ဘာသာတရားများ၏ ဆွေးနွေးခြင်း စကားပြောဆိုခြင်းအပိုင်း(၃)

ဒီနေ့ဖာတာရ် ပြောသွားမဲ့အကြောင်းအရကတော့ ဘာသာတရားပေါင်းစုံခြင်း စကားပြောခြင်း နှီးနှောဖလှယ်ခြင်း ဆွေးနွေးတိုင်ပြင်ခြင်းနဲ့ ပတ်သက်ပြီးတော့ ပြောတာဖြစ်တယ်။ နံပါတ်တစ်အချက်မှာ ဘာသာတရား တိုင်းရဲ့ တူညီတဲ့အချက်တွေကို အတူတကွရှာမယ် ဆိုပြီးတော့ ဖာတာရ်ပြောခဲ့တယ်။ ဒုတိယအပိုင်းမှာတော့ မတူညီတဲ့ အပိုင်းတွေကိုလည်း တန်ဖိုးထားပေးပြီးတော့ ကိုယ်စီမှာရှိနေကြတဲ့ တစ်ခုရဲ့သွန်သင်ချက်က တစ်ခြားဘာသာကို လာပြီးမထိခိုက်ဘူး ဥယာဉ်ထဲမှာပွင့်နေတဲ့ အရောင်စုံတဲ့ပန်းလေးတွေ ကိုစီရဲ့အလှတွေလိုဖြစ်တယ် ဆိုပြီးတော့ပြောခဲ့တယ်။ ဒီအပိုင်း(၃) မှာဖာတာရ်ပြောချက်တာဘာလဲ ဆိုတော့ အခုန ကျွန်ုပ်တို့ ပြောခဲ့တဲ့ အတိုင်း မတူညီတဲ့အချက်တွေကို ကျွန်ုပ်တို့က အဲ့လိုကိုယ်စီအလှတွေနဲ့ ရှိနေတယ်ဆိုတဲ့ ဟာကို နားလည်ပေးဖို့ဆို နံပါတ်တစ် ကျွန်ုပ်တို့ တစ်ယောက်ချင်းစီအတွက် ဒီဘာသာရဲ့ သွန်သင်ချက်တွေကို လေ့လာရမယ်။ အင်မတန်မှအရေးကြီးတယ် ဥပမာ- လူတစ်ယောက်ကလာပြီး ဗုဒ္ဓတွေက ဒီလိုရှိတယ် ဟိုလိုရှိတယ် အဲ့လိုကြားရုံနဲ့ တစ်ခါတည်းခေါင်းထဲမှာစွဲပြီးတော့ ဗုဒ္ဓတွေက အဲ့လိုရှိတယ်၊ ခရစ်ယာန်တွေက အဲ့လိုရှိတယ်၊ မွတ်စလင်မ်တွေက ဒီလိုရှိတယ်ပေါ့ ဒီလိုလေးဘေးကနေ လာပြောရုံလေးကို ကြားရုံနဲ့ အော သူတို့ကအဲ့လိုလား ဆိုပြီးလန့်ဖြန့်ပြီးမှ အဲလိုပုံစံရှိတယ်ဆိုပြီးတော့ ကျွန်ုပ်တို့က တစ်ခါတည်း ကောက်ချက်ချလို့မရပါဘူး။

ဒါကြောင်းကျွန်ုပ်တို့က အရင်ဆုံးလေ့လာရမှာဖြစ်တယ်။ ကိုယ်ကမသိရင် ကိုယ့်ရဲ့ ဘာသာတိုင်းမှာ ခေါင်းဆောင်တွေရှိတယ်။ ကက်သလစ်အသင်းတော် ခရစ်ယာန် မှာဆိုလည်း ဘုန်းတော်ကြီးတွေရှိတယ်၊ ဆရာတော် တွေရှိတယ်၊ ပုပ်ရဟန်းမင်းကြီးရှိတယ်၊ ကာဒီနယ်တွေရှိတယ် တစ်ခြားညီအစ်ကို ခရစ်ယာန်တွေမှာဆိုလဲ ပါစတာတွေ ရှိတယ်။ ဗုဒ္ဓဘာသာမှာဆိုလဲ ဘုန်းတော်ကြီးတွေရှိတယ်။ ဂျူးဘာသာမှာဆိုလဲ သူတို့ရဲ့ ဆရာသမားတွေရှိတယ်။ မွတ်စလင်မ်ဘာသာမှာလည်းရှိတယ်၊ ဟိန္ဒူဘာသာမှာလည်း ဘာသာရေးခေါင်းဆောင်တွေရှိတယ်။ အဲ့ဒါကြောင့် ကျွန်ုပ်တို့က ငယ်သားတွေအနေပြီးတော့ ကိုယ်ရဲ့ဘာသာရေးခေါင်းဆောင် တွေဆီကနေ သင်ယူရမယ် လေံလာရမယ် ဖြစ်ပါတယ် မေးမြန်းရမှာဖြစ်ပါတယ်။ အရမ်းအရေးကြီးတယ် နံပါတ်သုံး အနေနဲ့ ကျွန်ုပ်တို့က မတူညီတဲ့အချက်တွေကို နားလာပေးတတ်လာဖို့ဆိုတာ ကျွန်ုပ်တို့က အပေါ်ယံအမြင်နဲ့မရဘူး။ ကိုယ်ကိုတိုင်က လေ့လာရမယ် ဗုဒ္ဓဘာသာရဲ့ သွန်သင်မှုက ခရစ်ယာန်တွေ တွက် တစ်မျိုးကြီး ဗုဒ္ဓတွေ ဘာကြောင့် အဲ့လိုမျိုးသွန်သင်တာလဲ စသည်ဖြင့် တွေးစရာတွေဖြစ်လာပါတယ်။ အဲ့လိုတွေးပြီဆိုရင် အဲ့ဗုဒ္ဓဘာသာဘာကြောင့် အဲလိုသွန်သင်တယ်ဆိုတဲ့ဟာကို သွားပြီး မှလေ့လာရမှာ မေးမြန်းရမှာဖြစ်တယ်။

