ဝိညာဉ်ရေး သမိုင်းခြေရာ

ဝိညာဉ်ရေး သမိုင်းခြေရာ

===========

ကက်သလစ်အသင်းတော်ရာဇဝင်အကျဉ်းချုပ် (ရာစုနှစ်အလိုက်ဖော်ပြသည်)

ပထမရာစုနှစ် အချိန်ကာလ AD ၃၃ မှ ၁၀၀ ထိ

===============

၁။ သခင်ယေဇူးခရစ်တော်ကောင်းကင်ဘုံသို့ တက်ကြွပြီး(၁၀)ရက်

မြောက်သောနေ့၌ သန့်ရှင်းသော ဝိညာဉ်တော်သည်မီးလျှံဖြင့်

တမန်တော်များ၏ ဦးခေါင်းပေါ်တွင် ဆင်းကြွလာသည်။

၂။ သံပေတရူး၏ ပထမအကြိမ်သြဝါဒတွင် နားထောင်သူလူမျိုးပေါင်း

စုံတို့သည် မိမိတို့ဘာသာစကားအသီးသီးနားလည်ကြ၍ လူပေါင်း

(၃၀၀၀)ခန့် ယုံကြည်သက်ဝင်လာသည်။ ဒုတိယသြဝါဒတွင် လူ

ပေါင်း (၅၀၀၀)ခန့် ယုံကြည်သက်ဝင်လာပြန်ရာ စုစုပေါင်း (၈၀၀၀)ကျော် ကက်သလစ် ဘာသာထဲသို့ ဝင်လာသည်။

၃။ ဂျေရုဆလင်မြို့တွင် တမန်တော်ကြီးများ (၃)ကြိမ်တိုင်အောင်

အစည်းအဝေးပြုလုပ်သည်။ ပထမအကြိမ်တွင် ယုဒအစ္စကာရီယုဒ်

နေရာတွင် မာတီးယားကိုရွေးချယ်ခဲ့သည်။ ဒုတိယအကြိမ်

အစည်းအဝေးတွင် လက်ထောက်ရဟန်း(၇)ပါးကိုရွေးချယ်ခဲ့သည်။

တတိယအကြိမ် အေဒီ(၅၁)နှစ်မိုးဇယ်၏ပညတ်တရားကို

ဆက်လက်လိုက်နာသင့်မသင့်အငြင်းပွားရာတွင် ကယ်တင်ခြင်း

အဘို့ အရေးမကြီးတော့ကြောင်း ဆုံးဖြတ်ခဲ့သည်။

၄။ ဓမ္မသစ်ကျမ်း (၂၇) စောင်ကိုရေးသားပြုစုခဲ့သည်။၎င်းတို့မှာ-

(၁) ဧဝံဂေလိကျမ်း(၄) စောင်

(၂) တမန်တော်ဝတ္ထု (၁)စောင်

(၃) သံပေါလုဆုံးမစာ(၁၃)စောင်

(၄) သံပေတရုဆုံးမစာ(၂)စောင်

(၅) သံယာကုပ်(ငယ်)ဆုံးမစာ (၁) စောင်

(၆) သံဂျူဒဆုံးမစာ(၁)စောင်

(၇) သံယောဟန်ဆုံးမစာ(၃) စောင်

(၈) ဟေဗြဲဦး ဆုံးမစာ (၁)စောင်

(၉) ဗျာဒိတ်တော်ကျမ်း(၁) စောင် တို့ဖြစ်ပါတယ်။

၅။ခရစ်သက္ကရာစ်၇ဝပြည့်နှစ်တွင်ရောမဗိုလ်ချုပ်ဗက်စပါးစီးယားနူးနှင့်

၎င်း၏သားတီတူးတို့မှစစ်သည်တော်အမြောက်အများဖြင့်

ဂျေရုဆလင်မြို့ကိုဖျက်ဆီး၏။

၆။ ဂျေရုဆလင်မြို့၌လည်းကောင်း၊ ရောမမြို့၌ လည်းကောင်း

အသင်းတော်သည်ညှင်းပန်းနှိပ်စက်ခြင်းခံရသည်။

၇။ ပထမရာစုနှစ်အတွင်းရဟန်းမင်းကြီး(၅)ပါးစိုးစံခဲ့ပြီး (၅)ပါးစလုံး

အသတ်ခံရသည်။

#ဒုတိယရာစုနှစ် (အေဒီ ၁ဝ၁ မှ ၂ဝဝထိ)

