ဘာသာတရားများ၏ ဆွေးနွေးခြင်း စကားပြောဆိုခြင်းအပိုင်း(၂)

ပြီးခဲ့တဲ့ အပတ်တုန်းကကျွန်ုပ်တို့ပြောခဲ့ တဲ့မတူညီတဲ့ ဘာသာတရားအများကြီးရှိတဲ့ထဲမှာ ကျွန်တော်တို့ အရင်ဦးဆုံး စကားပြောတော့မယ် ဆွေးနွေးတော့မယ်ဆိုရင် တူညီတဲ့အချက်တွေကို ရှာဖွေရမယ်ဆိုပြီးတော့ အကြံပေးခဲ့ပါတယ် စာရေးဆရာကြီးတွေကလည်း အဲလိုပဲပြောကြတာပါပဲ။ အဲ့တော့တူညီတဲ့အချက်တွေထဲမှာ လူ့အသကမမသတ်ရ၊ သူများသားသမီးမဖျက်စီးရ၊ သူများပစ္စည်းမခိုးရ၊ မိဘတွေကိုရိုသေရမယ်၊ မလိမ်ရ စတဲ့တူညီတဲ့အချက်တွေ က ဗုဒ္ဓဘာသာ၊မွတ်စလင်မ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ၊ နတ်ဘာသာကိုးကွယ်တဲ့ လူတွေတောင်မှ အဲ့ဒါရှိတယ်။ ဒါလေးတွေ တူညီတဲ့အချက်တွေကို ကျွနု်ပ်တို့ ရှာဖွေပြီးတော့ စကားစမည်ပြောမယ် ဆိုရင် အလုပ်ရုံတွေမှာတွေရော နေရာတကာမှာ အလုပ်လုပ်ရတာအဆင်ပြေမယ်။ စကားပြောလို့ရမယ် သာယာတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်ကြမယ်။ သာယာတဲ့လူ့ဘောင်လောက နိုင်ငံတစ်နိုင်ငံလည်း တိုးတက်မယ်လို့ ဖာတာရ် ပြောခဲ့တယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် ဒီဘာသာရေးခေါင်းဆောင်တွေညီညွတ်ရင်အလိုလို ဒီဘာသာတရားက လူတွေကိုထိန်းကျောင်းပြီးဖြစ်တယ်။ 

ဆိုတော့ဒီအပိုင်းထဲမှာတော့ ကျွနု်ပ်တို့ တူညီတဲ့အရာတွေရှာပြီးပြီ၊ ဒါဆိုမတူညီတဲ့အရာတွေကို ကျွန်ုပ်တို့ ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့အချက်ကို ဖာတာရ် သိသလောက် မှတ်သလောက်ပြောချင်ပါတယ်။ ဥယာဉ်တစ်ခုကိုပဲ ကြည့်ပါ။ ဥယာဉ်တစ်ခုမှာ ပန်းလေးတွေ အနီရောင်၊ အဝါရောင်၊အဖြူရောင်၊ အမည်းရောင်၊ အညိုရောင် စသည်ဖြင့် ပန်းပေါင်းများစွာရှိတယ်။ အဲတော့လူတွေကလည်း လာပြီးတော့ အနီရောင်ကြိုက်တဲ့လူတွေက အနီရောင်ကြည့်တယ်။ အဝါရောင်ကြိုက်တဲ့လူတွေက အဝါရောင်၊ အစိမ်းရောင်ကြိုက်တဲ့လူတွေက အစိမ်းရောင် ဒီလိုလေး သူတို့ကြိုက်တဲ့ ပန်းလေးတွေကိုလာကြည့်ပြီးတော့ လူတွေကအများကြီးလာကြတယ်။ ဒီနေရာမှာ ဥပမာ ပန်းလေးအနီရောင်ကြီးပဲ စိုက်မယ်ဆိုရင် လူတွေက ဒီလောက်အများကြီး လာကြည့်မှာ မဟုတ်ဘူး။ ဒါကြောင့်ဒီနေရာမှာ အရောင်ပေါင်းစုံနဲ့ လှနေတာက ဥယာဉ်ကြီးကို လှပစေတယ်။ အရောင်ပေါင်းစုံနဲ့ ပန်းလေးတွေပွင့်နေတာက ဥယာဉ်ကြီးကို လှပစေသလို လူတွေကိုလည်းဆွဲဆောင်ပြီးတော့ လာတဲ့လူတိုင်းကလည်း အချင်းချင်းစကားတွေပြော ဓာတ်ပုံတွေရိုက်ပေါ့နော် ဒီလိုလေးတွေနဲ့ သူတို့ဖြတ်သန်းရတယ်။ 

