မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရှိသော အာမေးနီးယမ်း ဘုရားကျောင်း

ရန်ကုန်မြို့ လူစည်းကားရာ မြို့လယ်ခေါင်၊ ဗိုလ်အောင်ကျော်လမ်းမှာ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိ အာမေးနီးယမ်း ဘုရားကျောင်းလေးဟာ သူ့သမိုင်း၊ သူ့ဓလေ့ထုံးတမ်းနဲ့သူ တိတ်တိတ်ဆိတ်ဆိတ် တည်တည်ငြိမ်ငြိမ်နဲ့ နေ့၊ လ၊ နှစ်တွေကို ဖြတ်သန်းနေပါတယ်။

အာမေးနီးယမ်း အသင်းတော်ဟာ အရှေ့တိုင်း အောက်သိုဒေါ့စ်ရဲ့ ရှေးထုံးဓလေ့တွေနဲ့ ကြွယ်ဝပြီး ဘာသာတရားကို နိုင်ငံလူမျိုးနဲ့ ထပ်တူ ကျင့်သုံးတာမို့ အာမေးနီးယမ်း လူမျိုးကို အစွဲပြု ကင်းမွန်းတပ်လေ့ရှိပါတယ်။ အေဒီ ၄ ရာစုကတည်း ခရစ်ယာန်ဘာသာကို နိုင်ငံ့ဘာသာအဖြစ် ပထမဆုံး လက်ခံကျင့်သုံးခဲ့တဲ့ အင်ပါယာတစ်ခုပါ။ တမန်တော်ကြီး ဘာသိုလိုမေဦးကိုယ်တိုင် ပထမရာစုကတည်းက သာသနာပြုခဲ့တယ်လို့ ရှေးထုံးတွေက ဖော်ကျုးကြပါတယ်။ ဒါ့ကြောင့် တမန်တော် အသင်းတော် (Apostolic Church) လို့ ခေါ်ဆိုကြပါတယ်။

၁၇ ရာစုအတွင်း ကိုလိုနီ စီးပွားရေးနယ်မြေတွေ ရှာကြဖွေကြရင်း အာမေးနီးယမ်းကုန်သည်တွေလည်း အိန္ဒိယ၊ ဗားမားနဲ့ အရှေ့တောင်အာရှတခွင်မှာ အခြေချပြီး ကူးသန်းရောင်းဝယ် ဖောက်ကားခဲ့ကြပါတယ်။ ကလက္ကတား၊ ဒါကာနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ အာမေးနီးယမ်း လူမျိုး စုစုပေါင်း ၁၃၀၀ ဝန်းကျင်လောက် ရှိတယ်လို့ မှတ်သားဖူးပါတယ်။ သန်လျင်မြို့က ပေါတူဂီကျောင်းလို့ အမည်တွင်တဲ့ ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းကို တည်ဆောက်ဖို့ ကုန်ကျစရိတ်ကိုလည်း အာမေးနီးယမ်း ကုန်သည်ကြီးက အဓိက လှူဒါန်းခဲ့ကြောင်း မှတ်သားဖူးပါတယ်။

အာမေးနီးယမ်းကုန်သည်ကြီးတွေဟာ တော်ဝင်မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး ရှိခဲ့ဟန်တူပါတယ်။ ရန်ကုန် ကုန်သည်ကြီးများအသင်းမှာ အာမေးနီးယမ်းတွေ အတော်လေး မျက်နှာပွင့်ခဲ့ပါတယ်။ အခု လက်ရှိ ဘုရားကျောင်းတည်ရာ နေရာကိုပင် ဗမာဘုရင်ကိုယ်တိုင် လက်ဆောင်ပေးခဲ့တာလို့ ဆိုကြပါတယ်။

