မတူကွဲ ပြားခြင်းများကို ကြိုဆိုရင်း ဘုံတူညီတဲ့ လူသားဖြစ်ခြင်းကို ဘယ်လိုရှာဖွေနိုင်ကြမလဲ အပိုင်း(၃)

ဓမ္မမတ်ဆွေ ညီအစ်ကိုမောင်နှမများခများ အသီးတစ်ရာ အညာတစ်ခုအစီအစဉ်မှာ လက်တွေ့ ဘာသာပေါင်းစုံ ကွန်ရက်ခေါင်းစဉ်နှင့် မတူကွဲပြားခြင်းများကို ဝမ်းမြောက်စွာ ကြိုဆိုရင်း ကျွန်ုပ်တို့ရဲ့ ဘုံတူညီတဲ့လူသားဖြစ်ခြင်းကို ဘယ်လိုရှာ ဖွေနိုင်ကြမလဲ ခေါင်းစဉ်ဖြင့် ကျွန်ုပ်တို့တွေလေ့လာနေခဲ့ကြတာ ဖြစ်ပါတယ်။ ဘာသာတရားလမ်းစဉ်တွေ အားလုံးက အရမ်းကိုကွဲပြားနေတဲ့ အပိုင်းတွေရှိတယ်ဆိုတာ ကျွန်ုပ်တို့ လွန်ခဲ့တဲ့ အပတ်က တင်ပြခဲ့ပါတယ် ပထမအပိုင်းက လေးနက်တဲ့ ဝိညာဉ်ရေးမေးခွန်းတွေကို ဖြေပေးတယ်။ ငါလူ့ဘဝမှာ ဘာတွေလုပ်ဖို့ ခေါ်ခြင်းခံရသလဲ လူတစ်ယောက်အနေနဲ့ ဘာဖြစ်လာဖို့ ငါခေါ်ခြင်းခံရသလဲ ဒီနေရာမှာ သမိုင်းတစ်လျှောက် အရပ်ဒေသတိုင်းမှာ ယဉ်ကျေးမှုတိုင်းမှာ ကျွန်ုပ်တို့အားလုံးရဲ့ ဘာသာတရားလမ်းစဉ် အကုန်လုံးတို့ ဒီမေးခွန်းတွေအတွက် တူညီတဲ့ အဖြေက ကျွန်ုပ်တို့တွေ တစ်ဉီးပေါ်တစ် မေတ္တာထားကြဖို့ သနားဂရုဏာစိတ်ထားကြဖို့ နှင့် အသိုင်းအဝိုင်းကောင်းကျိုးအတွက် ရှင်သန်ကြဖို့ ခေါ်ခြင်းခံကြရတယ်။
ဘဝဆိုတာ ငါ ငါ့လူမျိုးတွက်ဆိုတာမျိုးမဟုတ်ဘူး ဘဝဆိုတာ ကျွန်ုပ်တို့ဆိုတာဖြစ်တယ်။ ဘာသာတရားများ ကွန်ရက်ရှုထောင့်ကနေဆိုရင် ဒီအရာက အရေးကြီးတဲ့ပထမအပိုင်းဖြစ်တယ်။ ဘာသာတရားလမ်းစဉ်များရဲ့ ဒုတိယ အပိုင်းက ဘာသာတရားဖြင့် အလင်းရတဲ့လူတွေ ဘယ်လိုဖြစ်လာနိုင်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ အကူအညီလိုအပ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး ကျွန်ုပ်တို့တွေ လမ်းညွှန်ချက်လိုအပ်ပါတယ်။ ဒါလည်းသံသယဖြစ်စရာမလိုဘူးဖြစ်တယ် ဒါကြောင့် ကျွန်ုပ်တို့က လမ်းညွှန်စာအုပ်တွေ လိုအပ်တာဖြစ်တယ်။ အဲဒီလမ်းညွှန်စာအုပ်တွေမှာ ဖော်ပြထားတဲ့ ဘာသာတရားလမ်းစဉ်တွေက တစ်ခုနဲ့တစ်ခု တော်တော်ကြီးကို မတူကွဲပြား နေကြတာဖြစ်ပါတယ်။
