အစ္စရာအဲလ်လူမျိုး ဘယ်ကနေစဖြစ်လာသလဲ

ဒီနေ့ဖာတာရ်ပြန်ပြီးပြောပြမဲ့ အကြောင်းကတော့ ဂျူးဘာသာရဲ့အဆက်ပဲဖြစ်ပါတယ် လွန်ခဲ့တဲ့အပတ်မှာ ကျွန်ုပ်တို့က ဂျူးဘာသာစတင်ခဲ့ပုံ ကိုပြောတဲ့အခါမှာ အာဘရာဟမ် ကိုမေ့ထားလို့မရပါဘူး။ ဒီအာဘရာဟမ်ရဲ့သား အီဇက်ရှိတယ် ပြီးတော့ ယာကု ရှိတယ်။ ဆိုသူတို့ထဲမှာ အစ္စရာအဲလ် လူမျိုးဖြစ်လာတဲ့ ယာကုရဲ့သား၁၂ ဦးရှိကြောင့် ဖော်ပြပြီးပြီ အဲ့ဒီ ၁၂မျိုးကနေပြီးတော့ အစ္စရာအဲလ် လူမျိုးဆိုတာဖြစ်လာတယ်။ သူတို့တွေက အစပိုင်းမှာ အီဂျစ်ပြည် ဖာရောဘုရင် လက်ထက်မှာ ကျွန်အဖြစ်အသက်ရှင်သန် နေခဲ့ရတယ်။ 

အဲ့ဒီလိုနေရင်းနေရင်း တစ်ဖြည်းဖြည်း လူဦးရေများလာတယ်။ ထွက်မြောက်ရာကျမ်းသမ္မာဟောင်းကျမ်း  ၁းဝ

ကနေစပြီးဖတ်ကြည့်ရင်တွေ့နိုင်ပါတယ်။ အဲဒီထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာတဲ့ သူက မိုးဇယ်ဖြစ်တယ် မိုးဇယ်ကို သူတို့ဂျူးဘာသာတွေ ယုံကြည်တဲ့ တစ်ဆူတည်းသောဘုရားအဖြစ် လက်ခံကြတယ် သူကနေပြီးတော့ ငါ့ရဲ့လူမျိုးတွေကို ကယ်တင်ရမယ် လို့ပြောထားပါတယ်။ မိုးဇယ်က ကလေးဘဝကနေ အဲဒီအီဂျစ်ပြည်မှာ ကြီးပြင်းလာတယ်။ ငယ်ငယ်က သေဘေးကနေလွတ်လာပြီးကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ သူကိုဘုရားသခင်က အသုံးပြုပြီးတော့ ဘုရားရဲ့လူမျိုး အစ္စရာအဲလ် လူမျိုးတွေကို ဦးဆောင်မဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ သူ့အားဖြင့် အစ္စရာအဲလ် လူမျိုးတွေကို အီဂျစ်ပြည်မှာ ကျွန်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်အောင် ဘုရားသခင်ပေးတဲ့ ခါနန်ပြည် သို့ ရောက်အောင် လမ်းပြဦးဆောင်ခဲ့သူဖြစ်တယ်။ မိုးဇယ်ကလည်း အခက်အခဲများကြားက ဘုရားသခင် လမ်းညွန်သည့်အတိုင်း ခေါ်ဆောင်လာခဲတယ်။ 

အဲဒီမတိုင်ခင်အချိန်မှာ အီဂျစ်ပြည်မှာကလည်း ကပ်ဘေးဒုက္ခမျိုးစုံကိုခံစားခဲ့ရပြီးဆင်းဆင်းရဲရဲနေလာခဲ့ကြရ တယ်။ အဲဒီမှာကြည့်ခြင်းအားဖြင့် ဘုရားသခင်က အစ္စရာအဲလ် လူမျိုးတွေကို သူ့ရဲ့လူမျိုးအဖြစ် အတည်ပြုခဲ့တာကို တွေ့ရတယ်။ အဲဒါကြောင့်ပဲသူတို့ ကို ကျွန်ဘဝကနေ ပြန်ပြီးတော့ ခေါ်ဆောင်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူပဋိညာဉ် ပြုတဲ့ အာဘရာဟမ်ရဲ့ သားစဉ်မျိုးဆက်တွေဖြစ်တဲ့ အတွက်ကြောင့်ဖြစ်တယ်။ ခုကဖာတာရ်ပြောတဲ့ထဲမှာ 

ဟေဗြဲဘာသာခေါ်လိုက် ဂျူးဘာသာလို့ခေါ်လိုက်အချိန်မှာ နားလည်ဖို့လိုတာက ကျွန်ုပ်တို့ ဂျူးဘာသာလို့ ခေါ်လိုက်တဲ့ အချိန်မှာ အစ္စရာအဲလ်လူမျိုး ၁၂ မျိုးထဲမှာ ယုဒ လူမျိုးဆိုတာပါတယ်။ ယုဒဆိုတာ သား ၁၂ ယောက်ထဲမှ သားဦး၏ သားစဉ် မျိုးဆက်တွေကို ယုဒလူမျိုးလို့ခေါ်တယ်။ ပြီးတော့ ကျန်တဲ့ ညီအစ်ကို ၁၁ယောက်လည်း သူတို့၏ သားစဉ်မျိုးဆက်တွေကို သူတို့နာမည်နဲ့ ၁၂မျိုးပေါင်းပြီးတော့ အစ္စရာအဲလ် လူမျိုး ၁၂မျိုးလို့ခေါ်တာဖြစ်ပါတယ်။ 

ဒါမဲ့ခုချိန် ဂျူးဘာသာလို့ခေါ်ရင် ကျွန်ုပ်တို့က ယုဒ၏လူမျိုး သားစဉ်မျိုးဆက်တွေက ပိုပြီးမှနေရရ သလိုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအစ္စရာအဲလ် လူမျိုး ၁၂မျိုးရှိတဲ့ ကြားထဲက ယုဒလူမျိုးထဲကပဲ သခင်ယေဇူး မွေးလာတဲ့ အတွက်ကြောင့် ပိုပြီးမှ ထူးခြားတဲ့အရာဖြစ်တယ်။ သမိုင်းမှာလည်းဒီလိုမျိုး ယုဒလူမျိုးတွေက ပိုပြီးမှ ကောင်းကြီးပေးခြင်း ခံရသလိုလည်းဖြစ်ရပြန်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဟေဗြဲဘာသာဆိုရင် အစ္စရာအဲလ် လူမျိုး ၁၂မျိုးလုံးစုံတာပေါ့နော။ အဲ့ဒါကိုအခုခေတ်နဲ့ဆိုရင် ဂျူးလူမျိုးတွေလို့ခေါ်တာဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ကျွန်ုပ်တို့ ဒီဂျူးလူမျိုးတွေရဲ့ ဘဝ ရှင်သန်တဲ့ အရာတွေ သူတို့ဘယ်လိုဖြတ်သန်းတယ်ဆိုတဲ့ အရာတွေကို တင်ဆက် ပေးချင်ပါတယ်။ အခုပိုင်းမှာက မိုးဇယ်က အစ္စရာအဲလ်လူမျိုးတွေကို အီဂျစ်ပြည်ကနေ ဒီခါနန်ပြည်ကို ပြန်လည် ခေါ်ဆောင်လာတယ်ဆိုတဲ့ အပိုင်းတွေကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးခြင်းဖြစ်ပါတယ်

Fr.Martin Mana Ling (USA)

Add new comment

2 + 0 =