၁။ အသင်းတော်ဆက်လက်ညှင်းဆဲခြင်းခံရသည်။

၂။ ဘာသာဝင်များကာတာကွန်းဘေ(Cataconbe)မြေအောက်တွင်း

များတူးပြီး ပုန်းအောင်းရသည်။

၃။ ရဟန်းမင်းကြီး (၉)ပါးဆက်တိုက်အသတ်ခံရသည်။

၄။ ရဟန်းမင်းကြီးနန်းသက်တိုတောင်းသည်။

တတိယရာစုနှစ်တွင်လည်း အသင်းတော်ဆက်လက် ညှင်းဆဲခြင်းခံရ သည်။

အသင်းတော်ကိုညှင်းဆဲခဲ့သောဘုရင်များ

(၁)နီရိုးဘုရင်(NERO)အေဒီ(၆၄-၆၈)

(၂)ဒိုမေတီယန်ဘုရင်(DOMITIAN) အေဒီ (၉၅-၉၆)

(၃)ထရာဂျန်ဘုရင်(TRAJAN)အေဒီ(၁၀၆-၁၁၇)

(၄) မာရ်ကူးစ် အော်ရေးလီယူးစ်ဘုရင် (MARCUS AURELIUS)

အဒေီ(၁၆၁-၁၈၀)

(၅)ဆပ်တီးမီးဦးစ်ဆယ်ဗဲရုစ်ဘုရင် (SEPTIMU SSEVERUS)အေဒီ(၂၀၂-၂၁၁)

(၆)မာစီမီအူးစ်ဘုရင်( MAXIMIUS) အေဒီ (၂၃၅-၂၃၈)

(၇)ဒေဆီအူးစ်ဘုရင်(DECIUS) အေဒီ်(၂၄၉-၂၅၁)

(၈)ဗာလေးရီးယန်းဘုရင် (VALERIAN) အေဒီ်(၂၅၇-၂၆၀)

(၉)အော်ရေးလီယန်းဘုရင် (AURELIAN) အေဒီ(၂၇၄-၂၇၅)

(၁၀)ဒီအိုကလေးစီယန်ဘုရင် (DIOCLITIAM) အေဒီ (၃၀၃-၃၁၁)

သံပေတရုနှင့်သံပေါလု ရောမသို့ ရောက်ရှိချိန်ရောမတွင် ယုံကြည်သူ များရှိနှင့်ပြီးဖြစ်သော်လည်း ခရစ်ယာန်ဘာသာတရား ရောက်လာခြင်းမှာ ရာဇဝင်တွင် အတိအကျမသိရပါ။ သို့သော်ခရီးသည်များ၊ ဂျေရုဆလင် မှပြန်လာသော ရောမစစ်သားများ၊ ပထမဆုံးယုံကြည်သူ ဗိုလ်တစ်ရာ တပ်မှူးကော်နေးလီအူးစ်တို့ကြောင့် အသင်းတော်ရောက်ရှိကြောင်းသိ ရသည်။ မြေအောက်လှိုဏ်ဂူသည် ရောမမွို့တဝိုကျ တွင်းပေါင်း(၅၀) ထက် မနည်းရှိသည်။ အနက်(၃၀-၄၀)ပေ အထိရှိပြီး တွင်းအမြင့်(၁၃-၁၄)ပေထိ ရှိကာ အဆင့် သုံး လေးဆင့်ဖြင့် ဆင်းရပြီး ကျဉ်းမြောင်းမှောင်မိုက်လျက် ရှိကာ ပေါက်ဝမှတွင်းနက်အထိ လေမည်ကဲ့သို့ရနိုင်ကြောင်း အံ့သြစရာ ဖြစ်ကြောင်း သံဂျေရုမ်းရေးသားခဲ့သည်။ ရဟန်းမင်းကြီးမြောက်များစွာ လှိုဏ်ဂူတွင်းမြှုပ်နှံခဲ့ပြီး (၈)ရာစု၊ (၉)ရာစုနှစ်များမှသာ ရဟန်းမင်းကြီး ရုပ်ကလပ်များကို မြို့ပေါ်ဘုရားကျောင်းများသို့ ပြောင်းရွှေ့ခဲ့သည်။ ယနေ့တိုင်မြေအောက်လှိုဏ်ဂူများကို ရဟန်းမင်းကြီး၏ ပိုင်နက်ပစ္စည်း များအဖြစ်အစိုးရက အသိအမှတ်ပြုကြသည်။

