++အသင်းတော်ရာဇ၀င်++

++အသင်းတော်ရာဇ၀င်++

နိဒါန်း

To Tell You the Whole Truth about the CHURCH and the HOLY BIBLE ကို၊ အခြေအနေပေးလျှင်၊ ပေး သလို၊ ဘာသာပြန်ဆို၊ ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။ ဤသို ့ဖေါ်ပြခြင်းသည်၊ စာအုပ်၏နာဖူးစည်းအတိုင်းပင်၊ ခရစ် ယာန်တိုင်း၊ မိမိတို ့သက်၀င်ယုံကြည်နေသောအသင်းတော်၊ အဘယ္သို ့ဖြစ်တည်လာခဲ့သည်ကို၊ သိသင့်သည်ဟု၊ မှတ်ယူသောကြောင့်ဖြစ်ပါသည်။ ထို ့အပြင်၊ သမိုင်းကိုလိမ်ညာ၍မရ၊ အဆိုရွိသကဲ့သို ့၊ သမိုင်းကိုသိုခြင်းဖြင့်၊ မိမိ၏ ယုံကြည်ခြင်းကို၊ ပို၍အလေးထားတတ်ရန်၊ မြတ်နိုးတတ်ရန်၊ စောင့်ရှောက်ကာကွယ်တတ်ရန်၊ ရည်ရွယ်ပါသည်။ ထို ့ အပြင်သမိုင်းမရှိ၍မဖြစ်၊ သမိုင်းမသိ၍မဖြစ်ဆိုလျှင်၊ လွန်မည်မထင်ပါ။ သမိုင်း၏၊ အဆိုးအကောင်းများကို၊ အကျိုးအ ကြောင်းညီစွာ၊ သုံးသပ်ပြီး၊ လက်ရှိအချိန်ှဍ်၊ အမှားနည်းအောင်စဉ်ချင်ပြီး၊ အကောင်းဆုံးရပ်တည်နိုင်ရန်၊ ဉာဏ်ကွပ်ပြီး ရှင်သန်ရပေမည်။ ကိုယ့်သမိုင်းကိုယ်ရေးသည်၊ ဆိုသည့်အတိုင်း၊ မိမိ၏၊ သမိုင်းအဆိုးအကောင်းသည်၊ မိမိနှင့်သာဆိုင် ပေမည်။

ဤစာအုပ်သည်၊ စိတ် ၀င်စားစရာကောင်းလိမ့်မည်ဟုမျှော်လင့်ပါသည်။ တင်ပြထားပုံမှာလည်း၊ လိုရင်းတို ရှင်း ဖြစ်ပါသည်။ အသင်းတော်သ မိုင်းနှင့်၊ သမ္မာကျမ်းစာဆိုင်ရာ၊ အမေးအဖြေများပါရှိပါသည်။ သမိုင်းကိုတူးစွ ရှာဖွေလေ့ လာရန်၊ ကက်သလစ်အ သင်း တော်၏၊ သွန်သင်ချက်များနှင့်၊ သမ္မာကျမ်းစာများကိုလေ့လာစေချင်ပါသည်။ သို ့မွသာ၊ ဘုရားသခင်က၊ ဖေါ်ပြသိ ရွိ စေလိုသော၊ အမွန္တရားမ်ားအားလုံးဆီသို ့၊ ဦးတည်ရောက်ရှိသွားနိုင်ပေမည်။ ခရစ် တော်သခင်က သင်တို ့သည်၊ အ မှန်တရားကိုသိပြီး၊ အမှန်တရားသည်၊ သင်တို ့အားလွှတ်လပ်စေလိမ့်မည် ဟုမိန် ့ တော်မူ၏။ (ယောဟန် ၈း၃၂) ရဟ န္တာသြဂုဏ်စတင်းက လာတင်းဘာသာကို၊ အလွန်တတ်စေ ချင်သောဆရာ သ မားသည်၊ လာတင်းဘာသာသည်၊ ကောင်းသလော ဟုမေးပေမည်။ ထို ့အတူ၊ ကျွန်တော်တို ့ခရစ်ယာန် များသည် လည်း၊ မှန်ရဲလား ဟုမေးသင့်ပါသည်။ ကျွန်တော်တို ့သည်၊ ဘုရားသခင်ဖေါ်ပြသော၊ အမွန္တရားအားလုံးကို၊ သိရှိ ရန်၊ အစဉ်တစ်စိုက်ကြိုးစားရပေမည်။ အချို ့ခရစ်ယာန်များ၏အမြင်တွင်၊ အသင်းတော်သမိုင်းသည်၊ မလို၊ အပိုသာ ဖြစ်သည်ဟု၊ ထင်မှတ်၊ ယူဆတတ်ကြပါသည်။ ထိုအဆိုသည်မှန်ခဲ့လျှင်၊ အဘယ်ကြောင့်၊ ကျွန်တော်တို ့ကျောင်းများ ဍ်၊ မြန်မာ့သမိုင်းအပြင်၊ ကမ်ဘာသမိုင်းကိုပါလေ့လာ၊ မွတ္သား၊ သင်ကြားရပါသည်။ အဘယ်ကြောင့်နည်း။ မျိုးချစ်စိတ် ထက်သန်လာစေရန်၊ မိမိတိုင်းပြည်အတွက်၊ ပေးဆပ်ခဲ့သောသူများ၏ဘ၀ကို၊ သိရှိမှတ်သားပြီး၊ ပုံတုယူတတ်ရန်၊ စ သော်ရည်ရွယ်ချက်ကောင်းများဖြင့်သင်ကြားစေပါသည်။ သမိုင်းမသိက၊ တိုင်းပြည်ကိုမချစ်နိုင်။ ထို ့အတူ၊ အသင်း တော်၏သမိုင်းကို၊ ဂဃနဏဏမသိလျှင်လည်း၊ အသင်းတော်ကို၊ အဘယ္သို ့ချစ်နိုင်ပါအုံးမည်နည်း။

ဤစာအုပ်ကိုပြုစုသူများ

TO TELL YOU THE WHOLE TRUTH ABOUT THE CHURCH AND THE HOLY BIBLE စာအုပ်ဖြစ် မြောက်လာရန်၊ ၀ိုင်း၀န်းကြိုးပမ်းခဲ့ကြသူများမှာ၊ DOUGLAS McNAIR, ZACHARY GRIMES, RICHARD MARCHAND, FR. JOHN NOONE, RITA TUCEI, RONALD YOUNG, DOROTHY DUCOTE တို ့ဖြစ်ကြပါသည်။ သူတို ့သည်၊ St. Charles Borromeo Catholic Church, 321 N. Juniper Street, Picayune, Mississippi, USA မှဖြစ်ကြပါသည်။

အသင်းတော်

၄င်း၏အစ၊ အောင်မြင်ခြင်းနှင့်၊ ဆုံးရှုံးခြင်းများ

ကက်သလစ်အသင်းတော်တွင်၊ မပြည့်စုံမူ၊ အားနည်းချက်၊ ခံထမ်းရမူနှင့်၊ မတရားမူများရှိမည်မှာ၊ မလွဲှဧကန် ဖြစ်ပါသည်။ ထို ့အတူ၊ အဆိုပါအခြေအနေသည်၊ နှစ်ပေါင်း (၂၀၀၀) ကျော်လာပြီး၊ ဖြစ်သော်လည်း၊ ဆက်လက်တိုက် ခိုက်တွန်းလှန်နေရဆဲဖြစ်ပါသည်။ အသင်းတော်အတွင်း၊ သန်းရှင်းမြင့်မြတ်သူများနှင့်၊ ဓမ္မပညာရှင်များလည်း၊ ခေတ် အခါနှင့်အညီ၊ ပေါ်ထွန်းခဲ့၊ ပေါ်ထွန်းဆဲ၊ ပေါ်ထွန်းနေဦးမည်ဖြစ်ပါသည်။ ဤသည်ကား၊ ခရစ်တော်သခင်၊ ဂတိထား ခဲ့ သကဲ့သို ့၊ ခရစ်တော်သခင်နှင့်၊ ၀ိညာဉ်တော်ဘုရားတို ့သည်၊ အမိအသင်းတော်နှင့်အတူ၊ တည်ရှိနေခြင်း၏၊ အမှတ်လက္ခဖြစ်ပါသည်။ (မာတေဦး ၂၈း၂၀)

ယခုဖေါ်ပြမည့်၊ အကြောင်းအရာများသည်၊ အမိအသင်းတော်တည်စမှ၊ ယေန ့တိုင်၊ အသင်းတော်သမိုင်းတွင်၊ ဖြစ်ပျက်ခဲ့သော၊ အရေးကြီးသည့်ဖြစ်ရပ် မ်ားကို၊ ခုနှစ်သက္ကရာဇ်အလိုက်၊ ဖေါ်ပြထားပါသည်။

အေဒီ - ၃၂ ခရစ်တော်သခင်သည်၊ မိမိအသင်းတော်၊ တည်ထောင်မည့်အကြောင်း၊ သင်သည်၊ ပေတြူးဖြစ်၏။ ဤ ကျောက်ပေါ်မှာ၊ ငါ၏အသင်းတော်ကို၊ တည်ဆောက်မည် ဟုဂတိထားခဲ့ပါသည်။ (မာတေဦး ၁၆း၁၈)

အေဒီ - ၃၃ ကောင်းသောသိုးထိန်းဖြစ်သည့်၊ ခရစ်တော်သခင်သည်၊ ပေတြူးအား ငါ၏သိုးတို ့ကိုကျွေးမွေးလော့။ ငါ၏သိုးတို ့ကိုစောင့်ရှောက်လော့ ဟုသောမိန် ့မှာချက်ဖြင့်၊ မိမိ၏ဂတိတော်ကို၊ ပြည့်စုံစေခဲ့ပါသည်။ (ယောဟန် ၂၁း၁၅-၁၈)

ပင်တေကော့စ္စတယ်ပွဲ (Pentecost)

အေဒီ - ၃၃ ၀ိညာဉ်တော်ဘုရား၊ အမိမယ်တော်မာရီးယာ၊ တပည့်တော်များနှင့်၊ တမန် တော်အပါး (၁၂၀) ခန် ့အ ပေါ်သို ့၊ ဆင်းသက်ခဲ့ပါသည်။ ထို ့နေ ့ဍ်ပင်၊ လူပေါင်း (၃၀၀၀) ယုံကြည်သူများအဖြစ်၊ ဘာသာထဲ၀င် ရောက်ခဲ့ကြပါ သည်။ (တမန်တော် ၂း၄၁)

