မတူညီတဲ့ဘာသာတရားကြီး ငါးခု ရဲ့ အခြေခံ အကြောင်းအရာတွေ ဘယ်ကနေဖြစ်လာတာလဲ သူတို့ရဲ့ယုံကြည်ခြင်းကဘာလဲ

ပြီးခဲ့တဲ့အပတ်တွေမှာ ဖာတာရ်အနေနဲ့ မတူညီတဲ့ဘာသာတရားကြီးတွေရဲ့ စကားပြောခြင်း နှီးနှောဖလှယ်ခြင်း စတဲ့ခေါင်းစဉ်အောက်ကနေ တူညီတဲ့အချက်တွေကို အတူတကွ လုပ်ဆောင်သွားကြဖို့ မတူညီတဲ့အချက်တွေအပေါ် မှာလည်း တစ်ယောက်နှင့် တစ်ယောက်နားလည်မှု ရိုသေလေးစားမှုရှိဖို့ဆိုပြီးတော့ ဖာတာရ်အနေနဲ့ပြောသွားပြီး ဖြစ်ပါတယ်။ ဒီနေ့ကနေစပြီး လာမဲ့လမှာတော့ ကျွန်ုပ်တို့ မတူညီတဲ့ဘာသာတရားကြီး ငါးခု မွတ်စလင်မ်ဘာသာ၊ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ ဒီဘာသာကြီးတွေရဲ့ အခြေခံ အကြောင်းအရာတွေ ဘယ်ကနေဖြစ်လာတာလဲ သူတို့ရဲ့ယုံကြည်ခြင်းကဘာလဲ ဆိုတဲ့အကြောင်းအရာလေးတွေကို အသေးစိပ်မဟုတ်သော် လည်း နည်းနည်းလေးစီ ဗဟုသူတ အနေနဲ့ ပြောသွားဖို့ စိတ်ကူးထားပါတယ်။

နံပတ်တစ်ကျွန်ုပ်အနေနဲ့ ခရစ်ယာန်ဘာသာနဲ့ စပါမယ်။ ခရစ်ယာန်ဘာသာလို့ပြောရင် သခင်ယေဇူးကို မေ့လို့မရပါဘူး။ ဆိုတော့သူကဘယ်သူလဲ ကျွန်ုပ်တို့ ခရစ်ယာန်ဘာသာတွေရဲ့ ယုံကြည်ချက်အရတော့ သူက အရာအားလုံးကို ဖန်ဆင်းတဲ့ ဘုရားဖြစ်တယ်။ မြင်နိုင်တဲ့သတ္တာဝါတွေရော၊ မမြင်နိုင်တဲ့ သတ္တဝါတွေရော၊ ကမ္ဘာကြီး ကိုရော၊ ကြယ်နတ်ခတ်သာယာအားလုံးကို သူ့ရဲ့ခမည်းတော်နှင့်အတူတူ သန်းရှင်းသောဝိညာဉ်တော် ဘုရားနဲ့အတူတူ သားတော်ဘုရားဖြစ်တဲ့ ဒီခရစ်တော်ကနေပြီးတော့ အရာအားလုံးကို ဖန်ဆင်းခြင်းထဲမှာပါဝင်တယ်။ ဖန်ဆင်းတဲ့သူလည်း ဖြစ်တယ်ဆိုတဲ့ဟာကို ကျွန်ုပ်တို့က ယုံကြည်တာဖြစ်တယ်။ အဲ့တော့ ကျွန်ုပ်တို့ ယုံကြည်တဲ့ ဒီဘုရားဟာ AD1 မှာလူ့ဇာတိခံပြီးတော့ အမျိုးသမီးဖြစ်တဲ့ မာရိယာရဲ့ ဝမ်းကြာထဲမှာ သန်းရှင်းသောဝိညာဉ်တော် ကြောင်း ကိုယ်ဝန်ဆောင်ပြီးကလေးသူငယ်အဖြစ် လူ့ဇာတိကို ခံယူခဲ့တယ်။ တစ်ချို့လူတွေက ဒီကနေပြီးတော့ သခင်ယေဇူးကိုမြင်တာပေါ့။ 

