"ဘာကြောင့် မေလကို စိတ်ပုတီးလလို့ သာသနာတော်က သတ်မှတ်ပေးထားတာလဲ?

"ဘာကြောင့် မေလကို စိတ်ပုတီးလလို့ သာသနာတော်က သတ်မှတ်ပေးထားတာလဲ?

ဒီတစ်ပတ်မှာဖြေကြားပေးရမယ့် မေးခွန်းလေးကတော့ ဘာကြောင့် မေလကို စိတ်ပုတီးလလို့ သာသနာတော်က သတ်မှတ်ပေးထားတာလဲ။

မေလကို စိတ်ပုတီးလလို့ အမိကက်သလစ် သာသနာတော်ကြီးက သတ်မှတ်ပေးမထားပါဘူး။ သို့ သော် သာသနာတော်အတွင်းမှာတော့ May is the month of Mary မေလကို မာရီးယားသခင်မရဲ့ လဆိုပြီး မယ်တော်ရှင်ကို သဒ်ဓါ ကြည်ညိုထားတာပါ။ စိတ်ပုတီးကို Mini-bible (သမ္မာကျမ်းစာငယ်)လို့ ခေါ်ပါတယ်။ စိတ်ပုတီးစိပ်ခြင်းဟာ ခရစ်တော်ဘုရားရှင် ပြုတော်မူခဲ့တဲ့ ကယ်တင်ခြင်း သမိုင်းတစ်ခုလုံးကို ပြန်လည်ထောက်ရှု ဆင်ခြင်တဲ့ ဆုတောင်းမေတ္တာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ပုတီးဟာ မယ်တော်သခင်မရဲ့ အနှစ်သက်ဆုံး ဆုတောင်း မေတ္တာဖြစ်တဲ့အတွက် မယ်တော်နဲ့ စိတ်ပုတီး ခွဲမရသလို မယ်တော်ရှင်ရဲ့ မေလမှာလည်း စိတ်ပုတီးစိပ်ခြင်းနဲ့ မယ်တော်ရှင်ကို သဒ်ဓါကွညျညိုခွငျး အမှုဟာ ခွဲခြားပစ်လို့မရတဲ့ အတွက် ဘာသာ၀င်တွေရဲ့ မနောထဲ၊ သဘောထဲမှာ စိတ်ပုတီးလလို့ သတ်မှတ်ထားခြင်းမျှသာ ဖြစ်ပါတယ်။ တကယ် အမိ ကက်သလစ်သာသနာတော်ကြီးက စိတ်ပုတီးလ အဖြစ် သတ်မှတ်ပေးထားတဲ့လ ကတော့ အောက်တိုဘာလ ဖြစ်ပါတယ်။ October is the month of the Holy Rosary အောက်တိုဘာလဟာ သန့်ရှင်းသော စိတ်ပုတီးလ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၁၈၇၈( ၁၉၀၃) ခုနှစ်များအကြားတွင် သာသနာတော်ကို အုပ်ချုပ်တော်မူခဲ့တဲ့ သာသနာပိုင်ချုပ် (၁၃)ဆက်မြောက် ပုပ်ရဟန်းမင်းကြီး လေအိုအရှင်သူမြတ်က စိတ်ပုတီးနဲ့ ကက်သလစ်မိသားစုများရဲ့ အိမ်ထောင်စု စိတ်ပုတီး စိပ်ခြင်းနဲ့ ပတ်သက်တဲ့ (၁၃)ခုမြောက် စာချွန်တော်ကို ရေးသား ထုတ်ပြန်တော်မူခဲ့ပြီး အဲ့ဒီ စာချွန်တော်ထဲမှာ -The month of October has been speci- ally selected as the ''Month of the Rosary'' and the feast of the Holy Rosary is now celebrate on the 7th of this month အောက်တိုဘာလကို စိတ်ပုတီးလအဖြစ် အထူး ရွေးချယ်လိုက်သည်။ ဤ စိတ်ပုတီးပွဲတော်ကိုလည်း ဤလရဲ့(၇) ရက်နေ့ ရောက်တိုင်း ကျင်းပလျက်ရှိနေသည် တဲ့။ နှစ်စဉ် အောက်တိုဘာလ (၇)ရက်နေ့ကို စိတ်ပုတီးပွဲတော်နေ့ အဖြစ် ပေါ်ပေါက်လာရပုံမှာ ခရစ်သက္ကရာဇ် ၁၅၇၁ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် ခရစ်ယာန်များနှင့် တူရကီလူမျိုးများ လေပန်းတို ရေကြာင်းတိုက်ပွဲမှာ ရဟန်းမင်းကြီးရဲ့ နှိုးဆော်ချက်အတိုင်း ကမ္ဘာတစ်ခွင်မှာ ရှိနေတဲ့ ခရစ်ယာန်များရဲ့ စိတ်ပုတီးစိပ် ဆုတောင်းခြင်း၊ ခရစ်ယာန် စစ်သားများကလည်း တစ်ညလုံး စိတ်ပုတီးစိပ်ကာ ဆုတောင်းမေတ္တာဖြင့် ပြင်ဆင်ခဲ့ကြလျက် သုံးချိုး တစ်ချိုး စစ်အင်အားသာ ကျန်တော့တဲ့ ခရစ်ယာန်ဘက်မှ စစ်သားများဟာ ခံစစ်အဖြစ် တိုက်ခိုက်ခဲ့ရာ အင်အားနှစ်ဆမျှ ပို၍ ကြီးမားတဲ့ တူရကီတပ်များ အရေးနိမ့်ကာ စိတ်ပုတီးတန်ခိုးဖြင့် ခရစ်ယာန်များတိုက်ပွဲ အောင်လံ လွှင့်ထူနိုင်ခဲ့ပါတယ်။ စိပ်ပုတီး တန်ခိုးတော်နဲ့ ခရူးဆိတ် ဘာသာရေးစစ်ပွဲကြီးကို အောင်လံ လွှင့်ထူနိုင်ခဲ့တဲ့ အောက်တိုဘာလ (၇)ရက်နေ့ကို ထိုစဉ်အခါ ခရစ်သက္ကရာဇ် (၁၅၆၆) ခုနှစ်မှ (၁၅၇၂) ခုနှစ်အတွင်း သာသနာတော်ကို အုပ်ချုပ်တော်မူခဲ့တဲ့ သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ပဉ္စမမြောက် ပီဦး အရှင်သူမြတ်မှ အလွန်သန့်ရှင်းသော စိပ်ပုတီးပွဲတော်နေ့ အဖြစ် နှစ်စဉ် ကျင်းပသွားကြရန် သတ်မှတ် ပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