အဲ့ကြောင့်ကျွန်ုပ်တို့ ဒီဘာသာတရားတွေ မတူညီတဲ့နေရာမှာလည်း ဟုတ်တယ်မတူညီတဲ့ အချက်တွေရှိတယ်။ အဲ့တော့မတူညီတဲ့အချက်တွေကို နားလည်ဖို့ဆိုရင် အခုနပန်းလေးတွေလို အနီရောင်က ကျွန်ုပ်အနီရောင်ပဲ ပွင့်ရမယ် အဖြူရောင်တွေမပွင့်ရ အဲလိုမရဘူး။ အစိမ်းရောင်ကလည်း အစိမ်းရောင်ထဲပဲရှိရမယ် အပြာရောင်မရှိရ အဲ့လိုမရဘူး။ ကိုယ်စီကိုယ်စီမှအလှတွေရှိတယ်။ အနီရောင်လည်းလှတယ်၊ အပြာရောင်လည်းလှ၊အဝါရောင်လည်းလှတယ်။ အဲ့လိုလှနေတော့ အားလုံးက စိတ်ချမ်းသာတယ်။ အဲ့တော့ဘာသာတရားမှာလည်း ဥပမာ- ဗုဒ္ဓဘာသာရဲ့ လုပ်ဆောင်ချက်တစ်ခု ဟိန္ဒူဘာသာရဲ့လုပဆောင်ချက်၊ မွတ်စလင်မ်ဘာသာရဲ့လုပ်ဆောင်ချက် သွန်သင်ချက်တစ်ခုက ခရစ်ယာန်ဘာသာ ဂျူးဘာသာတွေအတွက် တစ်မျိုးကြီးဖြစ်ရင်ဖြစ်မှာပေါ့၊ လက်မခံချင်စရာ လိုလည်းဖြစ်ရင်ဖြစ်မှာ ဒါမဲ့ ကျွန်ုပ်တို့နားလည်ရမှာက သူတို့အဲ့လိုသွန်သင်တဲ့အရာက ခရစ်ယာန်ဘာသာအတွက် အနှောက်အယှက်မဖြစ်ဘူး။ သူတို့အလှနဲ့သူတို့ရှိတယ်ဆိုတဲ့ဟာ နားလည်ရမယ်။ 

