အမှန်တရား(The Truth)

အမှန်တရား(The Truth)

လူတိုင်း လူတိုင်း လွတ်လပ် ပျော်ရွှင်ချင်ကြတယ်။ လွတ်လပ်မှ ပျော်ရွှင်မယ်၊ ပျော်ရွှင်မှလည်း လွတ်လပ်တယ်လို့ ခံယူကြသော်လည်း လွတ်လပ်မှုနှင့် ပျော်ရွှင်မှု နှစ်ခုစလုံးကိုပေး၍ ၎င်းတို့ကို ထိန်းသိမ်း စောင့်ရှောက်ထားမယ့် အရည်အချင်းတစ်ခုကို မေ့နေတတ်ကြပါတယ်။ ၎င်းအခြေခံ အကျင့်သီလကတော့ အမှန်တရား ပါပဲ။

( ယောဟန် ၈း ၃၂ )၌ ခရစ်တော် ကိုယ်တိုင်က သင်တို့သည် သမ္မာတရားကို သိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်။ဟု အမှန်တရားနှင့် လွတ်မြောက်ခြင်းတို့ရဲ့ ဆက်နွယ်နေမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ဟာ မိမိ ဇာတိချက်မြုပ် ပိုလန်ပြည်သို့ကြွမြန်းပြီး တရားဟောကြားရာတွင် နယ်စပ်ဒေသများမှ ရုရှားလူမျိုး တစ်သောင်းကျော်လည်း လာရောက် ပါ၀င်ကြတယ်။

နှစ်ပေါင်း (၇၀)ကျော် ကွန်မြူနစ်ဝါဒအောက်မှာ ဖိနှိပ်ထားခြင်းခံရတဲ့ ဘုရားတရားနှင့် ၀ိညာဉ်ရေးရာများဟာ ပြန်လည် နလန်ထလာရမည့် အကြောင်း၊ ဆိုဗီယက် ရုရှားမှာ အနှစ်တစ်ထောင်မျှ တည်ရှိခဲ့တဲ့ ကက်သလစ်နှင့် Outhodox ယုံကြည်ချက်များဟာ လူမှုရေးကဏ္ဍများကို ပဲ့ပြင်ထိန်းကျောင်းပြီး ရှင်သန်ထွားကျိုင်းအောင် ပြုလုပ်ပေးနိုင်ကြောင်းဖြင့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က ပြောကြားခဲ့သည်။

ပိုလန်တိုင်းပြည် အပါအ၀င် ဆိုဗီယက်ရုရှား၏ ကြိုးကိုင်မှုနှင့် ဘုရားမဲ့ ကွန်မြူနစ်ဝါဒရဲ့ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာကြတဲ့ အရှေ့ ဥရောပတိုင်းပြည်များအား ပုပ်ရဟန်းမင်းကြီးက ၎င်းတို့ရဲ့ နောင်ရေးအတွက် ဆင်ခြင်ပြီး မှန်ကန်သင့်တော်တဲ့ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ဖို့နှင့် လွတ်လပ်ပြီဟေ့ ဆိုပြီး အနောက်တိုင်းဆန်တဲ့ သုံးဖြုန်း ဇိမ်ခံလိုမှုများနှင့် စရိုက်ဆိုးစေတဲ့ အချို့သော အမူအကျင့်များကို အတုမယူကြစေဖို့လည်း မိန့်မှာလိုက်ပါတယ်။ ရုရှားနှင့် အရှေ့ ဥရောပတိုင်းပြည်များ၌ ဘုရားတရား ဆန့်ကျင်တဲ့ ကွန်မြူနစ်ဝါဒများ အရေးနိမ့် ဆုံးရံှုသွားမှုကို ၀မ်းသာမိသော်လည်း အနောက်တိုင်းသုံး အရင်းရှင်ဝါဒကို အကောင်းဆုံးဟူ၍လည်း သူ မပြောဆိုခဲ့ပါ။ မိမိ၏ (၁၃)ဝါတော်ရှိပြီ ဖြစ်တဲ့ ရဟန်းမင်း သက်တာမှာ ဒုတိယဂျွန်ပေါလ်က ကြွယ်၀ တိုးတတ်တဲ့ ဥရောပတိုင်းပြည်များဟာ တတိယ ကမ်ဘာ့နိုင်ငံများကိုကူညီသင့်သလောက် မကူညီသေးကြောင်း၊ ကမ်ဘာ့လူနည်းစုသာ ဖြစ်တဲ့နိုင်ငံတစ်ချို့ဟာ ကမ်ဘာ့စီးပွားချမ်းသာမှု၏ အကြီးဆုံး ေ၀စုကို ခံစားနေကြကြောင်းဖြင့် အခွင့်အရေး ရတိုင်း ေ၀ဖန် ထောက်ပြခဲ့ပါတယ်။