အေဒီ - ၃၄ ဂျုးခရစ်ယာန်တို ့သည်၊ မည်သူမဆို၊ ခရစ်မဖြစ်မည်၊ ဂျုးဖြစ်ရမည် (အရေဖျားလှီးရမည်) ဟုသွန်သင်၊ တိုက်တွန်းခဲ့၏။ အဆိုပါတိုက်တွန်းချက်ကို၊ ဂျေရူးစလင်အစည်းအေ၀းမှ၊ (အေဒီ ၅၀) တွင်၊ ဖြေရှင်းပေးခဲ့ပါသည်။ (တမန်တော် ၁၅)

Didache

အေဒီ - ၄၅ ရှေးဦးခရစ်ယာန်မျာ၊ လက္ခံ၊ ယုံကြည်၊ ကျင့်သုံးခဲ့သော၊ လုပ်ထုံးလုပ်နည်းများကို၊ မှတ် တမ်းတင်ထားခဲ့သော၊ စာစောင်ကိုခေါ်ပါသည်။ ထိုမှတ်တမ်းများကို၊ ယေန ့တိုင်၊ ကိုင်ဆောင်မှီငြမ်းဆဲရှိပါသည်။

အေဒီ - ၆၇ စိန်ပီတာနှင့်၊ စိန်ပေါလ်တို ့သည်၊ တရားတော်အတွက်၊ ရောမမြို ့ဍ်၊ အသတ်ခံခဲ့ရပါသည်။

အေဒီ - ၇၀ ဂျေရူးစလင်မြို ့ရှိဗိန်မာန်တော်ကြီး၊ ရောမလူမျိုးတို ့၏၊ ဖျက်ဆီးခြင်းကို၊ ခံခဲ့ရပါသည်။

အေဒီ - ၅၀ - ၃၁၃ အတွင်း၊ ဘုရင် နေရို၊ ဒိုမီးစီယံ၊ ဒေးချီအု(စ်)၊ နှင့် ဒေအိုလေးစီယံတို ့က၊ အသင်းတော်ကြီးကို၊ သတ်ဖြတ်၊ ညှဉ်းဆဲခဲ့ပါသည်။

အေဒီ - ၉၆ စိန္ပီတာ၏၊ အရိုက်အရာကိုဆက်ခံသော၊ ရဟန်မင်းကြီး၊ ကလေးမင်းသည်၊ ကော်ရိန်းသူအသင်း တော်ဍ်၊ ဖြစ်ပျက်ခဲ့သောပြဿနာကို၊ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ စိန်ဂျွန်သည်၊ ထိုအချိန်ထိ၊ အသက်ရှင်လျှက် ရှိသေးသည်။

အေဒီ - ၁၀၈ အန်တီအုတ်မြို ့သား၊ အီညားစီအု(စ်) သည်၊ တရားတော်အတွက်၊ အဖမ်းခံရပြီး၊ စီရင်ချက်ကိုခံရန်၊ ရောမမြို ့သို ့သွားနေစဉ်၊ အမိအသင်းတော်ကို ကက်သလစ် (Catholic) ဟု၊ ဦးစွာသုံးနှုန်းခဲ့ပါသည်။

"ခရစ်ယာန်အသင်းကွဲများစတင်ပေါက်ဖွားလာခဲ့ခြင်း"

Gnostics အယူဝါဒ၊ စတင်ပျံ့နှံ ့လာခဲ့ခြင်း

အေဒီ - ၁၂၅ ဤအသင်းအဖွဲ ့၏၊ သွန်သင်ချက်မှာ၊ ခရစ်ယာန်တို ့၏၊ အခြေခံအယူအဆကို၊ မိမိတို ့ခရစ် ယာန် ဖြစ်မလာမီက၊ အယူအဆ၊ လုပ်ထုံးလုပ်နည်းများနှင့်၊ စုပေါင်းစပ်ပေါင်း၍၊ သွန်သင်သော၊ အသင်းအဖွဲ ့တစ်ခုဖြစ် ပါသည်။ ၄င်းတို ့၏သွန်သင်ချက်များမှာ

၁. ခရစ်တော်၏၊ လူ ့အဖြစ်တော်ကိုလက်မခံပေ။

၂. ရုပ်ဆောင်သောအရာအားလုံးသည်၊ မကောင်းဟုလက်ခံသည်။

၃. (၂) ရာစုနှစ်တွင်၊ ထင်ရှားခဲ့သော၊ အထက်ပါအဖွဲ ့မ်ားမွာ၊ Basilides, Carpocrates, Valentinus, Marcion, Bardesanes တို ့ဖြစ်ကြပါသည်။

၄. အထက်ပါအသင်းအဖွဲ ့သည်၊ အလယ်ခေတ်အထိ၊ အဓွန် ့ရှည်ခဲ့ပါသည်။

"Montanism အသင်း၏၊ သွန်သင်ချက်"

အေဒီ - ၁၅၆ ဤအသင်းသည်၊ ခရစ်တော်နှင့်၊ ခရစ်ယာန်တို ့၏၊ သွန်သင်ချက်နှင့်၊ စပ်လျှင်၍၊ ရူပါရုံအသစ်ရသည် ဟု၊ ယုံကြည်လျှက်သွန်သင်ကြ၏။ ၄င်းတို ့၏သွန်သင်ချက်များမှာ၊ တစ်ဖက်စွန်းရောက်လွန်းလှပါသည်။ အကြောင်း မွာ၊ အိမ်ထောင်သည်၊ တစ်ဦးအနေဖြင့်၊ ခင်ပွန်းသည်တစ်ဦးဦးကဆုံးပါးသွားပြီး၊ နောက်အိမ်ထောင်ပြုခြင်းပင်လျင်၊ မ တရားမေထုန်မီ၀ှဲခြင်းမည်၏ဟု၊ သွန်သင်ပါသည်။ ထို ့အပြင်၊ မတရားမေထုန်မှီ၀ဲခြင်း၊ လူသတ်မူကျုးလွန်ခြင်း၊ ဆင်း တုရုပ္တုမ်ားကို၊ ကိုးကွယ်ခြင်း၊ စသောအပြစ်များသည်၊ ကျေအေးနိုင်သောအပြစ်မဟုတ်။ ထို ့အတူ၊ အသင်းတော်ဍ် လည်း၊ ကျေအေးနိုင်သောအာဏာမရှိဟု၊ သွန်သင်ပါသည်။ ဤအသင်း၀င်များ၊ တဖြည်းဖြည်းချင်း၊ ကက်သလစ်အ သင်းတော်သို ့ပြန်လှည့်လာခဲ့ကြသောကြောင့်၊ (၉) ရာစု၀န်းကျင်ဍ်၊ အသင်းကွယ်ပျောက်သွား ခဲ့ပါတော့သည်။

ဤအသင်း၏ကျရှုံးခြင်း၏၊ အခြားအကြောင်းအရင်တစ်ရပ်မှာ၊ ရှေးဦးခရစ်ယာန်များ၊ တက်ကြွစွာစောင့်စားနေ ခဲ့သော၊ ခရစ်တော်၏၊ ဒုတိယအကြိမ်ကြွလာခြင်းကို၊ လုံး၀လက်မခံခြင်းလည်း၊ တစ်ချက်ပါပြီး၊ တမန်တော်ကြီးတို ့မွ၊ ဆင်းသက်လာခြင်းကိုလည်းကောင်း၊ ကမ်ဘာတစ်၀ှမ်းလုံးနှင့်ဆိုင်ခြင်းကိုလည်းကောင်း၊ အသင်းတော်၏၊ အပြစ်ခွင့်လွှတ် ပိုင်ခွင်အာဏာကို၊ လက်မခံငြင်းဆန်ခြင်း၊ စသောအချက်များကြောင့်ဖြစ်ပါသည်။

အေဒီ - ၁၈၀ လီယွန်မြို ့၊ ဆရာတော်အီရေးနေးအု(စ်) က၊ ရဟန်းမင်းကြီး၏၊ သွန်သင်ချက်များသည်၊ ယုံကြည်မူအတွက်၊ စိတ်အချရဆုံးဟု၊ မိန် ့ဆိုခဲ့ပါသည်။

Manichaean အသင်း၏၊ သွန်သင်ချက်

အေဒီ - ၂၄၄ ဘုရားနှစ်ဆူရှိကြောင်း၊ တစ်ဆူသည်၊ ကောင်းပြီး၊ တစ္ဆူမွာ၊ မကောင်းပေ။ ဓမ္မဟောင်းကျမ်းစာကို၊ လက်မခံပေ။ ပြန်လည်မွေးဖွားခြင်း (၀င်စားခြင်း) ကို၊ လက္ခံသွန်သင်ခဲ့ပါသည်။

Novatian အသင်း၏၊ သွန်သင်ချက်

အေဒီ - ၂၅၁ ရဟန်းမင်းကြီးအဖြစ်၊ အရွေးမခံရခဲ့ရာမှ၊ အစပြုပြီး၊ မိမိကိုယ္မိမိ၊ ဆရာတော်အဖြစ်၊ ဘိသိတ်ပေးသိ က္ခာတင်ခဲ့ပါသည်။ ရဟန်းမင်းကြီး၏၊ သြဇာကိုလည်း၊ အာခံဆန် ့ကျင်ခဲ့ပါသည်။ ဆေးကြောခြင်ခံယူပြီးနောက်၊ ကျုး လွန်ခဲ့သော၊ အပြစ်များအနက်၊ ရုပ်တုဆင်းတုကို၊ ကိုးကွယ်သောအပြစ်သည်၊ ခွင့်လွှတ်ခြင်းလုံး၀မရနိုင်ဟု၊ သွန် သင် ခဲ့ပါသည်။ ဆေးကြောခြင်းမင်္ဂလာ၊ ပေးရာဍ်လည်း၊ ဖျန်းခြင်းတစ်ခုကိုသာ၊ လက္ခံသည်။ ထို ့ကြောင့်၊ (၂၆၁) ခုနှစ်၊ ရော မမြို ့ဍ်၊ ကျင်းပသော၊ ဆရာတော်ကြီးများ၊ အစည်းအေ၀းဍ် (Synod of bishops in Rome)၊ အသင်းတော် ပြင်ပလူ အဖြစ် (excommunication) သတ်မှတ်ခြင်းခံခဲ့ရပါတော့သည်။