အဲလိုမေးမြန်းတော့မယ်ဆိုရင် ဗုဒ္ဓဘာသာမှ တကယ်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ တကယ်မှန်မှန်ကန်ကန် လေ့လာထားတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုန်းတော်ကြီးတွေဆီကို မေးမြန်းရမှာဖြစ်တယ်။ အဲ့လိုပဲ ခရစ်ယာန်ဘာသာရဲ့ လုပ်ဆောင်ချက်တစ်ခုကို သိချင်တယ်ဆိုရင် ဘာမှမသိတဲ့ ပုဂ္ဂိုလ်ကိုမေးတာထက် တကယ်ကိုခရစ်ယာန်ဘာသာရဲ့ သမ္မာကျမ်းစာကိုလေ့လာပြီးတော့ ခရစ်ယာန်ဘာသာရဲ့ သွန်သင်ချက်အမှန်တွေကို သိတဲ့ပုဂ္ဂိုလ်တွေကို မေးမြန်းရမှာ ဖြစ်တယ်။ ဥပမာ-ခရစ်ယာန်ဘာသာရဲ့ လုပ်ဆောင်ချက်က တစ်မျိုးကြီးဖြစ်နေတယ်လို့ ဗုဒ္ဓဘာသာကမြင်ပြီဆိုရင် အဲ့ဒီတစ်မျိုးကြီးဖြစ်နေတာကို ခရစ်ယာန်တွေက အဲ့လိုဖြစ်တယ်ဟိုလိုဖြစ်တယ်လို့မပြောခင် ခရစ်ယာန်တွေက အဲ့ဒါကို ဘာကြောင့်လုပ်တာလဲ ဘာအခြေအနေ၊ ဘယ်လိုကြောင့်၊ ဘာရည်ရွယ်ချက်နဲ့ အဲ့လိုသွန်သင်တာလဲ စသည်ဖြင့်ပေါ့ နော အဲ့လိုပဲ မွတ်စလင်မ်ဘာသာရော၊ဟိန္ဒူဘာသာရော တစ်ခုခုလုပ်ပြီးဆိုရင် ကျွန်ုပ်တို့က အောသူတို့ ဘာကြောင့် အဲ့လိုလုပ်တာလဲ။ အဓိပ္ပာယ်တော့ရှိရမယ် ဆိုပြီးတော့လေးလာမယ်ဆိုရင် ကျွန်ုပ်တို့ ဘာသာတစ်ခုနှင့်တစ်ခုရဲ့ကြားမှာ ရိုသေမှုအများကြီးရှိလာမှာ ဒါလေးတွေကို ကျွန်ုပ်တို့ နားလည်ဖို့လိုတယ်။ 

ဒါကြောင့် ခုနဖာတာရ်ပြောခဲ့သလိုပဲ လူတစ်ယောက်ရဲ့ဘာသာတရားရဲ့ ထူးခြားတဲ့အရာတွေ့ပြီးဆိုရင် ဒါကိုကျွန်ုပ်တို့က ဟာ သူတို့ကဒီလိုဆိုပြီး ကိုယ်ကဒါကိုမကြုံဖူးတိုင်း မလက်ခံဖို့ဆိုတာထက် ဘာကြောင့် အဲ့လိုသွန်သင်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ အကြောင်းတရားနှင့် အခြေခံဇစ်မြစ်လေးတွေကို သက်ဆိုင်တဲ့ ဘာသာတရားခေါင်းဆောင်တွေမှာ မေးမြန်းဖို့ဖြစ်တယ်။ အဲ့လိုမမေးမြန်းပဲ လူတစ်ယောက်လာပြောတာကြားရုံနဲ့ ကျွန်ုပ် တို့က ဒီဘာသာကဒီလိုဖြစ်တယ်၊ဟိုဘာသာကဒီလိုဖြစ်တယ် ဆိုပြီးတော့ပြောရင် အကျိုးမရှိဘူး။ အဲ့ကြောင့် တကယ်သိတတ်ကျွမ်းဘာသာတရားခေါင်းဆောင်ကြီးတွေကို ချဉ်ကပ်ရမယ် မေးမြန်းသင်ယူပြီးတော့တစ်ခြားဘာသာ ရဲ့လုပ်ဆောင်ချက် ထူးခြားတဲ့အရာတွေကိုလဲ တန်ဖထားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းထပ်မံပြီးတော့ ပြောကြားလိုပါတယ်။ 

Add new comment

2 + 4 =