ဘာသာတရားတစ်ခုကနေစွဲကိုင်ထားပြီးတော့ သွန်သင်တဲ့ ယုံကြည်ရာအချက်တွေဖြစ်တဲ့ သွန်သင်ချက်တွေရဲ့ ကဏ္ဌဝင်ရောက်လာတာဖြစ်ပါတယ်။ ဘာသာတရားယုံကြည်ရာ သွန်သက်ချက်တွေက လမ်းညွှန်တွေဖြစ်တယ် လမ်းညွှန်ဖြင့်ယုံကြည်ရာ သွန်သင်ချက်တွေက အံ့ဩစရာ ဝိညာဉ်ကိုထိမိစေတဲ့အရာ ဝိညာဉ်ကို ပြည့်ဝစေတဲ့အရာ ဖြစ်ပေမဲ့ အဆုံးမှာ သူတို့ဟာ လမ်းညွှန်ချက် သတ်သတ်သာဖြစ်ပါတယ်။ ယုံကြည်ရာသွန်သင်ချက်တွေက ဥပဒေဖြစ် လာတဲ့အခါမှာသူတို့ကို ပြင်လို့မရနိုင်ဖြစ်သွားပြီးတော့ အဖျက်ဘက်ကို ရောက်သွားပါတယ်။ ဒီအခြေအနေက ကျွန်ုပ်တို့ ရဲ့ ဘာသာတရားလမ်းစဉ်တွေမှာ အများဆုံးဖြစ်တဲ့အရာတွေ ဖြစ်ပါတယ်။ လူသားများနှင့် ဖန်ဆင်းခံ သတ္တဝါအားလုံး ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေတို့နှင့် မေတ္တာတရား၊ သနားကြင်နာခြင်း တစ်လုံးတစ်ဝတည်းဖြင့် အသက်ရှင်ကြဖို့ က ယုံကြည်ရာသွန်သင်ချက်တွေ ရှိလာရခြင်းရဲ့ အကြောင်းတရားဖြစ်တယ်။
ကျွန်ုပ်တို့တွေက ဒီယုံကြည်ရာသွန်သင်ချက်တွေကို သူတို့ဖြစ်လာရခြင်း အကြောင်းတရားတွေ ထက်ပို ပြီး အ ရေး ကြီးသလိုပြုလုပ်တတ်ကြပါတယ်။ ဒီလိုမျိုးဘယ်လိုဖြစ်လာသလဲ ဘာသာတရားတွေ အားလုံးရဲ့ ကျမ်းစာတွေက ကျွန်ုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုပြုမှူသင့်ကြတယ်ဆိုတဲ့အပေါ်မှာ အားလုံးက အတူတူပဲ သွန်သင် ထားကြတယ်ဆိုရင် ဘာသာတရားတွေရဲ့ ယုံကြည်ရာ သွန်သင်ချက်တွေ ယုံကြည်ရာအချက်တွေက ဘာကြောင့် တစ်ခုနဲ့ တစ်ခုအရမ်းကြီးကို ကွဲလွဲနေကြရတာလဲ။ လူသားတွေဘုရားနှင့် ထိတွေ့ဆုံခြင်းမှာ လွမ်းမိုးနေတဲ့ နားလည်ဖို့ ရှုပ်ထွေးတဲ့ ကွဲပြားခြင်းတွေကို ကျွန်ုပ်တို့ သိရှိသင့်ပါတယ်။ တစ်ဖက်မှာက ကမ္ဘာ့ဘယ်အရပ်ဒေသက လူမဆို အတွက် ဘယ်ခေတ်ကာလက လူမဆိုအတွက် အားလုံးတို့ရဲ့ ဘုံပန်းတိုင်ဖြစ်တဲ့ မေတ္တာထားဖို့၊ သနားဂရုဏာထားဖို့ အသိုင်း အဝိုင်းရဲ့ ကောင်းကျိုးတွက် ရှင်သန်ဖို့ဆိုပြီးတော့ ဖိတ်ခေါ်ထားခြင်းရှိတယ်။ အခြားတစ်ဖက်မှာက ကမ္ဘာ့ဘယ်အရပ် ဒေသမှာမဆို ဘယ်ခေတ်ကာလမှာမဆို ဘုရားက ဘယ်လိုဆိုတဲ့ သဘာဝအပေါ်မှာ ဘာသာတစ်ခုနှင့် တစ်ခုတူတယ်ဆို တာမရှိဘူးဖြစ်ပါတယ်။ ဘုရားတည်ရှိသလားဆိုတဲ့ အပေါ်တောင်မှ တူညီတဲ့သဘောထားမရှိကြဘူးဖြစ်ပါတယ်။ ဘုရားနှင့် ဆက်သွယ်ခြင်းမှာ ဘယ်လိုနည်းလမ်းက မှန်ကန်တယ်ဆိုရာမှာလည်း တူညီမှုမရှိကြဘူးဖြစ်တယ်။ ဒီအချက် စဉ်းစားသင့်တဲ့အချက်ဖြစ်ပါတယ်။
လူတွေတစ်‌ယောက်ပေါ်တစ်ယောက် ဘယ်လိုပြုမှူသင့်ကြသလဲဆိုတဲ့အပေါ်မှာ ဘာသာတရားတွေ တစ်ခုနှင့်တစ်ခု စည်းလုံးမှု ရှိကြပေမဲ့ ဘယ်လိုဆုတောင်းရမယ်ဆိုတဲ့ အပေါ်မှာတော့ စည်းလုံးမှုမရှိကြဘူးဖြစ်နေတယ်။ ဘာသာတရားပေါင်းစုံကွန်ရက်ရဲ့ နည်းလမ်းမှာ ဘာသာတရားတွေရဲ့ မတူကွာခြားတာတွေက အမှန်တကယ် အရေး ကြီးတဲ့ အရတွေကို ကျွန်ုပ်တို့ကို နားလည်လာစေဖို့ အထောက်အကူဖြစ်သင့်တာဖြစ်ပါတယ်။ အကယ်၍ ဘုရားသို့မဟုတ် အတွင်းသိစိတ် သို့မဟုတ် တွေ့ကြုံရတဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ဘယ်အရာကမဆို ကျွန်ုပ်တို့တွေ တစ်ယောက်ပေါ်တစ်ယောက် ဘယ်လိုပြုမှူသင့်တယ်ဆိုတာကို လူသားထုကြီးကို အရှင်းလင်းဆုံးသိအောင် ဖော်ပြခဲ့ ကြပြီဖြစ်သော်လည်း ဘာသာတရားတွေ စုပေါင်းပြီးတော့ ပြည့်စုံတဲ့ ဆုတောင်းခြင်းကို ဘယ်လိုပုံစံ နဲ့လုပ်ရမလဲဆို တာကို မဖော်ပြထားဘူးဆိုရင် ဒီအချက်ကနေ ကျွန်ုပ်တို့ကို တော်တော်ကောင်းတဲ့ သဲလွန်စကို ဖော်ပြနေခြင်းဖြစ်တယ်။
အဲဒါကဘာလဲဆိုရင် သန့်ရှင်းမြင့်မြတ်တဲ့ အရာရဲ့ အဓိကဗဟိုမှာ ဘယ်အရာရှိတယ်၊ ဘယ်အရာမရှိဘူးဆိုတာကို နားလည်သိရှိစေခြင်းဖြစ်ပါတယ်။ သို့သော်ဒီလိုနားလည်ထားရင်တောင်မှ ဘုရားထံတော်သို့ သွားတဲ့ ကျွန်ုပ်တို့ရဲ့ ဘာသာတရားလမ်းစဉ်တွေက တစ်ခုနှင့် တစ်ခု ဘာကြောင့် အရမ်းကိုကွဲပြားနေရတာလဲဆိုတဲ့ မေးခွန်းက ရှိနေဆဲဖြစ် ပါတယ်။ ဓမ္မမိတ်ဆွေ အရောက်ဆီတိုင်းကိုယ်စိတ်နှလုံး ကျန်းမာအေးချမ်းကြပါစေ။

Rev. Fr. Richard Hla Min Oo

Add new comment

7 + 1 =