ရာမဒန်​ဟာ​ ဘာသာပေါင်းစုံ​စည်းလုံးညီညွတ်မှုကိုဖေါ်ပြရန် အခွင့်အရေကောင်းတခုဖြစ်ကြောင်း ကာဒီနယ် အာရုဆို မြွက်ကြား

ရာမဒန်​ဟာ​ ဘာသာပေါင်းစုံ​စည်းလုံးညီညွတ်မှုကိုဖေါ်ပြရန် အခွင့်အရေကောင်းတခုဖြစ်ကြောင်း ကာဒီနယ် အာရုဆို မြွက်ကြား

ရာမ ဒန်​ဟာ​ ဘာသာပေါင်းစုံ​စည်းလုံးညီညွတ်မှုကိုဖေါ်ပြရန် အခွင့်အရေကောင်းတခုဖြစ်ကြောင်း  ကာဒီနယ် အာရုဆို  မြွက်ကြား

ကာဒီနယ် အာရုဆို -​-ကမ္ဘာအရပ်ရပ်မှ​ ရာမဒန် ဥပုသ်​လကိုကျင်းပနေသော မွတ်ဆလင်များ အနေဖြင့်​ ရာမ ဒန်​ဟာ​ ဘာသာပေါင်းစုံ​စည်းလုံးညီညွတ်မှုကိုဖေါ်ပြရန် အခွင့်အရေကောင်းတခုဖြစ်ကြောင်း၊ ကိုဗစ်​19​ ကမ္ဘာကူးစက်ရောဂါကပ်ကို ရင်ဆိုင်နေရချိန် မွတ်ဆလင်​နဲ့ခရစ်ယာန်များ စည်းလုံးညီညွတ်မှုဖေါ်ပြကြရန် ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ ဘာသာပေါင်းစုံနှီနှောဖလှယ်ရေးကောင်စီ၏ ဥက္ကဋ္ဌ​ မှတိုက်တွန်းလိုက်သည်

By Vatican News (ဗာတီကန်သတင်းမှ)​

ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ ဘာသာ​ပေါင်းစုံ​ နှီးနှော​ဖလှယ်​ခြင်း​ ကောင်စီ၏ တာဝန်ခံ​ ဥက္ကဋ္ဌ​ ကာဒီနယ် မင်ဂူအယ် အင်ဂျယ် အာရုဆို ဂူးဇော့ (Cardinal​ Miguel Angel Ayuso GuiXot) သည် ဗာတီကန် သတင်းဌာန​ မှ​ ဟယ်လင်(Helene)​ destombes​ အား​ အင်တာဗျူး​ ဖြေကြားတော်မူခဲ့သည်။

အစ္စလမ် ဘာသာရေးပွဲတော် ရာမ ဒန်​ ဥပုသ်​လ​ နှင့်​ Eid al-Fitr ပွဲအတွက်​နှစ်ပတ်လည်​​သတင်းစကားအကြောင်း​ ပြောသွားခဲ့ခြင်းဖြစ်သည်။

အင်တာဗျူး​ မှတ်တမ်း​မှာ-

မေး- ရာမ ဒန်​ ပွဲတော်ရဲ့ ပြီးဆုံးဖို့နီးကပ်လာပြီ ဆိုတော့​ လက်ရှိပွဲတော်ရဲ့ အခြေအနေ​ အကြောင်း​ ကျွန်ုပ်တို့ဘာပြောနိုင်မလဲ၊

ဖြေ- ဒီပွဲဟာ ကျွန်ုပ်​တို့ရဲ့​ညီအစ်ကို​ မွတ်စလင်​တွေအတွက်​ မရှိမဖြစ်​ အထူးအရေးကြီး​ အရေးပါတဲ့ ပွဲတော်ဖြစ်တယ်လို့ ကျွန်ုပ်အမြဲပဲ​ ခံယူပါတယ်။  သူတို့လည်းပဲ ကျွန်ုပ်​တို့ရဲ့​(Easter)​အီစတာပွဲ ကျင်းပခဲ့သလို ကိုဗစ်​ 19​ ကမ္ဘာ​ကပ်ရောဂါကြောင့်​ ဒီပွဲကို အထူးအရေးပါတဲ့​ပုံမျိုးနဲ့ကျင်းပနေကြပါတယ်။  စုပေါင်းပါဝင်ကျင်းပလို့မရတဲ့အတွက် အတွင်းမှာ အတိုင်းအတာ​တခုအနေနဲ့ပဲ ကျင်းပခဲ့ပါတယ်။  ဒါကြောင့်မို့၊ PCID ရဲ့​ ဥက္ကဋ္ဌ​ အနေနဲ့​ ခရစ်ယာန်များနဲ့မွတ်စလင်များကို ထပ်လောင်း​ဆန္ဒပြုလိုတာက၊ ညီအစ်ကိုစိတ်ဓာတ်ဖြင့် စည်းလုံး​ကြဖိုပါ၊ ဒါဟာ​များစွာအကျိုးသက်ရောက်မှုရှိတဲ့လူသားဆန်သောတလုံးတစ်ဝတည်းဖြစ်ခြင်းကိုဖေါ်ပြနေပါတယ်၊ အားလုံး​စုံကိုတက်နိုင်၍ သနားဂရုဏတော်ရှင် ဘုရားသခင်ထံ​ ဆုတောင်း ခြင်း​ဖြင့်​ ဘုရားရှင်၏ ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ဒီခက်ခဲရာကာလ မှ​ လူသားတိုင်ကျော်လွားနိုင်မှာဖြစ်ပါတယ်။

 