မေလဟာ ဘယ်လိုလုပ် မာရီယားသခင်မရဲ့ လဆိုပြီး သဒ်ဓါကြည်ညိုခြင်း ဖြစ်လာခဲ့ရတာလဲ။ အခြေခံအားဖြင့် အချက် (၃)ချက် ရှိပါတယ်။ ပထမအချက် အနေနဲ့ May is the month of blossoms, flowers and new life မေလသည် သစ်ပင်ပန်း မာလာများ ပွင့်ဖူးသောလ၊ ရွက်သစ်ခက်သစ်များ ထွက်သော လ၊ ဘ၀သစ်ဖြင့် ရှင်သန်လာသောလ ဖြစ်ပါတယ်။ ဥရောပတိုက်မှာ ဆောင်းတွင်းတစ်လျှောက်လုံးမှာ ဆီးနှင်းများ ထူထပ်စွာ ဖုံးလွှမ်းပြီး အအေးဒဏ် ပြင်းထန်လွန်းလို့ သဘာ၀တစ်ခုလုံး အသက်မဲ့တဲ့ ဘဝရောက် သွားသည့်အလား ဖြစ်ရှိနေသောကာလ ဖြစ်ပါတယ်။ သစ်ပင်ပန်းမာလာများဟာ အရွက် မရှိ၊ ပန်း မရှိ အရိုး ပြိုင်းပြိုင်း ခါး ကိုင်းကိုင်း သဏ္ဍာန်သို့ ရောက်ချိန်ဖြစ်ပါတယ်။ ဆောင်းအကုန် နွေအကူး၊ မအေးလွန်း မပူလွန်းတဲ့ မေလမှာ သစ်ပင်ပန်းမာလာများဟာ ရွက်နုတွေဝေ၊ ပန်းတွေဝေနဲ့ အရည်ရွှမ်း နုထွား မြိန်ယှက်ဖွယ် ကောင်းတဲ့ သီးနှံများ သီးလာချိန် သတ္တဝါအများ ပျော်မြူးပြီး ကမ္ဘာတစ်ခုလုံး အသက်ပြန် ၀ငျလာခြိနျ ဖြစ်ပါတယ်။ ဒီလို နှစ်လိုအားရဖွယ် အရမ်းကောင်းတဲ့ မေလဟာ မယ်တော်ရဲ့ အသက်တာနဲ့ ဆက်စပ်လာပါတော့တယ်။ မယ်တော်ဟာ ဘုရားဖန်ဆင်းခံ သတ္တဝါထဲမှာ အလှဆုံး လက်ရာ၊ အပြောင်အမြောက်ဆုံး ပန်းတစ်ပွင့် ဖြစ်ပါတယ်။ မယ်တော်အားဖြင့် ထာ၀ရအရှင် ဘုရားသခင်ဟာ ဒီလောကကြီးထဲသို့ ကယ်တင်ခြင်းနဲ့ အသက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မယ်တော်အားဖြင့် သီးပွင့်လာတဲ့ ကယ်တင်ရှင် ခရစ်တော်သခင်ကို လူသားတွေ ရရှိခြင်းအားဖြင့် ဘ၀အသစ် အသက်တာသစ်နဲ့ ရှင်သန်လာနိုင်ခြင်း ဖြစ်ပါတယ်။ သေနေတဲ့ ကမ္ဘာမြေကြီး မယ်တော်အားဖြင့် ခရစ်တော်၌ ရှင်သန် နုပျိုအသက်၀င်လာရပြန်လို့ မေလကို မယ်တော်မာရီးယားရဲ့ လအဖြစ် လူတွေရဲ့ ဘ၀ထဲမှာ သတ်မှတ်လျက် သဒ်ဓါကြည်ညိုလာခြင်း ဖြစ်ပါတယ်။

