ဗုဒ္ဓဘာသာ စတင်ဖြစ်ပေါ်လာပုံ

ဒီနေ့ဖာတာရပြောပြချင်တာက ဗုဒ္ဓဘာသာအကြောင်းကိုပြောပြချင်ပါတယ်။ ဒီလိုပြောပြခြင်းက ဗုဒ္ဓဘာသာကို ဖာတာရ်အနေနဲ့ ဗုဒ္ဓဘာသာကို အကောင်းမမြင်လို့ပြောတာမဟုတ်ပဲနဲ့ နားထောင်တဲ့ သူတွေအတွက် ဗဟုသုတ ဖြစ်စေဖို့ ရည်ရွယ်ပြီးပြောပြခြင်းဖြစ်ပါတယ်။ ဖာတာရ်ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေထဲကနေ တစ်ချို့ အရာလေးတွေကို ကောက်နုတ်ပြောပြချင်ပါတယ်။ 

ဆိုတော့ ကျွန်ပ်တို့ ဗုဒ္ဓဘာသာအကြောင်းကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာကို တည်ထောင်တဲ့ ဂေါတမမြတ်စွာ ဘုရားအကြောင်းကို မေ့လို့မရပါဘူး။ ဒီဗုဒ္ဓဆိုတဲ့ စကားလုံးမပေါ်ထွန်းလာအချိန်ဆိုရင် ဒီဗုဒ္ဓလို့နာမည်ရလာမဲ့ ပုဂ္ဂိုလ်ရဲ့ ငယ်နာမည်က ဂေါတမဖြစ်တယ်။ အဲဒီဂေါတမ ရဲ့အဖေအမေက ဟိန္ဒူဘာသာဝင်တွေ ထဲကနေမွေးဖွားလာတာဖြစ်တယ်။ အဲ့ဒါကြောင့်သူကြီးပြင်းလာတဲ့ အချိန်မှာ ဟိန္ဒူဘာသာတွေရဲ့ သွန်သင်ခြင်းထဲမှာ သူကကျင်လည်ခဲ့တယ်။ ဟိန္ဒူဘာသာတွေရဲ့ဝတ်ပြုကိုးကွယ်ခြင်း စနစ်တွေကိုလည်း သူကသိခဲ့တယ်။ တစ်ဖက်မှာလည်း ဒီဂေါတမရဲ့ အဖေနဲ့အမေဟာ ဟိန္ဒူဘာသာဝင်တွေဖြစ်တဲ့ အတွက်ကြောင့် အစာရှောင်ပြီး တောထဲ မှာ တရားကျင့်ကြံအားထုတ်ပြီး ဘုရားကိုကိုးကွယ်ခြင်းဆိုပြီးတော့ ရှာဖွေတဲ့ နည်းလမ်းကိုလည်း ဂေါတမက ငယ်ငယ် ကအသုံးပြုခဲ့တယ်။

ဒါမဲ့ဒီလိုလုပ်တဲ့အရာလေးတွေက သူ့ကို ဘဝရဲ့ သာယာခြင်း ပျော်ရွှင်ခြင်းကိုမပေးဘူးလို့ သူကဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွနု်ပ်တို့ အားလုံးသိတဲ့ အတိုင်းပဲ ကိုယ်က ဗိုက်တအားဆာနေပြီ ရေအရမ်းငတ်နေပြီဆိုရင် ကျွန်ုပ်တို့က ကျန်တဲ့အရာတွေကို အာရုံစူးစိုက်နိုင်ဖို့ မရတော့ဘူး။ အဲကြောင့် ဒီဂေါတမဆိုတဲ့ ပုဂ္ဂိုလ်က နောက်ဆုံး သူရွေးချယ်လိုက်တဲ့ လမ်းစဉ်က အလယ်အလတ်လမ်းစဉ်ကို ရွေးချယ်သွားတာဖြစ်ပါတယ်။ အလယ်အလတ်လမ်းစဉ် ဆိုတာ အစာရှောင်ရင်လည်း လုံးဝ ခန္ဓာကိုယ် ပိန်ချုံ့နေတဲ့ထိ လုပ်စရာမလိုဘူး။ ဂေါတမ ငယ်ငယ်တုန်းက လေးဆယ်ငါးနှစ်လောက် ဒီဘုရားတရားကို ရှာဖွေဖို့ မတိုင်ခင်မှာ ခန္ဓာကိုယ်ရဲ့ ဗိုက်တွေတောင်ချပ်နေအောင် အစားအစာကို နည်းနည်းလေး တွေပဲစားသောက်ပြီး ကျင့်ကြံခဲ့တယ်။ ဒါမဲ့ အခုနဖာတာရ်ပြောခဲ့သလို အဲ့လိုနည်းလမ်း တွေ အစွန်းရောက်လွန်းအားကြီးတယ် ဆိုတဲ့အရာတွေကို သူတွေ့လာခဲ့တယ်။

