ဘုရင်ဂျီရွာကြီးများ

ဘုရင်ဂျီရွာကြီးများ

နိဒါန်း။ ။ ။

ဘုရင်ဂျီဟူသော ေဝါဟာရမှာ မြန်မာနိုင်ငံရှိ ကက်သလစ် ခရစ်ယာန်များကို ခေါ်ေဝါ်သော အသုံးအနှုံး ေဝါဟာရတစ်ခု ဖြစ်ပါသည်။ လူမျိုး တစ်မျိုး၏ အမည် မဟုတ်ပါ။ မွတ်စလင်နှင့် ခရစ်ယာန်တို့ ဖြစ်ပွားသော ခရုးဆိတ် စစ်ပွဲအချိန်က မွတ်စလင် ဘာသာ၀င်များက ခရစ်ယာန် ဘာသာ၀င်များကို ဖရင်ကီဟု ခေါ်ေဝါ် ခဲ့ကြသည်။ ယင်းဖရင်ကီမှ ဘုရင်ဂျိီ အမည်သို့ပြောင်းလာသည်ဟု ယူဆရသည်။ အနောက်အာရှသားများကလည်း ခရစ်ယာန်များကို ဘုရင်ဂျီဟု ခေါ်ခဲ့ကြရာမ ဤေဝါဟာရအာရှ အလယ်ပိုင်းနှင့် အိနိ္ဒယသို့ ပျံ့နှံ့လာခဲ့သည်။ အာဖကန်နစ္စတန်တွင်လည်း တိုင်းရင်းသားများက အင်္ဂလိပ်များကို ဘုရင်ဂျီဟု ခေါ်ခဲ့ကြကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည့် ပေါ်တူဂီများကိုလည်း ဘုရင်ဂျီဟု ခေါ်ခဲ့ကြသည်။ ပေါ်တူဂီနွယ် ကက်သလစ် ခရစ်ယာန်များကိုလည်း ယနေ့တိုင် ဘုရင်ဂျီဟု ခေါ်လျက်ရှိကြသည်။ ယင်း ဘုရင်ဂျီများ နေထိုင်ရာ ရွာများကိုလည်း ဘုရင်ဂျိီရွာများဟု ခေါ်ကြသည်။ မြို့ကြီးများပေါ်တွင်လည်း ကက်သလစ် ခရစ်ယာန်များ နေထိုင်ရာ ရပ္ကြက္ကို ဘုရင်ဂျိီရပ်ကွက် ဟုူ၍ ယနေ့တိုင် ခေါ်ေဝါ်သုံးစွဲလျက်ရှိသည်။

ဘုရင်ဂျီရွာကြီးများ ပေါ်ပေါက်လာပုံမှာ အင်း၀ဘုရင် အနောက်ဘက်လွန်မင်းသည် သံလျင်တွင် ဘုရင်တဆူ သဖွယ် မင်းမူနေသော ပေါ်တူဂီ ခေါင်းဆောင် ဖီးလစ် ဒီဗရစ်တိုကို (၁၆၁၃)ခု တွင်သွားရောက် တိုက်ခိုက်ရာ အောင်မြင်သဖြင့် ပေါ်တူဂီ ခေါင်းဆောင် ဖီးလစ် ဒီဗရစ်တိုကို ကွက်မျက်ပြီး ကျန် ပေါ်တူဂီနွယ်၀င် အားလုံးကို စစ်သုံ့ပန်းများအဖြစ် အင်း၀သို့ ခေါ်ဆောင်ခဲ့သည်။ ပေါ်တူဂီနွယ်၀င် အားလုံးကို အင်း၀တွင် စစ်အကျဉ်းသား အဖြစ် နှစ်ပေါင်းများစွာ ထားခဲ့သည်။ သာလွန်မင်းတရား လက်ထက်ရောက်သောအခါ နိုင်ငံခြားသားများ များပြားလာသည်ကို စိုးရိမ်တော်မူသဖြင့် စစ်မှုထမ်းရာ၌ အသုံး၀င်သော လူအချို့နှင့် အကြီးအကဲများကို နန်းတော်၌ ဆက်လက် အမှုထမ်း စေသည်။ ကျန် ပေါ်တူဂီနွယ် အားလုံးကို ရှေးဦးစွာ စစ်ကိုင်းနယ် ပရိမ္မသို့ ပို့ပြီး နောက် ချင်းတွင်းမြစ်နှင့် မူးမြစ်ကြား ရှိရွာများသို့ ပို့ကာ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ် ခွင့်ပြုထားသည်။ ထိုအချိန်မှ စပြီး ဘုရင်ဂျီရွာကြီးများပေါ် ပေါက်လာသည်။ ဘုရင်ဂျီ ဘာသာ၀င်များသည် ဘုရင် လိုအပ်သော အချိန်တွင် စစ်မှုထမ်း ပေးရသည်။ ယနေ့တိုင် အထင်အရှား တွေ့ရှိနိုင်သော ဘုရင်ဂျိီ ရွာကြီးများမှာ ချမ်းသာရွာ၊ချောင်းရိုး၊ မုံလှ၊ ချောင်းဦးနှင့် နဘက်ရွာကြီးများ ဖြစ်သည်။ ချောင်းရိုး ရွာမှအပ ဤရွာကြီးများသည် ဘုရင်ဂျီများ မရောက်ခင် နှစ်ပေါင်းများစွာက တည်ရှိခဲ့သည်ဟု သိရသည်။

