"သင်းကွဲခြင်းအစ Faith Alone က "သို့မဟုတ်" မာတင်လုသာ၏အမှားများ"

"သင်းကွဲခြင်းအစ Faith Alone က "သို့မဟုတ်" မာတင်လုသာ၏အမှားများ"

သင်ကွဲခြင်း၏ အစဟာ ကက်သလစ်အသင်းတော်၏ သင်ကြားချက်တွေမှားယွင်းလာလို့ မာသင်လုသာကပြုပြင်ချင်သောကြောင့် စတင်ခဲ့သည်ဟု သင်းကွဲတွေကခံယူတတ်ကြသည်။ အဲတာက လုံးဝမှားယွင်းပါသည်။ ကက်သလစ်အသင်းတော်က အေဒီ(၁၅၀၀)ကျော်အထိသင်ကြားလာသည့် ယုံကြည်ခြင်းဟာ လုံးဝမယိုင်းယိုင်ခဲ့ဘူး။ သို့သော်လည်း အသင်းတော်အတွင်း၌ ပါဝင်သော ခေါင်းဆောင်တစ်ချို ့၏ ကိုယ်ကျင့်တရားပိုင်ဆိုင်ရာမှာတော့ အားနည်းချက်တွေရှိခဲ့သည်။ ဒါမယ့် အဲလူတစ်စု၏ အပြုအမူလွဲချော်မှုက အသင်းတော်ကြီး တရားဝင်သင်ကြားသော ယုံကြည်ခြင်းလမ်းစဉ်အပေါ်လုံးဝမမှားစေတာကိုသိရပါမည်။

သင်းကွဲတွေက ကယ်တင်ခြင်း လက်မှတ်ကို အသင်းတော်က ရောင်းလို့ ဆိုတဲ့သမိုင်းအမှားကိုပြောလေ့ရှိကြပါတယ်။ ကယ်တင်ခြင်း လက်မှတ်ဘယ်သူမှရောင်းလို့မရချေ။ ဘာကြောင့်ဆိုရင် " ယုံကြည်သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း"ဟူသောကျမ်းစကားကြောင့်ဖြစ်သည်( ဧဖက် ၂:၈)။ သို့သော်လည်း ထိုကယ်တင်ခြင်းကို အမြဲပိုင်ဆိုင်ထားနိုင်ဖို့ ကက်သလစ်အသင်းတော်က မိမိ၏ဘာသာဝင်များကို ခရစ်တော်၏ကယ်တင်ခြင်းရလာဖို့ ကြိုးစားသင်ပေးရသလို ဘာသာဝင်များ၏ အသင်းတော်အပေါ် ကူညီထောက်ပ့ံခြင်းအားဖြင့်လည်း မိမိတို့၏အသက်သာနှင့် သေလွန်သောသူများ၏ ဝိညာ ဉ်များအတွက် ဆုတောင်းပေးခြင်းများ လုပ်ပေးနိုင်ကြသည်ဟုသင်ကြားခဲ့သည်။အထက်အကြောင်းအရာတွေထက်မာသင်လုသာ၏ ကိုယ်ပိုင်ပြသာနာများစွာရှိတာကိုပြောပြမည်။အဲတာက "Faith Alone"ပင်ဖြစ်သည်။