Arius အသင်း၏၊ သွန်သင်ချက်

အေဒီ - ၃၁၀ သူသည်၊ အလက် (ဇ) ဇန်းဒါမှ၊ ရဟန်းတစ်ပါးဖြစ်ပါသည်။ ပုဂိုလ္သုံးပါး၊ တစ်ဆုဘုရားနှင့်စပ်လျှင်း၍၊ ၄င်း၏အယူအဆများကို၊ မှားယွင်းစွာသွန်သင်ခဲ့ပါသည်။ ၄င်း၏အယူအဆသည်၊ ခရစ်ယာန်များအား၊ အတော်အကျပ် အတည်းဖြစ်စေခဲ့ပြီး၊ သူ ့ခေတ်သူ ့အခါဍ်ရှိသော၊ ဆရာတော် သုံးပုံ၊ နှစ်ပုံမှာ၊ သူ၏အယူအဆကိုလက္ခံသည့်အခြေအ နေသို ့ရောက်ခဲ့ပါသည်။ သို ့သော်၊ ရဟန်းမင်းကြီးသည်၊ ကြံကြံခံတွန်းလှန်ခဲ့ပါသည်။ ၄င်း၏သွန်သင်ချက်မှာ၊ ခရစ် တော်၏၊ ဘုရားအဖြစ်တော်ကို၊ လကမခံပေ။ သူနှင့်၊ သူ၏နောက်လိုက်များကို၊ (၃၂၅) နိုင်ဆင်း အစည်းအေ၀ဍ်၊ စီ ရင်ချက်ချမှတ်ပြီး၊ အသင်းတော်ပြင်ပရှိလူအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၄င်းတို ့၏သွန်သင်ချက်ကိုကာကွယ်ရန်၊ နိုင် ဆင်း၏ယုံကြည်ရာအချက် (Nicea Creed) ကိုလည်းထုတ်ပြန်ကြေငြာခဲ့ပါသည်။

Donatus အသင်း၏သွန်သင်ချက်

အေဒီ - ၃၁၂ တောင်အာဖရိကမှ၊ ဆရာတော်တီးဂရီး(စ်) မွ၊ တည်ထောင်ခဲ့သည်။ သူ၏သွန်သင်ချက်မှာ၊ တထူး တျခား၊ ရွေးကောက်ခံရသူများသာလျှင်၊ ဆေးကြောခြင်းမင်္ဂလာကိုခံယူနိုင်သည်။ (၄၀၄)ခုနှစ်၊ ကာသေ့(ချ်) ဍ် ကျင်း ပခဲ့သောကောင်စီက (the Council of Carthage)၊ သူ၏သွန်သင်ချက်ကို၊ ပယ်ချခဲ့ပါသည်။ စိန်သြဂုဏ် စတင်းက လည်း၊ စာပေများရေးသားပြီး၊ ကာကွယ်၊ ထုချေခဲ့ပါသည်။ ၄င်း၏အယူအဆများကြောင့်၊ အသင်းတော်အတွင်း၊ မရှင်း လင်းသောအကြောင်းအရာများစွာ၊ ရှင်းလင်းပြတ်သားစွာထွက်ပေါ်လာခဲ့ပါသည်။

ဥပမာ။ ။စက္ကရာမင်တူးမင်္ဂလာမြတ်၏၊ အကျိုးအာနိသင်များ၊ အသင်းတော်၏ကြင်အင်လက္ခဏာများ၊ အယူအဆကွဲခြင်း (schism) နှင့်၊ အယူအဆလွဲှမှားခြင်း (heresy) အကြောင်း၊ အသင်းတော်နှင့်၊ နိုင်ငံတော်၏ဆက်ဆံရေး၊ ခရစ်ယာန်နိုင်ငံများဍ်၊ အယူအဆလွဲှမှားသူတို ့အား၊ ကိုင်တွယ်ဖြေရှင်းနည်းများ၊ စသည်တို ့ဖြစ်ကြပါသည်။

မှတ်ချက်။ ။Donatism သည်၊ တောင်အာဖရိဍ်၊ မွတ်စလင်များလွှွှမ်းမိုးလာသည့်အချိန်၊ (၆) ရာစုအထိ၊ ဆက်လက်ရှိနေခဲ့ပါသည်။ နောင်တွင်၊ အီစလမ္ဘာသာသို ့၊ ကူးပြောင်းသွားခဲ့ကြပါသည်။

"ခရစ်ယာန်များအား၊ ဖမ်းဆီး၊ သတ်ဖြတ်၊ ညဉ်းပမ်း၊ နှိပ်စက်ခြင်း၊ တစ်ခန်းရပ်သွားခြင်း"

အေဒီ - ၃၁၃ ကွန်စတန်တိုင်းဘုရင် (Emperor Constantine) ကြီးမှုး၍၊ မီလန်အမိန် ့၊ စာချွန်တော် ထုတ်ပြန်ခဲ့ပါ သည်။ ထိုစာချွန်တော်အရ၊ ရောမအင်ပါယာအတွင်းရှိ၊ ခရစ်ယာန်များကို၊ လွှတ်လပ်စွာ၊ ၀တ်ပြုကိုးကွယ်ခွင့်ပြုခဲ့ပါ သည်။ ထို ့ကြောင့်၊ ခရစ်ယာန်များအား၊ ဖမ်းဆီး၊ သတ်ဖြတ်၊ ညဉ်းပမ်း၊ နှိပ်စက်ခြင်းများ၊ တစ်ခန်းရပ်သွား လေတော့ သည်။ ဤစာချွန်လွှာထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း၊ အယူအဆကွဲခြင်းနှင့်၊ အယူအဆလွဲှမှားခြင်းများ၊ အသင်းတော်အ တွင်း၊ အလွန်ရှုပ်ထွေးမူများရှိခဲ့ပါသည်။ ၄င်းတို ့မွာ

၁. အယူအဆလွဲှမှားခြင်းများ - Montanism, Arianism, etc..

၂. အသင်းတော်၏၊ ကိစ္စရပ်များဍ်၊ ဘုရင်ပါ၀င်စွပ်ဖက်လာခဲ့ပါသည်။ ဤစွပ်ဖက်မူသည်၊ ရာစုအတော်ကြာခဲ့ပါသည်။

၃. အနောက်တိုင်း (Rome) နှင့် အရှေ့တိုင်း (Constantinople) တို ့ကြား၊ တင်းမာမူများရှိလာခဲ့ပါသည်။ ထိုအချိန်ဍ်၊ ရောမနိုင်ငံသည်၊ နန်းဆိုက်ရာမြို ့ဖြစ်ပါသည်။ ထိိုသို ့တင်းမာနေခဲ့ရာမှ (၁၀၅၄) တွင်၊ အရှေ့တိုင်းအသင်းတော်သည်၊ ခွဲထွက်သွားခဲ့ပါတော့သည်။

၄. ထိုအချိန်မှစ၍၊ ရောမနေမ၀င်အင်ပါယာကြီး၊ တစ်စိတ်တစ်ပိုင်းခွဲထွက်သွားခဲ့ပါတော့သည်။

အေဒီ - ၃၀၀ နှစ်များ ရှေ့ဦးခရစ်ယာန်များအတွက်မူ၊ တရားတော်အတွက်၊ အေသခ့သူမ်ားကို၊ ယုံကြည် ခြင်း၏၊ သူရဲကောင်းများသတ်မှတ်ကြပါသည်။ ထို ့နောက်၊ ကန္တာရဖခင် (တောထွက်) များသည်လည်း၊ ခေတ်သစ် ယုံကြည်ခြင်း၏၊ သူရဲကောင်းပုံစံဖြစ်လာခဲ့ပါသည်။ အီဂျစ်နိုင်ငံဍ်၊ တောထွက်သူများပြားခဲ့ပါသည်။ စိန်အန်ထော် နီ သည်၊ အထင်ရှားဆုံးရသေ့ဖြစ်ပြီး၊ နှစ်ပေါင်း (၃၀) ကျော်တောထဲဍ်၊ နေထိုင်ခဲ့ပါသည်။ (၂၉၇) တွင်မွေးဖွားပြီး၊ (၃၇၃) ဍ်ပျံလွန်တော်မူသွားခဲ့သော၊ စိန်အာသနားစီအု(စ်) က၊ စိန်အန်ထော်နီအကြောင်းကို၊ ရေးသားထားခဲ့ပါသည်။ ထို ခေတ်ထိုအခါဍ်၊ အသင်း တော်၏၊ ၀ိညာဉ်ရေးရာဍ်၊ သြရှိပြီးလွှမ်းမိုးမူရှိခဲ့ကြသူများမှာ၊ ရဟန်းမင်းကြီများဖြစ်ပြီး၊ ဒုတိယ အုပ္စုမွာ၊ ရေသ့မ်ား ကြပါသည်။ ရသေ့များသည်၊ ယေန ့ထက်တိုင်၊ အသင်းတော်၏လိုအပ်ချက်များကို၊ ဖြည့်ဆည်း အသုံးတော်ခံလျှက်ရှိ ပါသည်။

အသင်းတော်၏၊ ဓမ္မပညာကြီးများပေါ်ထွက်လာခဲ့ခြင်း၊

ဤအချိန်ကာလဍ်ပင်၊ အသင်းတော်အတွင်း၊ ဓမ္မပညာရှင်ကြီးများ၊ ပေါ်ထွက်လာခဲ့ကြပါသည်။ ၄င်းတို ့ကို အ သင်းတော်၏ဖခင်ကြီးများ (သို ့) ဓမ္မပညာရှင်များ (Fathers of the Church) ဟု၊ ဂုဏ်ပြုခေါ်ေဝါ်သုံးစွဲခဲ့ပါသည်။ ထို အသင်းတော်၏ဖခင်ကြီးများမှာ၊

၁. စိန်ကလေးမင်း - သူသည် (၉၈) ခုနှစ်ဍ်၊ တရားတော်အတွက်၊ အသတ်ခံခဲ့ရပါသည်။

၂. အန်တီအုတ်မြို ့မွ၊ စိန်အီညားစီအု(စ်) - သူသည်လည်း၊ (၁၁၀) ခုနှစ်ဍ်၊ တရားတော်အတွက်၊ အသတ် ခံခဲ့ရပါသည်။

၃. စိန်ပိုလီကပ်(ပ်) (၆၉) ခုနှစတွင််မွေးဖွားပြီး၊ (၁၅၅) ခုနှစ်ဍ်၊ တရားတော်အတွက်၊ အသတ်ခံခဲ့ရပါသည်။

၄. စိန်ဂျက်စတင်း - (၁၀၅) ခုနှစ်တွင်မွေးဖွားပြီး၊ (၁၆၅) ဍ်၊ တရားတော်အတွက်၊ အသတ်ခံခဲ့ရပါသည်။