ချမ်းသာရွာသည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အတွင်း တည်ရှိ၍ ရေဦးမြို့မှ အနောက်ဘက် (၆)မိုင်ခန့် အကွာတွင် တည်ရှိသည်။ ချမ်းသာရွာကို မည်သည့် အချိန်က စတင် တည်ရှိခဲ့ကြောင်း မသိရ သော်လည်း ပုဂံဘုရင် ကျန်စစ်သားမင်းကြီး နယ်လှည့်လာစဉ် ဤရွာ၏ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် စိီးတော်မူသော မြင်းတော်မှာ ပေါင်ခွင်သွား၍ ထိုနေရာရှိ ရွာကို တောင်ခွင်ရွာဟု ခေါ်ေဝါ် ခဲ့ကြကြောင်း ဤ ရွာရောက်မှ မြင်းတော်မှာ ချမ်းသာရ သွားသဖြင့် ချမ်းသာရွာဟု အမည် တွင်ခဲ့ကြောင်း ရှေးအစဉ်အလာ အဆိုရှိခဲ့သည်။

မုံလှရွာသည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် တည်ရှိပြီး ခင်ဦးမြို့၏ အနောက်ဘက်(၁၄)မိုင် ခန့်အကွာတွင် တည်ရှိသည်။မုံလှရွာကို အင်း၀ဘုရင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ(၈၆၃-၈၈၈) လက်ထက်တွင် စတင်တည်သည် ဟုဆိုသည်။

ချောင်းရိုးရွာသည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တည်ရှိသည်။ ရေဦး တန့်ဆည်ကားလမ်း ပေါ်တွင် ရွိ၍ ရေဦးမှ (၈)မိုင်ခန့် ေ၀းပါသည်။ ချောင်းရိုးရွာကို ခရစ်သက္ကရာဇ် (၁၇၃၇) ခုနှစ်လောက်က တည်ခဲ့သည်။ ကောဇာသက္ကရာဇ် (၁၀၉၉)တွင် ရတနာကုန်းရိုးရှိ ဘုရင်ဂျီ ဘာသာ၀င်များ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ အခြေချ နေထိုင်ရာမှ ချောင်းရိုး ဘုရင်ဂျီရွာ တည်ရှိခဲ့သည်။