စတုတ္ထရာစုနှစ် အေဒီ (၃၀၁ မှ ၄၀၀ ထိ)

သက္ကရာဇ် ၃၁၃ ခုနှစ်တွင် ကွန်စတန်တိုင်းဘုရင်သည် မိမိထက်အင်အား ကြီးမားသော ရန်သူများကို တိုက်ခိုက်ရာ၌ ရောမမြို့ရောက်ခါနီးတွင် ကောင်းကင်မှခရူစူးအမှတ်အသားပေါ်လာပြီး "ဤအမှတ်အသားအားဖြင့် သင့်ရန်သူများကို နိုင်နင်းမည်" ဟူသောစာသားကို ကောင်းကင်၌ တွေ့ရ သည်နှင့် မိမိတပ်တံဆိပ်ကို ရွှေခရူစူးဖြင့် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်ခဲ့ရာရန်သူ များကို ကောင်းမွန်စွာနိုင်နင်းခဲ့သည်။ ကွန်စတန်တိုင်းဘုရင်၏ မယ်တော် စိန်ဟယ်လင်းနာသည် ဂျေရုဆလင်သို့သွားပြီး သခင်ယေဇူး၏လက်ဝါးကပ် တိုင်ကို ရှာတွေ့ခဲ့သည်။ သက္ကရာဇ် ၃၁၃ တွင် ရောမနိုင်ငံကို ကက်သလစ် ဘာသာနိုင်ငံအဖြစ် ကြေငြာခဲ့သည်။ တခြားဘာသာများကိုလည်း လွတ် လပ်စွာတရားဝင်ကိုးကွယ်ခွင့်ပြုသည်။ သက္ကရာဇ် ၃၃၇ ခုတွင် ကွန်စတန် တိုင်းဘုရင်သည် ဆေးကြောခြင်းခံပြီး ဘာသာဝင်ဖြစ်လာခဲ့သည်။သက္ကရာဇ် ၃၂၅ ခုနှစ်တွင်Arius ဆိုသူ၏ အယူဝါဒပေါ်ပေါက်လာသည်။ ၎င်း၏အယူ ဝါဒကား ခရစ်တော်သည် ဘုရားစင်စစ်မဟုတ်ကြောင်း၊ ပုဂ္ဂိုလ်သုံးပါးတစ်ဆူ အကြောင်းနှင့်ပတ်သက်၍ သားတော်သည် ခမည်းတော်ဘုရားမှ ပထမဦး ဆုံးဖန်ဆင်းခြင်းခံရသော ပုဂ္ဂိုလ်အဖြစ်ဖြင့် ခမည်းတော်ဘုရားထက် နိမ့်ကျ ကြောင်းသွန်သင်ခဲ့သည်။ ယင်းမှားယွင်းနေသောသွန်သင်ချက်ကိုသက္ကရာဇ် ၃၂၅ ခုနှစ်၊ မေလ ၂၀ ရက်မှ ဇူလျိုငျလ ၂၅ ရက်နေ့အထိ နိုက်စီး(Nicea) မြို့တွင် ဆရာတော်ကြီး (၂၅၀) ပါး က အစည်းအဝေးပြုလုပ်ပြီး သားတော် ဘုရားသည် ဘုရားမှဘုရား၊ အလင်းမှအလင်း၊ ဘုရားစစ်မှဘုရားစစ်ဖြစ်ပြီး ဖန်ဆင်းခြင်းမခံ မွေးဖွားခြင်းကို ခံတော်မူ၍ ခမည်းတော်ဘုရားနှင့် ဘုရား ဇာတိတော်၌ တလုံးတဝတည်းရှိကြောင်း ကြေငြာသွန်သင်တော်မူခဲ့သည်။ ကွန်စတန်တိုင်းဘုရင်နတ်ရွာစံပြီးနောက် ဂျူလီယန်ဘုရင် (၃၆၁-၃၆၃) နန်းတက်ခဲ့ပြီး အသင်းတော်ကို လိမ္မာပါးနပ်စွာ ညှင်းဆဲခဲ့သည်။ ဂျေရုဆ လင်မြို့ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လိုသော်လည်း အလိုတော် မရှိသောကြောင့် ရုတ်တရက်ပေါ်လာသော မီးတောက်လောင်ကျွမ်းခြင်းဖြင့် အလုပ်သမားများ သေဆုံးခဲ့သည်။ ဂျူလီယန်ဘုရင်သည် ပါရှားဘုရင်နှင့်စစ် ဖြစ်ရာ မြှားထိမှန်၍သေဆုံးခဲ့သည်။ ၃၆၃ ခုမှစ၍ အသင်းတော်လွတ်လပ်ခွင့် ရခဲ့သည်။၎င်းရာစုနှစ်တွင်ရသေ့ဂိုဏ်းများပေါ်ပေါက်လာသည်။သက္ကရာဇ် ၃၈၁ ခုနှစ်၊ မေလ ပုပ်ရဟန်းမင်းကြီး Damascus လက်ထက် ကွန်စတန် တီနိုပိုလီမြို့တွင် ဘုရင်သီအိုဒေါ်စီယူးစ်နှင့် ဆရာတော် (၁၅၀) ပါးဖြင့် သံဃာယနာတင်အစည်းအဝေးကို ကျင်းပပြီး ရှင်သန်လျက်ရှိနေသေးသော Arius ၏ အယူဝါဒကို တိုက်ဖျက်ခဲ့ရန် နိုက်စီး (Nicea) အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ထပ်မံအတည်ပြုသွန်သင်ခဲ့သည်။