၅. စိန္စီပရီယံ - သူသည်ကာသေ့(ချ်) မြို ့၏၊ ဆရာတော်လည်းဖြစ်ခဲ့ပါသည်။ (၂၀၅) တွင်မွေးပြီး၊ (၂၅၈) ဍ်၊ အသတ်ခံခဲ့ရပါသည်။ သူသည် ကက်သလစ်အသင်းတော်၏စည်းလုံးခြင်း စာတမ်းကိုရေးသားခဲ့ပါသည်။

၆. စိန်အာသနားစီအု(စ်) (၂၉၇) တွင်မွေဖွားပြီး၊ (၃၇၃) ဍ်၊ တရားတော်အတွက်၊ အသတ်ခံခဲ့ရပါသည်။

၇. မဟာ စိန္ဘာစီး(လ်) (၃၃၀) တွင်မွေးဖွားခဲ့ပြီး၊ (၃၇၉) ဍ်၊ ပျံလွန်တော်မူခဲ့ပါသည်။

၈. နီဆာမြို ့မွ၊ စိန်ဂရေဂေါ်ရီ - (၃၃၉) တွင်မွေးဖွားခဲ့ပြီး၊ (၃၉၇) ဍ်ပျံလွန်တော်မူခဲ့ပါသည်။

၉. နာဇီအန်ဇဲန်မြို ့မွ၊ စိန်ဂရေဂေါ်ရီ - (၃၂၉) တွင်မွေးဖွားခဲ့ပြီး၊ (၃၉၀) ဍ်ပျံလွန်တော်မူခဲ့ပါသည်။

၁၀. စိန်အန်ဘရော့(စ်) (၃၃၉) တွင်မွေးဖွားပြီး၊ (၃၉၇) တွင်ပျံလွန်တော်မူခဲ့ပါသည်။ သူသည်၊ မီလန်မြို ့၏၊ ဆရာတော် လည်းဖြစ်ခဲ့ပါသည်။

၁၁. စိန်ဂျွန်ခရစ္စတိုစတွန် - (၃၄၅) တွင်မွေးဖွားခဲ့ပြီး၊ (၄၀၇) တွင်ပျံလွနတော်မူ်ခဲ့ပါသည်။

၁၂. စိန်ဂျေရုမ်း - (၃၄၇) တွင်မွေးဖွားခဲ့ပြီး၊ (၄၁၉) တွင်ပျံလွန်တော်မူခဲ့ပါသည်။ သူသည်၊ သမ္မကျမ်းစာ၏၊ ဖခင်ကြီး၊ ပညာရှင်ကြီးဖြစ်ပါသည်။

၁၃. ဟစ်ပိုမြို ့မွ၊ စိန်သြဂုဏ်စတင်း (၃၅၄) တွင်မွေးဖွားခဲ့ပြီး၊ ((၄၃၀) တွင်ပျံလွန်တော်မူခဲ့ပါသည်။

စသည်တို ့ဖြစ်ကြပါသည်။

အသင်းတော်ရာဇ၀င် (၄)

အမိအသင်း၏၊ အခက်အခဲများ၊ ပြဿနာများကိုဖြေရှင်းပေးသော၊ အစည်းအေ၀းများ (Council)

နိင်ဆင်းအစည်းအေ၀းကြီး

အေဒီ - ၃၂၅ အာရီယံ၏၊ လွှဲမှားသောအယူအဆကို၊ ရှင်းပြချက်များထုတ်ပြန်၍၊ ကာကွယ်ခဲ့ပါသည်။ ပါစကားပွဲ ကျင်းပသည့်နေ ့ရက်ကိုလည်း၊ ယခင်၊ ဂျုးလူမျိုးတို ့၊ သတ်မှတ်ကျင်းပခဲ့သော်၊ နီဆန်းလ၊ (၁၄) ရက်နေ ့အစား၊ ပြောင်း လဲသတ်မှတ်ခဲ့ပါသည်။ ထို ့အတူ၊ ခမည်းတော်နှင့်၊ သားတော်တို ့သည်၊ ဇာတိတူကြောင်းကိုလည်း၊ ထုတ် ပြန်ကြေငြာခဲ့ပါသည်။

ကျမ်းစာအုပ်များကို၊ သတ်မှတ်ခြင်း (Bible)

အေဒီ - ၃၇၀ ကက်သလစ်အသင်းတော်က၊ ပြန် ့ကြဲနေသည့်၊ တပည့်တော်ကြီးများရေးသားခဲ့သည်ဆိုသော၊ ဘာ သာရေးစာစောင်များကို၊ စုစည်း၍၊ မည်သည့်စာအုပ်သည်၊ သန် ့ရှင်းသော၀ိညာဉ်တော်၏၊ အလင်းကျေးဇူးတော်ဍ်၊ ရေးသားခဲ့ကြောင်းကို၊ တိတိက်က်၊ ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုသို ့စုစည်းပေါင်းချုပ်ထားသော၊ စာအုပ္ကို၊ သမ္မာ ကျမ်းစာ (Bible) ဟု၊ ခေါ်သွင်စေခဲ့ပါသည်။ ယေန ့၊ ကက်သလစ်အသင်းတော်၊ လက္ခံနေသော၊ သမ္မကျမ်းစာ (၇၃) အုပ္ကို၊ စိန်အာသနားစီအု(စ်) (St. Athanasius) က၊ ဦးစွာသုံးစွဲခဲ့ပါသည်။ အဆိုပါ၊ သတ်မှတ်ချက်ကို၊ (၃၉၃) ခုနှစ်ဍ် ကျင်းပခဲ့သော၊ ဟစ်(ပ်)ပိုအစည်းအေ၀း၊ (၃၉၇) ခုနှစ်ဍ်ကျင်းပခဲ့သော၊ ကာသေ့(ချ်)အစည်းအေ၀း၊ ရဟန်းမင်းကြီး အင်းနိုဆဲန်(တ်) (Innocent I) (၄၀၅) ကလည်းကောင်း၊ (၁၅၄၅-၁၅၆၃) ဍ်ကျင်းပခဲ့သော၊ ထရင့်အစည်းအေ၀း (Council of Trent) တို ့က၊ တစ်ခဲနက်ထောက်ခံခဲ့ကြပါသည်။ သမ္မာကျမ်းစာကို၊ ရှေးအခါက၊ ရသေ့ကျောင်းများဍ်၊ သိမ်းဆည်းထားခဲ့ပြီး၊ နှစ်ပေါင်းတစ်ရာမက၊ ထိုကျမ်းစာစောင်များကို၊ လက်ရေးမူဖြင့်၊ ကူးယူပြားမ်ား၊ သုံးစွဲလာခဲ့ရာ၊ (၁၄၅၀) ခုနှစ်တွင်၊ စာပုံနှိပ်စက်၊ တီထွင်ခဲ့သည့်အချိန်ထိဖြစ်ပါသည်။

အေဒီ - ၃၈၁ ရောမအင်ပါယာတွင်၊ ခရစ်ယာန်ဘာသာကို၊ နိုင်ငံတော်ဘာသာအဖြစ်၊ သတ်မှတ်ကြေငြာခဲ့ပါသည်။

အေဒီ - ၃၈၂-၄၂၀ စိန်ဂျေရိုမ်းက၊ ဓမ္မဟောင်းကျမ်းစာကို၊ ဟေဘရူး နှင့် ဂရိ ဘာသာစကားမွ၊ လာတင် ဘာသာစကားသို ့၊ ပြန်ဆိုခဲ့ပါသည်။ ထိုသို ့ပြန်ဆိုခဲ့သော၊ ကျမ်းစာအုပ်ကို ၀ူးဂိန် (Vulgate) ဟုခေါ်ပါသည်။ ထိုစာအုပ္ကို၊ ကက်သလစ်အသင်းတော်ဍ်၊ တရား၀င်သမ္မာကျမ်းစာအဖြစ်၊ သုံးစွဲလာခဲ့ပါသည်။

ဧဖက်စုအစည်းအေ၀းကြီး (Council of Ephesus)

အေဒီ - ၄၃၁ ဤအစည်းအေ၀းသည်လည်း၊ အသင်းတော်အတွက်၊ အလွန်အရေးပါသော၊ အစည်းအေ၀းကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ဤအစည်းအေ၀းအတွင်းဍ်ပင်၊ မယ်တော်သခင်မသည်၊ ဘုရား၏မယ်တော် ဖြစ်ကြောင်း၊ ကြေငြာချက်ကို၊ ထုတ်ပြန်နိုင်ခဲ့ပါသည်။ အနောက်နိုင်ငံများဍ်၊ ဘာသာရေးပျံ့ပွားရေးကို၊ ဇောက်ချလုပ် ကိုင်မည့်၊ ရသေ့ဂိုဏ်းများ၊ ထူထောင်လာခဲ့ကြပါသည်။

"ရဟန္တာများ၊ သာသနာပျံ့ပွားရန်၊ လုပ်ဆောင်လာခဲ့ကြ"

စိန်စီရယ် နှင့် စိန်မယ်သောဒီအု(စ်)

စိန်စီရယ် (St. Cyril) နှင့် စိန်မယ်သောဒီအု(စ်) (St. Metho- dius)တို ့သည်လည်း၊ (၈၂၈-၈၈၄) ခုနှစ်များ တွင်၊ ဆလာ့(ဖ်)နိုင်ငံသို ့၊ ကက်သလစ်သာသနာတော်ကို၊ အရောက်သယ်ဆောင်ပေးနိုင်ခဲ့ပါသည်။

စိန်ပတ်ထရစ်

ဤရဟန္တာသည်၊ အိုင်ယာလန်သို ့၊ ကက်သလစ်သာသနာတော်ကို၊ အရောက်သယ်ဆောင်ပေးနိုင်ခဲ့ပါသည်။ ထို ့အပြင်၊ ရသေ့ဂိုဏ်းကိုလည်း၊ တည်ထောင်နိုင်ခဲ့ပါသည်။ အဆိုပါ၊ ရသေ့များသည်၊ (၆၁၇) ခုနှစ်ဍ်၊ ဘာသေရး ပ်ံ့ ပွားအောင်း၊ စွမ်းဆောင်နိုင်ခဲ့သကဲ့သို ့၊ ဘာသရေးစာအုပ်၊ စာပေးများကိုလည်း၊ ဦးစွာထုတ်ေ၀နိုင်ခဲ့သူများဖြစ်ပါသည်။

