ဘယ်သူ့အတွက်_ဘာလုပ်ပေးသင့်သလဲ။

ဘယ်သူ့အတွက်_ဘာလုပ်ပေးသင့်သလဲ

ပုပ်ရဟန်မင်းကြီး ဖရန်စစ်ရဲ့ အားပေးတိုက်တွန်းချက်တွေက လူတိုင်းအတွက် နေ့စဥ်နေ့တိုင်း ကျင့်ကြံသင်တဲ့ ကုသိုလ်ကောင်းမှု၊ ပါရမီတွေ ဖြစ်ပါတယ်။ အရှင်သူမြတ်ရဲ့ အကြံပြုချက် အကုန်လုံး မသိရင်တောင် တချို့အချက်လေးတွေကို စဥ်းစားထောက်ရှု ကြည့်နိုင်ပါတယ်။

အနာဂတ်အတွက် လမ်း (အမြင်)ဖွင့် ထားရင်းနဲ့...

*ချစ်ခြင်းမေတ္တာ ဖြန့်ဝေပါ။*

ဟုတ်ပါတယ်။ အခုလို လူတချို့က လူစိတ်ပျောက်နေပြီး လူမဆန်စွာ ပြုမှုနေကြားမှ ချစ်ခြင်းမေတ္တာ ပြသဖို့ ပိုပြီးမှတောင် လိုအပ် လာပါတယ်။ သခင်ယေဇူးက "ရန်သူကိုချစ်ပါ" လို့မိန့်မှာ ထားခဲ့ပေမဲ့ သူတို့ကို မချစ်နိုင်သေးရင်တောင် အနည်းဆုံး မိမိကိုယ်ကို ချစ်ပါ။ မိမိရဲ့အနီးအနားက မိသားစု၊ အသိုင်းအဝိုင်းကို ချစ်ခြင်းနဲ့ ကူညီဖေမပါ။

*အသက်ကြီး ရွယ်အိုတွေကို ကူညီပါ။*

ကိုဗစ်ကပ် ရောဂါကြောင့် အသက်ကြီးရွယ်အို (လူကြီး)တွေဟာ ရောဂါဒဏ် အခံရဆုံးလို ဖြစ်နေပါတယ်။ တချို့ဆင်းရဲတဲ့ သက်ကြီးရွယ်အိုတွေဟာ ပြုစုပေးမဲ့သူ မရှိလို့ လမ်းမပေါ်ထွက်ပြီး တုန်တုန်ရီရီနဲ့ အစားအသောက် ရှာနေကြတယ်။ တချို့ကတော့ လူအိုရုံတွေမှာ အသဲအတန် ဖျားနေ တာတောင်မှ မိသားစု ဝင်တွေနဲ့ တွေ့ခွင့်မရ။ သေရင်လည်း သင်္ဂြုလ်ခွင့် မရကြပါဘူး။ သူတို့လိုပဲ ကျွန်ုပ်တို့လည်း ငယ်ရာကနေ အသက်ကြီးလာမှာကို မြင်ယောင်ပြီး အသက်ကြီး ရွယ်အိုတွေကို ကြိုးစား ကူညီကြပါစို့။

*လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ ပြန်ဖြည့်ဆည်းပေးပါ။ *

ကိုဗစ်ကြောင့် ကျောင်းလည်း မတက်နိုင်၊ သွားချင်းရာလည်း မသွားရ။ လုပ်ချင်ရာလည်း မလုပ်ရနဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ခွင့်မရတဲ့ လူငယ်တွေများနေချိန်မှာ စစ်အာဏာရူးတွေရဲ့ လူမဆန်တဲ့ ဖမ်းဆီး၊ ညှဉ်းပန်း၊ သတ်ဖြတ်မှုကို အများဆုံး ခံစားနေကြရတဲ့ မြန်မာနိုင်ငံက လူငယ်တွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေကို ပုံဖော်ဖြည့်ဆည်းပေးဖို့ အရမ်းလိုအပ်နေပါတယ်။ ဒါကြောင့် လက်ရှိမှာ လူငယ်တွေအတွက် ကြီးကြီးမားမား မလုပ်ပေး နိုင်သေးရင်တောင်မှ သူတို့ကို အားပေးပါ။ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်လာမဲ့ သူတို့ကို သည်းခံပေးရင်း လက်တွဲခေါ်ဆောင် လမ်းပြပေးပါ။

*ငြိမ်းချမ်းရေးရဖို့အတွက် ဟောပြောပါ။*

လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးက မရှိမဖြစ် အရေးကြီးပါတယ်။ မငြိမ်းချမ်းတဲ့ နိုင်ငံမှာ ဘယ်သူမှ မနေချင်ကြသလို စီးပွားရေးလည်း လုပ်လို့ မရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို မငြိမ်းချမ်းအောင် ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဏာရူးနဲ့ အထက်ဖား အောက်ဖိ လာတန်းစာတွေ အမြင်မှန် ရလာဖို့ ငြိမ်းချမ်းရေးအတွက် ဟောပြော လုပ်ဆောင်ကြပါစို့။

*လူ့အဖွဲ့အစည်းကနေ အပယ်ခံရတဲ့ လူတန်းစာတွေအတွက် ထည့်သွင်းစဥ်းစားလုပ်ဆောင်ပါ။ ဆင်းရဲတဲ့တွေကို လူသားချင်း စာနာစိတ်နဲ့ ကူညီ ဝေမျှပေးကန်း ကြပါ။*

ကပ်ရောကြောင့်လည်း အပယ်ခံ၊ အလုပ်လက်မဲ့ လူတန်းစားတွေအတွက် အခက်ခဲဆုံး ဘေးကျပ်နံကျပ်ကာလကို ရောက်နေကြပါတယ်။ နေ့တိုင်းစားသောက်ဖို့ တောင် မလုံလောက်ကြဘူး။ ဒါကြောင့် ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာတရား ရှေ့ထားပြီး မိမိအနီးအနားက အပယ်ခံ လူတန်းစားတွေကို ကူညီဖေးမပါ။ မိမိသာ သူတို့နေရာတိုရင် ဘာဖြစ်မလဲ။ ဘယ်လိုခံစားရမလဲ သူတို့နေရာကနေ တွေးကြည့်ရင် ပိုပြီး နားလည်ပေး နိုင်လာမှာ ဖြစ်ပါတယ်။

#ပုပ်ရဟန်းကြီးဖရန်စစ်

ထန်းဟာ, SJ (26.5.2021)

#PopeFrancisWords #AMDG #Catholic

#Peace #love

 

Add new comment

2 + 0 =