အစိုးရအဖွဲ့အစည်းများဟာ နိုင်ငံရေးအာဏာကို ကြိုးကိုင်နိုင်သူများနှင့် စီးပွားရေးသမားကြီးများ၏ အကျိုးထက် ရိုးရိုး လူတန်းစားများ အကျိုးကို သယ်ပိုးကြရမည်ဖြစ်ကြောင်း၊ အဘက်ဘက်က ပိတ်ပင် တားဆီးခွင့်ရှိတဲ့ မိုနိပါလီီဝါဒကျဆင်းရန် လိုအပ်ကြောင်း၊ လူထု၏ အခြေခံရပိုင်ခွင့်များ၊ အပြုသဘောနှင့် လွတ် လပ် စွာ ပြောဆိုရေးသား တင်ပြနိုင်ခွင့်များနှင့် တရားမျှတမှုတို့ကို ထိန်းသိမ်းစောင့် ရှောက်မယ့် အဖွဲ့အစည်းကို ဦးစားပေးသင့်ကြောင်း၊ ချမ်းသာသည့် နိုင်ငံများက တတိယကမ်ဘာ့နိုင်ငံများရဲ့ ကြွေးမြီများကို အတင််းအဓမ္မ မတောင်း သင့်ကြောင်း၊ သ​န္ဓေ ဖျက်ချမှုသည် လူသတ်မှုဖြစ်သဖြင့် ဘယ်အာဏာပိုင်ကမှ ခွင့်မပြုနိုင်ကြောင်း၊ ခြိုးခြံထိန်းသိမ်းမှုဖြင့် ကိုယ်ကျင့်တရားဆောက်တည်မှုနှင့် ကိုယ်ချင်းစာနာ၍ ေ၀ငှမှုတို့ အပေါ်ရပ်တည်တဲ့ ငြိမ်းချမ်းရေးသာလျှင် တည်မြဲကြောင်း၊ စသည့် အဓိက အကျဆုံးအချက်များကို ရဟန်းမင်းကြီး ဂျွန်ပေါလ်ကဲ့သို့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ပြောဆို၍ ဆွဲဆောင်နိုင်သည့် ပုဂ္ဂိုလ်ကြီးများ ကမ်ဘာမှာ ခပ်များများရှိမည်ဟု မထင်ပါ။

ရဟန်းမင်း အဖြစ် (၁၃နှစ်)အတွင်း အီတလီပြည်ပ ခရီးစဉ်ပေါင်း (၅၁)ကြိမ်ထွက်ခဲ့ရာ ဂျွန်ပေါလ်က ပိုလန်ပြည်သို့ ရောက်စဉ် ဤသို့မြွတ်ဆိုခဲ့တယ်။

"လွတ်လပ်မှုဆိုတာဟာ ရိုးရိုးကလေး ပိုင်ဆိုင်ထားလို့ရသည့် အရာမဟုတ်ပါ။ ကျွန်ုပ်တို့ဟာ ထိုအရာအတွက် အမြဲတိုက်ခိုက်နေရမည်။ ထိုလွတ်လပ်မှုကို ကောင်းတဲ့ဘက်မှာ အသုံးချခြင်းနှင့် အမှန်တရားရေးဘက်၌ ပါ၀င် စေခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ လွတ်လပ်မှုအတွက် တိုက်ပွဲဆင်နွှဲနေရတယ်။ အမှန်တရားတို့ရဲ့ ဆက်စပ်နေမှုကို ထုတ်ဖော်ခြင်း ဖြစ်ပါတယ်။ အမှန်တရားဆိုရာ၌

၁။ ဘာသာရေးခံယူချက် အမှန်တရား။

၂။ ကိုယ့်ခံယူချက်အရ အမှန်တရားနှင့်

၃။ လူလူချင်း ဆက်ဆံမှု၌ တွေ့ရတဲ့ အမှန်တရားဟူ၍ ခွဲခြားပြသနိုင်တယ်။

၁။ ဘာသာတရားရေးဆိုင်ရာ

ဟောကြားချက်များဟာ ခရစ်ယာန်သော် လည်းကောင်း၊ ဗုဒ္ဓဘာသာသော် လည်းကောင်း၊ အစ္စလာမ်သော် လည်းကောင်း၊ ဟိန္ဒူသော် လည်းကောင်း၊ ကောင်းရာ မြတ်ရာကို ဟောကြတယ်။ ဘာသာချင်းတူညီတဲ့ အဓိက အချက်ကြီးများလည်း တွေ့ရပါတယ်။ ကိုယ့် ဘာသာကို တကယ်ဘာသာမှန်လို့ ရိုးသားစွာ ထင်မှတ်၍ စိတ်ကောင်း နှလုံးကောင်းနှင့် ကျင့်ကြံသူဟာ ပိုဆိုး မလာနိုင်ပါ။ ဘာသာမ်ား အချင်းချင်း တစ်ဦးဆီမှ တစ်ဦး အတုယူစရာတွေ၊ လိုက်နာစရာတွေ၊ အများကြီး ရှိပါတယ်။ ဘာသာတရားတစ်ခုသည် အမှန်တရားကို အပြည့်အ၀ မရှိသေးသည် ထားအုံးတော့ အမှားကို အားပေးခြင်းဖြစ်စေသည်တော့ မဟုတ်ပါ။