ရန်ကုန်မြို့လည်ခေါင်က ခမ်းနားကြီးကျယ်တဲ့ ဟိုတယ်ကြီးတွေ၊ The Strand ဟိုတယ်ကြီးတွေဟာ အာမေးနီးယမ်းတွေရဲ့ လက်ရာတွေပါပဲ။

အခုတော့ အာမေးနီးယမ်းနွယ်ဖွား အနည်းငယ်သာ ကျန်ရှိနေပြီး ၎င်းတို့ရဲ့ မိခင်ဘာသာတရားကို တွယ်ဖက်သူက လက်တစ်ဆုပ်စာသာ ရှိပါတော့တယ်။ သူတို့ကိုယ်တိုင်လည်း အာမေးနီးယမ်းလာသာစကားကို မပြောတတ်ကြတော့ပါဘူး။ ခက်တာက အာမေးနီးယမ်း အောက်သိုဒေါ့ အသင်းတော်ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေကို အာမေးနီးယမ်းဘာသာစကားဖြင့်သာ ပြုလုပ်ရပါတယ်။

မထင်မှတ်ဘဲ ရောက်ဖြစ်ခဲ့တဲ့ ဒီဘုရားကျောင်းဟာ ကျွန်ုပ်လို အသင်းတော်ရဲ့ ရှေးဦးသမိုင်းနဲ့ ဖခင်ကြီးတွေအကြောင်း လေ့လာနေသူအဖို့ အဖိုးမဖြတ်နိုင်တဲ့ ဝတ်ပြုကိုးကွယ်ခြင်း ဓလေ့ထုံးတမ်းတွေနဲ့ ရှေးဦးခရစ်ယာန်ယာဥ်ကျေးမှုကို ပြန်လည်တွေခဲ့ရတာမို့ အရမ်းကို ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။

စိန့်မေရီကက်သီဒြရယ်နဲ့ တစ်လမ်းထဲမှာ ရှိပါတယ်။ စိန့်မေရီ ဘုရားကျောင်း ဆောက်လုပ်စဥ်ကလည်း ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန်တွေဟာ အဲဒီဘုရားကျောင်းမှာ ဝတ်ပြုကိုးကွယ်ခြင်း ပြုလုပ်ခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒိုမီနီကန်ကိုရင်

ရန်ကုန်မြို့ လူစည်းကားရာ မြို့လယ်ခေါင်၊ ဗိုလ်အောင်ကျော်လမ်းမှာ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိ အာမေးနီးယမ်း ဘုရားကျောင်းလေးဟာ သူ့သမိုင်း၊ သူ့ဓလေ့ထုံးတမ်းနဲ့သူ တိတ်တိတ်ဆိတ်ဆိတ် တည်တည်ငြိမ်ငြိမ်နဲ့ နေ့၊ လ၊ နှစ်တွေကို ဖြတ်သန်းနေပါတယ်။

အာမေးနီးယမ်း အသင်းတော်ဟာ အရှေ့တိုင်း အောက်သိုဒေါ့စ်ရဲ့ ရှေးထုံးဓလေ့တွေနဲ့ ကြွယ်ဝပြီး ဘာသာတရားကို နိုင်ငံလူမျိုးနဲ့ ထပ်တူ ကျင့်သုံးတာမို့ အာမေးနီးယမ်း လူမျိုးကို အစွဲပြု ကင်းမွန်းတပ်လေ့ရှိပါတယ်။ အေဒီ ၄ ရာစုကတည်း ခရစ်ယာန်ဘာသာကို နိုင်ငံ့ဘာသာအဖြစ် ပထမဆုံး လက်ခံကျင့်သုံးခဲ့တဲ့ အင်ပါယာတစ်ခုပါ။ တမန်တော်ကြီး ဘာသိုလိုမေဦးကိုယ်တိုင် ပထမရာစုကတည်းက သာသနာပြုခဲ့တယ်လို့ ရှေးထုံးတွေက ဖော်ကျုးကြပါတယ်။ ဒါ့ကြောင့် တမန်တော် အသင်းတော် (Apostolic Church) လို့ ခေါ်ဆိုကြပါတယ်။

