အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားတော်

အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားတော်

အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားတော်

ကိုးကွယ်မှု ဘာသာတရားနှင့် လွပ်လပ်ခြင်း စာတမ်းဖတ်ပွဲ တစ်ခုဖြစ်ပါတယ်။ အတူ တက် ရောက် လာ သည့် တိဗက်ဗုဒ္ဓဆရာတော် ရှင်ဒလိုင်းလားမားအား၊ ဘရာဇီးနိုင်ငံသား သီအော်လောဂျီ ပညာရှင် လေအို နားဒို ဗော့ဖ်၏ အမေးအဖြေ…..

လေအိုနားဒိုမေး။ အရှင်ဘုရား၊ အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားကို ပြောပြနိုင်မလား ဘုရား။

ကျွန်တော်စိတ်ထဲမှာ သည်ဆရာတော်ကြီးကတော့ တိဗက်ဗုဒ္ဓဘာသာပေါ့။ ဒါမှမဟုတ် ခရစ် ဘာသာ တ ရားထက် ရာစုနှစ်အတော်စောပြီး ထွန်းကားခဲ့တဲ့ အာရှတိုက်က ဘာသာတွေ ပေါ့ဟုပြောလိမ့်မယ်လို့ ထင် နေ ခဲ့ပါတယ်။ ဆရာတော်ကြီးက ချက်ချင်းမဖြေဘဲ ကျွန်တော့်ကို စိုက်ကြည့် နေပါတယ်။ ပြီးမှ ...

တိဗက်ဆရာတော်ဖြေ။ ။အကောင်းဆုံးကိုးကွယ်မှု ဘာသာတရားဆိုတာ ဘုရားရှင်တော် မြတ်ဆီ နီးသ ထက် နီးကပ်အောင် ပို့ပေးတဲ့ ဘာသာပဲပေါ့။ သင့်ကို တစ်နေ့တစ်ခြားပိုကောင်းတဲ့ လူတစ်ယောက် ဖြစ် လာ စေတဲ့ ဘာသာပေါ့။

ဆရာတော်ကြီးရဲ့ အဖြေကြားလိုက်တော့ ခန္ဓာကိုယ်ကို ကျဉ်စက်တို့ခံလိုက်ရသလို ကျွန်တော် တွန့်ခနဲ့ ဖြစ် သွားခဲ့ပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော့်မေးခွန်းကိုက မလိုတမာပုံပေါက်နေတာမို့ လိပ်ပြာ မ လုံလို့ဖြစ်ပါတယ်။ မျက်စေ့မျက်နှာ ပျက်နေတာကို ဆရာတော် မရိပ် မိခင် နောက်ထပ်မေးခွန်းတစ်ခု ကောက် ခါငင်ကာ ထပ်ဆင့်လိုက်ရပါတယ်။

လေအိုနားဒို။ ။တပည့်တော်ကို တစ်နေ့တစ်ခြား ပိုကောင်းလာအောင် ဘယ်တရား တော်တွေက ဘယ်လို လုပ်ပေးပါသလဲဘုရား။

 

ဆရာတော်- သင့်ကို

ပိုပိုပြီး မေတ္တာဂရုဏာ ထားတတ်အောင်

ပိုပိုပြီး ကိုယ်ချင်းစာနာတတ်အောင်

ပိုပိုပြီး သံယောဇဉ်ပြတ်စွန့်လွှတ်ရအောင်

ပိုပိုပြီး ချစ်တတ်အောင်

ပိုပိုပြီး လူသားအကျိုးဆောင်ရွက်တတ်အောင်

ပိုပိုပြီး တာ၀န်သိတတ်အောင်

ပိုပိုပြီး သီလမြဲအောင် လုပ်ပေးနိုင်တဲ့ တရားတိုင်းလေ။

သင့်ကို အဲလိုဖြစ်လာအောင် လုပ်ပေးတဲ့ ဘာသာတိုင်းဟာ သင့်အတွက် အကောင်းဆုံး ကိုးကွယ်မှု ဘာ သာပဲပေါ့။

အချိန်အတော်ကြာ ကျွန်တော်နှုတ်ဆိတ်သွားပါသည်။ ခေါင်းထဲမှာတော့ မှတ်ရှုပွားများစရာ တစ်လှေ ကြီးနဲ့ ပေါ့။ ဘယ်တော့မှ မဟောင်းမပြောင်းတဲ့ အဖြေ၊ လူတိုင်း ကို အ့ံအားသင့်စေနိုင်သည့် ဆရာတော် ကြီး အဖြေကို ယနေ့ထိတိုင် နားထဲက မထွက်နိုင်ပါ။ အဲသည်နောက် ဆရာတော်ဘုရားက အောက်ပါ အ တိုင်း ဆက်လက်မိန့်ကြားပါသည်။