အဲ့လိုပဲခရစ်ယာန်ဘာသာရဲ့လုပ်ဆောင်ချက်ကို မွတ်စလင်မ်ဘာသာရော ဂျူးဘာသာရော အထူသဖြင့် ဗုဒ္ဓဘာသာရော မြန်မာနိုင်ငံမှာဆိုရင်ပေါ့နော။ သူတို့အတွက်ကတော့ တစ်မျိုးကြီးဖြစ်ရင်ဖြစ်မှာ ခရစ်ယာန်တွေ နေပုံထိုင်ပုံက ဗုဒ္ဓတွေ အတွက်တစ်မျိုးကြီး လက်မခံချင်စရာမျိုးဖြစ်ရင်ဖြစ်မှာ ဒါမဲ့ခရစ်ယာန်တွေရဲ့လုပ်ဆောင်ချက်က  ဗုဒ္ဓဘာသာကို လုံးဝမထိခိုက်ဘူး။ ဒါကြောင့်ကျွန်ုပ်တို့က အဲ့လိုပေါ့ ဗုဒ္ဓမှာလည်းသူ့ရဲ့အလှတရားနဲ့ သူ့ရဲ့သွန်သင်ချက် နဲ့ ခရစ်ယာန်ဘာသာမှာလည်း သူ့ရဲ့ သွန်သင်ချက်အလှတရားနဲ့ မွတ်စလင်မ်မှာလည်း သူ့ရဲ့သွန်သင်ချက် အလှတရားကိုယ်စီနဲ့ ဂျူးဘာသာ၊ ဟိန္ဒူဘာသာရော အဲ့လိုရှိနေတဲ့အတွက်ကြောင့် အိုဒီဘာသာတစ်ခုချင်းစီ မတူညီတဲ့ အချက်တွေကလည်း တစ်ခြားဘာသာကို သွားပြီးထိခိုက်တာမရှိဘူး။ သွားပြီးမှစော်ကားခြင်းမရှိဘူး။ အဲ့ဒါကြောင့် ကျွန်ုပ်တို့ ဗုဒ္ဓဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဂျူးဖြစ်ဖြစ်၊မွတ်စလင်မ်ဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ် ကလည်း ကျွန်ုပ်တို့ရဲ့ မတူညီတဲ့ အချက်တွေကို သူတို့ကဒီလိုဖြစ်တယ် ဆိုပြီးမတူညီတဲ့အချက်တွေကို သုံးပြီးသွားစကားပြောလို့မရဘူး။ အထူးသဖြင့် သွားပြီးမှဝေဖန်စော်ကားလို့မရဘူး။ အဲ့လိုစော်ကားလို့ရှိရင် ကျွန်ုပ်တို့အတွက်အခက်အခဲ ဖြစ်နိုင်တာပေါ့နော။ အဲ့ဒါကြောင့် အိုသူတို့ဗုဒ္ဓဘာသာရဲ့ သွန်သင်ချက်က အဲ့လိုရှိတယ်ဆိုတာ လက်ခံနားလည်ပေးတတ်ရမယ်။ မွတ်စလင်မ်ရဲ့သွန်သင်ချက်က ဒီလိုရှိတယ်၊ခရစ်ယာန်ရဲ့သွန်သင်ချက်က ဒီလိုရှိတယ် ဂျူးဘာသာရဲ့သွန်သင်ချက် ဟိန္ဒူဘာသာရဲ့သွန်သင်ချက်က ဒီလိုရှိတယ်အဲ့ဒီ မတူညီတဲ့သွန်သင်ချက်တွေကိုလည်း နားလည်ပေးပြီးတော့ သွားရင် သိပ်ကောင်းတယ်။ မတူညီတဲ့အချက်တွေကိုလည်းနားလည်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပေါ့နော။ ဒီအပိုင်း(၂) အနေနဲ့ ကျွန်ုပ်တို့ ဘာသာတရားတွေမတူညီတဲ့ အချိန်မှာ မတူညီတဲ့အချက်တွေကိုလည်း ကျွန်ုပ်တို့က နားလည်ပေးတတ်ဖို့ ကိုယ်စီကိုယ်စီမှာထာရှိတဲ့ ဥယာဉ်ထဲမှာပွင့်နေတဲ့ အရောင်စုံပန်းပွင့်ကလေးငယ်ကဲ့သို့ ကျွန်ုပ်တို့ကိုယ်စီကိုယ်စီ အလှလေးတွေရှိတယ်ဆိုဟာလေးနဲ့ လက်ခံတတ်မယ်ဆိုရင် အင်မတန် မှကျွန်ုပ်တို့ ကမ္ဘာကြီး အတွက် လူ့ဘောင်လောကအတွက် အကျိုးရှိပါတယ်လို့ ဖာတာရ်ကနေပြီး တော့ ထပ်မံပြီးပြောကြားခြင်းဖြစ်ပါတယ်။

 

Fr.Martin Mana Ling (USA)

Add new comment

11 + 0 =