၁၇ ရာစုအတွင်း ကိုလိုနီ စီးပွားရေးနယ်မြေတွေ ရှာကြဖွေကြရင်း အာမေးနီးယမ်းကုန်သည်တွေလည်း အိန္ဒိယ၊ ဗားမားနဲ့ အရှေ့တောင်အာရှတခွင်မှာ အခြေချပြီး ကူးသန်းရောင်းဝယ် ဖောက်ကားခဲ့ကြပါတယ်။ ကလက္ကတား၊ ဒါကာနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ အာမေးနီးယမ်း လူမျိုး စုစုပေါင်း ၁၃၀၀ ဝန်းကျင်လောက် ရှိတယ်လို့ မှတ်သားဖူးပါတယ်။ သန်လျင်မြို့က ပေါတူဂီကျောင်းလို့ အမည်တွင်တဲ့ ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းကို တည်ဆောက်ဖို့ ကုန်ကျစရိတ်ကိုလည်း အာမေးနီးယမ်း ကုန်သည်ကြီးက အဓိက လှူဒါန်းခဲ့ကြောင်း မှတ်သားဖူးပါတယ်။

အာမေးနီးယမ်းကုန်သည်ကြီးတွေဟာ တော်ဝင်မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး ရှိခဲ့ဟန်တူပါတယ်။ ရန်ကုန် ကုန်သည်ကြီးများအသင်းမှာ အာမေးနီးယမ်းတွေ အတော်လေး မျက်နှာပွင့်ခဲ့ပါတယ်။ အခု လက်ရှိ ဘုရားကျောင်းတည်ရာ နေရာကိုပင် ဗမာဘုရင်ကိုယ်တိုင် လက်ဆောင်ပေးခဲ့တာလို့ ဆိုကြပါတယ်။

ရန်ကုန်မြို့လည်ခေါင်က ခမ်းနားကြီးကျယ်တဲ့ ဟိုတယ်ကြီးတွေ၊ The Strand ဟိုတယ်ကြီးတွေဟာ အာမေးနီးယမ်းတွေရဲ့ လက်ရာတွေပါပဲ။

အခုတော့ အာမေးနီးယမ်းနွယ်ဖွား အနည်းငယ်သာ ကျန်ရှိနေပြီး ၎င်းတို့ရဲ့ မိခင်ဘာသာတရားကို တွယ်ဖက်သူက လက်တစ်ဆုပ်စာသာ ရှိပါတော့တယ်။ သူတို့ကိုယ်တိုင်လည်း အာမေးနီးယမ်းလာသာစကားကို မပြောတတ်ကြတော့ပါဘူး။ ခက်တာက အာမေးနီးယမ်း အောက်သိုဒေါ့ အသင်းတော်ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေကို အာမေးနီးယမ်းဘာသာစကားဖြင့်သာ ပြုလုပ်ရပါတယ်။

ရန်ကုန်မြို့ လူစည်းကားရာ မြို့လယ်ခေါင်၊ ဗိုလ်အောင်ကျော်လမ်းမှာ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိ အာမေးနီးယမ်း ဘုရားကျောင်းလေးဟာ သူ့သမိုင်း၊ သူ့ဓလေ့ထုံးတမ်းနဲ့သူ တိတ်တိတ်ဆိတ်ဆိတ် တည်တည်ငြိမ်ငြိမ်နဲ့ နေ့၊ လ၊ နှစ်တွေကို ဖြတ်သန်းနေပါတယ်။