#ပဉ္စမရာစုနှစ် အေဒီ (၄၀၁ မှ ၅၀၀ ထိ)

=====

သက္ကရာဇ် ၄၀၁ တွင် ရောမမြို့ ပျက်စီးခဲ့သည်။ ၄၀၂ တွင် စက္ကရာမင်တူး များသည် အချည်းနှီးဖြစ်ကြောင်း၊ လူသည် မိမိကိုယ်ကို အစိုးရကြောင်း စသည်ဖြင့် ဒိုနားတူးစ် (Donatus) ၏ အယူဝါဒပေါ်ပေါက်လာပြီး ထိုမှားယွင်းသော အယူဝါဒကို သံသြဂုတ်စတင်းက အတိုက်အခံပြုခဲ့သည်။ ထိုကာလတွင် ရဟန်းမင်းကြီး မဟာလေအို ထင်ရှားကျော်ဇောခဲ့ပြီး အသင်းတော်ကို ၂၁ နှစ် အုပ်ချုပ်ခဲ့သည်။ ၄၅၂ ခုနှစ်တွင် လူရိုင်း ခုနှစ်သိန်းကျော်ပြင်သစ်နိုင်ငံကိုသိမ်းပိုက်ပြီး အီတလီသို့ ဆက်လက်ချီတက် လာရာ ရဟန်းမင်းကြီး မဟာလေအို၏ မေတ္တာရပ်ခံချက်ကြောင့် လူရိုင်းဘုရင် Attila နှင့် သူ၏တပ်များ နောက်ဆုတ်ပြန်သွားခဲ့သည်။ သက္ကရာဇ် (၃၉၂-၄၀၆) တွင် စိန်ဂျေရုမ်းသည် ကျမ်းစာများကို ပြုစုခဲ့ပြီး ဗက်သလင်မြို့တွင် ပျံလွန်ခဲ့သည်။ အိုင်ယာလန် နိုင်ငံ၏ ပထမဆုံး သာသနာပြုပုဂ္ဂိုလ် စိန်ပက်ထရစ်အား ဆရာတော်အဖြစ် (၄၃၂) ခုနှစ်တွင် တင်မြှောက်ခဲ့သည်။ သက္ကရာဇ် ၄၇၆ ခုနှစ်တွင် လူရိုင်းများ ရောမမြို့ ကို သိမ်းယူခဲ့သည်။ ကွန်စတန်တီနိုပိုလီမြို့ ဆရာတော်ကြီး နက်စတောရီးယူး သည် သခင်ယေဇူး၌ ပုဂ္ဂိုလ်နှစ်ပါးရှိကြောင်း၊ မယ်တော်သခင်မသည် ဘုရား၏မယ်တော် မဟုတ်ကြောင်း သွန်သင်ရာ အလက်ဆနြ္ဒားမြို့မှ ဆရာ တော်ကြီးဝီရီလိုနှင့် အခြားဆရာတော်ကြီး (၁၉၈) ပါးတို့သည် သက္ကရာဇ် ၄၃၁ ခုနှစ်တွင် ဧဖက်ဆူးမြို့၌ သံဃာယနာတင် အစည်းအဝေးထိုင်ကာ နက်စတောရီးယူးစ်၏ မှားယွင်းသောအယူဝါဒကို အတိုက်အခံပြု၍ သခင် ယေဇူးသည် ပုဂ္ဂိုလ်တစ်ပါးတည်းသာဖြစ်ကြောင်း၊ မာရီယားသည် ဘုရား၏ မယ်တော်အမှန်စင်စစ်ဖြစ်ကြောင်း ကြေငြာသွန်သင်ခဲ့သည်။ သက္ကရာဇ် (၄၅၁) ခုနှစ်၊ Chaledon မြို့တွင် စတုတ္ထအကြိမ်သံဃာယနာတင် အစည်း အဝေးကျင်းပသည်။ သက္ကရာဇ် (၄၉၆) တွင် ပြင်သစ်ဘုရင် ကလိုဗစ် (clovis) နှင့် နောက်လိုက် (၃၀၀၀) ကျော်တို့ ဆေးကြောခြင်းခံယူပြီး ဘာ သာထဲသို့ ဝင်ရောက်လာခဲ့သည်။