အယူအဆမတူသော၊ ခရစ်ယာန်များအချင်းချင်း၊ နှီးနှောသောအစည်းအေ၀း (Ecumenical Council of Chaldedon)

အေဒီ - ၄၅၁ ဤအစည်းအေ၀းသည်၊ ခရစ်တော်သခင်ဍ်၊ ဘုရားဇာတိတစ်ပါးသာရှိသည်ဟု၊ သွန်သင်သော၊ မိုနိုဖီတီဆ(မ်) (Monophytism) ကို၊ ပိတ်ပင်တားဆီးနိုင်ခဲ့ပါသည်။

စိန်ဘေနေဒစ် (St. Benedict)

အေဒီ - ၅၂၉ သူသည်၊ ရေသ့မ်ား၏၊ ၀ိနည်းကျင့်စဉ်များကို၊ ရေးသားခဲ့သူဖြစ်ပါသည်။ သူသည်၊ အီတလီနိုင်ငံ၊ မွန်း တေကာစီနို (Monte Cassino) ဍ်၊ ကျောင်းကိုတည်ထောင်ခဲ့ပါသည်။ ဤရသေ့ကျောင်းသည်၊ ဥရောပတစ်ခွင်ကို၊ ပြု ပြင်ပြောင်းလဲပေးနိုင်ခဲ့ပါသည်။

ဂျွန် (၂) (John II)

အေဒီ - ၅၃၃ ရဟန်းမင်းကြီးအဖြစ်၊ ရွေးချက်တင်မြောက်ခံရသောအခါ၊ မိမိ၏အမည်သစ်ကို၊ ပြောင်းလဲပြီး၊ အမည် သစ္ကို၊ စတင်ယူခဲ့သူပါသည်။ ရဟန်းမင်းကြီးဆဲ(လ်)ဂျီးအု(စ်) (၄) မတိုင်မီအချိန်ထိ၊ အဆိုပါအစဉ်အလာ၊ မရှိခဲ့ပေ။

ဒီအိုနီးစီအု(စ်) (Dionysius Exiguus)

အေဒီ - ၅၄၅ ခရစ်တော်သခင်၏၊ မွေးနေ ့ကို၊ စတင်တွက်ချက်ခဲ့သူဖြစ်ပါသည်။ ထိုအချိန်မှစ၍၊ ဘီစီ နှင့် အေဒီ ဟု၊ ခုနှစ်များကို၊ ရေတွက်ခဲ့ပါတော့သည်။

ရဟန်းမင်းကြီးမဟာဂရေဂေါ်ရီ (Pope Gregory the Great)

အေဒီ - ၅၉၀-၆၀၄ သူသည်၊ စာပေများစွာကို၊ ရေးသားခဲ့ပါသည်။ ဘာသာရေးဓမ္မတေးများစွာအပြင်၊ ဂနွာ၀င်ဓမ္မသီချင်း (Gregorian) များကိုလည်း၊ ရေးသားသီကုံးခဲ့ပါသည်။

စိန်သြဂုဏ်စတင်း (St. Augustine)

အေဒီ - ၅၉၇ ကက်သလစ်အသင်းတော်ကို၊ အင်္ဂလန်သို ့၊ ပြန် ့ပွားအောင်ဟောကြားခဲ့ပါသည်။

အီစ္စလမ် (မွတ်စ္စလင်) ဘာသာထွန်းကားလားခြင်း

အေဒီ - ၆၂၂ သစ်လွင်၊ တက်ကြွပြီး၊ အတိုက်အခိုက်ကို၊ စိတ်၀င်စားသော၊ သာသာသစ်တစ်ခုဖြစ်ပါသည်။ အီဂျစ်၊ ပါလက်စတိုင်း၊ ပါရှဲန်၊ ဆီးရီးယား၊ အာရပ္တို ့ကိုသိမ်းပိုက်ပြီး၊ ဘာသာတရားသို ့သိမ်းသွင်းခဲ့ပါသည်။ ဤဘာသာသည် မိမိတို ့စစ်နိုင်သော၊ ဒေသရှိလူများကို၊ ၄င်းတို ့ဘာသာထဲသို ့သိမ်းသွင်းခဲ့ကြပါသည်။

အေဒီ - ၆၉၅ ခုနှစ်တွင်၊ မြောက်အာဖရိကတိုက်ကိုလည်း၊ ထပ်မံသိမ်းပိုက်ခဲ့ပါသည်။ ဤစစ်ပွဲမတိုင်မီက၊ ထိုဒေသ သည်၊ ကက်သလစ် ဘာသာထွန်းကားခဲ့သောနေရာဖြစ်ခဲ့ပါသည်။

အေဒီ - ၇၁၇ ခုနှစ်တွင်၊ လေအို (၃) က၊ ကွန်စတန်တီနိုပယ်အား၊ ပြန်လည်တိုက်ယူနိုင်ခဲ့ပါသည်။

အေဒီ - ၇၃၂ ခုနှစ်တွင်၊ ခ်ား(စ်) မာတယ္က၊ Poitiers, France တို ့ကိုပြန်လည်၊ တိုက်ယူနိုင်ခဲ့ပါသည်။

"Paulicians ၏အယူအဆ"

အေဒီ - ၆၅၇ အကောင်း၊ အဆိုးဒွန်တွဲနေသည်၊ ဆိုသည့်အယူကိုလက်ခံသော၊ အသင်းအဖွဲ ့ဖြစ်ပါသည်။ အာရှမိုင်း နား၊ မထင်မရှားသော၊ တစ်နေရာဍ်စတင်ခဲ့ပါသည်။ အသင်းသားများကို ပေါလ်၏နေက်လိုက်များ (Paulicians) ဟု ခေါ်ပြီး၊ ဤသို ့ခေါ်ရခြင်းမှာ၊ (၂၆၀ မွ ၂၇၂) ၀န်းကျင်ဍ်၊ အန္တီအုတ်မြို ့၊ ဆာမိုဆာတာမှပေါလ်၏အယူအဆ နှင့်တူ သောကြောင့်ဖြစ်ပါသည်။ သူသည်၊ မှားယွင်းသောအယူအဆကြောင့်၊ (၂၆၉)ခုနှစ်တွင်ကျင်းပသော၊ အန္တီအုတ်ကောင် စီ၏၊ ငြင်းပယ်ခြင်းကိုခံခဲ့ရပါသည်။ ထိုသို ့ငြင်းပယ်ခံခဲ့ရသော်လည်း၊ အဆိုပါမှားယွင်းသော၊ အယူအဆကိုပြင်ဆင်ရန်၊ အားမထုတ်ဘဲ၊ မိမိ၏သာသနာပိုင်နယ်အတွင်းဍ်၊ (၂၇၂) ခုနှစ်တိုင်အောင်၊ သွန်သင်ခဲ့ပါသည်။ သူ၏အယူအဆသည်၊ Manichean အယူအဆနှင့်တူပါသည်။ Paulicians တို ့၏သွန်သင်ချက်မှာ၊ ဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေ ကြီး၊ ၀ိညာဉ်ကိုဖန်ဆင်းရှင်ဖြစ်ပြီး၊ Demiurge မွာမူ၊ ကမ်ဘာပေါ်ရှိမကောင်းမူများကို၊ ဖန်ဆင်းသူဖြစ်သည်ဟု၊ ခွဲခြားယုံ ကြည်ပါသည်။ သူတို ့သည်၊ ရုပ္ပုံကားခ်ပ္မ်ား၊ အထူးသဖြင့်၊ ကားတိုင်ကိုလုံး၀မတွေ ့လို၊ မမြင်လိုသောအသင်းအဖွဲ ့ ဖြစ်ပါသည်။ ထို ့အပြင်၊ ဓမ္မဟောင်းကျမ်းစာကိုလည်း၊ အေရးမေပး။ မယ်တော်သခင်မနှင့်၊ ရဟန္တာသူတော်သူမြတ် မ်ားအား၊ ကြည်ညိုခြင်းအမူကိုလည်း၊ လက်မခံနိုင်ကြ။ ဆေးကြောခြင်းစက္ကရာမင့်နှင့်၊ ကိုယ်တော်မြတ် စက္ကရာမင့်မင်္ဂ လာများကိုလည်း၊ စိတ်အားရုံဖြင့်သာခံယူရုံဖြင့်၊ လုံလောက်သည်ဟု၊ သွန်သင်ပါသည်။ သို ့သော် (၉) ရာစုအစပိုင်းသို ့ ရောက်လာသောအခါ၊ ဤအသင်း၀င်သူများအချို ့သည်၊ အီစ္စလမ်ဘာသာသို ့လည်းကောင်းကူးပြောင်းသွားခဲ့ကြပြီး၊ (၁၁) ရာစုအလယ်လောက်တွင်မူ၊ အသင်းဂိုဏ်းရပ်တည်မူလုံး၀ကွယ်ပျောက်သွားခဲ့ပါတော့သည်။

St. Boniface

အေဒီ - ၆၈၀-၇၅၄ စိန်ဘောနီဖေ့(စ်) သည်၊ ဂျာမဏီနိုင်ငံသို ့၊ ယုံကြည်ခြင်းကိုသယ်ဆောင်သွားခဲ့သူဖြစ်ပါသည်။