ဆရာတော်။ ။ မိတ်ဆွေဒကာ၊ သင်ဘယ်ဘာသာကို ကိုးကွယ်တယ်။ သင်ဟာ ဘာသာတရား ကြည် ညိုကိုင်းရှိုင်းသူ ဟုတ်မဟုတ်ဆိုတာကို ကျုပ်စိတ်မ၀င်စားဘူး။ ကျုပ်စိတ်အ၀င်စားဆုံးက ဘ၀ တူလူ သား တိုင်းအပေါ်၊ သင့်မိသားစု၊ သင့်အလုပ် အကိုင်၊ သင့်အသိုင်းအ၀ိုင်း၊ သင့်ကမ္ဘာကြီး ..... တို့ အပေါ် သင် ဘယ်လို ပြုမူဆက်ဆံသလဲဆို တာတစ်ခုတည်းကိုပဲ။

ကျုပ်တို့ရဲ့အတွေးအကြံတွေ၊ ကျုပ်တို့ရဲ့ နေထိုင်ပြုမူလုပ်ဆောင်ချက်တွေနဲ့ ပဲ့တင် ထပ်သံတွေဟာ သည် လောကစင်္ကြာ၀ဠာကြီးနဲ့အပြည့်ပဲဆိုတာ မိတ်ဆွေဒကာ ကြီးအမြဲသတိရပါ။ အကြောင်းနှင့် အကျိုး သီအိုရီဟာ ရူပဗေဒဘာသာရပ်တစ်ခုတည်းအတွက်ပဲ မှန်တာ မဟုတ်ဘူး။ (ကံဆိုတာ သင်လုပ် သမျှတိုင်း ၏ ပဲ့တင် ထပ်သံ လို့ ဆိုတာကြောင့်) လူသားတို့၏ ပြုမှုလုပ်ဆောင်ချက်များနှင့် အတူနေထိုင်ပေါင်းသင်း နေထိိုင်မှုနယ်ပယ်အတွက်လည်း ဖြစ်တယ်။ အကယ်၍ ကျွန်ုပ်ကောင်းတာလုပ်ရင် ကျုပ်ကောင်း တာရ မယ်။ မကောင်းတာလုပ်ရင် ကျုပ်မကောင်းတာပြန်ရမယ်။

ကျုပ်တို့ရဲ့ ဘိုးဘွားမိဘတွေ ပြောလေ့ရှိသလို တစ်ပါးသူတွေကို သင်ပြုမူသမျှအ တိုင်း သင့်မှာ ဖြစ်လာ တတ် တယ်။ သင့်နှလုံးစိတ်၀မ်း ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာ ကျိန်စာနှင့် မပတ်သက်ဘူးနော်။ အဲဒါ ဟာ သင်ကိုယ်တိုင် ရွေးချယ်မှုများနဲ့ပဲ ပတ်သက်တယ်။ ကျုပ်တို့ ဘိုးဘွားတွေရဲ့ အဲသည်အဆုံးအမ အမွေ စကားတွေက အမှန်တရား စစ်တွေပဲနော်။

ဆရာတော် -

သင့်စိတ်အတွေးများကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေက စကားလုံးတွေဖြစ် လာလို့ပါ။

သင့်စကားလုံးတွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေအတိုင်း ပြုမူ (actions) ဖြစ်တတ်လို့ပါ။

သင့်အပြုမူတွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေက အကျင့်တွေ(habits) ဖြစ်လာလို့ပါ။

သင့်အကျင့်တွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေဟာ စရိုက်တွေ (characters)ဖြစ်လာလို့ ပါ။

သင့်စရိုက်တွေကို သတိချပ်ပါ။ ဘာလို့လဲဆို အဲဒါတွေအတိုင်း အကျိုးပေးတရား (destiny) ဖြစ်လာလို့ပါ။

နောက်ဆုံးတော့ . . . . . . အဲဒီအကျိုးပေးတရားသည် သင့်ဘ၀ (life) အသက်ဖြစ်လိမ့်မည်။

. . . . . သည့်ပြင် . . . . .

. . . . . သမ္မာတရား (Truth၊ အမှန်တရား၊ သစ္စာတရား) ထက်ပိုမြင့်မြတ် တဲ့ ကိုးကွယ်မှု ဘာသာ မရှိတော့ပါဘူး။

(၀န်ခံချက် - ကျွန်တော်၏ အီးမေးသေတ္တာထဲရောက်လာသည့် မိတ်ဆွေ တစ်ဦးဆီက ပါဝါပွိုင့် စာတမ်း လေးများ ကို ဆီလျော်အောင် ဘာသာပြန် ဆိုလိုက်ခြင်းဖြစ်ပါသည်။ ၀က်ဆိုက်လိပ်စာ မပါ၀င်တာကြောင့် မဖော်ပြနိုင်တာကို တောင်းပန်အပ်ပါသည်။ )

 

မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်း (Ph.D)

Photo credit: Reddit

 

Add new comment

1 + 10 =