ကျွန်ုပ်တို့ခရစ်ယာန်တွေက ဘာမှမရှိခင်၊ ဘာမှဖန်ဆင်းခြင်းမခံခင်ကတည်းက ရှိနေတဲ့ဘုရားကို ကျွန်ုပ်တို့က ယုံကြည်တာဖြစ်ပါတယ်။ ဆိုတော့ဒီသခင်ယေဇူးဟာ AD1 မှာ လောကကို လူ့ဇာတိခံယူတယ် AD1 ကနေAD33 အကြားမှာကော သူကအသက်ရှင်ခဲ့တယ်။ အဲ့ကြောင့်သူ့ရဲ့မွေးဖွားတဲ့ နှစ်ကိုရေတွက်တဲ့အခါမှာ AD လို့ခေါ်တယ်။ ANNO DOMINI ပေါ့နော်  The Year Of The Lord သခင်ဘုရားရဲ့အသင်းတော် လို့ခေါ်တယ်။ ဆိုတော့ အဲ့ဒီသခင်ယေဇူးက လောကကြီးကိုလာပြီးတော့ AD30 မှာသူ့ရဲ့ တပည့် ၁၂ ဦးကိုရွေးပြီးတော့ တရားဒေသနာတွေ ဟော၊ လူသားတွေရဲ့ကောင်းကျိုး၊ လူသားတွေဘယ်လိုအသက်ရှင်နေထိုင်ရမယ် ဆိုတဲ့အကြောင်းအရာ အားလုုံးကို ဟောပြောပြီးတော့ သူ့ရဲ့တပည့်ရင်း ၁၂ ဦးကို ရွေးချယ်ထားပါတယ်။ အဲ့လိုရွေးချယ်ထားတဲ့ တပည့်တွေကို သွန်သင် သင့်တာတွေကိုသွန်သင်တယ်။ ၃နှစ်တိတိသင်တန်းပေးတာပေါ့နော။ အဲ့နောက်အေဒီ ၃၃ မှာသူက ကားတိုင်ပေါ်မှာ သတ်ခံရတယ်။ အဲ့လိုအသတ်ခံရတာ ကျွန်ုပ်တို့ ခရစ်ယာန်တွေအတွက်က ဘာလဲဆိုတော့ သခင်ယေဇူးက အပြစ်ပြုမိ လို့အသတ်ခံရတာမဟုတ်ဘူး အဲဒီခေတ်မှာရှိတဲ့ ဘုရင်တွေကလဲ သူ့ကိုစစ်တယ် အပြစ်မရှိဘူး။ 