အေဒီ - ၈၁၄-၉၉၀ ဤကာလဍ်၊ အမိအသင်းတော်အတွင်း၊ အကျင့်ပျက်ခြစားမူများရှိလာခဲ့ပါသည်။ ဘုရင်ချာလ် မိန် (Charlemagne) နတ်ရွာစံသော(၈၁၄)ခုနှစ်မှ၊ (၁၀) ရာစုကုန်ဆုံးချိန်ထိ၊ ဥရောပဍ်တစ်ခွင်တွင်၊ ဤကာလကို၊ အ လွန်ဆိုးရွားသောကာ လ၊ မင်းမဲ့စရိုက်စံသောကာလ၊ ပဋိပက္ခထူပြောသောကာလ၊ ဟုသတ်မှတ်ရပေမည်။ ကျင့်၀တ် နှင့်သွေဖီသောရဟန်းများ၊ ဆရာတော်များ၊ အချို ့သောရဟန်းမင်းကြီးများပင်ပေါ်ပေါက်ခဲ့သောကာလဖြစ်ပါသည်။ ရဟန်းမင်းကြီးအဖြစ်၊ ရွေးချယ်ခံရရေးသည်၊ လောကဆန်ဆန်ကျင့်သုံးလာခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော်၊ အချို ့မိသားစုများသည်၊ မိမိတို ့၏ကိုယ္စားလွယ္မ်ားကို၊ ရဟန်းမင်းကြီးအဖြစ်တင်မြောက်ရန်၊ အားထုတ်လာကြ သည်။ ဘုရင်သည်၊ တစ်ခါတရံဍ်၊ နိုင်ငံရေးအကြောင်းတရားအတွက်၊ အချို ့သူမ်ားကို၊ ဆရာတော်အဖြစ်၊ ဂိုဏ်းအုပ် ဆရာတော်များအဖြစ်၊ ခန် ့အပ်လိုက်သည်။ ထို ့ကြောင့်၊ ရဟန်းမင်းကြီးသည်၊ နယ်ပိုင်များအဖြစ်လည်းကောင်း၊ သိုး ထိန်းချုပ်အဖြစ်လည်းကောင်း၊ ဖြစ်လာခဲ့ပါတော့သည်။ ထိုနည်းတူ၊ ရဟန်းမင်းကြီးသည်၊ မိမိ၏ေဆြ မျိုးသား ချင်းများ အနက်မှ၊ ရဟန်းအမတ်များ၊ ဂိုဏ်းအုပ်ဆရာတော်များ၊ ဆရာတော်မျာအဖြစ်၊ ရွေးကောက် တင် မြောက်ကြပါသည်။ ၄င်းတို ့အနက်၊ အချို ့သူများသည်၊ လုံး၀အရည်အချင်းမရှိ၊ မသင့်လျှော်သောသူများဖြစ်ကြပါသည်။ ကံကောင်း ထောက်မစွာဖြင့်၊ ဤဖရိုဖရဲအခြေအနေဍ်၊ အာဏာအရေးဗျာများနေသောကြောင့်၊ မည်သည့်အရေးကြီးသောသွန် သင်ချက်ကိုမျှ၊ မှားယွင်းစွာမသွန်သင်ခြင်းမရှိခဲ့ပေ။ ထို ့အတူမည်သည့်သွန်သင်ချက်ကိုမျှလည်း၊ ငြင်းပယ်ခဲ့ခြင်း လည်း၊ မရှိခဲ့ပေ။

အေဒီ - ၉၁၀ ပြင်သစ်ပြည်အလယ်ပိုင်း Cluny ဍ်၊ ဘဲနက်ဒင်တင်းရသေ့ကျောင်းကို၊ တည်ထောင်ခဲ့ပြီး၊ ဖရိုဖရဲ ဖြစ်နေခဲ့သော၊ ရသေ့ကျောင်းများနှင့်၊ အသင်းတော်ကို၊ ပြန်လည်ထိန်းကျောင်း၊ တည့်မတ်ပေးနိုင်ခဲ့ပါသည်။ အ နောက်ဥရောပဍ်၊ ဤကဲ့သို ့သောရသေ့ကျောင်းပေါင်း (၁၀၀၀)ကျောင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဘာသာတရားဍ်၊ အမှန်စင်စစ်၊ ကိုင်းရှိုင်းသူများကိုလည်း၊ မွေးထုတ်ပေးနိုင်ပါသည်။ အဆိုပါရသေ့များအနက်၊ အချို ့မွာ ဆရာတော်ကြီးများ၊ ရဟန်း မင်းကြီးများဖြစ်လာခဲ့ပါသည်။

အော်သိုဒေါ့(ခ်စ်) အသင်းပေါ်ပေါက်လာခြင်း (Orthodox Church)

အေဒီ - ၁၀၅၄ အော်သိုဒေါ့ (ခ်စ် (အရှေ့ပိုင်း၀ိ နည်းကျင့်သုံးသော အသင်းတော်) သည်၊ အမိအသင်း တော် ကြီးမှ၊ ခွဲထွက်သွားခဲ့ပါသည်။

သာသနာတော်သန် ့စင်ရေးသို ့ဦးတည်လာ

လေတာရန်ကောင်စီမှထုတ်ပြန်သောဥပဒေ (Lateran Council)

အေဒီ - ၁၀၅၉ လေတာရန်ကောင်းစီမှ၊ ရဟန်းမင်းကြီးရွေးချယ်ရာဍ်၊ လိုက်နာရမည့်ကျင့်၀တ်ကျင့်စဉ်အသစ် ကို၊ ထုတ်ပြန်ခဲ့ပါသည်။ ဒီဥပေဒအရ၊ လှို ့၀ှက်မဲများကို၊ ရောမရဟန်းအမတ်များသာ၊ ပေးပိုင်ခွင့်ရှိပါသည်။

အေဒီ - ၁၀၇၃ ရဟန်းမင်းကြီးဂရေဂေါ်ရီ (6) သည်၊ အသင်းတော်ပြန်လည်သန် ့စင်ရေးကို၊ စောက်ချလုပ် ကိုင်ခဲ့ပါသည်။

အေဒီ - ၁၀၈၄ စိန်ဘရူးနိုးက (St. Bruno)၊ ကာသူးရှဲန်း(Carthusian)၊ ရသေ့ကျောင်း၊ သီလရှင်ကျောင်းများ ကိုတည်ထောင်းခဲ့ပါသည်။

"ခရူးဆိတ်စစ်ပွဲသမိုင်း"

အေဒီ - ၁၀၉၇ ခရူးဆိတ်စစ်ပွဲသည်၊ ခရစ်တော်၏အလံတော်အောက်ဍ်၊ တစ်ကြိမ်မက၊ ခင်းခဲ့ရသောသမိုင်း ၀င်စစ်ပွဲဖြစ်ပါသည်။ စစ်ခင်းရခြင်း၏အဓိကအကြောင်းအရင်းမှာ၊ ခရစ်တော်သခင်၏မွေးရပ်မြေဖြစ်သော၊ သန် ့ရှင်း သောမြေ (သို ့) ဂတိထားသောပြည်ကို၊ ကာကွယ်ရန်နှင့်၊ ပြန်လည်ရရှိရန်ဖြစ်ပါသည်။ ထိုစစ်သည် (၁၁) ရာစုဍ်၊ ခရစ် ယာန်များနှင့်၊ မွတ်စလင်တို ့ကြားဖြစ်ပွားခဲ့သောစစ်ဖြစ် ပါသည်။ မွတ်စလင်တပ်သည်၊ စပိန်နှင့် စစ္စလီကျွန်းကိုကျုး ကျော်ခဲ့ရာမှအစပြုခဲ့ပါသည်။ ၁၀၉၅ ခုနှစ်တွင်၊ ရဟန်းမင်းကြီးအု(လ်)ဘမ် (၂) က၊ အနောက်တိုင်းမှခရစ်ယာန်နိုင်ငံ မ်ားအား၊ Seljuk Turks တို ့၏ရန်ကိုခံနေရသော်၊ ဘိုင်ဇန်တိုင်းဘုရင်၏အကူအညီတောင်းဆိုမူကို၊ ၀င်ရောက် ကူညီ ရန်၊ မေတ္တာရပ်ခံခဲ့ရာမှအစပြုခဲ့ပါသည်။ ထိုစစ်သည်နှစ်ပေါင်း (၂၀၀) ခန် ့ကြားရှည်ခဲ့သောစစ်ဖြစ်ခဲ့ပါသည်။

အမိအသင်းတော်၏သမိုင်းဍ်၊ ခရူးဆိတ်စစ်ပွဲ၏အကြိမ်အရေအတွက်မှာကွဲပြားပါသည်။ Encyclopedia of Catholicism စာအုပ်အရ၊ ခရူးဆိတ်စစ်ပွဲအကြိမ်ရေမှာ (၅) ကြိမ်၊ TO TELL YOU THE WHOLE TRUTH ABOUT THE CHURCH AND THE HOLY BIBLE စာရေးသူ၏စာအုပ်ဍ်မူ၊ ခရူးဆိတ်စစ်ပွဲ (၆) ကြိမ်နှင့်၊ ရန် ကုန္သာသနာမွ၊ ဖာသာရ်မာစီအန်သက်ကျော်ပြောသော၊ ကက်သလစ် အသင်းတော် သမိုင်းသိကောင်း စရာမ်ား စာ အုပ်ဍ်မူ (၉) ကြိမ်ဖြစ်ခဲ့ကြောင်းမှတ်သားရပါသည်။ အကြိမ်အရေအတွက်မတူရခြင်းသည်၊ သတ်မှတ်သောစစ် ရေးအ ခြေအနေနှင့်၊ အကြောင်းအရာများမတူသောကြောင့်လည်းဖြစ်နိုင်ပါသည်။ မည်သို ့ဆိုစေ၊ အဆိုပါစစ်ပွဲဖြစ်ခဲ့သည်မှာ၊ သမိုင်းအ ထောက်အထားများရှိပါသည်။

ပထမခရူးဆိတ်စစ်ပွဲ (၁၀၉၅-၁၀၉၉)

မွတ်စလင်အင်ပါယာချဲ့ထွင်လာမူသည်၊ ဘိုင်ဇန်တိုင်းအင်ပါယာကိုခြိမ်းခြောက်လာပါသည်။ (၁၀၉၅) တွင်၊ ဘိုင်ဇန်တိုင်းအင်ပါယာရှင် အာလေးစီအု(စ်) (၁) (Alexius I) က၊ ရဟန်းမင်းကြီးအု(လ်)ဘမ် (၂) (Urban II) အား၊ မွတ်စလင်တို ့၏ကျုးကျော်မူကို၊ ကာကွယ်နိုင်ရန်၊ အကူအညီတောင်းခံခဲ့ပါသည်။Back to top ရဟန်းမင်းကြီးကလည်း၊ ဘိုင်ဇန် တိုင်းအင်ပါယာကိုကူညီသည့်အပြင်၊ သန် ့ရှင်းသောမြေ (Holy Land) ကို၊ ခရစ်ယာန်အင်ပါယာအတွင်းသို ့၊ ပြန်လည် ထည့်ရန်ရည်ရွယ်ခဲ့ပါသည်။ ထို ့ကြောင့်၊ ခရစ်ယာန်နိုင်ငံများကို၊ နိုးဆော်လိုက်ပြီး၊ ခရူးဆိတ်စစ်ပွဲအတွက်၊ ပြင်ဆင်စေ ပါသည်။