၁၉၀၃ ခုနှစ်တွင် ရဟန်းမင်းကြီး Pius X တက်လာပြီး သူသည် ဗဟုသုတ၊ ပညာ အမြော်အမြင်ကြီးသူ၊ လျင်မြန်ဖျတ်လတ်သူ၊ အကျင့်ပါရမီနှင့် ပြည့်စုံသူဖြစ်၍ အသင်းတော်ကို ကောင်းစွာအုပ်ချုပ်နိုင်ခဲ့သည်။ ရဟန်းများသည် သိုးထိန်းကောင်း ပီသစွာကျင့်ကြံရန် နှိုးဆော်လျက်၊ ဘာသာဝင်များ မကြာခဏ ကိုယ်တော်မြတ်ပင့် ယူရန်နှင့်ကလေးများ အဆိုးအကောင်းခွဲခြားတတ်သည့်အရွယ်၌ ပထမကိုယ်တော် မြတ်ပင့်ယူရန် အမိန့်ချမှတ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် ကာနွန်ဥပဒေ(Canon Law) များကို စာအုပ်တစ်အုပ်တည်းဖြစ်ရန် စတင်ကြိုးစားခဲ့သည်။ ထိုနှစ်တွင် ပြင်သစ် အစိုးရသည် ရဟန်းမင်းကြီးနှင့် သံတမန်အဆက်အသွယ်ဖြတ်ပြီး နပိုလီယန် ဘုရင်လက်ထက်ချုပ်ခဲ့သော စာချုပ်ကို ဖျက်ဆီးသည်။ သာသနာပိုင်ပစ္စည်း၊ ကျောင်း၊ ဘုရားကျောင်းများကို ပြည်သူပိုင်သိမ်းကာ ကျောင်းအုပ်ချုပ်ရေး ကော် မတီကို ဖွဲ့စည်းခဲ့ရာ ရဟန်းမင်းကြီးမှ အသိအမှတ်မပြုဘဲ ထိုစီမံကိန်းတွင် မပါဝင် ကြရန် ကက်သလစ်ဘာသာသူများအား မိန့်ကြားခဲ့သည်။ ဘာသာသူများလည်း ရဟန်းမင်းကြီး၏ မိန့်မှာချက်ကို စွန့်စားလိုက်နာခဲ့သည်။ အသင်းတော်သည် ပိုမို၍ စည်းလုံးပြီး အင်အားတောင့်တင်းလာသည် အစိုးရလည်း မိမိအမှားကိုသိမြင်လာ၍ ပထမကမ္ဘာစစ်ပြီးဆုံးသောအခါ ရဟန်းမင်းကြီးနှင့် ပြန်လည်ဆက်သွယ်လာသည်။ ၁၉၀၅ ခုနှစ်တွင် Modernism အယူဝါဒကို ပယ်ဖျက်ရန် အမိန့်ချသည်။ ၁၉၁၄ ခုနှစ်တွင် Pope Pius X ပျံလွန်တော်မူပြီး ၁၉၅၄ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြှောက်ခံရသည်။ ၁၉၁၉ ခုနှစ်တွင် Pope Beneditus XV တက်လာသည်။ ထိုနှစ်တွင် ပထမကမ္ဘာစစ်ကြီးဖြစ်လာပြီး စစ်ကြီးပြီးသောအခါ လူသတ္တဝါများ ဒုက္ခများစွာကြုံရသည်။ ရဟန်းမင်းကြီးသည် ဒုက္ခသည်များကို လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ခြင်း၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ဖျက်ခြင်း၊ စစ် အကျဉ်းသားများကို သက်ညှာမှုရှိရန် တောင်းဆိုပေးခြင်း၊ စစ်သည်များ၏ မိသားစု နှင့်ဆိုင်ရာ ချောစာ၊ ပါဆယ်ထုပ်များကို အရောက်ပို့ဆောင်ပေးစေခြင်း၊ အကျဉ်း သားများအား သွားရောက်နှစ်သိမ့်ပေးခြင်းစသော လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ သည်။ စစ်အတွင်း ငတ်မွတ်နေသော ဂျာမနီ၊ ရုရှားစစ်သည်များ၊ ကလေးသူငယ် များကို စားဝတ်နေရေးအတွက် ကူညီခြင်းတို့ကြောင့် Islam ဘာသာဝင်များနှင့် ဂျူးလူမျိုးတို့ပင် ရဟန်းမင်းကြီးကို ကျေးဇူးတင်သောအားဖြင့် အီစတန်ဘူလ်မြို့တွင် ရဟန်းမင်းကြီး၏ ပုံတူကို ထုလုပ်ထားရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရဟန်းမင်းကြီးမှ အသင်းတော်ဥပဒေ (Canon Law)ကို ထုတ်ပြန်ခဲ့ပြီး ထိုနှစ်တွင် ဖာတီမာမြို့၌ မယ်တော်သခင်မသည် လူဆီးယား၊ ဂျာဆင်းတာ၊ ဖရန်စစ္စကိုတို့အား ရှုပါရုံ ထင်ရှားပြခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားပြည်၌ ကွန်မြူနစ်ဝါဒ အာဏာရလာပြီး အသင်းတော်ကို ညှင်းဆဲသည်။ ၉၀%သော ကျောင်းများကို သိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ဘာသာသူများကိုဖမ်းပြီး စက်ရုံ၊ အလုပ်ရုံများသို့ အလုပ်ကြမ်းခိုင်း စေခြင်းများ ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံရှိ ကက်သလစ်အသင်းတော်သည် ရဟန်း မင်းကြီးနှင့် ဆက်သွယ်ခွင့်မရသည့်အပြင် ကွန်မြူနစ်အစိုးရ၏ အမိန့်ကိုသာ နာခံခဲ့ ရသည်။