ချောင်းဦးမြို့သည် မုံရွာမြို့၏အရှေ့တောင်ဘက်(၁၄)မိုင်အကွာ မုံရွာ မန္တလေးကားလမ်းပေါ် တွင် တည်ရှိသည်။ ချောင်းဦး(၁၀)ရွာစစ်တမ်းသမိုင်းသည်(၅)ကြိမ်တိုင်တိုင် ပြုစုထားကြောင်းတွေ့ရ သည်။ ပထမစစ်တမ်းအရ ပုဂံပြည်စောရဟန်းမင်းပြုစဉ်မြို့ပေါင်း(၈)မြို့ ရွာ(၁၀)ရွာပြုစုခဲ့သည့်အထဲ တွင် မြန်မာသက္ကရာဇ်(၂၈၇)ခုနှစ်တွင် သံထောက်(၁၀)ရွာကို ပြုစုခဲ့သည်။ ယခုအခါ သံထောက်အမည်ပျောက်၍ ချောင်းဦးဟုအမည်တွင်သည်။

နဘက်ရွာသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ရွိ၍ မြောင်မြို့၏ တောင်ဘက် (၇) မိုင်ကွာတွင် တည်ရှိသည်။ နဘက်ရွာကို မြန်မာသက္ကရာဇ်(၄၆၀) ခရစ်သက္ကရာဇ် (၁၀၉၈) တွင် တည်ထောင် ခဲ့သည်ဟု (၁၃၁၄)ခု တန်ဆောင်မုန်းလၦုတ် (၆)ရက်နေ့ ထုတ် အရေးပေါ် သတင်းစာအရ သိရသည်။

ဘုရင်ဂျိီ ဘာသာ၀င်များသည် ရဟန်း ဘုန်းတော်ကြီးရှိမှ အသက်ရှင်ကြသလို ဘုရင်ဂျိီရွာကြီးများသည်လည်း ရဟန်း ဘုန်းတော်ကြီးရှိမှ အသက်၀င် ပါသည်။ ဆိုလိုသည်မှာ ဘုရင်ဂျီ ဘာသာ၀င်တို့၏ ဘာသာရေး ကိစ္စအ၀၀ အတွက် ရဟန်းဘုန်းတော်ကြီး ရှိဘို့ လိုအပ်ပါသည်။ ရဟန်း ဘုန်းတော်ကြီးရှိမှ ပြည့်စုံပါသည်။ ထို့အတူ ဘုရင်ဂျီ ရွာကြီးများ၏ လူမှုရေး၊ စီးပွားရေး၊ ကျမ်းမာရေး ၊ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ရဟန်း ဘုန်းတော်ကြီးက ဦးဆောင်လေ့ ရှိပါသည်။ ဘုရင်ဂျီ ရွာကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အုပ်ချုပ်သော ဘုန်းတော်ကြီး၏ လုပ်ဆောင်မှု အပေါ် မူတည်ပါသည်။ ဘုရင်ဂျီရွာကြီးများ အကြောင်း တင်ပြရာတွင် ဤ ရွာကြီးများကို ထိန်းသိိမ်း အုပ်ချုပ်ခဲ့သော ရဟန်း ဘုန်းတော်ကြီးများ အကြောင်းကို တင်ပြခြင်းဖြင့် ဘုရင်ဂျိီရွာကြီးများ အကြောင်းကို နားလည် သေဘာ ပေါက်လိမ့်မည်ဟု ယူဆပါသည်။ သို့ဖြစ်၍ ဘုရင်ဂျီရွာကြီးများ ပေါ်ပေါက်လာသည့် အချိန်မှ စ၍ ယနေ့ မျက်မှောက် ကာလအထိ အစဉ် အဆက် အုပ်ချုပ်ခဲ့သော ရဟန်း ဘုန်းတော်ကြီးများ အကြောင်းကို တင်ပြအပ်ပါသည်။

ဘုရင်ဂျီရွာကြီးများကို တရွာစီ အကြောင်းကိုသိလိုပါက ထိုရွာကြီးများကို အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများအကြောင်း အစဉ်လိုက် ဖတ်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။ ထိုသို့ သိလိုသူများအတွက် ဘုရင်ဂျီရွာကြီးများကို အုပ်ချုပ်ခဲ့ကြသော ဘုန်းတော်ကြီးများ အစဉ်အဆက်စာရင်းကို အောက်တွင် ဖေါ်ပြထားပါသည်။

ဆရာအောင်ညွှန့်

မန္တလေး

Crd!

Add new comment

1 + 1 =