ပထမခရူးဆိတ်စစ်ပွဲသည် (၃) နှစ်ကျော်ကြာခဲ့ပါသည်။ ဘုရင့်စစ်တပ်၊ သူရဲကောင်းများ (Knights) နှင့်၊ ရော ပစစ်တပ်များပူးပေါင်းပြီး၊ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့်၊ ချီတက်ခဲ့ကြပါသည်။ ပထမဍ်၊ ကွန်စတန်တီနိုပယ်၊ ထို ့ နောက်ဂျေရူးစလင်သို ့ချီတက်ခဲ့ကြပါသည်။ လယ်သမားအရေအတွက်မှာ၊ သူရဲကောင်းများ၏ဦးရေထက်များသည့် အပြင်၊ ဖြဲ ့စည်းပုံ၊ စည်းကမ်းသေ၀ပ်မူနှင့်၊ အေတြ ့အကြုံများပါကွာခြားပါသည်။ ထို ့ကြောင့်စစ်ကြောင်းတစ်ကြောင်း တည်းချီတက်ရန်မဖြစ်သောကြောင့်၊ တစ်ကြောင်းစီချီတက်တိုက်ခိုက်ရာ၊ စစ်ရေးမကျွမ်းကျင်၊ အေတြ ့အကြုံမရှိသော၊ လယ်သမားစစ်ကြောင်းမှာ၊ အတုံးအရုန်းကြရူံးခဲ့သော်ကြောင့်၊ ဂျေရူးစလင်သို ့ပင်မရောက်နိုင်ခဲ့ဘဲ၊ အရေးနိမ် ့ခဲ့ရပါ သည်။

အေတြ ့အကြုံလည်းရှိ၊ စစ်ရေးကျွမ်းကျင်သော၊ သူရဲကောင်းများ (Knights) စစ်ကြောင်းမှာ၊ (၁၀၉၉)တွင်၊ ဂျေရူးစလင်ကိုပိုက်နိုင်ခဲ့ပြီး၊ ခရူးဆိတ်ပြည်နယ် (Crusade State) အသွင်ပြောင်းပြီး၊ အုပ်ချုပ်လိုက်ကြပါသည်။ သန် ့ ရှင်းသောမြေသည်၊ (၄၆၁) ခုနှစ်မှစ၍၊ ခရစ်ယာန်များ၏၊ အုပ်ချုပ်မူအောက်ဍ်မရှိတော့ပေ။ ထို ့ကြောင့်စစ်ပွဲအပြီးတွင်၊ ခရူးဆိတ်စစ်သည်များက၊ သန် ့ရှင်းသောမြေကို၊ ဘိုင်ဇန်တိုင်းအင်ပါယာထဲသို ့ပြန်ထည့်ရန်၊ ငြင်းဆိုခဲ့ပါတော့သည်။ ဤသည်ကား၊ အရှေ့တိုင်းနှင့်၊ အနောက်တိုင်း (East and West) တို ့၏အုပ်ချုပ်သူများအကြား၊ အငြင်းပွားစရာဖြစ် လာခဲ့ပါသည်။ (ဖာသာရ်မာစီအန်သက်ကျော်စာအုပ် - စာမျက်နှာ ၄၀-၄၁)

ဒုတိယခရူးဆိတ်စစ်ပွဲ (၁၁၄၅-၁၁၄၉)

ပထမခရူးဆိတ်စစ်ပွဲတွင်၊ စစ်အောင်နိုင်ခဲ့ပြီး၊ ခရူးဆိတ်ပြည်နယ်ကိုထူထောင်ခဲ့သော်၊ စစ်သည်တော်များ သည်၊ ကြာကြာမအုပ်ချုပ်ခဲ့ရပေ။ အဘယ်ကြောင့်ဆိုသော်၊ Zengi ဦးဆောင်သော၊ မွတ်စလင်တပ်များအား၊ အေရး နိမ့်သွားခဲ့ရပါတော့သည်။ ဤအခြေအနေဖြစ်ပွားချိန်ဍ်၊ အသင်းတော်ကိုဦးဆောင်ပေးနေသော၊ ရဟန်းမင်းကြီးမှာ ယူ ဂျင်း (၃) ဖြစ်ပါသည်။ ထို ့ကြောင့်ရဟန်းမင်းကြီးသည်၊ ဒုတိယခရူးဆိတ်စစ်ပွဲအတွက်၊ တဖန်လှုံ ့ဆော်ရပြန်ပါတော့ သည်။ ယခုတစ်ကြိမ်ဍ်မူ၊ စစ်ကြောင်းများကို၊ ဥရောပဘုရင်များဖြစ်ကြသော၊ ပြင်သစ်ဘုရင်လူး၀စ်(၇)နှင့်၊ ဂျာမဏီဘု ရင်ကွန်းနဒ် (၃) (Conrad) တို ့ဦးဆောင်ချီတက်ခဲ့ပါသည်။ အခြားဥရောပနိုင်ငံများမှမူ၊ စစ်တပ်များပါ၀င်အားဖြည့်ပေး ခဲ့ကြပါသည်။ ပြင်သစ်နှင့်၊ ဂျာမဏီဦးဆောင်သောစစ်ကြောင်းသည်၊ ဥရောပတိုက်ကိုဖြတ်ချီ၍ချီတက်ခဲ့ရာ၊ ဘိုင်ဇန် တိုင်းအင်ပါယာအပိုင်၊ အာနာတိုးလီယာ (Anatolia) ဍ်၊ Seljuk Turks ဦးဆောင်သော၊ မွတ်စလင်စစ်ကြောင်း၏၊ လက်ဦးတိုက်ခိုက်မူကိုခံလိုက်ရပါတော့သည်။ မွတ်စလင်များဤသို ့၊ လက်ဦးမူရယူနိုင်ခဲ့ခြင်းသည်၊ ဘိုင်ဇန်တိုင်းဘုရင် မာဆဲယ်(လ်) (၁) (Macsel (1) ၏ခွင့်ပြုချက်ကြောင့်သာဖြစ်ကြောင်း၊ ခရစ်ယာန်ခေါင်းဆောင်များကစွပ်စွဲခဲ့ပါသည်။ ထိုသို ့မွတ်စလင်များ၏၊ လက်ဦးတိုက်ခိုက်မူကိုခံခဲ့ရသော်လည်း၊ ပြင်သစ်နှင့်၊ ဂျာမဏီစစ်ကြောင်းတို ့သည်၊ ဂျေရူးစ လင်အရောက်ထိုးဖောက်ချီတက်နိုင်ခဲ့ပြီး၊ နောက်ဆုံးဍ်၊ ဒါမားစကုမြို ့ကိုလည်းသိမ်းပိုက်နိုင်ရန်ကြိုးစားခဲ့ပါသည်။ သို ့ သော်ခရစ်ယာန်စစ်တပ်များအရေးနိမ် ့ခဲ့ရျပီး၊ မွတ်စလင်များသာ၊ အကြီးအကျယ်အောင်ပွဲခံနိုင်ခဲ့ကြပါသည်။ ဂျေရူးစလင်လည်း၊ တဖန်မွတ်စလင်လက်တွင်းသို ့ကျရောက်ခဲ့ရပြန်ပါသည်။ (ဖာသာရ်မာစီအန်သက်ကျော်စာအုပ် - စာမျက်နှာ ၄၂)

တတိယခရူးဆိတ်စစ်ပွဲ (၁၁၈၉-၁၁၉၂)

ဂျေရူးစလင်ကျဆုံးပြီးနောက်၊ တတိယခရူးဆိတ်စစ်ပွဲဖြစ်ပါသည််။ ထိုစစ်ပွဲကိုဘုရင်များ၏ခရူးဆိတ် (Kings Crudade) ဟုလူသိမျးပါသည်။ အဘယ်ကြောင့်ဆိုသော်၊ မွတ်စလင်ဘုရင် Saladin လက်ထက်မှစ၍၊ Holy Land ကိုပြန်လည်ရယူရန်ရည်ရွယ်ပြီး၊ စစ်တိုက်ခဲ့ပါသည်။ အောင်မြင်မူ များရှိသော်လည်း၊ အဓိကသိမ်းပိုက်လိုသောဂျေရူး စလင်ကိုမူ၊ Saladin ၏အီဂျစ်နှင့်၊ ဆီးရီးယားမှမွတ်စလင်မျာက၊ ခုခံနိုင်ခဲ့ကြသောကြောင့်၊ အရေးနိမ့်ခဲ့ပါသည်။

(၁၁၈၉) တွင်အင်္ဂလန်ဘုရင်၊ နတ်ရွာစံပြီးနောက်၊ နန်းတက် လာသောဘုရင်မှာ၊ Richard the Lion Heart ဖြစ်ပြီး၊ စစ် တပ္ကို၊ ကိုယ်တိုင်ဦးဆောင်ခဲ့ပါသည်။ အင်္ဂလန်ဘုရင်အား၊ ရောမအင်ပါယာရှင် Frederick Barbarossa ၏စစ် တပ် မှလည်း၊ ပါ၀င်ပူးပေါင်းပြီး၊ Anatolia ဟုခေါ်သောခံတပ်ကို၊ ဖြတ်ကျော်ရန်ကြိုးစားခဲ့ကြပါသည်။ သို ့သော်လည်း Holy Land တိုင်အောင်မချီတက်နိုင်ခဲ့ပေ။ နောက်လိုက်စစ် သည်များသည် လည်း၊ စိတ်ဓာတ်ရေးရာကျဆင်းလာပြီး၊ နောက်ဆုတ်တပ်ခေါက်သူများလည်း၊ ရှိခဲ့ကြပါသည်။ အောင်မြင်မူလုံး၀မရှိသည်တော့မဟုတ်ပေ။ Arce အရပ်မှမွတ်စလင်မျာကို၊ အောင်နိုင်ခဲ့ပြီးနောက်၊ ခ ရူးဆိတ်စစ်ပွဲကို၊ လူများေ၀ဖန်လာကြပါသည်။ ဘုရင်များ၏ဦးဆောင်မူများကို၊ ဘ၀င်မကျဖြစ်လာခဲ့ကြပါသည်။ အ ဘယ်ကြောင့်ဆိုသော်၊ စစ်ပွဲကိုနွဲခြင်းသည်၊ ဘာသာရေးအကျိုးထက်၊ ကိုယ်ကျိုးဘက်သို ့ရည်ရွယ်ဦးတည်နေသော ကြောင့်ဖြစ်ပါသည်။