ဗာတီကန်က မွတ်ဆလင်​နှင့် ခရစ်ယာန်များ ဝတ်ပြုကိုးကွယ်ရာနေရာများကိုကာကွယ်ကြရန် တိုက်တွန်းနိုးဆော်လိုက်သည်။ 01/05/2020

မေး- ဒီနှစ်ရဲ့သတင်းစကား အချက်အလက်တွေကဘာတွေပါလဲ၊

ဖြေ-  နှစ်စဥ်​ သာသနာ့ခုံရုံး အဖွဲ့အစည်း​ မှ​ ဘာသာနှစ်ခုစလုံးအတွက်​ဘုံ​ အဓိကဆိုလိုရင်းကို အစ္စလမ်းဘာသာ အဖွဲ့အစည်းသို့ ပိုပေးပါတယ်။ ဒီနှစ်​မှာတော့​အထူးသဖြင့်​ "ဝတ်ပြုကိုးကွယ်ခြင်း နေရာများကိုကာကွယ်ခြင်း"​ ဆိုတဲ့အာဘော်​ကို​ကျွန်ုပ်တို့ မျှဝေခံစားကြပါတယ်။  အဲအချက်က လူသားညီအစ်ကိုဖြစ်ခြင်း ဆိုတဲ့​ မှတ်တမ်းမှတ်​ နိုးဆော်ချက်ဖြစ်သည်၊ ရဟန်းမင်းကြီး ဖရန်စစ် အရှင်မြတ် နှင့်​ Al Azhar ရဲ့​ အီမန် အကြီးအကဲ့များ အတူတကွ​ရှိနေစဥ် ဤကဲ့သို့မိန့်တော်မှုခဲ့သည် "ဝတ်ပြုကိုးကွယ်ရာနေရာများဖြစ် တဲ့​ ဂျူး​ဘုရားကျောင်း၊ ခရစ်ယာန်​ဘုရားကျောင်းနှင့် အစ္စလမ်းဘာသာ​ဘုရားကျောင်း​များကို​ကာကွယ်ရန်မှာ​ ဘာသာရေး၊ လူ့တန်ဖိုး၊ နည်းဥပဒေ​ နှင့်​နိုင်ငံတကာ​ သဘောတူညီချက် များအရ​အာမခံပေးထားသော တာဝန်တရပ်ဖြစ်ပါတယ်၊ ဤဝတ်ပြုရာနေရာများကို တိုက်ခိုက်ရန်ကြိုပမ်းမှုများ (သို့မဟုတ်)​ ဤနေရာများကို ဖျက်​ဆီး​ခြင်း၊ ဗုံခွဲခြင်း၊ ပြင်းထန်စွာကိုယ်ထိလက်ရောက်ကျူးလွန်မှုများသည် ဘာသာရေးသွန်သင်မှုကိုသွေဖယ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေကိုထင်ထင်ရှားရှာချိုးဖောက်ခြင်းပဲဖြစ်ပါတယ်"၊ ဒီအပြုအမှုကို ယုံကြည်သူကော မယုံကြည်သူပါ ပစ်တင်ရှုတ်ချ​ပါတယ်၊ ဘာသာရေးလွတ်လပ်မှုလိုအပ်ချက်ဟာ အခွင့်အရေး​နှင့်တာဝန်တရပ်ဖြစ်ပါတယ်။

မေး-  အနာဂတ်​ ရူမြင် သုံး​သပ်ချက်အနေနဲ့​ ဒီအခြေအနေမှာ မတူညီတဲ့ ကွဲပြားတဲ့ ဘာသာဝင်​များ​အကြား​ ဘယ်လို​ နှီးနှော​ဖလှယ်​ခြင်းမျိုးကို ဝေငှပေးနိုင်မလဲ။

ဖြေ-  ရဟန်းမင်းကြီး ဖရန်စစ် ရဲ့​ဒီအမှန်ခက်ခဲတဲ့အချိန်မျိုးမှာ ကျွန်ုပ်တို့ကိုဖိတ်ခေါ်တဲ့အချက်လေကို ကိုးကားဖို့လိုအပ်ပါတယ်လို့ခံစားရပါတယ်။ ဒီလက်ရှိစိန်ခေါ်မူများကို ဆိုလို​တာက​ဒီလက်ရှိ စိန်ခေါ်မှုများနှင့် မကြာမီ​ ချက်ချင်းရောက်လာမယ့် အနာဂတ်​ အတွက် ရင်ဆိုင်ရာတွင် ရောဂါကူးဆက်မူမျော်လင့်ချက်ကို ပျံ့နှံ့​ရန်​ နှင့်​ ကွဲပြားတဲ့ ယုံကြည့်မူအသီးသီးရဲ့ဘာသာရေးခေါင်းဆောင်များကို လည်း​ညီအစ်ကို​စိတ်၊ စည်းလုံးညီညွတ်မှု ကို​မြှင်တင်ပေးကြရန်လည်းဖိတ်ခေါ်ပါတယ်။  ဒါမှ​ဒီကနေအရင်ကထက်ပိုကောင်းတာတွေ ဖြစ်ပေါ်လာမယ်၊ စီးပွားရေး​ နည်းဥပဒေ​ နှင့်​ အကျိုး​အမြတ်​ တခုတည်းနောက်ကိုသာမလိုက်ပဲ၊ လိုအပ်တဲ့ပြောင်းလဲမှုတွေ​ လုပ်ရန်အဆင်သင့်ဖြစ်နေဖို့​ ကျွန်ုပ်တို့ရဲ့လူ့အသိုင်းအဝန်ကို ကူညီပေးရပါမယ်။

 

ဘာသာပြန် ဖာသာရ် ဂျော့ချ်ရွှေထွန်း

01 May 2020, 12:19

https://bit.ly/2L5YMkI

Add new comment

5 + 0 =