လူပုဂ္ဂိုလ်ရဲ့အမှားကို ကျွန်ုပ်တို့က ဘာသာတစ်ခုလုံးရဲ့အမှားပုံစံနဲ့ မပြောမိဖို့ ကျွန်ုပ်တို့ ကြိုးစားရအောင်

ကျွနု်ပ်ကတော့ ဖာတာရ် မာတင်းဖြင်းဖြစ်တော့ အမေရိကန်ပြည်ထောင်စုမှာ ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်နေတဲ့ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေမှာလည်း ကျွန်ုပ်တို့ ဘာသာတရားကြီး တွေနဲ့ နှီးနှောစကားပြောခြင်း စသည့်ခေါင်းစဉ်အောက်ကနေ ဘယ်ဟာလေးတွေက ကိုယ့်တွက် အသုံးပြုသင့်သလဲ ဘယ်ဟာလေးတွေက သတိထားရှောင်ကျဉ်ရမလဲ စတဲ့အကြောင်းအရာတွေကို ပြောခဲ့ပြီးဖြစ်တယ်။ ဘယ်လိုလဲပြော ရင်လူတစ်ယောက် ဘယ်လိုခံစားသွားနိုင်သလဲ ဘာသာတရားကြီးတွေနဲ့ စကားတွေပြောဆိုတဲ့ အခါ ဘယ််လိုလေး ပြောဆိုနေထိုင်ရမယ်ဆိုတဲ့ အရာလေးတွေ ပြောသွားခဲ့ပြီးပါပြီ။

ဒီနေ့ဖာတာရ် အဓိကပြောသွားချင်တဲ့ အကြောင်းအရာကတော့ မြန်မာစကားပုံမှာတော့ ကြားဖူးကြမှာပဲ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုတဲ့ဟာ အဲ့စကားပုံကတစ်ကယ်ရှိခဲ့တာပေါ့နော။ တစ်ကယ်လည်းလူတွေလည်း အဲ့လိုဖြစ်လို့ ဒီလိုတင်စားပြီးပြောတဲ့နေရာမှာ အဲ့စကားပုံတွေကို သုံးကြတာဖြစ်တယ်။ ဒီနေ့ဖာတာရ်ပြောချင်တာက ဘာလဲဆိုရင် ဥပမာ-မြန်မာပြည်မှာဆိုရင် ခရစ်ယာန်ဘာသာ မွတ်စလင်မ်ဘာသာ ဂျူးဘာသာ ဟိန္ဒူဘာသာ ဗုဒ္ဓဘာသာ နတ်ကိုးကွယ်သူ စသည်ဖြင့် အမျိုးမျိုးရှိကြတယ်။ အဲ့လိုအမျိုးမျိုးရှိတဲ့အချိန်မှာ ဥပမာ- ခရစ်ယာန် တစ်ယောက်က အပြောအဆိုမှာသွားတယ် အနေအထိုင်မှားသွားတယ် အဲ့လိုဖြစ်သွားတဲ့အခါ ကျွန်ုပ်တို့တစ်ခြား ဘာသာတွေက ၀ိုင်းပြီးတော့ အောခရစ်ယာန်တွေက အဲလိုပဲ ဆိုပြီးခရစ်ယာန်တွေဆိုတာနဲ့ အကုန်လုံးကို သိမ်းကျုံးပြီး တော့ပြောသွားတာမျိုးပေါ့နော။ အဲ့ဒါလေးတွေကို ကျွန်ုပ်တို့ အနေနဲ့ သတိထားစရာဖြစ်တယ်။ အဲ့လိုပဲ ဗုဒ္ဓဘာသာဝင် တစ်ဦးကလည်း အစွန်းရောက်နိုင်တယ်။ တစ်ချို့ကလည်းအနေအထိုင် မဆင်ခြင်နိုင်ဘူး တကယ်လည်း လူတွေအတွက် အကျိုးမရှိအောင် နေထိုင်တဲ့သူတွေလည်း ရှိရင်ရှိမှာပဲ။ ဒါမဲ့အဲဒါကိုပဲကြည့်ပြီးတော့ ကျွန်ုပ်တို့က ဟာ ဗုဒ္ဓတွေကအဲ့လိုဆိုပြီး။ ဗုဒ္ဓအားလုံးကိုခြုံပြီးတော့ စွတ်စွဲသွားတာမျိုး။ မွတ်စလင်မ် တစ်ဦးတစ်ယောက်ကနေပြီးတော့ ဥပမာ- လူသတ်မှုကျူးလွန်သလားပေါ့နော ခရစ်ယာန်တစ်ယောက်လား ဗုဒ္ဓတစ်ယောက်လား ဟိန္ဒူတစ်ယောက်လား အဲ့လိုလူသတ်မှုကျူးလွန်တဲ့အခါကျတော့ အဲ့ဒါကိုကြည့်ပြီး ဒီဘာသာက ဒီလိုလုပ်တယ်ဆိုပြီး ခြုံပြီးပြောတတ်ကြတယ်။ 