Richard the Lion of Heart ၏ထိုးစစ္ကို၊ Saladin တပ္မ်ားက မခုခံနိုင်ခဲ့ပေ။ ထို ့ကြောင့်နေရာအတော်များ များကိုပြန်လည် သိမ်းပိုက် ရ ယူနိုင်ခဲ့ပါသည်။ စက်တင်ဘာ (၂၊ ၁၁၉၂) တွင်၊ အင်္ဂလန်ဘုရင် Richard နှင့် Saladin တို ့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါသည်။ စာချုပ်အရ၊ ဂျေရူးစလင်ကို၊ မွတ်စလင်များ၏လက်အောက်ဍ်ထားရှိရန်ဖြစ် ပါ သည်။ ခရစ်ယာန် မ်ားဘု ရားဖူးလာလိုသော်၊ လက်နက်ကိုင်ဆောင်ခြင်းမပြုဘဲ၊ ၀င်ရောက်ဖူးမျှော် ခွင့်ကိုပေးထားခဲ့ ပါသည်။

အင်္ဂလန်ဘုရင် Richard သည်၊ ထိုသဘောတူစာချုပ်ချုပ်ဆိုပြီးနောက်၊ အောက်တိုဘာလ (၉၊ ၁၁၉၂) တွင်၊ Holy Land မှအင်္ဂလန်သို ပြန်သွားခဲ့ ပါ သည်။ သူ ့အနေဖြင့်၊ ဂျေရူးစလင်ကိုမသိမ်းပိုင်နိုင်ခဲ့သော်လည်း၊ ဆိုက်ပရပ်(စ်) နှင့်၊ ဆီးရီးယားကမ်းခြေများဍ်၊ ၄င်း၏အာဏာ စက်ကိုထူထောင် ထားနိုင်ခဲ့ ပါသည်။ ဂျေရူးစလင်ကိုမသိမ်းပိုက် နိုင်ခြင်း သည်၊ နောက် (၆) နှစ်ကြာသော်၊ စတုတၳခရူးဆိတ်စစ်ပွဲဖြစ်လာစေရန်အကြောင်းတရားတစ်ခုဖြစ်လာခဲ့ပါသည်။

စတုတ္ထ ခရူးဆိတ်စစ်ပွဲ (၁၂၀၂-၁၂-၄)

တတိယခရူးဆိတ်စစ်ပွဲအပြီးတွင်၊ လူများလည်းစစ်ကို၊ အတော်ငြီးငွေ ့လာခဲ့ပါသည်။ စစ်တိုက်ရန်စိတ်မ ပါ ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော်၊ အိုးပစ်၊ အိမ်ပစ်၊ မိသားစုပစ်ထားပြီးသွားရသည်မှာလည်းမလွယ်လှပေ။ (၁၁၉၈) တွင်၊ ရဟန်းမင်းကြီးအင်းနိုဆင့် (၃) က၊ ရဟန်းမင်းကြီး အဖြစ် တင်မြောက်ခံခဲ့ရပါသည်။ ၄င်း၏လက်ထက်ဍ်၊ ဂျေရူးစ လင်ကိုပြန် လည်ရ ရှိရေးကို၊ ဦးစားပေးစွမ်းဆောင်လာပါသည်။ ယခုတစ်ကြိမ်ဍ်မူ၊ ဥေရာပ ဘုရင်များ၊ စိတ်၀င်စားမူမပြကြတော့ပေ။ ထို ့အတူ၊ ဂျာမဏီနိုင်ငံသည်၊ ရဟန်းမင်းကြီးနှင့်၊ အာဏာလွန်ဆွဲပွဲဖြစ်လာခဲ့ပြီး၊ အင်္ဂလန်နှင့်၊ ပြင်သစ်တို ့ကြားဍ်လည်း၊ စစ်ဖြစ်နေကြပါသည်။ သို ့သော်၊ ပြင်သစ်ဘုန်းတော်ကြီး Fulk of Neuilly ၏၊ ဟောပြောလှုပ်ဆော်မူများကြောင့်၊ စတုတ္ထခရူးဆိတ်စစ်ပွဲသည်၊ ပြန်လည်အသက်၀င်လာခဲ့ပါသည်။ (၁၁၉၉) တွင်၊ ခရူးဆိတ်စစ်ပွဲကို Court of Thibaut ကဦးဆောင်ဖွဲ ့စည်းပြီး၊ (၁၂၀၀) တွင်မူ၄င်းကကျရှုံးသွားခဲ့ပြီး၊ သူ ့နေရာတွင်၊ အီတာလွ်ံနယ္စား၊ Boniface of Montterrat ကိုအစားထိုးခန် ့အပ်လိုက်ပါသည်။ သူသည်၊ ဗင်းနစ်နှင့်၊ ဂျေနိုအာ အာဏာပိုင်များအား၊ ခရူးဆိတ်စစ်သည်တော်များကို၊ ရေကြောင်းဖြင့်၊ အီဂ်စ္သို ့ပို ့ဆောင်ပေးရေးအတွက်၊ အကူအညီတောင်းခံခဲ့ပါသည်။

ထို ့ကြောင့်၊ ဗင်းနစ်အာဏာပိုင်များက၊ စစ်သည်တော် (၃၃၅၀၀) များကို၊ သယ်ယူပို ့ဆောင်ရေးတာ၀န်ကိုယူ ပေးခဲ့ပါသည်။ သို ့သော်ထိုသို ့ပို ့ဆောင်ရာဍ်၊ ကုန်ကျမည့်စရိတ်ကိုမူ၊ ပေးဆောင်ရန်သဘောတူခဲ့ရပါသည်။ ဤသ ဘောတူညီချက်များအရ၊ စစ်သည်များကိုပို ့ဆောင်နိုင်ရန်၊ သဘောၤ များကိုတစ်နှစ်အတွင်း၊ အလုံအလောက် တည် ဆောက် ပေးရန်နှင့်၊ သင်္ဘော သားများကို၊ လေ့ကျင့်ပေးရန်တို ့ပါ၀င်ပါသည်။ ထိုမြို ့သားများသည်၊ သင်္ဘော တည် ဆောက်ခြင်းဍ်၊ ကျွမ်းကျင်ပုံရပါသည်။ အဘယ်ကြောင့်ဆိုသော်၊ (၁၂၀၁) ခုနှစ်ဍ်၊ ခရူးဆိတ်စစ်သည်အများစုမှာ၊ ပြင် သစ်ကမ်းခြေမှ ထွက်ခွာနိုင်ခဲ့ ကြသောကြောင့်ဖြစ်ပါသည်။ ဇြန္လ (၂၄၊ ၁၂၀၂) တွင်၊ ကိုင်ရိုမြို ့တော်သို ့ချီတက်ရန်၊ အသင့်ဖြစ်နေပြီးဖြစ်၏။ ရဟန်းမင်းကြီးကလည်း၊ စစ်ချီ ရန်ခွင့် လိုက်ပြီဖြစ်၏။ သို ့သော်၊ စစ်ချီရာမြို ့တစ်လျှောက်ရှိ၊ ခရစ်ယာန်မြို ့မ်ားကိုမူ၊ စစ်မတိုက်ရန်၊ မဖျက်ဆီးရန် ကိုမူ၊ အလေးးထားမှာကြားခဲ့ပါသည်။ သို ့သော်၊ အချို ့ခရစ် ယာန်မြို ့ရွာများသည်၊ မွတ်စလင်လက်အောက်သို ့က် ရောက် aနပြီဖြစ်သော်ကြောင့်၊ ေ၀ခွဲရန်ခက်ခဲလှပါသည်။ မွတ်စလင်များကလည်း၊ ၄င်းတို ့၏သိမ်းပိုက်နယ်မြေအတွင်း ရွိလူမ်ားကို၊ ဓားနှင့်ဘာသာတရား ကြိုက်ရာရွေးဟု၊ ခြိမ်းခြောက်၍၊ ဘာသာထဲသို ့သိမ်းသွင်းခဲ့ပါသည်။

စတုတ္ထခရူဆိတ်သည်၊ အစကတည်းက၊ အချင်းချင်းအကြား၊ အရှုပ်တော်ပုံကြီးရှိနေခဲ့ပါသည်။ အကြောင်းမှာ၊ ဗင်းနစ်မြို ့အာဏာပိုင်အား၊ သဘောတူညီချက်အတိုင်း၊ သယ်ယူပို ့ဆောင်ရေးစရိတ်မပေးနိုင်ခြင်း၊ ဘိုင်ဇန်တိုင်းများ နှင့်၊ အဆင်မပြေဖြစ်လာခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးပြဿနာများ၊ ရောထွေးလာမူများကြောင့်၊ ဦးရာသို ့ မရောက်နိုင်သကဲ့သို ့၊ စစ်သားအလုံအလောက်လည်း၊ မစုဆောင်းနိုင်ခဲ့ပေ။ ရဟန်းမင်းကြီးအင်းနိုဆင့် (၃) သည်၊ ခရစ်ယာန်မြို ့ရွာများကို၊ ရန်မပြုရန်၊ အသေအချာမှာထားသော်လည်း၊ ခရစ်ယာန်ဖြစ်သော်၊ ခရိုအေးရှားနိုင်ငံ၏၊ ဆိမ်ကမ်းမြို ့ဖြစ်သော ဇာရာ ကိုတိုက်ခိုက်ဖျက်ဆီးလိုက်ကြပါသည်။ ဇာရာမြို ့သားများသည်၊ ခရစ်ယာန်ဖြစ်ကြောင်း သိသာစေရန်၊ ကားတိုင်တော်၏အလံကိုလွင့်ထူခဲ့သော်လည်း၊ ခရူးဆိတ်စစ်သားများသည်၊ အလေးမထားခဲ့ပေ။ ထိုသတင်းကို၊ ရဟန်းမင်းကြီးကြားသိသောအခါ၊ ခရူးဆိတ်စစ်သည်များကို၊ ရဟန်းမင်းကြီး၏အမိန် ့ကိုမနာခံသော ကြောင်၊့ အသင်းတော်ပြင်ပမှပုဂိုလ်များအဖြစ် (ex-communication) သတ်မှတ်ပယ်ထုတ်ပစ်လိုက်ပါတော့သည်။ စစ်သည်များသည်၊ မိမိတို့၏ဂတိသစ္စာကို၊ ပြန်လည်ပြုလုပ်စေပြီး၊ ၄င်းတို့ဦးတည်သော၊ ဂျေရူးစလင်သို ့သာချီတက် စေခဲ့ပါသည်။ ထိုသို ့ရဟန်းမင်းကြီး၏တုန်ပြန်မူကြောင့်၊ နောက်ပိုင်းတွင်၊ ဖြစ်ပျက်သမျှ၊ အကြောင်းအရာများကို၊ သတင်းမပို ့တော့ပေ။

Crd to St Joseph CCCatmajor seminary

Add new comment

3 + 0 =