(၂၀)ရာစုနှစ်အချိန်ကာလ သက္ကရာဇ် (၁၉၀၁ မှ ၂၀၀၀ထိ)

==========

ပုပ်ရဟန်းမင်းကြီး Beneditus XV သည် (၁၉၂၂) တွင် ပျံလွန်တော်မူပြီး ရဟန်း မင်းကြီး Pius XI တက်လာသည်။ ထိုရဟန်းမင်းကြီးသည် သက္ကရာဇ် (၁၉၃၉) အထိစိုးစံခဲ့သည်။ (၁၉၂၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်တွင် အီတလီအစိုးရ သည် ဗာတီကန်နိုင်ငံကို ရဟန်းမင်းကြီးပိုင်နိုင်ငံအဖြစ် အသိအမှတိပြုခဲ့ပြီး အသင်း တော်ဆိုင်ရာ သြဇာအာဏာ၊ အုပ်ချုပ်ရေးတို့၌ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ အသင်းတော်၏ဥပဒေကို အစိုးရကလေးစားလာသည်။ ရဟန်းမင်းကြီး Pius XI သည်အသင်းတော်ကို ကာကွယ်ရန် (CATHOLIC ACTION) ကက်သလစ်လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်း၍ အထူးအားပေးခဲ့သည်။ ကက်သလစ်လုပ်ငန်းနှင့်ဆန့်ကျင်သည့် ဖက်ဆစ်ဝါဒ၊ နာဇီဝါဒ၊ ကွန်မြူနစ်ဝါဒတို့ကို ရှုံ့ချပြီး ၎င်းအယူဝါဒများ မှားယွင်း ကြောင်း အတိအလင်းကြေငြာခဲ့သည်။ ထိုရဟန်းမင်းကြီးအုပ်ချုပ်စဉ်အတွင်း ရုရှား နိုင်ငံ၌ ခရစ်ယာန်ဘာသာဝင်များသည် ကွန်မြူနစ်တို့၏ ညှင်းပန်းနှိပ်စက်မှုကို ဆက်လက်ခံနေရဆဲဖြစ်သည်။ (၁၉၂၉) ခုနှစ်တွင် ရဟန်းမင်းကြီးသည် လက်ထပ် ထိမ်းမြားခြင်းနှင့် ခရစ်ယာန်တို့၏ ပညာရေးအတွက် စာချွန်တော်ထုတ်ပြန်ခဲ့ပြီး (၁၉၃၁) ခုနှစ်တွင် အရင်းရှင်လူတန်းစားနှင့် အလုပ်သမားလူတန်းစားတို့အတွက် စာချွန်တော်ထုတ်ပြန်ခဲ့သည်။ (၁၉၃၃) ခုနှစ်တွင် ဂျာမနီနိုင်ငံ အာဏာရှင်ဟစ်တ လာခေါင်းဆောင်သော နာဇီဝါဒ၊ အီတလီနိုင်ငံတွင် အာဏာရှင် မူဆိုလီနီခေါင်း ဆောင်သော ဖက်ဆစ်ဝါဒများ ပေါ်ထွန်းလာပြီး ၎င်းဝါဒတို့သည် အသင်းတော်ကို များစွာဒုက္ခပေးခဲ့ပါသည်။ (၁၉၃၆) ခုနှစ်တွင် စပိန်၌ ဗိုလ်ချုပ်ကြီးဖရန်းကို ဦးဆောင် ပြီး ကွန်မြူနစ်တို့နှင့် စစ်ဖြစ်ခဲ့ရာ ဖရန်းကိုမှ အနိုင်ရပြီး ကွန်မြူနစ်ဝါဒပျောက်ကွယ် သွားခဲ့သည်။ (၁၉၃၇) ခုနှစ်တွင် ရဟန်းမင်းကြီးသည် ကွန်မြူနစ်ဝါဒနှင့် ပတ်သက် ၍ စာချွန်တော်တစ်ရပ် ထုတ်ဝေခဲပြီး (၁၉၃၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ တွင် ရဟန်းမင်းကြီး Pius XI ပျံလွန်တော်မူသည်။ (၁၉၃၉) ခုနှစ် မတ်လ (၁၂) ရက် တွင် ရဟန်းမင်းကြီး Pius XII တက်လာသည်။ စက်တင်ဘာလ (၁) ရက်တွင် ဒုတိ ယကမ္ဘာစစ် စတင်ဖြစ်ပွားသည်။ ကမ္ဘာစစ်ဖြစ်အံဆဲဆဲတွင် ရဟန်းမင်းကြီးသည် ငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံတကာနှင့် (၆) ကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။ စစ်ကြီးအတွင်း ပိုလန်နိုင်ငံ ကက်သလစ်ဘာသာဝင်များ ကို နာဇီ (ဂျာမနီ) နှင့် ကွန်မြူနစ် (ရုရှား) တို့မှ ကြောက်မက်ဖွယ်ရာ ညှင်းပန်းနှိပ် စက်သည်။ ရဟန်းမင်းကြီးသည် စစ်ကြောင့်ဒုက္ခရောက်သူများနှင့် နလန်မထူနိုင် သောတိုင်းပြည်များကို အကူအညီပေးခဲ့သည်။

Crd: to SpiritualFood Taunggyi

Add new comment

2 + 0 =