"Faith Alone" ဆိုတာက ငါတို့ကယ်တင်ခြင်းရဖို့ အကျင့်အကြံကောင်းတွေမလိုဘူးဆိုတဲ့အတွေးအခေါ်ပါ။ ဤအတွေးအခေါ်ကို စတင်ခဲ့သူမှာ သင်းကွဲများ၏ ဖခင်ကြီး မာသင်လုသာပင်ဖြစ်သည်။ သူဟာ အေဒီ (၁၄၈၃-၁၅၄၆)အကြားအသက်ရှင်ခဲ့သည့် ဂျာမနီနိုင်ငံသားဖြစ်သည်။ သူဟာ "Protestanism" ဆိုတဲ့ "ဆန့်ကျင်တော်လှန်ခြင်းအယူဝါဒ"ကိုစတင်ခဲ့သူဖြစ်တယ်။ သူကဘာလို့ "Faith Alone" ပဲသင်ပေးတာလဲ။ ကက်သလစ်ရဟန်းတစ်ပါးဖြစ်ခဲ့ပါလျှက် သူ ့ယုံကြည်ခြင်းဟာ လွဲမှားလာခဲ့ပြီး လူသားတွေ၏အကျင့်အကြံကောင်းတွေဟာမလိုအပ်ဘူးလို့ စတင်ယူဆလာခဲ့ပါတယ်။ ထို့ကြောင့် မာသင်လုသာရဲ ့ Faith Alone (ယုံကြည်ခြင်းတစ်ခုတည်းသာလျှင်) ဆိုတဲ့ Faith အပေါ်မှာ Alone ကို သူ့ ဂျာမနီကျမ်းစာထဲထည့်လိုက်ခြင်းက အဲအယူရှိခြင်းက တစ်ခုတည်းသောအသင်းတော်ကနေ သူကွဲသွားစေတဲ့အချက်ပင်ဖြစ်သည်။ ပေါလုက ဘယ်တုန်းက မှ " Faith Alone" ဆိုပီး ကျမ်းစာထဲမရေးခဲ့ဘူး။ ပေါလုက ခရစ်တော်၌ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကိုရနိုင်ကြတာကို " ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြငး်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟု ယူရ၏"ဟု သင်ကြားခဲ့သည်( ရောမ ၃:၂၈)။ သို့သော်လည်း ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့်"ဟူသောစကားလုံးမထည့်ခဲ့ပေ။တကယ်မှာလည်း ပေါလုပြောသည့် "ပညတ်တရား၏အကျင့်မပါဘဲ"လို့ရေးသားရာတွင် ချစ်ခြင်း မေတ္တာတရားနှင့်ဆိုင်သော အကျင့်များကိုမဆိုလိုဘဲ ဂျူးလူမျိုးများ၏ အရေဖျားလှီးခြင်းနှင့် ထုံးတမ်းစဉ်လာများစသည့် ပညတ်တရားများကိုပြောခြင်းဖြစ်သည်။ ဒါကိုမာတင်လုသာက အလွဲသုံးစားခဲ့သည်။ တခြားသော ကျမ်းချက်၌ ပေါလုပြောခဲ့ပြန်တာက "ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။ (1Co 13:13)"ဟုလာသည်။

ထို့အပြင်ပေါလုပြောတာက " ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း၊ ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့ ၎င်း၊ တီးသံကို သာပေးတတ်သော လင်းကွင်းကဲ့သို့ ၎င်း၊ဖြစ်၏။ ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာ ရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကို ရွေ့နိုင်သော ယုံကြည်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက် သက်ဖြစ်၏။ သူတပါးကို ငါကြွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓွာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိ

"ဟုပြောခဲ့သည်( ၁ ကော ၁၃:၁-၃)။ ဤကျမ်းချက်ကို မာသင်လူသာက မမြင်ယောင်ဆောင်ခဲ့သည်။

မာသင်လုသာဟာ ဘယ်လောက် သူ့အယူဝါဒဖြစ်သည့် "Faith Alone" သီအိုရီကို ဆုတ်ကိုင်ဖို့ မိုက်ရူးရဲခဲ့သလဲဆိုတာက သူ ့အနေဖြင့် ရှင်ယာကု ကျမ်းစာကိုပါ စောကားသည့်အဆင့်ရောက်ခဲ့တယ်။ဘာကြောင့်အဲလောက်တောင်သူဖြစ်ခဲ့သလဲ။အကြောင်းရင်းကတော့ " ထိုနည်းတူ၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်း သည် တပါးတည်းရှိသောကြောင့်အသေဖြစ်၏။ တနည်းကား၊ သင်သည်ယုံကြည်ခြင်း ရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲသင်၏ ယုံကြည်ခြင်းကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့်ငါ၏ ယုံကြည်ခြင်းကိုပြမည်ဟု ပြောစရာရှိ၏"ဟူသောစကားကိုမုန်းတီးခဲ့သည်။ ပိုဆိုးတာက "ယုံကြည်ခြင်း သည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏"ဟူသော ယုံကြည်ခြင်းနှင့်အကျင့်ကအတူတကွသွားကြတာကိုငြင်းဆန်ခဲ့သည်။ အဆိုးဆုံးက တော့ "လူသည် ယုံကြည်ခြင်း အားဖြင့်[သာ] ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏"ဟူသော ကျမ်းစကားကို ငြင်းပယ်ခဲ့သည်။ အင်္ဂလိပ် ကျမ်းစာအရ "You see that a person is considered righteous by what they do and not by faith alone"ဟုတွေ ့ရသည်။ ထူးခြားတာကတော့ ကမာ႓ဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာဖတ်ရင် "Faith Alone" Or "Faith Only"ဆိုတာ ရှင်ယာကုကျမ်းစာမှာသာတွေ ့ရမည်ဖြစ်သည်။ဤကဲ့သို့ ယာကုကျမ်းစာ၏ ယုံကြည်သူတွေအတွက် ယုံကြည်ခြင်း နှင့်အကျင့်တွေအတူသွားသည်ဆိုတာကို လက်မခံလွန်းသဖြင့် မာသင်လုသာက ယာကုကျမ်းစာကို ကျမ်းစာအဖြစ်လက်မခံခဲ့ဘဲ ပယ်ထုတ်ဖို့ကြိုးစားခဲ့သည်။

ကျွန်တော်ကဘာကြောင့် "သင်းကွဲခြင်းအစ Faith Alone က" ဟုပြောရသလဲဆိုရင်

၁) ခရစ်တော်၌ ယုံကြည်လျှင် အသင်းတော်မလိုသည်ဟူသောအယူလွဲဖြစ်လာခြင်း

၂) အသင်းတော်၏ ခေါင်းဆောင်များကို နားထောင်စရာမလိုဟူသောအယူလွဲလာခြင်း

၃) အပြစ်ကိုအပြစ်လို့မမြင်တော့သည့်အယူလွဲလာခြင်း

၄)ကျမ်းစာကိုကြိုက်သလို ကိုယ့်အလိုအလျောက် ဘာသာပြန်လို့ရလာသည်ဟူသောအယူလွဲလာခြင်း

၅) ထိုကဲ့သို ့အယူများက သေလွန်သောသူများအတွက်ဆုတောင်းပေးစရာမလိုဟူသောအယူလွဲများ စသည့်မက များပြားသော အမှားတွေဖြစ်စေခဲ့သည်။အဲကြောင့် အသင်းတော်နှင့် မာသင်လုသာထိပ်တိုက်တွေ ့လာပြီး သူ့ကိုကောင်းစွာအသင်းတော်ထဲနေရင်ကြိုးစားခဲ့ပေမယ့် အသင်းတော်စကားကိနားမထောင်သောကြောင့် အသင်းတော်က နှင်ထုတ်ခဲ့ရသည်။ ခရစ်တေ်က အသင်းတော်စကားနားမထောင်သူကို နှင်ထုတ်ခွင့်ပေးတာကို" ထိုသူတို့၏ စကားကိုနားမထောင်လျှင် အသင်းတော် အားကြားပြော လော့။ အသင်းတော်၏ စကားကိုနားမထောင်လျှင်၊ သာသနာပလူကဲ့သို့၄င်း၊ အခွန်ခံကဲ့သို့၄င်း ထိုသူကိုမှတ်လော့"ဟုတွေ ့ရသည်( မဿဲ ၁၈:၁၇)။အသင်းတော်က ကျမ်းစာကို မှန်ကန်စွာ နားလည်ဖို့သင်ကြားပေးသည်။အသင်းတော်ဆိုတာ လူတယောက်၏ အာဘော်မဟုတ်ပေ။

တကယ်တော့ အယူလွဲတိုင်းက ကျမ်းစာထဲက ကျမ်းတစ်ခုကို လွဲမှားစွာဘာသာပြန်ခြင်းကြောင့်သာဖြစ်သည်။ ဥပမာ အေဒီ(၂၈၀-၃၂၅)ဝန်းကျင်က ခရစ်တော်ကဘုရားမဟုတ်သလိုသင်ကြားသည့် အယူလွဲသည့် Arinism ကလည်း ခရစ်တော်က မိမိတပည့်များကိုပြောသည့် "သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏"ဟူသောကျမ်းချက်ကြောင့်ဖြစ်သည်( ယောဟန် ၁၄:၂၈)။ သူ့အတွက်က ခရစ်တော်က ခမည်းတော်ထက်နိမ့်ကျတာမို့ဘုရားမဟုတ်ဘဲ ဖန်ဆင်းခံသူဟုယူဆလာသည်။ အဲလိုပါပဲ မာသင်လုသာကလည်း Faith ထဲမှာ "Alone"ကို ထပ်ထည့်လိုက်ပြီး ပေါလုပြောလိုသည့်စကားကို နားမလည်သောအခါ အယူလွဲခဲ့သည်။ ပေါလုကပြောသည့် " ကောင်းသော အကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖောက်ပြန်သော ဇာတိကို၎င်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့"ဟူသော ကျမ်းချက်ကိုလည်း မာသင်လုသာက ဖတ်ဖို့မေ့နေခဲ့ဟန်သူသည်( ရောမ ၂:၇)။

နောက်ဆုံး မှာတော့ တရားရုံးရှေ ့မှာ ကျမ်းစာထဲက ပါမှလိုက်မည်ဟုကြွေးကြော်သော မာသင်လုသာဟာ ထိုကျမ်းစာဖြစ်သည့် ယာကုကျမ်းစာကိုပင် ပြစ်မှားစောကားပြီး "Bible Alone"ယူသောကြွေးကြော်သံကို ပထမဆုံး ပြန်ချိုးဖောက်သောသူဖြစ်လာသည်။

ရေးသားသူ - မာတင်မနားလိန်

မြန်မာနိုင်ငံသား

Add new comment

4 + 11 =