သိကြား(ကောင်းကင်)တမန်ဆိုတာ

သိကြား(ကောင်းကင်)တမန်ဆိုတာ

Angel (သိကြားတမန်) ဆိုတဲ့ အဓိပ္ပါယ်က သိကြားတမန်ဆိုတာ ဘုရားသခင်အထံတော်မှ သတင်းစကားတော် (message) ကို သယ်ဆောင်တဲ့အချိန်မှ သာလျှင် သူတို့ကို (Angels) သိကြားတမန်လို့ ခေါ်ဆိုနိုင်ပါတယ်။ သိကြားတမန်တော် ဂါဗြီအဲလ်က ပရောဖက်ဒါနီ အဲလ်ထံသို့ ဘုရားသခင်၏ သတင်းတော်ကို ပို့ဆောင်တယ်။ မာရီယားထံသို့ သားတော်ဘုရား လူ့အဖြစ်ယူမည့်အကြောင်းကို ပို့ ဆောင်တယ်။ သိကြားတမန် ရာဖာအဲလ် ကဘုရားသခင််ရဲ့ ကုသခြင်းကို ဆောင်ကြဉ်းပေးသူ (God's Healer) ဖြစ်ပြီး ခံစားနေရတဲ့ ရောဂါဝေဒ နာ၊ နာမကျန်းမှုတွေကြောင့် ဒုက္ခရောက်နေသူများထံသို့ ဘုရားသခင်ထံတော်မှ ကုသခြင်း တန်ခိုးတော်ကို ဆောင်ကြဉ်းပေးတယ်။ သိကြားတမန် မီကာအဲလ္က ကျွန်ုပ်တို့ လူသားတွေအတွက် ကာကွယ်စောင့်ရှောက်တိုက်ခိုက် ပေးသော ဘုရားသခင်ရဲ့ စစ္သူရဲ (God's warrior) ဖြစ်တယ်။

ကိုယ်တော်မြတ်ပတ္ထနာတော် (၁) မှာ မုန့်နဲ့စပျစ်ရည်ကို ဖန်ဆင်းပြီးတဲ့အခါ၊ "ဤပူဇော်ရာကို ကိုယ်တော်၏ သန့်ရှင်းသော ကောင်းကင် တမန်တော်သည် ရွှေဘုန်းတော်ရှင် ကိုယ်တော်၏ မျက်မှောက်တော်ရှိ ပူဇော်ရာ ပလင်တော်သို့ ဆောင်ယူဆပ်ကပ်ရန် အမိန့်ရှိတော်မူပါ" လို့ ဘုရားသခင်ထံတော်ကို ကျွန်ုပ်တို့ ဆုတောင်းကြတယ်။ "ကောင်းကင်ပွင့်နေသည်ကို လည်းကောင်း၊ လူသားအပေါင်းပေါ်တွင် ဘုရားသခင်၏ တမန်တော်များ ဆင်းလျက်၊ တက်လျက် ရှိသည်ကိုလည်းကောင်း သင်တို့ မြင်ရလိမ့်မည်ဟု ခရစ်တော်က နာသာနာအဲလ် ကို မိန့်တော်မူတယ်။ (ရှင်ယောဟန် ၁း၅၁) (ကမ်ဘာဦးကျမ်း -၂၈) မှာ ရှုတ်ထွေးမှုတွေ ကြုံတွေ့ရတာကြောင့် စိတ်ပျက်နေတဲ့ ယာကုပ်ဟာ ကျောက်တုံးကိုခေါင်းအုံးပြုပြီး အိပ်နေစဉ် အိပ်မက်ထဲမှာမြေကြီးနဲ့ ကောင်းကင်ကို ဆက္သြယ္ထားတဲ့ လှေကားပေါ်မှာ ကောင်းကင်တမန်တော်များဟာ တက်လိုက်၊ ဆင်းလိုက်နဲ့ ဘုရားသခင်ထံတော်သို့ ဆောင်ကြဉ်း ပေးနေကြတယ်။ ဒါဟာ သိကြားတမန်ဆိုတာ သဘာ၀ရဲ့ ဒုက္ခတွေကြောင့် မျှော်လင့်ချက်မဲ့ ပျောက်ဆုံးနေတဲ့ အချိန်တွေမှာ ကျွနု်ပ်တို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပေးတယ်။ ကျွနု်ပ်တို့ကိုယ်မှာ ကိုယ်စောင့်သိကြားများ ရှိပြီး စောင့်ရှောက်လျက်ရှိတယ်လို့ ကက်သလစ်အသင်းတော်က ယုံကြည်တယ်။ ဒါကြောင့် ကိုယ်စောင့်သိကြားပွဲကို အောက်တိုဘာလ (၂) ရက်နေ့မှာ ကျင်းပပါတယ်။

