ဘာသာတရားများ ချစ်ကြည်ရင်းနှီးမှုဖြစ်သော ကျေးဇူးတော်ရှင် မွေးသဖခင်၏ မွေးနေ့ပွဲတော် ကျင်းပခဲ့ခြင်း။

ဘာသာတရားများ ချစ်ကြည်ရင်းနှီးမှုဖြစ်သော ကျေးဇူးတော်ရှင် မွေးသဖခင်၏ မွေးနေ့ပွဲတော် ကျင်းပခဲ့ခြင်း။

ဘာသာတရားများ ချစ်ကြည်ရင်းနှီးမှုဖြစ်သော ကျေးဇူးတော်ရှင် မွေးသဖခင်၏ မွေးနေ့ပွဲတော် ကျင်းပခဲ့ခြင်း။

*******************************************************

မြန်မာနိုင်ငံတော်တွင် ၂၀၁၆ ခုနှစ် စစ်တမ်းများအရ ဗုဒ္ဓဘာသာဝင် ၉၀% ၊ ခရစ်ယာန် ဘာသာဝင် ၆.၃ % ၊ နှင့် အစ္စလာမ်ဘာသာဝင် ၂.၁% ၊ ဟိန္ဒူဘာသာဝင် ၀.၅ % အသီးသီးကိုးကွယ်နေထိုင်လျှက်ရှိကြပါသည်။ ဘာသာတရားများအကြား ရင်းနှီးချစ်ကြည်စွာ ကျွမ်းဝင်မှုရှိသည်မှာလဲ အစဉ်အလာ တစ်ခုဖြစ်ခဲ့ပါသည်။ဘာသာတရား တစ်ခု၏ ပွဲတော်နေ့များ ၊ အထင်ကရနေ့များကိုလဲ တစ်ဘာသာနှင့်တစ်ဘာသာ ကွဲပြားမှုမရှိဘဲ သွားရောက်လည်ပတ်ကြသည်မှာ ဓလေ့ တစ်ခုလို ဖြစ်နေခဲ့ပြီ ဖြစ်ပါသည်။ လူအများနေထိုင်ရာ မြေပြန့်ဒေသများတွင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သက်ဝင်မှု များပြားသလို ၊ တိုင်းရင်းသားလူမျိုးများနေထိုင်ရာ တောင်ပေါ်ဒေသများတွင်တော့ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူ များပြားပါသည်။ နိုင်ငံတော်၏ အခြေခံ ဥပဒေများကလည်း အထက်ဖော်ပြပါ ဘာသာကြီးလေးခုကို တရားဝင်ဘာသာ တရားများအဖြစ် အသိအမှတ်ပြုလာခဲ့ပါသည်။ ယခုကျင်းပခဲ့ကြသော ကျေးဇူးတော်ရှင် မွေးသဖခင်၏ မွေးနေ့ပွဲတော်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိသော ဘာသာတရားများအကြားရင်းနှီးကျွမ်းဝင်မှု၏ ပြရုပ်တစ်ခု လည်းဖြစ်ခဲ့ပါသည်။ အဆိုပါမွေးနေ့ရှင်မှာ ဦးနန္ဒမာလ သက်တော် (၈၀) ဝါတော် (၃၅) ဝါ ရှိတော်မူပြီဖြစ်သော ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးဖြစ်ပြီး (၁၉၈၆) ခုနှစ် မှစတင်ကာ ရဟန်းဘဝကို ခံယူ တော်မူပြီး ၊ လက်ရှိတွင် တောင်တွင်းကြီးမြို့ ၊ တောစိမ်းကျေးရွာ၊ ရွှေမာန်လင်း ကျောင်းတိုက်တွင် သီတင်းသုံးတော်မူလျှက်ရှိပြီး၊ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး ဩဂုတ်စတင်းဦးဉာဏ်ထွန်း၏ ခမည်းတော်ြဖစ်ပါသည်။ သားတော်ရဟန်းတော်မှာ ဝါတော် (၂၅) ဝါရှိ ၊ ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ရဟန်းတော် တစ်ပါး ဖြစ်ပါသည်။ ဘုန်းတော်ကြီး၏ ခမည်းတော်မှာ တောင်တွင်းကြီးမြို့၊ တောစိမ်းကျေးရွာ ဇာတိဖြစ်ပြီး ၊ မယ်တော်ကြီးမှာ တောင်တွင်းကြီးမြို့နယ် သရက်ခုံကျေးရွာ ဇာတိဖြစ်ကြပါသည်။ ခမည်းတော်၏ မွေးနေ့ပွဲတော်ကို ခမည်းတော်ကြီး သီတင်းသုံးရာ ရွှေမာန်လင်း ကျောင်းတိုက်တွင် ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။နှစ်စဉ် ဇွန်လ (၅) ရက်နေ့ရောက်တိုင်း ကျင်းပခဲ့သည်မှာ ၂၀၁၄ ခုနှစ်ကတည်းကဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဤကဲ့သို့ ဘုရားစင်နှစ်ခု၊ ဘာသာအယူဝါဒ နှစ်ခု သက်ဝင် ယုံကြည်ကြ သောဘာသာကွဲလက်ထပ်ထားသောကက်သလစ်အိမ်ထောင်စုများများစွာရှိနေခဲ့ပါ သည်။ မိသားစု တစ်စု အတွင်း၌ မိမိတို့ ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ကြပြီး အတူတကွ နေထိုင်ကြပါသည်။ ဘာသာတရားအချင်းချင်း နှီးနှောဖလှယ်ခြင်း၏ အဓိကခံယူချက်တစ်ခုဖြစ်သော မိမိတို့ ဘာသာနည်းတူ အခြားသော ဘာသာအယူဝါဒများကိုလဲ လေးစားလိုက်နာခြင်း၏ ပြရုပ် တစ်ခုလဲဖြစ်ပါသည်။ ဤသို့သော မေတ္တာတရားများကသာလျှင် ငြိမ်းချမ်းရေးနှင့် အတူ ပဋိပက္ခများကို ကျော်လွှားနိုင်ပြီး အတူတကွ ယဉ်တွဲနေထိုင်ခြင်းကို ရရှိနိုင်မှာ ဖြစ်ပါ သည်။

Add new comment

2 + 1 =