်ရဲ့ မွေးနေ့လို့ ခေါ်ကြပါတယ်။ အသင်းတော်ရဲ့ မွေးနေ့မှာ ကြောက်ရွံ့နေခဲ့ကြတဲ့ တမန်တော်ကြီးတွေနဲ့ ခရစ်ယေဇူးရဲ့ နောက်လိုက်တွေ အားလုံး ခွန်အားသတ္တိနဲ့ ပြည့်ဝလာကြသလို ဝိညာဉ်တော်ရဲ့ အလင်းကျေးဇူးတော်ကြောင့် ဘာသာစကားအမျိုးမျိုး ပြောတတ်လာခဲ့ကြပါတယ်။ အဲဒီလို ဘုရားရှင်ရဲ့ ကျေးဇူးတော်နဲ့ စတင်ခဲ့တဲ့ အသင်းတော်ရဲ့ သမိုင်းတစ်လျှောက် နှစ်ပေါင်း ၂၀၀၀ ကျော်အတွင်းမှာ အတားအဆီး အခက်အခဲ ပေါင်းစုံ တွေ့ကြုံရပေမဲ့ လူသားကနေ တည်ထောင်တဲ့ အသင်းတော် မဟုတ်ဘဲ သခင်ယေဇူးကိုယ်တိုင် တည်ထောင်ခဲ့တဲ့ အသင်းတော်ဖြစ်တာကြောင့် ယနေ့တိုင် တစ်လုံးတစ်ဝတည်း တည်ရှိနေဆဲ ဖြစ်ပါတယ်။

ခရစ်ယာန် အသင်းကွဲတွေများတာကြောင့် ကက်သလစ် အသင်းတော် ဟုတ်မဟုတ် ဆိုတာကို ဘာနဲ့တိုင်တာမလဲ။ ဘယ်လို သိနိုင်မလဲ။ ကက်သလစ်အသင်းတော်ရဲ့ "four marks of the Church" ထင်ရှားတဲ့ အမှတ်အသား (၄) ခု ရှိပါတယ်။

၁)။ "#One" တစ်ခုတည်းဖြစ်သော အသင်းတော် (ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ- ခမည်တော်၊ သားတော်၊ သန့်ရှင်းသော ဝိညဉ်တော်ဘုရား)က သုံးပါးတစ်ဆူတည်းဖြစ်သလို အမိအသင်းတော်ဟာလည်း တစ်ခုတည်း ဖြစ်ပါတယ်။ တစ်ခုတည်း မဟုတ်ဘဲ ကွဲပြားနေတဲ့ အသင်းတော် မဟုတ်ပါ။

၂)။ "#Holy" သန့်ရှင်းသော အသင်းတော် (အသင်းတော်ဟာ သခင်ယေဇူးရဲ့ သန့်ရှင်းဖြူစင်ခြင်းရင်းမြစ်ကြောင့် သန့်ရှင်းသော အသင်းတော်ဖြစ်တယ်။) လူအစွမ်းကြောင့် သန့်ရှင်းတဲ့အသင်း မဟုတ်ပါ။

၃)။ "#Catholic" ကက်သလစ်၊ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်သော အသင်းတော် (အသင်းတော်က ကက်သလစ်ယုံကြည်ခြင်းနဲ့ ဆေးကြောခြင်းခံယူတဲ့ တစ်ကမ္ဘာလုံးက လူသားတွေနဲ့ သက်ဆိုင်ပါတယ်)။

၄)။ "#Apostolate" တမန်တော်တို့မှ ဆင်းသက်လာသော အသင်းတော် (ကက်သလစ် အသင်းတော်ရဲ့ အရင်းအမြစ်ဟာ Tradition တမန်တော်ကြီးတွေကနေ တိုက်ရိုက် ဆင်းသက်လာတဲ့ အသင်းတော် ဖြစ်ပါတယ်)။ သခင်ယေဇူး ကိုယ်တိုင်တမန်တော်တွေရဲ့ ခေါင်းဆောင်အဖြစ် ခန့်ထားခဲ့တဲ့ ရှင်ပေထရု (စိန့်ပီတာ) ကနေစတင်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ဦးဆောင်မှု အောက်မှာ တစ်လုံးတစ်ဝတည်း စည်းလုံးတဲ့ အသင်းတော်ဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်ထဲကနေ စတင်တည်ထောင်ခဲ့တဲ့ အသင်းတော် မဟုတ်ပါ။

အဲဒီ (၄)ချက်နဲ့ ပြည့်စုံမှသာ ကက်သလစ် အသင်းတော်လို့ ခေါ်နိုင်ပါတယ်။

၂၀၁၃ ခုနှစ်စာရင်းအရ ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်အားလုံး၏ ၅၀% ဟာ ကက်သလစ် ဘာသာဝင်များဖြစ်ကြပါတယ်။

ကက်သလစ် ဘာသာဟာ ၂၀၁၃ တွင် ကမ္ဘာ့လူ ဦး ရေရဲ့ ၁၆% ရှိပါတယ်။

၂၀၁၈ ခုနှစ်အထိ ကမ္ဘာပေါ်မှာ ကက်သလစ် ယုံကြည်ခြင်းနဲ့ ဆေးကြောခြင်း ခံယူပြီးသူ စုစုပေါင်း ၁.၃၂၉ ဘီလီယံ ခန့် ရှိတယ်လို့ သိရပါတယ်။

ထန်းဟာ, SJ

Photo credit to original post

 

Add new comment

15 + 4 =