ဒါမဲ့သူအသတ်ခံရတဲ့ အကြောင်းက ကျွန်ုပ်တို့လူသားအားလုံးကို အပြစ်ကျွန်ဘဝကနေ ပြန်လည်ကယ်တင်ဖို့ ကျွန်ပ်တို့အားလုံးရဲ့ ကိုယ်စားကားတိုင်ပေါ်မှာ အသတ်ခံတယ်ဆိုတာကို ကျွန်ုပ်တို့ယုံကြည်တယ်။ လူသားအားလုံးဆိုတဲ့ထဲမှာ ခရစ်ယာန်တွေကတွက်ပဲ မဟုတ်ဘူး လူတွေအားလုံးအတွက် အသေခံခြင်းဖြစ်တယ်။ အဲ့ဒါဘုရားက သူဖန်ဆင်းထားတဲ့ လူသားတွေကို ချစ်လွန်းလို့ဆိုတဲ့ဟာ ကို ကျွန်ုပ်တို့က နားလည်တယ်။ သခင်ယေဇူးက ကားတိုင်းပေါ်မှာ အသေခံပြီးတော့ သာမာန်လူတစ်ယောက်လို မြေကြီးထဲမှာ ပုပ်သိုးဆွေးမြေးသွား တာမဟုတ်ပါဘူး။ အဲဒီသခင်ယေဇူးဟ သင်္ချိုခြင်းခံရတယ် ရှင်ပြန်ထမြောက်ပြီးမှ ကောင်းကင်နိုင်ငံ ကို ပြန်တက်သွားတယ် သူရှိတဲ့အရပ်ကိုပြန်သွားတယ်။ သူ့ကိုအခုချိန်ထိ ကျွန်ုပ်တို့ ခရစ်ယာန်တွေက ကိုးကွယ်တယ်။ အဲ့ဒါက သခင်ယေဇူးရဲ့ အပိုင်းပေါ့နော်။ နောက်ကျွန်ုပ်တို့ ခရစ်ယာန်တွေမှာက အထူးသဖြင့် အရေးကြီးတဲ့ သမ္မာကျမ်းစာ နှစ်ခုရှိတယ် သမ္မာဟောင်းကျမ်းစာ၊ သမ္မာသစ်ကျမ်းစားဆိုပြီးတော့။ သမ္မာဟောင်းကျမ်းစာဆိုရင်တော့ အများအားဖြင့်တော့ ဂျူးဘာသာတွေအနေနဲ့သွားတယ်။ ကျွန်ုပ်တို့သခင်ခရစ်တော်ရဲ့ ဘာသာအနေနဲ့ကတော့ သမ္မာဟောင်းကျမ်းစာကို ၄၆ စောင်၊ သမ္မာသစ်ကို ၂၇ စောင် စုစုပေါင်း ၇၃စောင် အနေနဲ့ ကျွန်ုပ်တို့ အသုံးပြုတယ်။ အဲ့လိုအသုံးပြုတဲ့ ပုဂ္ဂိုလ်ကတော့ သခင်ယေဇူူးလောကမှာ လာနေတဲ့အချိန်မှာ နံပတ်တစ် သူ့ရဲ့သာသနာကို အရင်တည်ထောင်တယ်။ သူရဲ့တပည့် ၁၂ ဦးထဲမှာ ပေတရုကို ရွေးပြီးတော့ အသင်းတော် သာသနာတော် ခေါင်းဆောင် အနေနဲ့ ပေတရုကို ခန့်ခဲ့တယ်။ အဲ့ဒီကနေဆင်းတက်လာတဲ့ ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန်တွေ အနေနဲ့က ဒီ ၇၃ စောင်ကို အသုံးပြုနေခြင်းဖြစ်ပါတယ်။

ဒီကက်သလစ်ခရစ်ယာန်ကနေ ပြန်ခွဲထွက်သွားတဲ့ ညီအစ်ကို ခရစ်ယာန်တွေကြတော့ AD1517 ကနေခွဲထွက် သွားကြတဲ့ နှစ်ခြင်းတို့ တစ်ချို့ သောခရစ်ယာန်တွေ အတွက်ကြတော့ ၆၆ စောင်ပဲသုံးတယ်။ သမ္မာဟောင်းကို ၃၉ စောင် သမ္မသစ်ကို ၂၇ စောင် အဲ့ကြောင့် ကျွန်ုပ်တို့ ခရစ်ယာန်ဘာသာမှာလဲ ကြည့်ရမယ်ဆို ကျွန်ပ်တို့က နှစ်မျိုးပုံစံ မြင်လို့ရတာပေါ့နော့။ ခရစ်တော်ခေတ်ကနေ ဆင်းသက်လာတဲ့ ကက်သလစ် ခရစ်ယာန် ကက်သလစ်ဆိုတာ ဘာလဲဆိုတော့ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်တဲ့ ခရစ်ယာန် စသည်ဖြင့်ပေါ့။ ခရစ်ယာန်ဆိုတဲ့ စကားလုံးကတော့ သခင်ခရစ်တော်ကိုယ်တိုင် ပေးတာတော့မဟုတ်ဘူး ဒါကဘယ်သူပေးတာလဲဆိုတော့ လူတွေက ဒီခရစ်တော်နောက် လိုက်တဲ့ သူတွေကို ခရစ်ယာန်တွေလို့ ခေါ်တယ်ပေါ့နော်။ နံပတ်တစ်က သာသနာက အရင်ရှိတယ် အဲ့ဒီသာသနာမှ ခရစ်တော်ကို ယုံကြည်သော သူတွေကို ခရစ်ယာန်တွေလို့ ခေါ်တယ်။ အဲ့ကြောင့် ကျွနု်ပ်တို့ ကက်သလစ်ခရစ်ယာန် တွေရော ညီအစ်ကို ခရစ်ယာန်တွေရော အားလုံးပေါးပြီးတော့ မှ ခရစ်ယာန်ဘာသာလို့ ခေါ်ရခြင်းဖြစ်ပါတယ်။ 

 

Fr. Martin Mana Ling (USA)

Add new comment

6 + 8 =