၂။ ကိုယ့်ခံယူချက်အရ မှန်တယ်ဆိုတဲ့ အချက် က တော့ ကိုယ့်အတွက် မှန်ပေမယ့် သူများအတွက် ဟုတ်ချင်မှ ဟုတ်မယ်ဆိုတော့ အများနှင့် ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ကိုယ်ခံယူချက်အရ အမှန်တရားကို ရောင်း၀ယ်ရေးမှာလို သူတစ်ပါးအား အတင်း ၀ယ်ယူခိုင်းလို့ မဖြစ်ပါ။

၃။ ဒီ တတိယကဏ္ဍမှာရှိတဲ့ အမှန်တရားကို ကျွန်ုပ်တို့ အထူး ဆင်ခြင် သုံးသပ်ကြည့်သင့်ပါတယ်။

ဒါက တော့ လူလူချင်း ဆက်သွယ်မှုရှိသင့်တဲ့ မှန်ကန်မှု ဖြစ်ပါတယ်။ လူများအကြား၌ သော်၎င်း၊ အုပ်စုများအကြား၌ သော်၎င်း၊ ပြစ်မှားမှု တစ္ခုခု၊ ပြဿနာတစ်ခုခု ဖြစ်ခဲ့ပြီဆိုရင် ၎င်းဖြစ်ရပ်ကို မဖြစ်ခဲ့ဘူးဟု ငြင်းဆိုနေရင် ယုတ္တိ မရှိ။ ၎င်းမှားကွက် ကို အမှန်ဖြစ်ရအောင် သမိုင်းပြောင်းပြီး ရေးရင် သမိုင်းစစ် သမိုင်းမှန်မဖြစ်ပဲ ယုံတမ်းစကားမျှသာဖြစ်မည်။ ၎င်း အစွန်းအကွက်ကို နောက် အစွန်းအကွက်များဖြင့် သင်ပုန်းချေရင် အနိဌာရုံ ပိုများလာတာသာ ရှိတော့မယ်။

အပြစ်အမှားကို အကောင်းဆုံး ယတရာချေခြင်း က တော့ ၎င်းအမှားကို ရိုးသားစွာ၀န်ခံ၍ ကိုယ်မှားခဲ့သူထံမှ အခွင့်တောင်းပြီး နောင်ထပ် မဖြစ်ဖို့ရန် မူပြောင်းလဲပေးခြင်းပင် ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ ကမ်ဘာကြီးမှာ ဒီလို ယတရာချေခြင်းမျိုး မတွေ့ရပါ။ မှားတဲ့သူများက ၀န်မခံတဲ့အပြင် တစ်ခါမှ မမှားတဲ့ဟန်နှင့် ထပ်အမှားများ လုပ်နေကြတယ်။ အာဏာနှင့် အခွင့်အရေး ရရှိနေသူများက မှားကွက် ကို၀န်ခံခြင်းဖြင့် လက်အောက်သားများရဲ့ စေတနာ ကရုဏကို ရအောင်မလုပ်ကြပဲ စားကြက္ကိုသာ ထွင်နေကြတယ်... စသဖြင့် စသဖြင့် ကမ်ဘာမှာ ပြဿနာတက်စရာ ပိုများ လာပါတယ်။

လူလူချင်း လိမ်ညာ ပြောဆိုလို့ရတယ်။ ကိုယ့်ကို ကိုယ်လည်း လိမ်လည်လို့ ရတယ်။ ဒါပေမယ့် အတိုင်းမသိ ကောင်းမြတ်တော်မူပြီး အရာရာကို နှံ့စပ် သိမြင်တော်မူတဲ့ ဘုရားကိုတော့ ဘယ္လူသားကမှ လိမ်လည်ပြုမူ ပြောဆိုလို့ မရပါ။ မိမိကိုယ်တိုင်ကလည််း သူတစ်ပါးကို မညာ၊ သူတစ်ပါးကလည်း သူ့ကိုညာလို့ မရနိုင်တဲ့ ဘုရားသခင် မျက်မှောက်မှာရှိနေတဲ့ ကျွန်ုပ်တို့လူသားများဟာ ကမ်ဘာ၌ ကိုယ့်အမှားကို ရဲရင့်စွာ ၀န်ခံ၍ လိမ်ညာမှုနှင့် စကားမတည်မှုတို့ကို ရှောင်ရှားမယ့် ပုဂ္ဂိုလ်ကြီးများ ထွန်းကားလာရေးနှင့် မိမိတို့ရဲ့လွတ်လပ်မှုကို အပြုသဘောဘက်၊ ကောင်းရာ တိုးတက်ရာဘက်၌ အသုံးပြုတတ်ကြမယ့် လူသားများ တိုးတက်လာရေးတို့အတွက် ဘုရားရှင်တော်ထံ ဆုတောင်းမေတ္တာပို့သကြ၍ ရိုင်းပင်း ကူညီသွားကြပါစို့လား စာဖတ်သူပရိတ်သတ်အပေါင်းတို့ .........

RVA (Myanmar)ထုတ်လွှင့်ချက်မှ

Crd!

Add new comment

1 + 18 =