ဒါကိုကျွန်ုပ်တို့အားလုံးအနေနဲ့သတိထားရမည့် အရာလို့ဖာတာရ်ကမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲလိုလေးတွေဖြစ်လို့လဲ ငါခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ်ဆိုတဲ့ စကာပုံရှိလာတာ။ တကယ်က မကောင်းတာက ငါးတစ်ကောင်ပဲ ဒါမဲ့တစ်လှေလုံးခံလိုက်ရတယ်။ ဒါကြောင့် အဲ့လိုဖြစ်တတ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ ခရစ်ယာန်တွေရော မွတ်စလင်မ်တွေရော ဟိန္ဒူတွေရော ဗုဒ္ဓဘာသာတွေရော ကျွန်ုပ်တို့ အတူတကွယှဉ်တွဲ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံမှာနေလာပြီဆိုရင် ကျွန်ုပ်တို့အနေနဲ့က အားလုံးကိုခြုံပြီးတော့ ယေဘုယျအားဖြင့် ခရစ်ယာန်တစ်ယောက်အမှားကို ခရစ်ယာန်အားလုံးကမှားသလိုလို၊ ဗုဒ္ဓတစ်ယောက်ရဲ့ကျူးလွန်မှုကို ဗုဒ္ဓအားလုံးက ဖြစ်သွားသလိုလို၊ ဗုဒ္ဓဘာသာပဲအဲ့လိုလုပ်ဖို့ သွန်သင်ပေးသလိုလို ခရစ်ယာန်ဘာသာပဲအဲ့လိုလုပ်ဖို့ သွန်သင်ပေးသလိုလို ခြုံငုံပြီးတော့ ယေဘုယျတမ်းပြောသွားတဲ့ အရာမျိုးက ကျွန်ုပ်တို့အားလုံး သတိထားပြီးမှာ ရှောင်ကျဉ်ရမဲ့ အရာဖြစ်တယ်ဆိုတဲ့အရာကို ဖာတာရ်အနေနဲ့ပြောပြချင်ပါတယ်။ ဒါတွေက ကျွန်ုပ်တို့မြန်မာနိုင်ငံမှာ လည်းတွေ့နေကြ ကြုံနေကြဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့အမှားကို ခြုံငုံပြီးတော့ အားလုံးကိုစွတ်စွဲသားတာတွေ ရှိပါတယ်။ ဒါကကျွနိုပ်တို့စည်းလုံးမှုကို ဖော်ကျူးပြီးတော့နေထိုင်တဲ့ ဘဝမှာ အကျိုးမဖြစ်စေဘူး။ 

ဥပမာ-ခရစ်ယာန်တွေမှာဆိုလည်း ခရစ်ယာန်အသင်းတော်အမျိုးမျိုးရှိသေးတယ်လေ။ ဒါကိုခရစ်ယာန် တစ်ယောက်ရဲ့အပြစ်ကို ခရစ်ယာန်တစ်ယောက်ရဲ့အမှားကို တစ်ခြားဘာသာကြီးတွေကနေပြီးတော့ ခရစ်ယာန်တွေက အဲ့လို ဖြစ်တယ်။ ခရစ်ယာန်တွေက ဘာသာရေးကိုတအားဆွယ်တယ် စသည်ဖြင့်ပေါ့နော။ ဥပမာ-ပါစတာတစ်ယောက်က သူတို့ရဲ့လူမှုရေးအရခင်မင်ပြီးတော့ ဘာသာရေးအကြောင်းတွေကိုဖလှယ်ကြတဲ့ အခါကျတော့ တစ်ချို့ လူတွေကပြောကြမယ် ခရစ်ယာန်တွေက အဲ့လိုပဲ လူတွေကိုတအားလိုက်ဆွဲဆောင်တာဆိုတာမျိုးလည်းဖြစ် နိုင်တာပေါ့။ ဥပမာ-ဗုဒ္ဓဘာသာဝင်တစ်ယောက် ဒါမှမဟုတ် ဘုန်းတော်ကြီးတစ်ပါးဖြစ်ဖြစ် သူ့ရဲ့နေထိုင်ပုံက သူ့ရဲ့ဗုဒ္ဓသာသနာရဲ့ သွန်သင်ချက်အတိုင်း အခြေအနေတိုင်းမနေထိုင်တဲ့အချိန်တွေမှာ အဲ့တာကိုကြည့်ပြီး ကျွန်ုပ်တို့ ခရစ်ယာန်တွေ တစ်ခြားမွတ်စလင်မ် ဟိန္ဒူ တွေက အောဗုဒ္ဓတွေက အဲ့လိုပဲ ဆိုပြီးကျွနိုပ်တို့က အကုန်လုံးကို ခြုံပြောလိုက်တာက မကောင်းဘူး။ အဲ့ကြောင့် ကျွန်ုပ်တို့က ဒါကိုနားလည်ရမယ် လူပုဂ္ဂိုလ်ရဲ့အမှားကို ကျွန်ုပ်တို့က ဘာသာတစ်ခုလုံးရဲ့အမှားပုံစံနဲ့ မပြောမိဖို့ ကျွန်ုပ်တို့ ကြိုးစားရအောင် ဒါလေးကို ဗဟုသုတအနေနဲ့ ဖာတာရ် ပြောပြရခြင်းဖြစ်ပါတယ် အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်။ 

Add new comment

3 + 9 =