လွတ်လပ်စွာနဲ့ ချစ်ခြင်းပြုနိုင်တဲ့ သူဟာ အမုန်းတရားကိုလည်း ပြုနိုင်စွမ်းရှိတယ်။

နားထောင်ခြင်းရှိနိုင်လို့ လွတ်လပ်တဲ့ သူဟာ နာမခံခြင်းလည်း ပြုနိုင်တယ်။ မကောင်းမှုတွေကို ပြုနိုင်ကြလို့သာလျှင် ပါရမီဆိုတာလည်း ပြုနိုင်တာဖြစ်တယ်။ နတ်ဆိုးလိုမျိုး ဖြစ်နိုင်တဲ့ ကမ်ဘာကြီးထဲမှာသာလျှင် ရဟန္တာဆိုတာလည်း ဖြစ်နိုင်တယ်။ ငါသာ ဘုရားဆိုရင်တော့ ဒီကမ္တာကြီးထဲမှာရှိတဲ့ မကောင်းမှုတွေကို ဖျက်ဆီးပစ်မှာပဲလို့ သင်ဆိုရင် ဒီလိုမကောင်းမှုကို ဖျက်ဆီးပစ်ရင် (Freedom) ဆိုတဲ့ လွတ်လပ်မှုကိုလည်း ဖျက်ဆီးပစ်ရမှာ ဖြစ်တယ်။

ဘုရားက လွတ်လပ်မှုကို ဘယ်တော့မှ ပြန်ရုပ်သိမ်းမှာ မဟုတ္ဘူး။ ဒီလောကပေါ်က (dictators) ဆိုတဲ့ သေဆိုသေ၊ ရှင်ဆိုရှင် အာဏာနဲ့အုပ် ချုပ်တဲ့သူတွေကို ကျွန်ုပ်တို့ မလိုလားကြဘူး ဆိုရင် ကောင်းကင်က (dictators) ကိုလည်း ကျွနု်ပ်တို့ မလိုချင်ပါဘူး။ ဘုရားသခင်ရဲ့ အမှုတော်တွေကို အဟန့်အတားပြု တားဆီးနေခြင်းတွေကိုဆက်ပြီး မပြုနိုင်အောင် လူတွေကို ဘုရားသခင်က လွတ်လပ်မှုပေးထားခြင်းအတွက် ဘုရားကို အပြစ်တင်တဲ့သူဟာ ကျောင်းသားတစ်ယောက်ရဲ့ မှတ်စုစာအုပ်ထဲမှာ အခြစ်ရာတွေ၊ အစွန်းအကွက် ညစ်ပတ်နေတာတွေ၊ အမှားတွေကို မြင်တဲ့အခါ ဆရာကလည်း ဒီကျောင်းသားရဲ့ စာအုပ်ကိုယူပြီး ဆရာဖာသာ မှတ်စုရေးပေးတာ မဟုတ်ဘူးလို့ ကျောင်းသားပြုတဲ့ အမှားအတွက် ဆရာကို အပြစ်တင်တဲ့သူနဲ့တူတယ်။

လူတွေက ဘုရားပေးထားတဲ့ လြတ္လပ္စြာ ရွေးချယ်နိုင်ခွင့်ကို တလြဲ အသုံးပြုပြီး ဘုရားသခင်နဲ့ဆန့်ကျင်တဲ့ အရာများကို ရွေးချယ်ကြပေမယ့် ဘုရားသခင်ဟာ လူသားဆီက freedom လွတ်လပ်မှုကို ပြန်လည် မရုတ်သိမ်းပါဘူး။ လူကို freedom ပေးထားတာကြောင့် လူတွေ အပြစ်ထဲကျရောက်စေမယ့် လမ်းများကို မရွေးဘဲ အကောင်းဘက်ကိုသာ ရွေးချယ်အောင်

အတင်းအဓ္ဓမမပြုပါဘူး။ ဒါပေမယ့် လူအပြစ်ထဲ ကျရောက်သွားတဲ့ အခါမှာလည်း အပြစ်သားကျွနု်ပ်တို့အပေါ်မှာ သွန်းလောင်းတဲ့ ဘုရားသခင်ရဲ့ Grace ကျေးဇူးတော်တွေကိုလည်း ကျွန်ုပ်တို့ မဟန့်မတား နိုင်ကြပါဘူး။ သိကြားတမန်များဟာ (The Presence of God) ဘုရား ကျွန်ုပ်တို့နှင့် အတူရှိခြင်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့ လူ့ဘ၀မှာ ရှုပ်ထွေးခြင်း၊ အားနည်းခြင်း အပြစ်များရှိပေမယ့်လည်း ဘုရားသခင်ဟာ သိကြားတမန်တော်များကို ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ထံသို့ စေလွှတ်ပေးတယ်။ ဘုရားသခင်က သိကြားတမန်များကို ဖန်ဆင်းတဲ့အခါမှာလည်း ကျွနု်ပ်တို့ လူသားများလိုပဲ အကောင်းနဲ့ အဆိုး ရွေးချယ်နိုင်သော လွတ်လပ်ခြင်း freedom ကို ပေးထားပါတယ်။

(Angel) သိကြားတမန်ဆိုတဲ့ စကားလုံးက (Messager) စေတမန်လို့ အဓိပ္ပါယ်ရပါတယ်။ သိကြားတမန်များဟာ ဘုရားသခင် ဖန်ဆင်းတော်မူတဲ့ အရာများအဖြစ် တည်ရှိကြောင်း အသင်းတော်ရဲ့ တရား၀င် သွန်သင်ချက်အဖြစ် သက္ကရာဇ် ၁၂၁၅ ခုနှစ်က Lateran မြို့မှာ ပထမအကြိမ် ဗာတီကန်က ကျင်းပတဲ့ အစည်း​အ ဝေးကြီးက နေ ကြေငြာခဲ့တယ်။

ဘုန်းတော်ကြီးရစ်ချက်လှမင်းဦး

Crd!

Add new comment

1 + 2 =