ဒုတိယ အချက်အနေနဲ့ May is the month of the Easter season မေလဟာ အီစတာ အခါတော်သမယရဲ့လ ဖြစ်တယ်။ အမိ သာသနာတော်ကြီးက ပါစကားနက်နဲရာ အကျိုးဆက်များကို ထောက်ရှု စဉ်းစားနိုင်ဖို့အတွက် ဘာသာ၀င် သားသမီးများကို ရက် (၅၀)တိတိ ပေးထားပါတယ်။ လူသားအားလုံးရဲ့ ကယ်တင်ခြင်းဟာ ခရစ်တော်၌ ခရစ်တော်အားဖြင့် ဖြစ်ပါတယ်။ ဒီလို အီစတာ၊ ပါစကား အခါသမယမှာ ကျွန်တော်တို့ အားလုံးကို ကောင်းကင်နိုင်ငံတော်ရဲ့ အသစ် ပြုပြင်ခြင်းခံရသော သားသမီးများအဖြစ် ပြောင်းလဲပေးတော်မူတဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော သခင်ရဲ့တန်ခိုးတော်ကို ကမ္မဌာန်း ရှုကြရပါတယ်။ အထူးသဖြင့် ကယ်တင်ခြင်းကို ပြည့်၀ စုံလင်စွာ အခံရဆုံးသော ပုဂ္ဂိုလ်ကတော့ မယ်တော်မာရီယားဘဲ ဖြစ်ပါတယ်။ မယ်တော်နဲ့ မေလရဲ့ ဆက်နွယ်မှုက မယ်တော်နဲ့ အီစတာ၊ မယ်တော်နဲ့ သားတော်ရဲ့ ကယ်တင်ခြင်းအမှု စတဲ့ ဆက်နွယ်မှုများကို မာရီယားသခင်မရဲ့ မေလက မီးမောင်း ထိုးပြနေပါတယ်။ မယ်တော်ရဲ့ နှစ်လို အားရဖွယ်ကောင်းတဲ့ ပြည့်စုံတဲ့ ဘ၀ဟာ ခရစ်တော်ဘုရားရှင်ရဲ့ ကယ်တင်ခြင်း အမှုတော်မှ သီးပွင့်လာကြောင်း ဖော်ပြလိုတဲ့ အတွက် ပါစကားပွဲတော် အကြို သုံးရက်ကို ခမ်းနားစွာ အမိအသင်းတော်ကြီးက ကျင်းပစေခြင်း ဖြစ်တယ်။ ဒါ့ကြောင့် မေလကို မာရီယား သခင်မရဲ့လအဖြစ် သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။