အဲကြောင့် ဒီဟိန္ဒူဘာသာဝင်တွေကို သူထားခဲ့ပြီးတော့ သူဟာနဲ့သူ တောထွက်ပြီးတော့ တရားစတင်ကျင့်တယ်။ အဲလိုတောထွက်တဲ့အချိန်မှာ သူက စားစရာရှိတာတွေလည်း စားတယ်။ ချိုးခြံစရာတွေလည်း ချိုးခြံတယ်။ အလယ်အလတ်လမ်းစဉ်နဲ့ အဲ့လိုရှာဖွေရင်းနဲ့ ဘဝရဲ့ စိတ်ရဲ့ငြိမ်းချမ်းခြင်းဆိုတဲ့အရာ meditation လို့ခေါ်တဲ့ ကမ္မသာဌာန်းရှု့ခြင်းအားဖြင့် အရာအားလုံး အခက်အခဲတွေကို ကောင်းမွန်စွာ နားလည်းပြီးတော့ စိတ်ရဲ့တည်ငြိမ်းခြင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ သဘောကတော့ ဒီဂေါတမရဲ့ရှာဖွေတွေ့ရှိတဲ့အရာက စိတ်ရဲ့တည်ငြိမ်းခြင်းအေးချမ်းခြင်း အရာဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်လေးနဲ့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ပြီ  လာဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ် အဲ့ဒီအရာအားလုံးကို ထိန်းချုပ်နိုင်သွားပြီဆိုရင် လူက သူတို့အခေါ်အဝေါ်အရ ဇံဝင်သွားတယ် အလင်းရသွားတယ် တရားကျင့်တာအောင်မြင်သွားတယ်ပေါ့နော။ ဒီဂေါတမက တောထဲမှာ နှစ်ပေါင်း လေးဆယ်ငါးနှစ်ကြာ နေပြီး တရားကျင့်ကြံအားထုတ်ခဲ့ပြီးတော့ နောက်ဆုံးသူရှာဖွေတဲ့ တည်ငြိမ်ခြင်းတရားကို သူရသွားတယ်။ အဲဒီနည်းလမ်းကို ဗုဒ္ဓလို့ခေါ်တယ်။ ပြောချင်တာက ဗုဒ္ဓဘာသာဆိုတာက စိတ်ကို ထိန်းချုပ်နိုင်တဲ့ သူဆိုရင်လည်းမမှားဘူး။ ကမ္မသာဌာန်းရှု့တဲ့ နည်းနဲ့ လောကရဲ့ အခက်အခဲအားလုံးကို ထိန်းချုပ်တဲ့ နည်းလမ်းကို လိုက်တဲ့ ပုဂ္ဂိုလ်တွေလို့ပြောလည်းမမှားပါဘူး။ ဆိုတာကိုဗဟုသုတအနေနဲ့တင်ပြလိုက်ပါတယ်။

 

Fr. Martin Mana Ling (USA)

Add new comment

17 + 1 =