အာမေးနီးယမ်း အသင်းတော်ဟာ အရှေ့တိုင်း အောက်သိုဒေါ့စ်ရဲ့ ရှေးထုံးဓလေ့တွေနဲ့ ကြွယ်ဝပြီး ဘာသာတရားကို နိုင်ငံလူမျိုးနဲ့ ထပ်တူ ကျင့်သုံးတာမို့ အာမေးနီးယမ်း လူမျိုးကို အစွဲပြု ကင်းမွန်းတပ်လေ့ရှိပါတယ်။ အေဒီ ၄ ရာစုကတည်း ခရစ်ယာန်ဘာသာကို နိုင်ငံ့ဘာသာအဖြစ် ပထမဆုံး လက်ခံကျင့်သုံးခဲ့တဲ့ အင်ပါယာတစ်ခုပါ။ တမန်တော်ကြီး ဘာသိုလိုမေဦးကိုယ်တိုင် ပထမရာစုကတည်းက သာသနာပြုခဲ့တယ်လို့ ရှေးထုံးတွေက ဖော်ကျုးကြပါတယ်။ ဒါ့ကြောင့် တမန်တော် အသင်းတော် (Apostolic Church) လို့ ခေါ်ဆိုကြပါတယ်။

၁၇ ရာစုအတွင်း ကိုလိုနီ စီးပွားရေးနယ်မြေတွေ ရှာကြဖွေကြရင်း အာမေးနီးယမ်းကုန်သည်တွေလည်း အိန္ဒိယ၊ ဗားမားနဲ့ အရှေ့တောင်အာရှတခွင်မှာ အခြေချပြီး ကူးသန်းရောင်းဝယ် ဖောက်ကားခဲ့ကြပါတယ်။ ကလက္ကတား၊ ဒါကာနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ အာမေးနီးယမ်း လူမျိုး စုစုပေါင်း ၁၃၀၀ ဝန်းကျင်လောက် ရှိတယ်လို့ မှတ်သားဖူးပါတယ်။ သန်လျင်မြို့က ပေါတူဂီကျောင်းလို့ အမည်တွင်တဲ့ ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းကို တည်ဆောက်ဖို့ ကုန်ကျစရိတ်ကိုလည်း အာမေးနီးယမ်း ကုန်သည်ကြီးက အဓိက လှူဒါန်းခဲ့ကြောင်း မှတ်သားဖူးပါတယ်။

အာမေးနီးယမ်းကုန်သည်ကြီးတွေဟာ တော်ဝင်မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး ရှိခဲ့ဟန်တူပါတယ်။ ရန်ကုန် ကုန်သည်ကြီးများအသင်းမှာ အာမေးနီးယမ်းတွေ အတော်လေး မျက်နှာပွင့်ခဲ့ပါတယ်။ အခု လက်ရှိ ဘုရားကျောင်းတည်ရာ နေရာကိုပင် ဗမာဘုရင်ကိုယ်တိုင် လက်ဆောင်ပေးခဲ့တာလို့ ဆိုကြပါတယ်။

ရန်ကုန်မြို့လည်ခေါင်က ခမ်းနားကြီးကျယ်တဲ့ ဟိုတယ်ကြီးတွေ၊ The Strand ဟိုတယ်ကြီးတွေဟာ အာမေးနီးယမ်းတွေရဲ့ လက်ရာတွေပါပဲ။

အခုတော့ အာမေးနီးယမ်းနွယ်ဖွား အနည်းငယ်သာ ကျန်ရှိနေပြီး ၎င်းတို့ရဲ့ မိခင်ဘာသာတရားကို တွယ်ဖက်သူက လက်တစ်ဆုပ်စာသာ ရှိပါတော့တယ်။ သူတို့ကိုယ်တိုင်လည်း အာမေးနီးယမ်းလာသာစကားကို မပြောတတ်ကြတော့ပါဘူး။ ခက်တာက အာမေးနီးယမ်း အောက်သိုဒေါ့ အသင်းတော်ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေကို အာမေးနီးယမ်းဘာသာစကားဖြင့်သာ ပြုလုပ်ရပါတယ်။

Add new comment

2 + 5 =