တတိယ အချက်အနေနဲ့ Comparison between Maia and Maria မာအီးယဆိုတဲ့ နတ်ဘုရားမနဲ့ မာရီယားသခင်မတို့ နှိုင်းယှဉ်ချက်ပဲ ဖြစ်ပါတယ်။ မေလို့ခေါ်တဲ့ မေလဟာ မာအီးယားလို့ခေါ်တဲ့ နွေဦး ဘုရားမရဲ့ နာမည်ကနေ ဆင်းသက်လာပါတယ်။ ဂရိ ဒဏ္ဍာရီ ပုံပြင်အရ မာအီးယားဟာ ဟားမက်စ်လို့ ခေါ်တဲ့ စေတမန် နတ်ဘုရားရဲ့မယ်တော် ဖြစ်တယ်။ အထူးသဖြင့် စိုက်ပျိုးရာ နွေဦးကာလမှာ အသီးအနှံတွေ အောင်မြင်ဖို့ အဲ့ဒီ မာအီးယားကို ပူဇော် ပသကြရပါတယ်။ မာအီးယားကို ယုံကြည်သူတွေဟာ နောက်ပိုင်းမှာ ယုံကြည်ခြင်း ဆုကျေးဇူးရရှိလာပြီး ခရစ်ယာန်တွေဖြစ် လာကြတော့ နတ်ဘုရားမ မာအီးယားနေရာမှာ ဘုရားရှင်ရဲ့ မယ်တော် မာရီယားကို အစားထိုး လိုက်ခြင်းဖြစ်တယ်။ မာအီးယားဟာ ဟားမက်စ်လို့ ခေါ်တဲ့ စေတမန် နတ်ဘုရားရဲ့ မယ်တော်ဖြစ်သလို မာရီယားသခင်မ ဟာ ကောင်းကင်မှ ခမည်းတော် ဘုရားရှင်ရဲ့ လောကသို့ စေလွှတ်ခြင်း ခံရတဲ့ စေတမန် ဘုရားရှင်ဖြစ်တဲ့ ယေဇူး ခရစ်တော်ရှင်ရဲ့ မယ်တော် ဖြစ်တော်မူပါတယ်။ မေလကို ရှေးခေတ် နတ်စားတွေက မာအီးယားကို အပ်နှံခဲ့သလို ခရစ်ယာန်တွေက မေလကို မာရီယားသခင်မ လက်တော်ထဲ အပ်နှံလိုက်ကြခြင်း ဖြစ်ပါတယ်။ သူတို့တတွေ မာအီးယား နတ်ဘုရားမကို ပူဇော် ပသခြင်း ပြုလာခဲ့ကြသလို သူတို့အားလုံး ခရစ်ယာန်တွေလည်း ဖြစ်လာကြတော့ မာအီးယား အစား မယ်တော် မာရီယားကို မွေးကြိုင်သော ပန်းများဖြင့် မေလ၌ ပန်းကပ်လှူကြခြင်း အားဖြင့် မယ်တော်မာရီယားကို ဂုဏ်ပြုလာခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မေလဟာ မာရီယားသခင်မရဲ့ လဖြစ်ပေါ်လာခဲ့ရသလို အောက်တိုဘာလဟာ စိတ်ပုတီးလ အဖြစ် အမိ ကက်သလစ် သာသနာတော်ကြီးက သတ်မှတ် ပေးထားပါကြောင်း ဖြေကြား လိုက်ရပါတယ်။ ဘုရားရှင် ကောင်းချီးပေးပါစေ။

ဘုန်းဘုန်း ဒိုးမနစ် ဦးဂြိုဟ်တု

Crd!

Add new comment

1 + 0 =